ကဗျာ

ကြယ်ကြွေသံ

ရွှေပု

FJMM ကဗျာ | ကြယ်ကြွေသံ

*ညီမလေး
တို့ဒုက္ခသည်စခန်းကြီးရဲ့
ကောင်းကင်ပြင်ကို ကြည့်စမ်းပါ။

ဟော….
တလက်လက်နဲ့ တက်တက်လာ
ကြယ်တွေ ကြွေတာလား။

ဟုတ် မထင် ကိုကြီး
ကြယ်တွေကောင်းကင်မှာ မကြွေတော့ဘူး။
ကောင်းကင်ကြီးက ငိုပဲငိုတာ
ကြည့်ပါလားလေ
ကွင်းပြင်တစ်ခုလုံး
မျက်ရည်တွေ ဘောင်ဘင်ခတ်လို့။

*ညီမလေး စကားမဆုံးသေး
ဝုန်းကနဲ ကြယ်ခြွေသံလား
တုန်ခါသံ တောင်လဲသံ
ပြိုလဲသံတွေ
ဟင်…အနားမှာမရှိတော့ဘူး။

ငါ့ညီမလေး ပြန်ပေးပါ။
ငါ့ညီမလေး ရှာပေးပါ။
ကြယ်မကြွေတဲ့ ကောင်းကင်မှာ
ကြယ်တစ်ပွင့် ထွန်းလင်းပြန်ပြီလား။
ပြောရင်းဆိုရင်း ပြေးရင်းလွှားရင်း
ညီမလေးရေ
ကောင်းကင်ကြီးငိုနေပြန်ပြီဟေ့…..။

ရွှေပု

Related Articles

Back to top button