တိုင်းရင်းသားအကြောင်း

ကရင်နီအမျိုးသားနိုင်ငံရေးဆိုင်ရာ သမိုင်းမှတ်တမ်းများ စာအုပ်

ကရင်နီအမျိုးသားနိုင်ငံရေးဆိုင်ရာ သမိုင်းမှတ်တမ်းများ၊ စာအုပ် ဖတ်ရှုနိုင်ပြီ။ 

ကရင်နီအမျိုးသားတော်လှန်ရေးသည် သီးခြားလွတ်လပ်မှုကို တန်ဖိုးထားပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အာမခံချက်ပေးနိုင်သော ကရင်နီပြည်တစ်ရပ်ကို တည်ထောင်ရန် ခုခံတော်လှန်စစ်ကို လက်ရှိအချိန်အထိ ဆင်နွှဲနေခြင်း ဖြစ်သည်။ လက်ရှိအချိန်သည် ကရင်နီအမျိုးသားများ၏ မျှော်လင့်ချက်ဖြစ်သော အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံပေးနိုင်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် အခွင့်အခါကောင်းတစ်ရပ်ဖြစ်သည်။

ကရင်နီပြည်သည် မြန်မာနိုင်ငံရေးအတွင်း နိုင်ငံရေးသဘောတူအပြည့်အဝရရှိပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း ပါဝင်ခဲ့ခြင်းမဟုတ်ပေ။ သီးခြားလွတ်လပ်သောကရင်နီပြည် ဖြစ်တည်မှုအတွက် ကရင်နီမြေပေါ်တွင် စစ်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ကရင်နီအမျိုးသားအစည်းအရုံး မှသည် ကရင်နီပြည်တိုးတက်ရေးပါတီအလယ် လက်ရှိ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအဆုံး တော်လှန်ရေးအဖွဲ့အစည်းအသီးသီးသည် ကရင်နီပြည်၏ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်လျက်ရှိသည်။

ကရင်နီဥက္ကဌကြီး ဂိုဘီတူရီမှ စပြီး အဆက်ဆက်သော ကရင်နီတော်လှန်ရေးခေါင်းဆောင်များသည် ကရင်နီပြည်နိုင်ငံရေးအပေါ် မြတ်နိုးတန်ဖိုးထားမှုနှင့်အတူ တိုက်ပွဲဝင်နေဆဲ ကြိုးပမ်းနေဆဲ ဖြစ်သည်။   ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ရေးအတွက် လက်ရှိအချိန်အခါသည် အခွင့်အလမ်းအကောင်းဆုံး လမ်းဆုံလမ်းခွတစ်ခု ဖြစ်သည်။

အမျိုးသားတန်းတူမှုသည် မြန်မာ့နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။ အမျိုးသားတန်းတူရေးရှိမှသာလျှင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ပြီး ငြိမ်းချမ်းသော နိုင်ငံတစ်ခု ဖြစ်လာနိုင်မည်ဖြစ်သည်။

ကရင်နီအမျိုးသားနိုင်ငံရေးဆိုင်ရာ သမိုင်းမှတ်တမ်းများ၊ စာအုပ်ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက စုစည်းပြီး ထုတ်ဝေသည်။ 

ဖတ်ရှုလိုပါက အခမဲ့ ဒေါင်းလုတ်လင့်ခ် – CLICK HERE TO DOWNLOAD

Related Articles

Back to top button