-
မြန်မာ့နွေဦးတော်လှန်ရေးအတွက် ယခင်ဆီးရီးယားတော်လှန်ရေးမှ ကြိုတင်သတိပေးတဲ့ သင်ခန်းစာများ ဟန်နရီမင်း | အတွေးအမြင် မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးအခြေအနေဟာ ဆီးရီးယားနိုင်ငံရဲ့ ယခင်အခြေအနေထက် ဆိုးလာနိုင်တယ်လို့ နိုင်ငံရေးသုတေသီတွေနဲ့ ကုလအရာရှိတွေက နွေဦးတော်လှန်ရေး အစောပိုင်းကာလများကတည်းကနေ ကြိုတင်သတိပေးလာခဲ့ကြပါတယ်။ လူ့အခွင့်အရေး အခြေအနေကို အဓိကထားပြီး သူတို့ ထောက်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး အခြေအနေထက်ဆိုးတဲ့ အကြောင်းအရာတချို့ကို ထောက်ပြလိုပါတယ်။ ၂၀၂၅ ခုနှစ်မှ စပြီး ဒီကိစ္စတွေကို NUG လက်အောက်ခံနှင့် ၎င်းနဲ့ ပူးပေါင်းပါဝင်နေတဲ့ တော်လှန်ရေးအဖွဲ့ အစည်းတွေ (မြန်မာ့နွေဦးတော်လှန်ရေးကို အခွင့်ကောင်းယူပြီး စစ်ပွဲဆင်နွှဲနေတဲ့ တခြားအင်အားစုတွေ မပါဝင်)အနေနဲ့ သတိမထားဘူးဆိုရင် ဆိုးကျိုးတွေ ပိုပြီး ခံစားကြရပါမယ်။ ဆီးရီးယားပြည်တွင်း စစ်ကနေ မြန်မာ့တော်လှန်ရေးအင်အားစုတွေအနေနဲ့ သင်ခန်းစာတချို့ကို သတိပြုမိဖို့အတွက် ရည်ရွယ်ပြီး ဒီဆောင်းပါးကို ရေးသားလိုက်ရတာဖြစ်ပါတယ်။ ၁။ အဖွဲ့အစည်းတွေများပြားလွန်းပြီး အချင်းချင်းတိုက်ခိုက်ခြင်း။ ဆီးရီးယားတော်လှန်ရေးဟာ သာမန်ဆန္ဒပြခြင်းကနေ လက်နက်ကိုင်တော်လှန်ရေးအဆင့်သို့ မြင့်တက်သွားခဲ့ပြီးတော့ အာဆက်အစိုးရကို ပြုတ်ကျခါနီးအချိန်အထိ လက်တွေ့မြေပြင်မှာ ခြိမ်းခြောက်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့အချင်းချင်းအကြားမှာ အပြန်အလှန် တိုက်ခိုက်နေကြရင်းနဲ့ သူတို့ရဲ့ ဘုံရန်သူကို ဝိုင်းဝန်းပြီး တိုက်ခိုက်ခြင်းကနေ အချင်းချင်းဆီသို့သာ…
Read More »