ကျွန်ုပ်တို့၏ အကြောင်း

ဖက်ဒရယ်ဂျာနယ်၊ မြန်မာကို ၂၀၁၂ ခုနှစ်၊ မေလ (၁၇) ရက်နေ့မှာ စတင်တည်ထောင်ခဲ့သည်။
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ၏ မိခင်အဖွဲ့အစည်းသည် ချယ်ရီဖောင်ဒေးရှင်း ဖြစ်သည်။

ရည်မှန်းချက်၊ ပန်းတိုင်

  • ဖက်ဒရယ်ဂျာနယ် မြန်မာသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရာတွင် အဓိကကျ သော တိုင်းရင်းမီဒီယာ ပလက်ဖောင်းတစ်ခုအနေနှင့် ရပ်တည်သွားမည်ဖြစ်သည်။ မြန်မာပြည်သူလူတို့၏ ရပိုင်ခွင့် အခွင့်အရေးများကို ကာကွယ်ပေးရန်နှင့် မြှင့်တင်ပေးနိုင်ရန်လည်း ရည်ရွယ်သည်။
  • ချယ်ရီဖောင်ဒေးရှင်းသည် မတူကွဲပြားမှုကို လေးစားတန်ဖိုးထားသည့် အားလျော်စွာ ချယ်ရီဖောင်ဒေးရှင်း၏ တိုင်းရင်းမီဒီယာ ပလက်ဖောင်း ဖက်ဒရယ်ဂျာနယ် မြန်မာတွင် ပါဝင်နေသည့် ဝိုင်းတော်သားများတွင် မြန်မာပြည် အနှံအပြား မှ သွေးချင်းတိုင်းရင်းသားများ ဖြစ်ကြသည်။
  • ချယ်ရီဖောင်ဒေးရှင်းနှင့် ဖက်ဒရယ်ဂျာနယ်မြန်မာ ဝိုင်းတော်သားများသည် မြန်မာနိုင်ငံအတွက် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖြစ်ထွန်း ပေါ်ပေါက်လာရေးကို အန္တိမပန်းတိုင်အဖြစ် သတ်မှတ်ပြီး မဏ္ဏိုင်တစ်ရပ် အနေဖြင့် ပါဝင်ကာ ဆက်လက် လှမ်းချီသွားမည်။

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ မူဝါဒ

  • ဖက်ဒရယ်ဂျာနယ်-မြန်မာသည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် အထောက်အကူ ပြုရန်။
  • တိုင်းရင်းသားလူမျိုးစုတန်းတူညီမျှရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ ရရှိရေး ဆောင်ရွက်ရန်။
  • ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အထောက်အကူပြုရန်။
  • တိုင်းရင်းသားလူမျိုးစုဒေသများရှိ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု များကို ဖော်ထုတ်ရန်။
  • တိုင်းရင်းသားလူမျိုးစုများ၏ နိုင်ငံရေးအသိအမြင် မြှင့်မားလာစေရန် နှင့် စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်ရန်။
  • အနာဂတ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေးအခန်းကဏ္ဍတွင် တိုင်းရင်းသားလူမျိုးစုများ၏ ပါဝင်မှု မြှင့်တင်လာနိုင်ရန်။
  • တိုင်းရင်းသားလူမျိုးစုများ၏ ခံယူချက်များ၊ အယူအဆများကို ပြည်သူ လူထုတစ်ရပ်လုံး သိမြင်စေရန်။
Back to top button