တိုင်းရင်းသားများသတင်း

အာဏာသိမ်းမှုဖြစ်စဉ်နှင့်ဆက်စပ်သည့် ပဋိပက္ခများကြောင့် ကရင်နီပြည်နယ်အတွင်း ထွက်ပြေး တိမ်းရှောင် သူများ ဦးရေ နှစ်သိန်းကျော်လာပြီ

ဓါတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးကွန်ရက်

ဖက်ဒရယ်ဂျာနယ်၊ မေ ၂၉

အာဏာသိမ်းမှုဖြစ်စဉ်နှင့်ဆက်စပ်သည့် ပဋိပက္ခများကြောင့် ကရင်နီပြည်နယ်အတွင်း ထွက်ပြေး တိမ်းရှောင် သူများ ဦးရေ နှစ်သိန်းကျော်လာပြီ ဖြစ်ကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က ထုတ်ပြန်ထားသည်။

“ကျနော်တို့ စားရင်းအရတော့ (၂)သိန်းကျော်သွားပြီးဖြစ်ပါတယ်။  လတ်တလောအခြေအနေပြောရရင် တချို့ စစ်ပြေးရှောင်တွေက အတော်လည်း ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာ သွားရောက်ပုန်းနေတဲ့သူတွေအတွက် ကျတော့ အကူအညီတွေပေးပို့ဖို့အတွက် ဆိုင်ကယ်လမ်း၊ ကားလမ်းလည်းမရှိတဲ့အတွက် အတော် ခက်ခဲ ပါတယ်။ တစ်လ မဟုတ်ရင် ခြောက်လ လောက်မှ တကြိမ်ရောက်နိုင်တဲ့ဒေသတွေရှိတယ်။ တချို့နေရာ ဒေသတွေ မှာက တော့ ဆေးဝါးတွေမလုံလောက်ဘူး၊ နောက်ပြီး စားရပ်ရိက္ခာပိုင်းမှာလည်း ပြက်လပ်လို့ နည်းပါးဖြစ်နေတဲ့ အနေအထားတွေတော့ရှိတယ်။ နေရာထိုင်ခင်းကအစ ပြဿနာတော့ အစုံရှိနေပါတယ်”ဟု KCSN အဖွဲ့တာဝန်ရှိသူတဦးက ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။

ဒါ့အပြင် စစ်ဘေးရှောင်နေစဉ်    ဆေးဝါးနှင့် စားနပ် ရိက္ခာမလုံလောက်မှုတို့ကြောင့် သေဆုံးသွားခဲ့ရသော ဖြစ်စဉ်များလည်း ဖြစ်ပေါ်နေပြီး သေဆုံးသူ ပြည်သူ – ၂၄ ဦးထိ ရှိလာပြီဟု တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ဆိုထားသည်။

အာဏာသိမ်းမှုဖြစ်စဉ်နှင့်ဆက်စပ်သည့် ပဋိပက္ခများကြောင့် ၅ လအတွင်း ကရင်နီပြည်အရပ်သားပြည်သူများ သေဆုံးမှု (၂၄၉)ဦး၊ ထိခိုက်ဒဏ်ရာရသူများ(၁၉၈)ဦးနှင့် ဖမ်းဆီးခံရသူကလည်း(၃၂၀)ထိ တိုးလာကြောင်း KSCN ၏ အချက်အလက်များအရ သိရသည်။

KCSN သည် မြေပြင်မိတ်ဖွဲ့အဖွဲ့အစည်း(၁၀)ဖွဲ့ဖြင့် ဖွဲ့စည်းချိတ်ဆက်ထားပြီး ကရင်နီပြည်နယ် ဒေသအတွင်း အရပ်သားများ လူအခွင့်အရးချိုးဖောက်ခံနေရသည့် အချက်အလက်များကို သုသတေသန ပြုစုကောက်ခံ နေသည့် အဖွဲ့အစည်းတခုဖြစ်သည်။

Related Articles

Back to top button