— PDF မောင် —
ဧရာဝဏ်(မအူပင်) ကဗျာ
ဩဂုတ် ၂၁ ရက်
မေးပါနဲ့လေ
ခိုးငိုမိသေး။
စားရေးနဲ့ဝမ်းစာ
သာရဲ့လားမေး။
မေးပါနဲ့လေ
ငပိရည် တောရွက်စုံနဲ့
ဖူလုံလို့လေး။
အင်္ကျီများဝတ်စရာ
ရှိပါလားမေး။
မေးပါနဲ့လေး
တောက်ပ နိုင်သေး။
ချွေးထုတ်လည်းမေး။
မေးပါနဲ့လေ
ဆောင်ရန်ကုဆေး။
ဪ
ဧရာဝဏ် (မအူပင်)
— PDF မောင် —
ဧရာဝဏ်(မအူပင်) ကဗျာ
ဩဂုတ် ၂၁ ရက် (Unicode)
ရဲဘော်တို့ရေ အဆင်ပြေလားမေး။
မေးပါနဲ့လေ
တောတောင်ခြေပျိုတဲ့မိုးကြောင့်
ခိုးငိုမိသေး။
စားရေးနဲ့ဝမ်းစာ
သာရဲ့လားမေး။
မေးပါနဲ့လေ
ငပိရည် တောရွက်စုံနဲ့
ဖူလုံလို့လေး။
အင်္ကျီများဝတ်စရာ
ရှိပါလားမေး။
မေးပါနဲ့လေး
တစ်ရေစို တစ်ထည်ခြောက်နဲ့
တောက်ပ နိုင်သေး။
ဖျားနာရင် ဘယ်လိုဆေးနဲ့
ချွေးထုတ်လည်းမေး။
မေးပါနဲ့လေ
ဂျင်းပြုတ်ရေ အပူကန်လို့
ဆောင်ရန်ကုဆေး။
ဪ …..
အခက်အခဲ ကျော်ဖြတ်ရဲမှ
ဆင်နွဲ့တော်လှန် တို့ဝန်းရံသည့်
အမှန်တရား နိုင်လိမ့်မည်။
ဧရာဝဏ် (မအူပင်)