ဖက်ဒရယ် ဘဏ္ဍာရေးစနစ် (Fiscal Federalism)
အရွယ်ငယ်ပေမဲ့ ပညာမငယ်တဲ့ ဉာဏ်ကျယ်လေးဖော်ဟာဆိုရင် ကိုယ့်အသင်းအတွက်လိုအပ်တဲ့ ငွေပမာဏကို ဘယ်လိုရှာရမလဲ ကောင်းကောင်းသိနေပါတယ်။
ဉာဏ်ကျယ်လေးဖော်တို့ ဘောလုံးအသင်းအတွက် ယူနီဖောင်းအသစ်ဖိုးရဖို့ တတ်ထားတဲ့ မုန့်ဖုတ်ပညာကို ကောင်းကောင်းအသုံးချနေလေရဲ့။ ကိုယ်တိုင်မုန့်ဖုတ်၊ ကိုယ်တိုင်အိမ်ရှေ့ထွက်ပြီး ကျကျနန ရောင်းနေကြပါတယ်။ ကိုယ့်အသုံးစရိတ်အတွက် ကိုယ့်ဘာသာဝင်ငွေရှာတတ်တဲ့ အရမ်းတော်တဲ့ ဉာဏ်ကျယ်လေးဖော်ပဲဖြစ်ပါတယ်။
သူတို့အတန်းဖော် ခွန်နောင်တို့အသင်းကတော့ ခွန်နောင်တို့ ခြံထဲက သရက်သီးတွေခူးရောင်းပြီး ယူနီဖောင်းဖိုးရှာနေကြတယ်။ စောစောတို့ နန်းတို့အဖွဲ့ကတော့ သိပ်အပင်ပန်းခံမနေဘဲ သူတို့အိမ်ကပဲ မုန့်ဖိုးတောင်းပြီး ယူနီဖောင်းအသစ်ဝယ်ကြမယ်ထင်တယ်။
နန်းတို့ကတော့ အိမ်ကမုန့်ဖိုးတောင်းရင်း ဗဟုသုတပါရလိုက်တယ်။ နန်းတို့ဖေဖေ ပြောပြပုံအရဆို ဖက်ဒရေးရှင်းတစ်ခုမှာ တချို့အစိုးရတွေဟာ သူ့သမီးနဲ့ သူငယ်ချင်းတွေကို မိဘကထောက်ပံ့သလို ပြည်ထောင်စုအစိုးရက လိုရာသုံးဖို့ပေးထားတဲ့ ထောက်ပံ့ငွေအပေါ် မှီခိုနေကြတာမျိုးလည်း ရှိတယ်။ အဲ့ဒါအပြင် အခွန်ကောက်ပြီး ရန်ပုံငွေရှာကြတာမျိုး၊ ကိုယ့်ဒေသမှာရှိတဲ့ သယံဇာတတွေကို ရောင်းချပြီး ရှာကြတာမျိုးလည်း ရှိတယ်ဆိုတာ သိလိုက်ရတယ်။
အခုဆိုရင် ဒီ page လေးမှာ အပတ်စဉ် ဖက်ဒရယ် ဝေါဟာရတွေကို အတူတူလေ့လာခဲ့ကြတာ နောက်ဆုံးအပတ်ကိုတောင် ရောက်လာပြီဆိုတော့ နှုတ်ဆက်ရတော့မှာဖြစ်ပါတယ်။ ရှေ့အပတ်တွေမှာ တင်ဆက်ပေးခဲ့တဲ့ ဝေါဟာရတွေကိုလည်း နှံ့နှံ့စပ်စပ်သိသွားကြပြီလို့ မျှော်လင့်မိပါတယ်။ နောက်များမှာလည်း ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ပြင်ဆင်တင်ဆက်ပေးနိုင်အောင် ကြိုးစားသွားပါမယ်။
ဖက်ဒရယ်ဂျာနယ်
ဧပြီ ၂၉၊ ၂၀၂၂
f