မတ်လ – ၁၈ – ၂၀၂၂
စစ်အာဏာရှင်ဆန့်ကျင်လူထုတော်လှန်ရေးအတွင်း စစ်ကောင်စီတပ်က အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ယနေ့ မတ်လ (၁၈)ရက်နေ့အထိ အသက်သေဆုံးခဲ့သွားတဲ့ဦးရေ ( ၁၆၈၇ ) ဦးထိရှိပြီဖြစ်ပါတယ်။ ဒါ့အပြင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူ ( ၁၂၈၁၃ ) ဦးထိရှိခဲ့ပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် ထွက်ပြေးသိမ်းရှောင်နေရသူ (၁၉၇၃)ဦးထိ ရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။
- ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်လမ်းဆုံနေရာတွင် စစ်ကောင်စီ ရဲများက ဆိုင်ကယ်မောင်းနင်း လာသော လူငယ် ၂ ဦးကို သေနတ်ဖြင့်လို က်လံပစ်ခတ်မှုဖြစ်စဥ် ယမန်ည ၈ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ “လူငယ် ၂ ယောက်က ဆိုင်ကယ်နဲ့ ဖြတ်လာတာကို စစ်ဆေးဖို့ ရပ်ခိုင်း တာထင်တယ်။ အဲ့လူငယ် ၂ ယောက်က မရပ်ပေးလို့ ရဲတွေက သေနတ်နဲ့ ၅ ချက်လောက် လိုက်ပစ် တယ်။ လူငယ် ၂ ယောက်က ဆိုင်ကယ်ပစ်ထားပြီး ပြန်ထွက်ပြေးသွားတယ်။ ဆိုင်ကယ်ဘဲဖမ်းမိ တယ်”ဟု ပူတာအိုဒေသခံတစ်ဦးက ပြောတဲ့အကြောင်း ဒေသအခြေစိုက် KNG သတင်းဌာနတွင် ဖော်ပြထားသည်။
- စာသင်ကျောင်း(၄)ကျောင်းကို လုံခြုံရေးမပေးနိုင်တော့လို့ပိတ်ထားရတာနဲ့ ပတ်သက်ပြီး KNU အနေနဲ့ လက်အောက်အဖွဲ့သားတွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ရဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့က အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အတွင်းရှိ အထက(တကောင်းဘိုး)၊ အထက(မြိုင်၊ အထက(ခွဲ)ဝဲပျံနဲ့ အလက(ဘောသပြုကျောင်း) တွေရဲ့ ကျောင်းကော်မတီအဖွဲ့က သက်ဆိုင်ရာဝန်ထမ်းတွေရဲ့ လုံခြုံရေးကို မပေးနိုင်တဲ့အတွက် အဲ့ဒီ ကျောင်း(၄)ကျောင်းကို ၂၀၂၂၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့က စပြီး ပိတ်ထားရတယ်လို့ မတ်လ ၁၄ ရက်က စစ်ကောင်စီပေးပို့တဲ့ အကြောင်းကြားစာထဲမှာ ပါရှိပါတယ်။
- ဝိုင်းမော်မြို့နယ် ဝူယာန်ကျေးရွာနှင့် အောင်မြေ (၁) ကျေးရွာ ၂ ခုတွင် စခန်းချထားသော ပြည်သူ့စစ် တပ်ဖွဲ့အတွက် လူအင်အား တိုးချဲ့ရန် စစ်ကောင်စီကိုယ်စားလှယ်များမှ လီဆူလူမျိုး အသိုင်းအဝိုင်း တွင် စည်းရုံးရေး လုပ်ဆောင်နေကြောင်း သိရသည်။ စစ်တပ် အာဏာသိမ်းပြီးနောက် ဝိုင်းမော်မြို့နယ်တွင် ပြည်သူ့စစ်အင်အား တိုးချဲ့ရန် ဒုတိယအကြိမ် စစ်သင်တန်းအတွက် စည်းရုံးနေ ခြင်းဖြစ်ကာ ‘ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ခုခံတိုက်ခိုက်ရန် လူအင်အား’လိုအပ်သည်ဟု ပြောဆို စည်းရုံးနေသည်ဟု ဝူယန် ဒေသခံတစ်ဦး က ပြောသည်ဟု KNG သတင်းဌာနတွင်ဖော်ပြ ထားသည်ကို တွေ့ရှိရသည်။
- ကချင်ပြည်နယ်၊ ရွှေကူမြို့နှင့် ကျောက်ကြီးရွာကြားတွင် သံခွန်တစ်စီးဖြင့်ထွက်ခွာလာသည့် အင်အား (၄၀)ကျော်ပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား ယနေ့ ၂၀၂၂ ခုနှစ် မတ်လ(၁၈)ရက်၊ နံနက် ၄ နာရီက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်၏ သံခွန်မော်တော်ဝမ်းအတွင်းသို့ RPG တစ်လုံး ကျရောက်ထိမှန်ခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူရှိနိုင်သည်ဟု သိရသည်။
- ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CNDF တပ်ဖွဲ၀င် ၁ ဦးနဲ့ CDF-Hakha တပ်ဖွဲ့၀င် ၁ ဦး ကျဆုံးသွား ကြောင်း သိရပါတယ်။ ယမန်နေ့ မတ် ၁၇ ရက်နေ့ကဖြစ်ပွားတဲ့ တိုက်ပွဲတွင် CDF-Hakha ရဲဘော် ဆလိုင်းဇာဗျက် ကျဆုံးခဲ့ပြီး မတ် ၁၄ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရတဲ့ CNDF ရဲဘော်တစ်ဦးရဲ့ ရုပ်အလောင်းအား ယနေ့ မတ် ၁၈ ရက်နေ့တွင် တွေ့ရှိခဲ့ပါတယ်။
- ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၇)၊ ဖားအံခရိုင်၊ အမှတ် (၁) ကော်သူးလေ အထက်တန်းကျောင်း ၌ ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကော်သူးလေ အစိုးရစစ် ဖြေဆိုအောင်မြင်သွားသော အထက်တန်း (Grade-12)နှင့် အလယ်တန်း (Grade-9) ကျောင်းသူ၊ ကျောင်းသားများကို ယနေ့ မတ်လ (၁၈)ရက်နေ့တွင် အောင်လက်မှတ် ပေးအပ်ခြင်းနှင့် ကျောင်းဆင်းပွဲအခမ်းအနား ပြုလုပ်ပေးခဲ့သည်။
- အင်တာနက်ဖြတ်ခံထားရသည်မှာ ၇ လနီးပါးရှိပြီဖြစ်သည့် ဖားကန့်မြို့တွင် ယနေ့မတ်လ ၁၈ ရက် နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် နှင့် KIA PDF NUG ထောက်ခံပွဲ ပြုလုပ်ကြသည်။ ဆန္ဒပြ ပြည်သူများက KIA PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ ၊NUG အစိုးရ ဒို့အစိုးရ ၊အားတင်းထားပါ စစ်ကိုင်းရေ မင်းတို့နောက်မှာ ငါတို့ရှိတယ် ၊ အကြမ်းဖက်စစ်တပ်လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ အင်တာနက် ဖြတ်တဲ့ မင်းအောင်လိုင် အဖွဲ့ အသေဆိုးနဲ့ သေပါစေ၊ ပြန်လည်ရံးကြွ သပိတ်စုံထ ၊ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေး ဒို့အရေး နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည် ဟု ကြွေးကြော်ချီတက် ခဲ့ကြသည်။
- အကြမ်းဖက် စစ်ကောင်စီ အမြစ်ဖြတ် ချေမှုန်ရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန် ကျောင်းသားပြည်သူများသည် မတ်လ ၁၈ ရက် နံနက်တွင် ၄၀၄ ရက်မြောက် သပိတ်စစ်ကြောင်း ဖြင့် လှည့်လည်ဆန္ဒပြကြသည်။ ‘မတရားမှုဟာ နေသားကျမှု ဖြစ်လာရင် နောက်မျိုးဆက်အတွက် ကံဆိုးမှုတွေပဲ လာလိမ့်မယ်’ ဟု ရေးသားထားသော ပိုစတာကိုင်ဆောင်ကာ ပြည်သူများ စစ်အာဏာရှင် ဆန့်ကျင်ရေး သွေးမအေးကြရန် နှိုးဆော်တိုက်တွန်းကြသည်။
- ရုရှား၏ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်လုပ်ဆောင်နေခြင်းကို ကန့်ကွက်ပြီး စစ်ဘေးသင့် ယူကရိန်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်းကို ပြသသည့်အနေဖြင့် ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက်တွင် ကော့ကရိတ်တောင်ပိုင်ရှိ ကရင်ပြည်သူများစုပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
- မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၁၈ ရက်နေ့ တွင် “ထောင်တွင်းမှာနှိပ်စက် ထောင်ပြင်မှာရက်စက် ပြည်သူကို ရန်သူလိုဆက်ဆံတဲ့ ခွေးမျိုးတွေ ကို တိုက်ထုတ်ရုံမှတပါးအခြားမရှိ။ သံဃသမဂ္ဂ” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
- မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ယနေ့ မတ်လ ၁၈ ရက်နေ့တွင် PDF တပ်ဖွဲ့များနှင့် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
- မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၁၈ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး အသံမတိတ်တဲ့ ပြည်ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
- အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီမှ ယနေ့ မတ်လ ၁၈ ရက်နေ့တွင် “စစ်ခွေး သင်္ချိုင်း စစ်ကိုင်းတိုင်း သမိုင်းကို လည်းထူ စစ်ကိုင်းကိုလည်းကူ” ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ၅/အရာတော်လူထုသပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ဆားလင်းမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု က ၃၇၃ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ချီတက်မှု မတ် ၁၈ ရက်တွင် ပြုလုပ်ခဲ့သည်။
- စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘိန်းနွယ် ချောင်ရွာမှာ မတ်လ(၁၈)ရက်နေ့က စစ်အာဏာရှင်ဆန့် ကျင်ရေး သွေးမအေးတဲ့ ရွှေနွယ်သွေးသပိတ် ရက်ပေါင်း (၃၂၈)ရက်မြောက် ချီတက်ခဲ့ကြပါတယ်။
- ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ မတ် ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- မုံရွာမြို့နယ် အနောက်မြောက်လွင်ပြင်ဒေသ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခြင်းကို ယနေ့ မတ် ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
- စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ် ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ BGF တပ်ရင်း ၁၀၁၆ မှ တပ်သားအဆင့်ရှိသူ စောမော်ဝါး သည် မတ်လ ၁၇ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅၊ တပ်ရင်း ၁၀၂၊ တပ်ခွဲ ၃ ထံ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာကြောင်း KNU တပ်မဟာ ၅ မူတြော် သတင်းစဉ်က သတင်းထုတ်ပြန်သည်။ ဖားအံမြို့ဇာတိ စောမော်ဝါးသည် ၎င်း၏ အထက်အရာ ရှိများ၏ အမိန့်စေခိုင်းချက်ဖြင့် ကရင်အချင်းချင်း ပြည်လည်တိုက်ခိုက်ခြင်း၊ အပစ်မဲ့ပြည်သူများ အားသတ်ဖြတ်ခြင်းများကို မိုက်ရူးရဲဆန်ဆန်မပြုလုပ်လိုပါတော့သဖြင့် ယခုလိုအလင်းပြန်လည်ဝင် ရောက်လာရခြင်းဖြစ်ကြောင်း မူတြော်သတင်းစဉ်က ဖော်ပြသည်။
- မိုင်းနုမ်ဟန်တို့မိသားစုဖမ်းဆီးသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး RCSS အနေနဲ့ အမှန်တရားပေါ် ပေါက်ရေး၊ တရားမျှတမှုဖြစ်ပေါ်စေရေးကို တာဝန်ယူဖြေရှင်းပေးဖို့ တအာင်း(ပလောင်) အမျိုးသား ပါတီ (TNP) ဗဟိုကော်မတီမှ သဘောထားထုတ်ပြန်ချင်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။ မိုင်းနုမ်ဟန် တို့မိသားစုကို တရားမဲ့ပြုကျင့်ပြီး လူသားမဆန်စွာ လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် တာဝန်ရှိ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ အရပ်ဖက်အဖွဲ့ အစည်းများအားလုံး အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတမှုရရှိစေရေးတို့အတွက် ပူးပေါင်း ပါဝင်ကြပြီး ကိုယ်ချင်းစာနာ ထောက်ထားခြင်းတို့ဖြင့် သဝဏ်လွှာပေးပို့ကြတဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနဲ့ ပုဂ္ဂိုလ်တွေကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။
