တိုင်းရင်းသားများသတင်း

မြစ်ကြီးနားမြို့ မြို့မရဲစခန်းတွင် စွဲဆိုထားသည့်အမှုမှ KNC ဉက္ကဌ ကွင်းလုံးကျွတ် လွတ်မြောက်ဟု ဆို 

ဓါတ်ပုံ – KNC Facebook Page
(ဒေါက်တာအမ်ကောန်လ၊ အမှုလိုက်ရှေ့နေ၊ ဒေါ်ဒေါင်နန်းနှင့် KNC အဖွဲ့ဝင်များတွေ့ရစဉ်)

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၂၂
မြစ်ကြီးနားမြို့ မြို့မရဲစခန်းတွင် စွဲဆိုထားသည့်အမှုမှ ကချင်အမျိုးသား ကွန်ဂ ရက်ပါတီ (KNC) ဉက္ကဌ ဒေါက်တာအမ်ကောန်လ ကွင်းလုံးကျွတ် လွတ် မြောက်ခဲ့သည်ဟု KNC ပါတီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
“ယနေ့ ၂၂.၆.၂၀၂၂ နေ့ရက်တွင် မြစ်ကြီးနားမြို့နယ် တရားရုံးမှ ဒေါက်တာအမ်ကောန်လကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅-က မှ ကွင်းလုံးကျွတ်လွတ်မြောက်ရန် အမိန့်ချမှတ်ခဲ့ပါသည်။ ဒေါက်တာ အမ်ကောန်လ သည် မြစ်ကြီးနားမြို့ မြို့မရဲစခန်းတွင်စွဲဆိုခံထားရသည့် အမှု ပုဒ်မ ၅၀၅-က ကိုရင်ဆိုင်ရန် ၉.၅.၂၀၂၂ နေ့တွင် မြစ်ကြီးနားမြို့ သို့ ရောက်ရှိလာခဲ့ပါသည်” ဟု ဆိုပါတယ်။
မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခံခဲ့ပြီးနောက် ယနေ့ ၂၂.၆.၂၀၂၂ နေ့တွင် အမှုမှ ကွင်းလုံး ကျွတ် လွတ်မြောက်ခဲ့ခြင်း ဖြစ်သော်လည်း နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှ ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ကိုတော့ မြစ်ကြီးနားမြို့ အကျဉ်းထောင်မှာ ဆက်လက် ကျခံရမည်လို့ လည်း သိရပါတယ်။
ဒေါက်တာအမ်ကောန်လ၏ မြစ်ကြီးနားအမှုကနေ အမှုတစ်ခုလုံး ကွင်းလုံး ကျွတ် လွတ်မြောက်ခြင်းနှင့်အတူ ကျန်ရှိနေသည့် ပြစ်ဒဏ်မှလည်း အမြန်ဆုံးပြန်လည်လွတ်မြောက်နိုင်ရန် KNC ပါတီဘက်က လိုလားနေပါတယ်။
ဒါ့အပြင် ဒေါက်တာ အမ်ကောန်လ ထောင်တွင်းအကျဉ်းကျခံနေရခြင်းသည် နိုင်ငံတော်အတွင်း လက်ရှိလိုအပ်လျက် ရှိနေသော ငြိမ်းချမ်းရေးအတွက် များစွာနစ်နာဆုံးရှုံးမှုကြီးပင်ဖြစ်တယ်လို့ KNC ပါတီဘက်က ဆိုထားပါတယ်။

Related Articles

Back to top button