ပေါ့ကပ်စ်

နိုင်ငံသားဖြစ်ခွင့် (အပိုင်း ၂)

နိုင်ငံသားဖြစ်ခွင့် (အပိုင်း ၂)

နိုင်ငံသားဖြစ်တယ်ဆိုတာ role တခု ရယူလိုက်တာမျိုးမဟုတ်ဘဲ လူ့အဖွဲ့အစည်းထဲက အခြေခံအခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေကို အသုံးချခြင်းနဲ့ အခြေခံကျကျ ပတ်သက်ဆက်နွှယ်နေတဲ့အရာတစ်ခုဖြစ်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်နဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းကိစ္စတွေမှာ ဘာသာတရားပေါ် အခြေခံပြီး ခွဲခြားတာ၊ ဘာသာတရားကိုအခြေခံပြီး လူမျိုးနာမည်တွေကို လဝက ရုံးက အဓမ္မ တပ်ဖြစ်တာဟာ ကိုယ့်ဖြစ်တည်မှုကို ကိုယ်က သတ်မှတ်ခွင့်မရဘဲ လဝက ရုံးက သတ်မှတ်တဲ့အတိုင်း နေနေရခြင်းဖြစ်နေတယ်။

အဆိုးဆုံးကတော့ “မြေမျို၍ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မည်” ဆိုတဲ့ ဆိုင်းဘုတ်တွေကြီးတွေကို လဝကရုံးတွေမှာ ကပ်ထားတာဟာ ရှေးစစ်ဖြစ်နေတဲ့ကာလ၊ စစ်ဘုရင်တွေ ကြီးစိုးတဲ့ ကာလတုန်းကလည်း ကိုယ့်ကိုယ်ကိုယ် သိစရာမလိုဘူး၊ ကိုယ့်ရန်သူကို သိရင်ရပြီဆိုတဲ့ အယူအဆကို ကျင့်သုံးနေတဲ့ သဘောပဲ ဖြစ်တယ်။

နိုင်ငံသားဖြစ်ခွင့်အရေးလုပ်ဆောင်နေတဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ မသီရိက ဒီတပတ်မှာ အဓိကာရကို လာရောက်ပြီး ဆက်လက်ဆွေးနွေးထားပါတယ်။

အစီအစဉ် အစအဆုံးနားဆင်ရန် –

Spotify – Listen to Here

YouTube – Listen to Here

Related Articles

Back to top button