ဖက်ဒရယ်လစ်ဇင်အကြောင်း

မျှဝေအုပ်ချုပ်မှု (Shared rule)

မျှဝေအုပ်ချုပ်မှု (Shared rule)

ဂီတအချိန်တိုင်း သေချာလေ့ကျင့်ထားတော့ ကျောင်းစုံညီပွဲမှာ ဖျော်ဖြေဖို့အတွက် ဉာဏ်ကျယ်လေးဖော်ကတော့ အဆင်သင့်ဖြစ်နေပါပြီ။

နောက်အစီအစဉ်က သူတို့ဖျော်ဖြေရမယ့်အလှည့်ဆိုတော့ လေးယောက်သား အပေါ်မတက်ခင် စင်နောက်မှာ နောက်ဆုံးတစ်ခေါက် ဇာတ်တိုက်နေကြတယ်။ သူတို့အထပ်ထပ်အခါခါ လေ့ကျင့်ထားတဲ့အတိုင်းဖြစ်ဖို့နဲ့ ကိုယ့်အပိုင်းနဲ့ကိုယ် စည်းချက်မှန်မှန် အချိန်ကိုက်ဝင်ကြဖို့ ပိုပိုက မှာကြားနေပါတယ်။ အားလုံးကတော့ အခုမှ ပထမဆုံးဖျော်ဖြေတဲ့အတွေ့အကြုံဆိုတော့ စိတ်လှုပ်ရှားနေကြတယ်။

တကယ်တီးခတ်ဖျော်ဖြေချိန်မှာ ဉာဏ်ကျယ်လေးဖော်က အစမ်းလေ့ကျင့်ထားကြတဲ့အတိုင်း အပေးအယူမျှမျှတတနဲ့ တီးခတ်ကြတော့ အောင်မြင်စွာပဲ ဖျော်ဖြေနိုင်သွားကြတယ်။

အဲ့လို ပူးပေါင်းပြီး အတူတကွလုပ်ဆောင်တာမျိုးကို ဖက်ဒရေးရှင်းတွေမှာ “မျှဝေအုပ်ချုပ်မှု” လို့ခေါ်ပါတယ်။

နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။

ဖက်ဒရယ်ဂျာနယ်
မတ် ၁၁၊ ၂၀၂၂

 

Related Articles

Back to top button