ဓါတ်ပုံ-Tai Freedom
ဖက်ဒရယ်ဂျာနယ်၊ ဇူလှိုင် ၁
အာဆီယံ အထူးကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (NCA-S EAO) တို့ ယနေ့ ဇူလိုင် ၁ ရက်နေ့ နေပြည်တော်တွင် တွေ့ ဆုံပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
တွေ့ဆုံမှုတွင် NCA ထိုးအဖွဲ့မှ အာဆီယံအထူးကိုယ်စားလှယ်ထံသို့ NCA အနှစ်သာရ (၃)ချက်ဖြစ်သော နိုင်ငံရေး ပြဿနာကို နိုင်ငံရေးတွေ့ဆုံခြင်းနည်းဖြင့် ဖြေရှင်းရေး၊ ပါဝင့်သင်သူများအားလုံး ပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးနှင့် အရပ်သားများ အကာအကွယ်ပေးရေးတို့ကို အလေးထား တင်ပြင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယင်းတွေ့ဆုံမှုတွင် အာဆီအထူးကိုယ်စားလှယ် H.E Prak Sokhonn ဘက်ကလည်း အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှု အကူအညီပေးအပ်နိုင်ရေးနှင့် အမှန်တကယ် ဒုက္ခရောက် နေသူများထံ အကူအညီများ ရောက်ရှိရှေး နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး တို့ကို ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဆိုသည်ဟု NCA ထိုးအဖွဲ့ဘက်က ထုတ်ပြန်ထားသည်။
ဒါ့အပြင် ယင်းတွေဆုံပွဲတွင် RCSS အဖွဲ့က သီးသန့် ဦးဆောင်ဆွေးနွေးပြီး “လက်ရှိနိုင်ငံရေး အကျပ်အတည်းဖြေရှင်းရာမှာ (က) စစ်ကောင်စီနှင့် EAO များ ညှိနှိုင်း ဆွေးနွေးပြီး နိုင်ငံရေးသဘောတူညီချက်ရအောင် အလျှော့အတင်းပြုလုပ်နိုင်ရေး၊ (ခ) စစ်ကောင်စီ၊ EAO များနှင့် နိုင်ငံရေးပါတီများ အနေဖြင့် ဖက်ဒရယ်မူရရှိအောင် နိုင်ငံရေးဆွေးနွေးပွဲမှာ ညှိနှိုင်းဆွေးနွေးပြီး အာဏာသုံးရပ် ခွဲဝေကျင့်သုံးနိုင်ရေး၊ (ဂ) ရရှိလာသည့် ဖက်ဒရယ်မူများနှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပြီး နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်တို့ကို ပြုပြင်ပြောင်းလဲခြင်း စသည့် နည်းလမ်း (၃) သွယ်ကို ပံ့ပိုးကူညီဆောင်ရွက်ပေးရန်” တင်ပြခဲ့ကြောင်း သိရသည်။
ယနေ့တွေ့ဆုံပွဲ၌ တက်ရောက်သူများသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရက်တစ် ကရင် အကျိုးပြု တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ (NMSP) တို့၏ ကိုယ်စားလှယ်များ တဖြစ်ကြောင်း သိရသည်။
NCA-S EAO သည် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှူကော်မတီ (NSPNC)နှင့် ယနေ့ ဇူလိုင် ၁ ရက်နေ့ ညနေ ၀၂:၃၀ နာရီတွင်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။