ဓါတ်ပုံ – KNU
ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၃
ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေ အတွင်းရှိ ကောင်စီ၏ တပ်စခန်း (၅)ခုကို တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက မနေ့က ဇူလိုင်(၂)ရက်နေ့မှာဘဲ တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ကေအဲန်ယူ-ဗဟို ဘက်က သတင်းထုတ်ပြန်ပါတယ်။
ကေအဲန်ယူ-မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းများဖြစ်သည့် ကြောင်ပြာစခန်း၊ အောင်းလောင်း စိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်း နှင့် ကျောင်းစုစခန်းတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက် သိမ်းယူခဲ့သာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အဲဒီစခန်းတွေဟာ အများပြည်သူ သွားလာလှုပ်ရှားမှုများပြုလုပ်ရာမှာ ဟန့်တား နှောက် ယှက် စစ်ဆေးသာတွေ ပြုလုပ်လျက်ရှိပြီး နယ်မြေစိုးမိုးနိုင်ရန် လုပ်ဆောင်နေသည့်နေရာများဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲများမှာ စစ်ကောင်စီ၏ အမြဲတမ်းပြည်သူ့စစ်နှင့် စစ်ကောင်စီတပ် ပူးပေါင်း တပ် စခန်း များက ပြည်သူ့စစ် (၄)ဉီးသေဆုံးပြီး အခြားအဖွဲ့ဝင်တွေက ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ ကြတယ်လို့ ဆိုပါတယ်။ စခန်းသိမ်းနိုင်ပြီးနောက်မှာတော့ သေနတ် ၈ လက် (လက်နက်အမျိုးအစားစီစစ်ဆဲ) နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အပြီးသတ် စခန်းရှင်းလင်းရေးလုပ်ဆောင်နေစဉ် စစ်ကောင်စီတပ်က တိုက် လေယာဉ်များ၊ ရဟတ် ယာဉ်များဖြင့် လေကြောင်းပစ်ကူပေးခဲ့သလို တိမ်းရှောင်ပြေးလွှားသည့် အရပ်သားများရှိရာ နေရာများ အပေါ်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ရပြီး ထိခိုက် ဒဏ်ရာရရှိထားသူများလည်း ရှိခဲ့တယ်လို့ ကေအဲန်ယူ-ဗဟို ဘက်က သတင်းထုတ်ပြန်ပါတယ်။
အခုတော့ အဲဒီစခန်းသိမ်းတိုက်ပွဲများနှင့် နီးသည့် ကျေးရွာ အားလုံးနီးပါးမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။