သတင်း

နေ့စဉ်သတင်း အကျဉ်း

#Photo_Credit

#Federal_Journal

ဒီဇင်ဘာ – ၂၆ – ၂၀၂၁

 

  • ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ KNU ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ(ကြာအင်းဆိပ်ကြီး အကသ) တို့မှ ဦးဆောင်ကာ ပြည်သူများနှင့် ပူပေါင်း၍ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် KNU၊ PDF များ တိုက်ပွဲအောင်နိုင်ရေးနှင့် အကြမ်းဖက် ဖက်ဆစ် စစ်တပ် ချေမှုန်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ ချီတက်ခဲ့ကြသည်။

 

  • အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဖြုတ်ချရေး ကလေးမြို့ရှိ တော်လှန်ပြည်သူများသည် ၃၂၂ ရက်မြောက်သပိတ်စစ်ကြောင်းဖြင့် ယနေ့ ဒီဇင်ဘာလ ၂၆ ရက်တွင် လှည့်လည်ချီတက်ခဲ့ကြပြီး ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် မီးရှို့သတ်ဖြတ်ခံခဲ့ရသော ကလေးသူငယ်၊ အမျိုးသမီးများ အပါအဝင် ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်း အမှတ် ပြုလုပ်ခဲ့ကြသည်။

 

  • မန္တလေးတွင် “စည်းလုံးအားနဲ့ အာဏာတံတိုင်းကို ဖြိုဖျက်ကြမယ်” စာသားအပါအဝင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားများကို ကိုင်ဆောင်ကာ သံဃသမဂ္ဂ စစ်ကြောင်း၊ စက်မှု စစ်ကြောင်း၊ သမဝါယမကျောင်းသား/သူများ စစ်ကြောင်းနှင့် ဘာသာပေါင်းစုံ စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဖက်ဆစ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

 

  • မန္တလေးမြို့တွင်-သံဃသမဂ္ဂ စစ်ကြောင်း -စက်မှု စစ်ကြောင်း -သမဝါယမကျောင်းသား/သူများ စစ်ကြောင်း နှင့် -ဘာသာပေါင်းစုံ သပိတ်စစ်ကြောင်းတို့ပူးပေါင်းကာ ယနေ့ဒီဇင်ဘာလ၂၆ ရက်နေ့ နေ့လည်ပိုင်းတွင်”ဖမ်းချင်ဖမ်း မဖမ်းချင်နေ ဂရုကိုမစိုက်တာ” ဟုကြွေး ကြော်ကာ စစ်အာဏာ ရှင် အမြန်ဆုံးပြိုလဲဖို့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

 

  • ပျဉ်းမနားမြို့ရှိ ဈေး ၂ ခုကြားတွင် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ကျောင်းသာလူငယ်များက ယနေ့တွင် ဆိုင်ကယ်ဖြင့် စစ်အာဏာရှင် အလိုမရှိကြောင်း စာရွက်များဖြန့်ကြဲကာ ဆန္ဒပြခဲ့ကြပါတယ်။

 

  • ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ဘိန်းနွယ်ချောင်ရွာ သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး အရုဏ်ဦးသပိတ်ချီတက် ဆန္ဒပြမှုကို ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

 

  • ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများမှ တော်လှန်ပြည်သူများစုပေါင်းကာ ၂၉၁ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ဒီဇင်ဘာလ ၂၆ ရက်တွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ် ဖြုတ်ချရေး ချီတက်ဆန္ဒပြကြသည်။

 

  • အနောက်မြောက်လွင်ပြင်ဒေသ လက်ပံတောင်းတောင်ဒေသခံ ပြည်သူများက “ စစ်ရှောင်ဒုက္ခ အဆုံးသတ်ဖို့ PDF နဲ့အတူ တော်လှန်စို့” နှင့် အတူ အကြမ်းဖက် ဖက်ဆစ် အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ဒီဇင်ဘာ ၂၆ ရက်ညနေတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

 

  • ယင်းမာပင်မြို့နယ်တွင် လယ်ယာစိုက် တောင်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် ကျေးစာကျ ရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် ပေကုန်းရွာ ပြည်သူများက အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့က ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယနေ့ ဒီဇင်ဘာလ ၂၆ တွင် မုံရွာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က လူငယ်များ ဦးဆောင်၍ နံနက် စောစောပိုင်းတွင် အအေးဒဏ်ကို အံတုကာ သမဂ္ဂခွပ်ဒေါင်းအလံကို ကိုင်ဆောင်၍ စစ်အာ ဏာရှင်ကို အလိုမရှိကြောင်း မုံရွာမြို့ရှိ နေရာတစ်နေရာတွင် သပိတ် မှောက် ဆန္ဒပြခဲ့ကြသည်။

 

  • မုံရွာမြို့နယ် အနောက်မြောက်လွင်ပြင်ဒေသ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခြင်းကို ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

 

  • မြိုင်မြို့နယ် တောင်ပိုင်းရှိ ပြည်သူများ စုစည်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ဆန္ဒပြခြင်းကို ဒီဇင်ဘာ ၂၆ တွင် ပြုလုပ်ခဲ့သည်။

 

  • ဒီပဲယင်းမြို့နယ် အတွင်းရှိ ကျေးရွာတစ်ခုတွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက်စစ်ကောင်စီက ဂျက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းခံနေရသည့် စစ်ကိုင်း၊ မကွေးနှင့် တိုင်းရင်းသားဒေသများတွင် No-fly Zone သတ်မှတ်ရေးနှင့် မင်းအောင်လှိုင် စစ်ဘီလူး ဖြုတ်ချရေး ဒီဇင်ဘာလ ၂၆ ရက် တွင် ရတနာပုံကျောင်းသားများသမဂ္ဂက ချီတက်ဆန္ဒပြကြသည်။

 

  • စစ်ကိုင်းတိုင်း ကနီမြို့ နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က အပတ်စဉ် (၁၉) သင်တန်း ဆင်းပွဲကို ပြု လုပ်ခဲ့တယ်လို့ ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ နေ့စဉ်နီးပါး အကြမ်း ဖက် စစ်အုပ်စုကို ခုခံတိုက် ခိုက်နေတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။

 

  • ကယားပြည်နယ်တွင် အကြမ်းဖက် စစ်ကောင်စီခန့် အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန၌ တာဝန်ထမ်းဆောင်နေသော အောင်မိုးကို ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF) က ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၈နာရီခန့်တွင် ဖမ်းဆီးခဲ့ပြီး ကရင်နီပြည်နယ် ရဲတပ် ဖွဲ့ KSP ထံ ယနေ့ ဒီဇင်ဘာ လ ၂၆ ရက်နေ့တွင် လွှဲပြောင်း အပ်နှံခဲ့ကြောင်း ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF)တပ်ဖွဲ့ထံမှ သိရသည်။

Related Articles

Back to top button