တိုင်းရင်းသားနိုင်ငံရေးပါတီများသတင်း

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဌဟောင်း ဦးခွန်ထွန်းဦး ကွယ်လွန်

ဖက်ဒရယ်ဂျာနယ် (ဧပြီ ၃၀ )

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) က ဝါရင့်နိုင်ငံရေး ခေါင်းဆောင် ဦးခွန်ထွန်းဦး ကွယ်လွန်သွားပြီဆိုတာကို ပါတီနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေတဆင့် ကနဦးသိရှိရပါတယ်။

ဦးခွန်ထွန်းဦးကွယ်လွန်သွားပြီဆိုတာကို SNLD ပါတီ အထွေထွေအတွင်းရေးမှူးဦးစိုင်းလိတ်က” တာဝန်ကျေပြီမို့ နှုတ်မဆက်ဘဲ ထွက်သွားလိုက်ပြီပေါ့ ဥက္ကဋ္ဌကြီး ခွန်ထွန်းဦး” ဆိုပြီး လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ရှမ်းဝါရင့်နိုင်ငံရေးသမား ဦးခွန်ထွန်းဦး မှာ ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ် ရှိပြီဖြစ်သည်။ ဦးခွန်ထွန်းဦးသည် SNLD ပါတီဥက္ကဌအဖြစ်နှစ်ပေါင်း ၃၀ ကျော်တာဝန်ယူခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်နှစ်ပိုင်းအတွင်းက ကျန်းမာရေးမကောင်းသည့်အတွက် ပါတီဥက္ကဌနေရာမှ အနားယူခဲ့သူ ဖြစ်သည်။

Related Articles

Back to top button