ကြွင်းကျန်အာဏာများ (Residual Powers)
ဉာဏ်ကျယ်လေးဖော်တို့ အိမ်မှာဆို မိဘတွေရဲ့ အုပ်ထိန်းမှုအောက်မှာနေရ၊ ကျောင်းမှာဆို ဆရာ၊ ဆရာမတွေရဲ့ အုပ်ထိန်းမှုအောက်မှာ နေကြရတာများပါတယ်။ ဉာဏ်ကျယ်လေးဖော်တို့အတွက် ကြွင်းကျန်အာဏာရှိတဲ့အချိန်ဆိုလို့ မိဘတွေ ဆရာတွေဆီက လွတ်တဲ့အချိန်ဖြစ်တဲ့ ကစားချိန်ပဲရှိတယ်။
မုန့်စားဆင်းချိန်တွေမှာ သူတို့တစ်တွေ လေးယောက်ဆုံပြီး ညနေအတွက် အစီအစဉ်ကို သူတို့ဘာသာ ကြိုတင်တိုင်ပင် ဆုံးဖြတ်ကြတယ်။ အဲ့လိုဆုံးဖြတ်တဲ့အခါမှာ လေးယောက်လုံးရဲ့ အကြံဉာဏ်၊ ထင်မြင်ချက်တွေကို ဆွေးနွေးပြီး အတူတူဆုံးဖြတ်လေ့ရှိတယ်။ အဲ့ဒီလိုဆုံးဖြတ်တဲ့ ပုံစံကတော့ ဖက်ဒရေးရှင်းတစ်ခုမှာဆို ယူနစ်အသီးသီးက အတူတကွလာရောက် ပေါင်းစည်းနေထိုင်ခြင်း (coming together) ပုံစံမျိုး ဖြစ်တယ်။
နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။
ဖက်ဒရယ်ဂျာနယ်
ဧပြီ ၁၅၊ ၂၀၂၂