-
1 hour ago1အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း
၁။ မင်းတပ်မြို့က နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီဗုံးကြဲ၍ ဘုရားကျောင်းတစ်ခုလုံးပျက်စီး April 14, 2025 ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်ရှိ မြို့မနှစ်ခြင်းဘုရားကျောင်း(MBC) ကို စစ်ကောင်စီက ယမန်နေ့ညနေမှာ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဘုရားကျောင်းတစ်ခုလုံးပျက်စီးသွားသည်ဟု သိရသည်။ ဧပြီလ ၁၃ ရက် သံလွင်ခက် တနင်္ဂနွေနေ့(Palm Sunday) ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် နေပြည်တော် အေလာလေတပ်မှတက်လာသော ဂျက်ဖိုက်တာ တစ်စီးက MBC ဘုရားကျောင်းကို ပြင်းအား ပေါင် ၅၀၀ ဗုံးဖြင့် အကြောင်းမဲ့တိုက်ခိုက်သွားခြင်းဖြစ်သည်ဟု မင်းတပ်ဒေသခံ တစ်ဦးကပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကံကောင်းထောက်မစွာဖြင့် အရပ် သားသေဆုံးမှုမရှိသော်လည်း ဘုရားကျောင်း တစ်ခုလုံးကြေမွပျက်စီးသွားသည်ဟု သိရသည်။“ကျနော်တို့တန်ဖိုးထားမြတ်နိုးရတဲ့အသင်းတော်၊ ကျနော်တို့ဘုရား၌မွေ့လျော် ခဲ့ရတဲ့အသင်းတော် ကျနော်တို့ဘုရား ဂုဏ်တော်ချီးမွမ်းခဲ့တဲ့အသင်းတော်၊ ကျနော်တို့တွေအတူတူဆုတောင်းခဲ့တဲ့ အသင်းတော်၊ ကျနော်တို့တွေ ရပ်နီးရပ်ဝေးက တစ်ခါမှမသိမမြင်ဖူးတဲ့သူတွေနဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ရတဲ့အသင်းတော်၊ အမှတ်တရတွေနဲ့ပြည့် နေတဲ့ အသင်းတော်လေး၊ တစ်နေ့အားလုံးအတူတူ ပြန်ဆုံတွေ့မယ်လို့အားခဲထားရတဲ့နေရာလေး၊ ပျက်စီးသွားပြီ၊ နှလုံးသားတွေ ကြေကွဲရတယ် ဝမ်းနည်းမျက်ရည်တွေလည်းကျခဲ့ရတယ်” ဟု Mindat Baptist Church က လူမှုကွန်ယက်စာမျက်နှာတွင်ဖော် ပြထားသည်။ မင်းတပ်မြို့တွင်…
Read More »
































