ကျဆုံးခဲ့သည့် CNA ရဲဘော်
ဖက်ဒရယ်ဂျာနယ် (မေလ – ၅ )
ဟားခါးမြို့မှ ဖလမ်းမြို့နယ်သို့ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်း စစ်ကြောင်းကို ယနေ့ မေလ ၅ ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦး (CNA)၊ CDF ထန်တလန်နှင့် CNDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဖလမ်းမြို့နယ်၊ တလန်ဇာရ်ကျေးရွာတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ CNA နှင့် CDF ထန်တတလန်တပ်ဖွဲ့မှ ရဲဘော် ၉ ဦး ကျဆုံးကြောင်း ချင်းပြည်နယ်အခြေစိုက် မီဒီယာဖြစ်သည့် The Hakha Post တွင်ဖော်ပြထား ချက်အရသိရသည်။
ယင်းတိုက်ပွဲတွင် ကျဆုံးသော ရဲဘော်တို့သည် ချင်းအမျိုးသားတပ်ဦး (CNA) မှ နှစ်ပွင့် ဗိုလ်အပါအဝင် ရဲဘော် ၆ ဦး၊ CDF ထန်တလန်တပ်ဖွဲ့မှ ရဲဘော် ၃ ဦး စုစုပေါင်း ရဲဘော် ၉ ဦး ကျဆုံးသွားကြောင်း သိရပါသည်။ ရဲဘော်များကျဆုံးမှုနှင့်ပတ်သက်ပြီး ၎င်းတို့၏ သူငယ်များကလည်း လူမှုကွန်ရက်များ ဝမ်းနည်းကြောင်း ဖော်ပြထားကြသည်။
ဖလမ်းမြို့နယ်၊ တလန်ဇာရ်ကျေးရွာအနီးတွင် ယနေ့ မနက်ပိုင်း ၈ နာရီခွဲဝန်းကျင်၌ တိုက်ပွဲဖြစ်ပွား ခဲ့ပြီးနောက် စစ်ကောင်စီ စစ်တပ်မှ တလန်ဇာရ်ကျေးရွာရှိ နေအိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ၎င်းတိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှလည်း အသေအကြေ များပြားကြောင်း သိရသည်။