ကဗျာ

ဝင်္ကပါမြစ်

သွေးတွေမြစ်ဖျားခံလာပုံက

အနာပေါ်တုတ်ကျသလိုမျိုး။

အမှောင်ထုထဲက ကျီးကန်းပါးစပ်တွေ

နာကျင်မျက်လုံးစိမ်းတို့ ညည်းညူသံတွေ

စာမျက်နှာကို ဖတ်ကြည့်တော့

ကေသရာဇာမြေခွေးပုံပြင်ဟာ

ဆန်းသစ်အသက်ဝင်နေဆဲ

ယုန်သူငယ်ရဲ့ အသံဟာ အသက်ငင်နေဆဲ။

ရထားပျက်ကြီးက

သူ့တွဲဆိုင်းတွေဖြုတ်ချပစ်သလို

ကျည်ဆံခွံများ အတောင့်လိုက်မျိုချမိသူ

နယ်စပ်ကတိုင်းရင်းသားကလေးတစ်ယောက်ရဲ့

အသက်ရှူသံလို

အနာသိပြီး ဆေးရှိပြီး ကုသလို့မရတဲ့

ကုသဖို့ အမေ့လျော့ခံနေရတဲ့ မြစ်တွေလို။

အိမ်ကြက်ချင်း အိုးမည်းသုတ်ခံရတဲ့

နှစ်ရှည်လများ လမ်းဟာ လမ်းပေါ်မှာပဲတိမ်မြုပ်နေ

အလောင်းကောင်တွေဟာ ထပ်နေတဲ့အလောင်းတွေပေါ်

တရွေ့ရွေ့တွားသွားတက်လာ

ထို့နောက် ပြီး ထို့နောက်

သို့သော် ပြီး သို့သော်

မြစ်ဟာ နာကျင်မှုကို သယ်ဆောင်ဆဲ

သံသယဟာ အနာဖေးကို ကုတ်တွယ်နေဆဲ။

ဟာရှိန်း။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button