- ဒီကနေ့ (မတ်လ၊ ၁၈ရက်) မနက် (၇)နာရီအချိန်မှာ KNDF/B-15 ကနေပြီး ဖရူဆိုမြို့မရဲစခန်းနဲ့ ခမရ (၅၃၁)တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNDF/B-15 က ဒီကနေ့မှာ သတင်းထုတ်ပြန် ပါတယ်။ တိုက်ပွဲမှာ နာရီဝက်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်(၄)ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာ တစ်ချို့ရရှိခဲ့တယ်လို့ သိရပါတယ်။
- ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် PDF ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိအပါအဝင် ၆ ဦး သေဆုံးကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင် ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ မတ်လ ၁၇ ရက်နေ့ ဒီးမောဆိုမြို့နယ် အိုးခူးရီးရွာတွင် တပ်စွဲ ထားသောအကြမ်းဖက်စစ်ကောင်စီတပ်များကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်းရေးစနိုက်ပါ အဖွဲ့နှင့်လွိုက်ကော် PDF စနိုက်ပါအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း သိရှိရသည်။
- မြန်မာနိုင်ငံသို့ မတ်လ ၂၀ ရက်တွင်လာရောက်မည့် အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn အချိန်မရတော့၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နှင့်တွေ့ဆုံမည့်ကိစ္စကို ပါယ်ဖျက်လိုက်ကြောင်း သိရသည်။ “သူက နေပြည်တော်ကို သွားပြီး နစက ဥက္ကဌ နဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို တွေ့မှာ ၊ ပြီးတော့ လူသားချင်းစာနာမှု ကိစ္စ တွေအတွက် ကြက်ခြေနီ အသင်းနဲ့တွေ့မယ်၊နိုင်ငံရေးပါတီ တွေနဲ့လည်း တွေ့မယ် ၊ ဗိုလ်ချုပ် ရာပြည့် တို့ ငြိမ်းချမ်းရေးကော်မတီနဲ့လည်းတွေ့မယ်။ဒါကြောင့် ကျွန်တော်တို့ PPST နဲ့ ဆုံဖို့ အချိန် မရတော့တဲ့အကြောင်းကို အမျိုးသားစည်းလုံးညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်း ရေးကော်မတီ (NSPC) က စာပို့လာတယ် ၊တောင်းပန်ပါတယ်တဲ့”ဟု PPST ပြောခွင့်ရ ပအို့ဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
- သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့တွင် စစ်တပ်သတင်းပေးသူ၏ နေအိမ် ဗုံးခွဲတိုက်ခိုက်ခံရမှု ဖြစ်ပွားပြီး နောက် စစ်ကောင်စီဘက်မှ ရွာသား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၈)ရက် မနက် ၃ နာရီဝန်းကျင်တွင် ရွာငံမြို့နယ်၊ နန်းခုံကျေးရွာအုပ်စု၊ ပဲယင်းတောင်ရွာနေ စစ်တပ် သတင်းပေးဟု အမည်ထွက်သည့် ဦးစိုးမြင့်၏ နေအိမ် ဗုံးခွဲတိုက်ခိုက်ခံ ရကြောင်း နန်းခုံကျေးရွာ အုပ်စုမှ အမျိုးသမီးတစ်ဦးက ပြောသည်ဟု သျှမ်းသံတော်ဆင့် သတင်း ဌာနတွင်ဖော်ပြထားသည်။ “မနက် အစောကြီး ဗုံးခွဲတိုက်ခိုက်ခံရတယ်၊ လူထိခိုက်မှုတော့ မရှိဘူး၊ အိမ်ကတော့ အနည်းငယ် ထိခိုက်ပြီး ပျက်စီး တာရှိတယ်၊ မနက် ၉ နာရီလောက်တော့ စစ်တပ်က ရွာထဲ ဝင်လာပြီး သူ(ဦးစိုးမြင့်) လိုက်ပြတဲ့ ရွာသား သုံးယောက်ကို စစ်ဆေးရမယ်ဆိုပြီးတော့ ဖမ်းခေါ်သွားတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။
- ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်စခန်းအချို့တွင် အထောက်အပံ့များ မရှိတော့သည့် အတွက် စားဝတ်နေရေး ကြပ်တည်းမှု ပြသာနာဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။ စစ်တပ် အာဏာမသိမ်းခင် နိုင်ငံတော်အစိုးရနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ အလှူရှင်များမှ ပုံမှန် ရောက်ထောက်ပံ့လျက်ရှိပြီး အာဏာသိမ်းပြီးနောက်တွင် ယင်းအထောက်အပံ့များ သိသိသာသာ လျော့လာပြီး ယခုနှစ်တွင် အထောက်အပံ့များ လုံးဝရပ် တန့်သွားသည့်အတွက် စစ်ရှောင်ပြည်သူ များ စားဝတ်နေရေး အကြပ်အတည်းဖြင့် ရင်ဆိုင် နေရကြောင်း မြစ်ကြီးနားမြို့ လယ်ကုန်း စစ်ရှောင်စခန်းတစ်ခုမှ တာဝန်ရှိသူများထံမှသိရသည်။
- ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ၊ လမ်းမဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းရှိသည့် နေအိမ်တချို့မှာ ယိုင်လဲပြိုပျက်နေပြီပြုပြင်ဖို့လိုအပ်နေကြောင်း စခန်းတာဝန်ခံများကပြောသည်။ မိုးရာသီရောက်လျှင် အဆိုပါစခန်းတွင် မိုးကြီးရေလျှံမှုများလည်း ရှိနေသည့်အတွက် အမြန်ဆုံး ပြုပြင်ပေးကြရန် စခန်းနေထိုင်သူများက တောင်းဆိုနေကြသည်။ အဆောက်အဦများမှာ ပြိုပျက်နေ ပြီဖြစ်သည့်အတွက် ယခုနှစ်မိုးရာသီတွင် နေစရာအိမ်မရှိဖြစ်နိုင်သည်ဟု လမ်းမကယ်ဆယ်ရေး စခန်း ဒုတာဝန်ခံ ဦးကျော်ဝင်းက ပြောတဲ့အကြောင်း Western News သတင်းဌာနတွင် ဖော်ပြထားသည်။ “သစ်မကောင်းတဲ့အတွက် အဆောက်အဦတွေက ပြိုပျက်သွားပြီ။ မိုးရာသီဆိုလို့ရှိရင် နေစရာအိမ်လည်း ရှိမှာ မဟုတ်တော့ဘူး”ဟု ပြောသည်။
- မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ ပြည်နယ်၊ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ အရာရှိတွေကို သေနတ် တစ်လက်စီ ထုတ်ပေးထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အာဏာ သိမ်းစစ်ကောင်စီကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရာရှိတွေအနေနဲ့ လုပ်ကြံမခံရ အောင်နဲ့ မိမိကိုယ်ကို ခုခံကာကွယ်ဖို့အတွက်ဆိုပြီး ပစ္စတို သေနတ် တစ်ယောက် တစ်လက်စီ ထုတ်ပေးထားတာ ဖြစ်တယ်လို့သိရပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ လက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ မကြာခဏဆိုသလို လုပ်ကြံခံရပြီးနောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အရာရှိတွေကို သေနတ်ထုတ်ပေးလာတာ ဖြစ်ပါတယ်။
- မြန်မာတစ်နိုင်ငံလုံး၌ စစ်အာဏာမသိမ်းမီ နေရပ်စွန့်ခွာထွက် ပြေးနေရသူ ဦးရေ ၃၇၀,၀၀၀ အထိ သာ ရှိခဲ့သော် လည်း စစ်အာဏာသိမ်းပြီးနောက် ၄၉၅,၃၀၀ ဦး အထိရှိလာနေသည်ဟု United Nations OCHA Myanmarက မတ် ၁၇ ရက်နေ့တွင် ထုတ်ပြန်လိုက် သည်။ ယင်းကြောင့် တစ်နိုင်ငံ လုံး၌နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း အရေအတွက်မှာ ၈၆၅,၇၀၀ အထိရှိနေပြီဖြစ်သည်။
- ထားဝယ်မြို့ အကျဉ်းထောင်တွင် နိုင်ငံရေး အမှုဖြင့် အကျဉ်းကျနေသော နိုင်ငံရေး အကျဉ်းသား ဆယ်ဉီးခန့်အား တိုက်ပိတ်၍ အပြစ်ဒဏ်ချမှတ်ထားသည်မှာ နှစ်လကျော်နေပြီ ဖြစ်ကြောင်း ထောင်နှင့်နီးစပ်သည့် အသိုင်းအဝိုင်း အချို့ထံမှ သိရသည်။ တိုက်ပိတ်ခံထားရသည့် သူများမှာ ဇေလင်းဦး၊ ကိုထွန်းဦး ၊ ကိုမင်းဆက်မှူး ၊ ကိုရာဇာထွန်း နဲ့တခြား နိုင်ကျဥ်းတချို့ပါဝင်ကြောင်း သိရသည်။
