
စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်ကိုဦးတည်မလဲ (စကားဝိုင်း)
အခုစကားဝိုင်းမှာတော့ စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပလာနိုင်ဖို့ပြင်ဆင်မှု အခန်းကဏ္ဍ၊ ရွေးကောက်ပွဲအလွန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အခန်းကဏ္ဍအပါအဝင် ရွေးကောက်ပွဲနဲ့ နေပြည်တော်က ဗိုလ်ချုပ်တွေရဲ့ အခန်းကဏ္ဍ၊ မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ နွေဦးတော်လှန်ရေး အခန်းကဏ္ဍ၊ စစ်ကောင်စီရဲ့ လက်ရှိကြုံနေရတဲ့ သူရဲ့အကျပ်အတည်းအခန်းကဏ္ဍ စတဲ့အကြောင်းအရာတွေကို အဓိကထား ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
– ပါဝင် ဆွေးနွေးမည့်သူများ
- နိုင်ဗညားမွန် (အကြံပေး၊ မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ)
- ဆလိုင်းစောမြ (Director – Civic Development Institute)
- မြတ်လင်း (ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ)
- ထိန်မောင်နော်တောင် (FJMM / Moderator)
မှတ်ချက်။ ။ ယခုစကားဝိုင်းအစီအစဉ်အတွင် အမျိုးသမီးအသံ ပါဝင်နိုင်အောင် ဖက်ဒရယ်ဂျာနယ်၊ မြန်မာဘက်က ကြိုးစား ဖိတ်ကြားခဲ့ပေမယ့် ဖိတ်ကြားခဲ့တဲ့ အမျိုးသမီးခေါင်းဆောင်များအနေနဲ့ မအားမလပ်မှုများနှင့် ပါဝင်နိုင်ရင်အဆင်သင့် မဖြစ်သေးမှုတို့ကြောင့် မရရှိနိုင်ခဲ့ကြောင်း အသိပေးအပ်ပါတယ်။
– အစီအစဉ်
ရက်စွဲ – ဇူလိုင် ၂၆၊ ၂၀၂၅
အချိန် – ညနေ ၆ နာရီ(မြန်မာချိန်)
———
၁။ အခု စကားဝိုင်း အစီအစဉ်ကိုတော့ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများရဲ့ သတင်း ကွန် ရက် ဖေ့စ်ဘုတ် စာမျက်နှာများကနေ တပြိုင်နက် ထုတ်လွင့် တင်ဆက်နေတာ ဖြစ်ပါတယ်။
၂။ အခု စကားဝိုင်း အစီအစဉ်ကို တိုက်ရိုက် ထုတ်လွင့် တင်ဆက်ခွင့်ပြုခဲ့တဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက အထူးကျေးဇူး တင်ရှိပါတယ်။
#စစ်ကောင်စီ #ရွေးကောက်ပွဲ #စကားဝိုင်း
#FJMM #July_TalkShow_2025 #မိတ်ဖက်မီဒီယာ #မိတ်ဖက်အဖွဲ့အစည်းများ