တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

လူထုတွေ့ဆုံပွဲ TNLA ပြုလုပ် 

ဓါတ်ပုံ – TNLA

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် မန်တုံမြို့နယ်ရှိ ဒေသခံပြည်သူ လူထုများနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိပ်ပိုင်းခေါင်ဆောင်များမှ တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို TNLA ဗဟိုဌာနချုပ်က ဦးဆောင်ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၃)ရက်မှ (၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တာလို့ TNLA ဘက်က သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲကိုတော့ (၆)နေရာမှာ ပြုလုပ်ခဲ့ပြီး  မန်နိမ်း(ဇုင်နာင်)တွင်ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ကျေးရွာ ပေါင်း ၄၂ ရွာ၊ မန်အောင်တွင် ၅၃ ရွာ၊  မန်စက်တွင် ၉ ရွာ၊ ဆိုင်လိန်းတွင် ၄၉ ရွာ၊ ဟိုလင်း (အိုမ်တဘား)တွင် ၁၆ ရွာနှင့် ထပ်ကြပ်တွင် ၁၈ ရွာ ကျေးရွာ စုစုပေါင်း (၁၈၇)ရွာ တက်ရောက်ခဲ့ပြီး လူဦးရေ (၃၅၀၀)ကျော် တတ် ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေနွေးပွဲကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြတဲ့ ဒုဥက္ကဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ အထွေထွေ အုပ်ချုပ် ရေးမှူး ဗိုလ်မှူးကြီး တားဂူ;ဇာရ်အပြင် ခရိုင်မှူး၊ မြို့နယ်မှူး၊ တိုက်နယ်မှူးနှင့် အရာရှိများ တက်ရောက် ဟောပြောခဲ့ကြတာပါ။

တွေ့ဆုံပွဲတွင် တအာင်း(ပလောင်)သမိုင်းကြောင်း၊ နိုင်ငံရေး၊ တအာင်းပြည်နယ်အတွင်း ပညာရေးကျောင်း ဖွင့်လှစ်နိုင်ရေး၊ မြေယာနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး၊ လက်ဖတ်လုပ်ငန်းဖွံ့ဖြို့တိုးတတ်ရေး၊ တအာင်း ပြည်နယ် ရရှိရေး၊ တအာင်းလူမျိုးအချင်းချင်း အတူတကွလက်တွဲသွားရန်၊ PSLF/TNLA ၏ ရည်ရွယ်ချက်များ ဒေသခံပြည်သူများ သိရှိနားလည်စေရန်နဲ့ အခြားအထွေထွေကိစ္စရပ်များကို အပြန်အလှန် ကျေလည်စွာ ဆွေးနွေးခဲ့ကြပြီး ဒေသခံများမှ အကြံအဉာဏ်များပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အလားတူ တွေ့ဆုံပွဲကို နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာအုပ်စု (၂၅)စု၊ မူဆယ်မြို့နယ်ရှိ အုပ်စု (၆)အုပ်စု နမ့်ဖတ်ကာမြို့ရှိ အုပ်စု (၃၆)အုပ်စု၊ မန်တုံမြို့နယ်ရှိ အုပ်စု (၄၂)အုပ်စု စုစုပေါင်း (၁၀၉) အုပ်စုတို့မှာလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံပြည်သူလူထုများနေထိုင်ရာ ဒေသအသီးသီးသို့ အခုလို့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များ  တွေ့ဆုံပွဲ ကျင်းပတာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်တယ်လို့ သိရပါတယ်။

Related Articles

Back to top button