- တရုတ် – မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မုံးကိုးမြို့ပေါ်က စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာ ခက်ခဲလာတဲ့ အပြင် လူဦးရေပါ ထပ်တိုးလာတယ်လို့ စစ်ရှောင်စခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လကုန်ပိုင်းက ရှောင်တိမ်းလာခဲ့ကြပေမယ့် အချို့က စစ်ရှောင်စခန်းဘက် လာရောက်ရှောင်တိမ်း ခိုလှုံတာမဟုတ်ဘဲ အချိန်ခဏတာ ကြာမယ်လို့ထင်ကာ အသိဆွေမျိုးအိမ် တွေနဲ့ နေအိမ်တွေ ငှားရမ်းနေထိုင်ကြပြီး အချိန်ကြာလာတာနဲ့အမျှ ပိုခက်ခဲလာတာကြောင့် စစ်ရှောင်စခန်းဘက်ကို ပြန်လည် ခိုလှုံလာကြတာဖြစ်တယ်လို့ စစ်ရှောင်စခန်းတွေကို ကူညီပေး နေသူ ဒေသခံ ၁ ဦးက ပြောပါတယ်။
- တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် မြိတ်မြို့နယ်ကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အများ ပြည်သူများထံမှ မတရားဆက်ကြေးကောက်ခံနေသော စစ်ကောင်စီလက်ပါးစေ ရဲတပ်ဖွဲ့ကို ဒေသ ကာကွယ်ရေးတပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်က ယနေ့ မတ်လ ၁၈ ရက် ညနေတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်သေဆုံးပြီး ရဲ ၃ ဦး ဒဏ်ရာရရှိကြောင်း၊ သေနတ် ၂ လက် ရရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ အဆိုပါ ရဲတပ်ဖွဲ့သည် ကြေးနန်းတိုင်ရဲစခန်းမှဖြစ်ပြီး တနင်္သာရီမြို့နယ် အဝင် ဆိုင်းဘုတ်အနီး ပုံမှန် ဆက်ကြေးကောက်နေသော အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။
- ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက် နှင့် ရပ်ကွက် ၄ ကြား ကျောက်လုံးကြီးအနောက် စစ်မှုထမ်းဟောင်း မူလွန်ကျောင်း၏ အနီးဝန်းကျင်၌ ယနေ့ မတ်လ ၁၈ ရက် နေ့လည်ပိုင်းက ပစ်ခတ်မှုတစ်ချို့ရှိခဲ့၍ နောက်ရက် စာမေးပွဲဖြေဆိုမှုကို နေရာပြောင်းရွှေ့ဖြေဆိုရန် စီစဉ်ထား ရကြောင်း သိရသည်။ ယနေ့ နေ့လည် ၁၂ နာရီအချိန်တွင် စာသင်ကျောင်းအနီး၌ လက်နက်ကြီး ၊ လက်နက်ငယ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့၍ ကျောင်းဆရာ၊ ဆရာမနှင့် ကျောင်းသူကျောင်းသားများ၏ အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် စာမေးပွဲဖြေဆိုမှုကို ယခုလို နေရာရွှေ့ပြောင်းရန် စီစဉ်ရ ခြင်းဖြစ်သည်ဟု ၎င်းစာသင်ကျောင်းမှ ဆရာမ တစ်ဦးက ပြောသည်ဟု KIC သတင်းဌာနတွင် ဖော်ပြထားသည်။
- စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည့် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဉက္ကဌ ဒေါက်တာ အမ်ကောန်လ ကို လာမည့် မတ်လ (၂၃) ရက်နေ့တွင် အပြီးသတ် စီရင်ချက်ချမည်ဖြစ်ကြောင်းသိရသည်။ မတ်လ ၁၇/၁၈ ရက်နေ့ ဒေါက်တာ အမ်ကောန်လ ကို ရုံးထုတ်ခဲ့ပြီး ရုံးချိန်းတွင် ၎င်းဖက်မှ သက်သေ လေးဦးကို အပြီးသတ်စစ်ဆေးခဲ့ ကြောင်း Kachin National Congress (KNC) ၏ Facebook စာမျက်နှာ တွင် ဖော်ပြထားပါသည်။ ထို့အတွက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် ဒေါက်တာ အမ်ကောန်လ အမြန်ဆုံးပြန်လည် လွတ်မြောက် ရန်အတွက် ဝိုင်းဝန်းဆုတောင်းခြင်းဖြင့် ပါဝင်ကူညီကြရန် KNC ပါတီက တောင်းဆိုခဲ့ပါသည်။
#Federal_Journal_Myanmar
#Daily_Ethnic_News_Collection