သတင်း

နေ့စဉ်သတင်း အကျဉ်း

ဖေဖော်ဝါရီလ – ၂၈ – ၂၀၂၂

စစ်အာဏာသိမ်းမှုဆန့်ကျင် လူထုလှုပ်ရှား မှုအပေါ် စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်သတ်မှုကြောင့် ယနေ့ မတ်လ ၂ ရက်နေ့ အထိ နွေဦးတော်လှန်ရေးအတွင်း အသက် သေဆုံးသူ (၁၅၉၀) ဦး ရှိခဲ့ပြီဖြစ်ပါ တယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၂,၄၆၆)ဦးပြီး ဖမ်းဝရမ်း ထုတ်ခံခဲ့မှုကြောင့် ထွက်ပြေးသိမ်းရှောင် နေရသူ ( ၁၉၇၃) ရှိကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

  • ဟားခါးမြို့သို့ စစ်ကြောင်းချီလာသည့် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်မတော်တို့ ဖြစ်ပွားသည့် တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်မှ (၂) ဦးသေဆုံးကြောင်း သိရသည်။ တိုက်ပွဲအတွင်း သေဆုံးသည့် တပ်သားနှစ်ဦးမှာ ထန်တလန်မြို့နယ် ဒွန်ကျေးရွာမှ ဆလိုင်းဗန်ဘွေဘိခ် နှင့် ရာလ်ပဲလ်ကျေးရွာမှ ဆလိုင်းဇနှင်းတို့ဖြစ်ကြောင်းသိရသည်။

 

  • ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အိုကေအုပ်စု၊ ကျွန်းဝောာကျေးရွာ၌ တင့်ကား အပါအဝင် အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲ နေရာ ယူထားသော စစ်ကောင်စီတပ်ကို DMO-Local PDF၊ Loikaw PDF ၊ KNDF ၊ KA ၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်နှင့် အခြားတော် လှန်ရေး အင်အားစုများ ပူးပေါင်းကာ ယမန်နေ့ မတ်လ ၁ ရက်တွင် သွားရောက် တိုက်ခိုက်ခဲ့ သည်ဟု သိရသည်။ တိုက်ပွဲမှာ ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၄ ဦး သေဆုံး၍ တင့်ကား တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု DMO-Local PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

  • ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာ၊ လုံရှာယန်ကျေးရွာ နှင့် အင်စီယာန်ကျေးရွာတို့မှ ပြည်သူများ တိုက်ပွဲကြောင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေပြီး စား​ရေးရိက္ခာနှင့် ခိုလှုံရန် နေရာထိုင်ခင်း အခက်အခဲဖြစ်​နေသည်ဟု သိရသည်။ တောထဲသို့ ထွက်ပြေးတိမ်းရှောင် နေသည့် ပြည်သူများမှာ နေစရာတဲဆောက်ရာတွင် မိုးကာမလောက်သည့်အတွက် ဌက်ပျော ဖက်များဖြင့် တဲ​ဆောက်လုပ်ထားရ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။  “မိုးကာမလောက်တဲ့ အတွက် တစ်ဝက်ကို မိုးကာအုပ် တစ်ဝက်ကိုတော့ ဌက်ပျော်ဖက်တွေနဲ့ အုပ်ပြီးနေတယ် မိုးကာနဲ့အုပ်ထားတဲ့ တဲက သုံးလေးခုပဲရှိတယ် တဲ ၄၈ ခုရှိတဲ့ထဲကပေါ့”ဟု ဒေသခံတစ်ဦးက ပြောတဲ့အကြောင်း ကချင်းအခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်ကိုတွေ့ရှိရသည်။

 

  • ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးလမ်းမပေါ်ရှိ ဒုတ်ထစ်ရွာ (Dokthek khua) ကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ မတ်လ ၂ ရက် ညနေ ၅ နာရီလောက်က မီးရှို့ကတယ် လို့သိရရှိပါတယ်။  ဒီမနက်ကစပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေဟာ ရမ်ထလိုရွာနဲ့ ဒုတ်ထစ်ရွာကြားမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ ပြီးနောက် ဒုတ်ထစ်ရွာက နှစ်ခြင်းဘုရားကျောင်း သွပ်မိုးကိုလည်း လက်နက်ကြီးထိမှန်ပြီး လူနေအိမ် ဘယ်နလုံးလောင်တာလဲဆိုတာ အတိအကျသိရှိနိုင်ခြင်းမရှိသေးပါ။

 

  • ရှမ်းပြည်မြောက်ပိုင်း မုံးပေါ်အနီး အာဏာသိမ်းစစ်တပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကိုးကန့် MNDAA တို့ကြား ယနေ့ နံနက်ပိုင်းကစတင်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ ယနေ့ မနက် ၁၀ နာရီခန့်မှ KIA တပ်မဟာ ၆ တပ်ရင်း ၃၆ နယ်မြေ မုံးပေါ်ရှိ မန်ကောင်းကျေးရွာအနီး KIA နှင့် ကိုးကန့် MNDAA တို့ရှိရာသို့ စစ်ကောင်စီ တပ်မ ၉၉ မှ အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ “အတကုန်ပစ်နေကြပြီ။ ကိုးကန့်နဲ့ KIA ရှိနေတဲ့နေရာ ရောက်လာလို့ ထိပ်တိုက် တိုက်ပွဲ ဖြစ်တဲ့သဘော။ စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်နေပြီ။ နေရာတကာ ရမ်းတမ်းပစ်နေလို့ အခုဒီမှာ ဘယ်လိုဖြစ်မယ်မသိနေဘူး။” ဟု မုံးပေါ်ဒေသခံတစ်ဦးကြားတဲ့အကြောင်း KNG သတင်းဌာနတွင်ဖော်ပြထားသည်။

 

  • ကရင်နီပြည်နယ် လွိုင်ကော်-စံပြ (၆)မိုင်- ဒေါတမကြီး-ဘောလခဲလမ်းကြောင်းအား မတ်လ ၃ ရက်က စ၍ ပိတ်မည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း (၉ )က ထုတ်ပြန် သည်။ စစ်ရေးအခြေအနေကြောင့် အခုလို လမ်းပိုင်းတွေပိတ်နေရတဲ့ အနေ အထားဖြစ်ပြီး ပြည်သူတွေနဲ့ ဒေသခံတွေအနေနဲ့ လည်းလိုက်နာကြဖို့ တိုက်တွန်းတယ်လို့ဆို ပါတယ်။ အဆိုပါလမ်းပိုင်းကို ပိတ်ပင်ရန် ဖေဖော်ဝါရီ ၂၈ ရက်က ကရင်နီပြည်အစိုးရ၊ ပြည်ထဲ ရေးဝန်ကြီး ဌာန၊အမှတ်(၁)ခရိုင်၊ ဒီးမော့ဆို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် KNDF B- 10 နှင့် KNDF- B9 တို့က အစည်းအဝေးပြုလုပ်ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

 

  • ကိုဗစ်ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့ လေးကေကော် စစ်ဘေးရှောင်စခန်းမှာ ရောဂါကူး စက်ခံ လူနာနဲ့ သံသယလူနာတွေအတွက် ကွာရန်တင်းအဆောင်တွေတည်ဆောက်ဖို့ အခက် အခဲတွေရှိနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)က တာဝန်ရှိသူတစ်ဦးက ပြောပြပါ တယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလပိုင်းက လေးကေကော်စစ်ဘေးရှောင်တွေအချို့မှာ ကိုဗစ်ရောဂါ လက္ခဏာဖြစ်ပွားမှုတွေရှိလာပြီး ရောဂါကူးစက်ခံရတဲ့လူနာတွေကို ကွာရန်တင်းစင်တာမှာ ထားရှိပြီး နယ်မြေခံကျန်းမာရေးအဖွဲ့တွေက စောင့်ကြည့်ကုသပေးလျက်ရှိနေတာဖြစ်ပါတယ်။

