
FJMM ကဗျာ – စီးလော့
ကဗျာ – နေသွေးအောင်(မရမ္မာ)
စီးလော့
စီးဆင်းပေလော့
ဤမှ ထိုသို့ စီးဆင်းပေလော့
ကမ်းနဖူးမှာ
လွမ်းဖူးသူတစ်ယောက်တော့
ရှိချေလိမ့် ။
စီးလော့
ငါတို့ ဆုံနေကြပြီးရင်
ငါတို့ခွဲခွါနေကြကို
ပြန်ရောက်လိမ့်။
စီးလော့
မြစ်တလင်းကိုဖွင့်
အချစ်သီချင်းကို ဖွင့်
မြစ်သမိုင်း မရိုင်းရအောင်
လှိုင်းတွေကိုလည်း ပင့် ။
စီးလော့
သမိုင်းကို မြစ်တွေ ကြည့်နေကြစမြဲမို့
သမိုင်းထဲမှာ မြစ်ကိုတွေ့တယ်။
သမိုင်းထဲမှာ အချစ်ကိုတွေ့တယ်။
သမိုင်းထဲမှာ စစ်ကိုတွေ့တယ်။
သမိုင်းကို အသင်သိရဲ့
မျက်မှောက်ခေတ်ကို အသင်သိရဲ့
မြန်မာ့ရာဇဝင်ကို အသင် ကောင်းကောင်းကြီးသိပေရဲ့ ။
အို…အသင်နဒီ ဧရာဝတီ
ဒီရာစုနှစ်ကြီးပြီးရင် ဘယ်ခေတ်ကို သင်မြင်ရမလဲ
ယခု စီးမြဲရှိ၍ စီးပါဦးလော့ ….။ ။
နေသွေးအောင်(မရမ္မာ)