
FJMM ကဗျာ – ငါတို့နိုင်ငံတော်
တရားဟာ မတရားပြုကျင့်ခံရပြီးတဲ့နောက်
“တရားကိုနတ်စောင့်ကြောင်း”
တောင်စွယ်နေအကွယ်မှာ
ခွေးနက်ကြီးတွေလည်းဟောင်မပြကြတော့ဘူး
ခြောက်သယောင်းထနေတဲ့
ကန္တာရထဲကမြို့ပျက်ကြီးလို
ဒီမြေမှာတော့ သေပန်းတွေပဲလှိုင်လှိုင်ပွင့်တယ်
ပိန်လှီချို့ငဲ့နေတဲ့သစ်ခြောက်ပင်လက်ချောင်းတွေနဲ့
စစ်ရှောင်စခန်းက ကလေးလေး
ဆာလောင်ငတ်မွတ်ခဲ့တာ
ပေါင်မုန့်မဟုတ်ရင် ငြိမ်းချမ်းရေးပဲ
နေဝင်ပြီဆို
အိမ်အပြင်လည်းမထွက်ဝံ့ အိမ်ထဲလည်းမနေရဲ
အဲ့ဒီလက်မဲကြီးတွေ ငါတို့ခြေထောက်ကိုလာလာဆွဲ လို့…
ဘုရားမသိ၊တရားမရှိ၊အမှားအတိနဲ့
ငရဲကလာသူတွေ ပြာပူမကြောက်ကြသော
ငါတို့ *အဖဘုရားသခင်နိုင်ငံတော်* ။
- သုလင်းညို