
FJMM ကဗျာ – ငချက်
တာယာဖိနပ်တဖက်ရဲ့ဘေးမှာ
ထွက်ပြေးလို့မရတဲ့ အသားစလေး။
မိုင်ပေါင်းရာကျော်က လွင့်လာတဲ့အသံ
ရင်ဘတ်ကို တိုးလျှိုပေါက် လာမှန်တယ်။
ပေါင်ငါးရာနဲ့လူတစ်ရာ့ခုနှစ်ဆယ်ကျော်
ခေါ်မကြား အော်မကြား
နှလုံးသားရှိသူတိုင်း ဖျားသွားရတယ်။
အဖေလုပ်သူကပြောရှာရဲ့
ပဇီကြီးက အလှူဝက်သား
သားကိုခေါ်သွားမယ်မှန်းသိရင်
ကျနော်ချက်ကျွေးမိမှာပေါ့။
ခုတော့ ဖအေလည်းမရှိရှာရော့
သားစိတ်နဲ့။
မြေပုံတွေဟာ
ဒီတခါ လေယာဥ်တွေလာရင်
နာကျည်းခြင်းတွေနဲ့
တရစပ်ထပစ်နေမှာ
အသေအချာ။
– မြတ်မင်းအိမ်