 

  • လပေါင်းများစွာ အင်တာနက်ဖြတ်တောက်ခြင်း ခံထားရသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ပြည်သူများ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲတွင် အဖိနှိပ်ခံ ယူကရိန်း ပြည်သူများနှင့်အတူ ရပ်တည်ကြောင်း၊ ကျူးကျော်ရန်စသူ ပူတင်ကို ကန့်ကွက် ကြောင်းလည်း သပိတ်တွင် ဖော်ထုတ်ပြသခဲ့ကြသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန် ကျောင်းသားပြည်သူများသည် ယနေ့ မတ်လ ၂ ရက်နေ့တွင် ၃၈၈ ရက်မြောက် သပိတ်စစ် ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

 

  • အကြမ်းဖက် စစ်ကောင်စီ အမြစ်ဖြတ် ချေမှုန်းရေး မန္တလေးသပိတ်အင်အားစုမှ တော်လှန် ရဟန်းသံဃာကျောင်းသားပြည်သူများသည် မတ်လ ၂ ရက်တွင် လှည့်လည်ဆန္ဒပြကြသည်။

 

  • မန္တလေးမြို့ရှိ စျေးတစ်ခုတွင် ယနေ့ (မတ်လ ၂)ညနေပိုင်း၌ တော်လှန်လူငယ်များပူးပေါင်းပါဝင် သည့် မန္တလေးအင်အားစု သပိတ်စစ်ကြောင်းသည် အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့သည်။ လူငယ်များသည် “ပစ္စည်းမဲ့တို့ လက်ရုန်းအစွမ်း အာဏာရှင်တို့ ဇာတ်သိမ်းခန်း” ဆိုသည့် ခေါင်းစည်းစာတန်းကို ကိုင်ဆောင်ပြီး “အကြမ်းဖက်စစ်အုပ်စုနဲ့ပူး ပေါင်းသူမှန်သမျှ ပြတ်ပြတ်သားသားဆန့်ကျင်ကြ” ၊ “အာဏာရှင်စနစ်ဟူသမျှ မုချကျရှုံးရမည်” ဟု ကြွေးကြော်ဆန္ဒပြခဲ့သည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၂ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ မတ် ၂ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး အသံမတိတ်တဲ့ ပြည်/ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နာရီစင်တွင် ယနေ့ (မတ်လ ၂) နံနက်ပိုင်း၌ ကျောင်းသားလူငယ်များက အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြ လှုပ်ရှားမှုကို မုံရွာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂမှ လူငယ်များက ဦးဆောင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်း ကျေးရွာပေါင်းစုံက လူထုအင်အား ပိုမိုအားကောင်းစွာဖြင့် ၃၅၇ ရက်မြောက် သပိတ်စစ်ကြောင်း ယနေ့ မတ်လ ၂ ရက်တွင် လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။

 

  • ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် ‘လေကြောင်းမှ အပြစ်မဲ့ပြည်သူတွေအား တိုက်ခိုက် နေခြင်းကို ပြင်းထန်စွာ ရှုတ်ချပါ၏’ စာတန်းနှင့်အတူ အကြမ်းဖက် ဖက်ဆစ် စစ်တပ်၏ ပြည်သူများအပေါ် ကျူးလွန်နေသည့် လုပ်ရပ်ကို ကန့်ကွက် ဆန္ဒပြရှုတ်ချခြင်းကို ယနေ့ မတ် ၁ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂ ရက်နေ့ တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း မြိုင်မြို့နယ် တောင်ပိုင်းသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂ ရက် နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ်တွင် တောင်သူလယ်သမားများ ဦးဆောင်ကာ ယနေ့ မတ်လ ၂ ရက်နေ့ တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ဒေသပင်မသပိတ်စစ်ကြောင်းဟာ မတ်လ(၂)ရက်နေ့မှာ ဒေသတွင်းအခြေအနေတင်းကြပ်နေ တဲ့ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ဆက်လက်ချီတက်ခဲ့ကြပါတယ်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင်နယ် ဘိန်းနွယ် ချောင်ရွာမှာ မတ်လ(၂)ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ရက်ပေါင်း (၃၁၂) ရက်မြောက်အဖြစ် ဆက်လက်ချီ တက်ခဲ့ကြပါတယ်။
  • အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် တောင်သူလယ်သမား ပြည်သူများ ဦးဆောင်ကာ ယနေ့ မတ်လ ၂ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အင်အားအလွန်အကျွံဖြင့် ထိုးစစ်ဆင်လာမှု များကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ခုခံတွန်းလှန်ရန် လိုအပ်ချက်များစွာရှိနေကြောင်းနှင့် အချိန်မီပံပိုး ဖြည့်တင်းနိုင်ရန်အတွင် အကူအညီများအရေးတကြီး လိုအပ်လျှက်ရှိရာ ပြည်သူ များအနေဖြင့် သိန်းပေါင်း ၁၀၀၀ ပရောဂျက်တွင် ပါဝင်အားဖြည့် လှူဒါန်းပေးကြရန် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က ဖိတ်ခေါ်ထားသည်။

 

  • စစ်ကောင်စီရဲ့ လုပ်ရပ်ကို တလျှောက်လုံး ကြည့်လိုက်ရင် စစ်ကောင်စီရဲ့ စစ်ရေးဗျူဟာက စစ်မျက်နှာပြင် တခု တည်းမှာ သာလွန် အင်အားနဲ့ ထိုးစစ်ဆင်ပြီးတော့ စစ်အောင်နိုင်ရေးကို အသုံးပြုလေ့ရှိပါတယ်။ တကွက်တနေ ရာပဲ ဖွင့်ခဲ့တာ တွေ့ရတယ်။ စစ်မျက်နှာကို အများကြီး ဖွင့်လိုက်ရင် သူတို့ဘက်က အင်အား ယုတ်လျော့နိုင်တယ်။ သူတို့ လုပ်ရပ်က တကွက် တနေရာ လုပ်လေ့ရှိတယ်။ အဲဒါကို ကျနော်တို့ သတိထားဖို့ လိုတယ်။ အဲဒါကြောင့် ဒီ စစ် ဆင်ရေးခွင်ကို စစ်မျက်နှာများများ ဖွင့်နိုင်အောင်က ကျနော်တို့ဘက်က လုပ်ရပါမယ်။ Website တွင် ဖတ်ရန် https://bit.ly/3tGmo5B

 

  • ရှမ်းမြောက် လားရှိုးမြို့အနီးရှိ ဟိုပိတ်ကျေးရွာက တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ နမ့်ပေါင် ဘက် အလုပ်သွားလုပ်ခဲ့ပြီး လွန်ခဲ့တဲ့ ၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်ကစပြီး ဒီနေ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ပျောက်ဆုံးသွားတဲ့ တက္ကသိုလ် ကျောင်းသူဟာ ဦးညီအောင်နဲ့ ဒေါ်ယေလောင်တို့ရဲ့ သမီး မလုထအောင်(၂၁ နှစ်) ဆိုသူပဲဖြစ် ပါတယ်။ သူမ အလုပ်လုပ်ခဲ့တဲ့ ဓာတ်ဆီဆိုင်ကို ဆက်သွယ်ပေမယ့် အဲဒီဆိုင်မှာ အလုပ်မလုပ် တော့ဘူးလို့ ဓာတ်ဆီဆိုင်က အကြောင်းကြားလာကြောင်း မိခင်ဖြစ်သူက ဆိုပါတယ်။

 

  • ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါ တစ်ကျော့ပြန် ကူးစက်ပျံ့နှံ့နေလို့ ကိုဗစ်ဆိုင်ရာ စည်းကမ်း ချက်တွေကို တိတိကျကျ လိုက်နာကြဖို့နဲ့ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြဖို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၁ ရက် မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ကိုဗစ် ကူးစက်ခံရလို့ စစ်တွေဆေးရုံ အပါအဝင် ပြည်နယ်တွင်း ဆေးရုံသုံးခုနဲ့ မြို့နယ်အလိုက် ဆေးကုသမှုခံယူ နေရသူ နှစ်ရာကျော် ရှိတယ်လို့ ပြည်နယ် စစ်ကောင်စီကလည်း ထုတ်ပြန်ထားပါတယ်။ ပြည်နယ်အစိုးရက ဦးဆောင်ပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေရာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လအထိ ရခိုင်မှာ လူဦးရေ ၁၄ သိန်းကျော်၊ ၆၉ ရာခိုင်နှုန်းအထိ ထိုးနှံပြီးပြီလို့ ပြည်နယ် ကျန်းမာရေးဌာနရဲ့ စာရင်းအရ သိရပါတယ်။

 

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် ယနေ့မတ်လ ၂ ရက်၊ နေ့လည်ပိုင်းအချိန်က ဗြုံးကျွင်းပိ၍ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ နောင်ချိုမြို့ အနောက်ဖက်ရှိ ဗြုံးတောင်ကျွင်းတွင် အလုပ်လုပ်ကိုင်နေသည့် နောင်ချိုမြို့၊ ဘူတာရပ်ကွက်နေ ကိုမိုးမင်းအောင်သည် ဗြုံးကျွင်းပိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း စေတနာမွန် လူမှုကူညီရေးအသင်းနှင့် ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းဝင်တစ်ဦးကသည်ဟု မဲခေါင်သတင်းဌာနတွင် ဖာ်ပြထားသည်။

 

  • ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း တရားမဝင်သစ်တန်ချိန် ၅၄၀ ဒဿမ ၀၅၇၉ တန်အထိ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏စာရင်းများအရ သိရသည်။ အဆိုပါသစ်များကို သံတွဲခရိုင်နှင့် အမ်းမြို့နယ်တို့တွင် အများဆုံးဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ သစ်အများစုမှာ တောင်သရက်သားများဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။ “တစ်လမှာ တန်ငါးရာကျော်ဆိုတာ အရမ်းများတဲ့ပမာဏလို့ပြောလို့ရတယ်။ အရင်တုန်းကဆိုရင် ရခိုင်မှာ တစ်လမှာမှသစ်တန်ချိန် လေးငါးဆယ်တန်လောက်ပဲ ဖမ်းမိခဲ့တာ။ နောက်ပြီးမြေပြင်မှာဖမ်းမိတဲ့သစ်အများစုက တောင်သရက်သားတွေဖြစ်တယ်။ ဂွမှာဆိုရင် အကုန်လုံးတောင်သရက်သားချည်းပဲ။ ရေတပ်ကဖမ်းမိတဲ့ ဟာတွေကတော့ ကညင်၊ စကားဝါနဲ့ ကျွန်းသစ်တွေများတယ်” ဟု အဆိုပါတာဝန်ရှိသူပြောတဲ့အကြောင်း DMG သတင်းဌာနတွင် ဖော်ပြထားသည်။

 

  • ရခိုင်ပြည်တွင် Covid-19 ကူးစက်မှု တဖြည်းဖြည်းမြင့်တက်လာသဖြင့် ကိုဗစ်စည်းကမ်း မလိုက်နာသူများကို အရေးယူဆောင်ရွက်နေသည်ဟု ပြည်နယ်စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဥပဒေချုပ် ဦးဦးလှသိန်းက DMG သို့ပြောဆိုချက်အရသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မြေပုံမြို့တွင် Mask (နှာခေါင်းစည်း)မတပ်သူ ၂၀၀ ကျော်ကို ခံဝန် လက်မှတ်ရေးထိုးခိုင်းခဲ့သည်။ နောက်တစ်ကြိမ်တွေ့ရှိပါကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဦးလှသိန်းကပြောသည်။

#Federal_Journal_Myanmar

#Daily_Ethnic_News_Collection 

Related Articles

Back to top button