လက်ရှိမြန်မာနိုင်ငံ၏
ရင်းနှီးမြုပ်နှံမှုစီမံကိန်းကြီးများဟုဆိုလိုက်သည်နှင့်
လူသားအရင်းအ
မြစ်နှင့် ထုတ်ကုန်ထုတ်လုပ်သည့်စီမံကိန်းများနှင့်
သဘာဝအရင်းအမြစ်များကို အခြေခံဆောင်ရွက်
သည့် စီမံကိန်းကြီးများအဖြစ်တွေ့ရမည်ဖြစ်သည်။
အဆိုပါ စီမံကိန်းကြီးများကိုလေ့လာကြည့်မည်
ဆိုပါက လူသားအရင်းအမြစ်နှင့် ထုတ်ကုန်ထုတ်လုပ်သည့်စီမံကိန်းများမှာ
ဖွံ့ဖြိုးမှုမြင့်မားသည့်
ရန်ကုန်ကဲ့ သို့တိုင်းဒေသကြီများတွင်သာရှိပြီး
လုပ်ခလစာကိုအခြေခံသည့် ပြဿနာများသာတွေ့
ရမည်ဖြစ်သည်။ သို့ရာတွင် သဘာဝအရင်းအမြစ်များကို အခြေခံဆောင်ရွက်သည့် စီမံကိန်းကြီး
များမှာ ဖွံ့ဖြိုးမှုနိမ့်ပါးသည့်ဒေသများတွင်
ဆောင်ရွက်ခြင်းဖြစ်သည့်အပြင်
အဆိုပါစီမံကိန်းနှင့်ပတ်
သက်ဆက်နွှယ်သည့်ပြဿနာများကို
ကျယ်ကျယ်လောင်လောင် ကြားရမည်ဖြစ်သည်။ အဆိုပါ
ပြဿနာများကိုကြည့်မည်ဆိုပါက
လုပ်ခလစာကိုအခြေခံသည်ထက် ပိုနက်နဲသောနိုင်ငံရေးဆိုင်ရာ
ပြဿနာများကိုပါ တွေ့ရမည်ဖြစ်ပါသည်။
ထိုသို့ကန့်ကွက်သံများ
တဖြည်းဖြည်းကျယ်လောင်စွာထွက်ပေါ်လာသည်နှင့်အမျှ
စီမံကိန်း
အချို့ကို ယာယီရပ်ဆိုင်းထားခြင်းများရှိသော်လည်း
ဆက်လက်ဆောင်ရွက်နေသည့်စီမံကိန်းများနှင့်
နောက်ထပ်ဆောင်ရွက်မည့်စီမံကိန်းများလည်း
အမြောက်အမြားရှိနေသေးသည်။
စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်
ပြည်ထောင်စုအစိုးရနှင့်ပြည်တွင်း
အကျိုးတူပူးပေါင်းသည့်ကုမ္ပဏီများက
ပွင့်လင်းမြင်သာသည့်လုပ်ငန်းစဉ်များကို
ဆောင်ရွက်ခဲ့ခြင်း
မရှိသည့်အတွက် ဒေသခံများ၏ အကျိုးခံစွာခွင့်များဆုံးရှုံးရသည့်အပြင်
နစ်နာမူများကိုလည်း
ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်းမရှိခြင်းကြောင့်
ယခုကဲ့သို့ကန့်ကွက်သံများ ထွက်ပေါ်လာခြင်း
ဖြစ်သည်။ ဒေသခံတိုင်းရင်းသားများအနေဖြင့် သူတို့၏မိရိုးဖလာအသက်မွေးဝမ်းကျောင်းမှုအပေါ်အ
သိအမှတ်ပြုမှုနှင့်
လေးစားတန်ဖိုးထားမူများရှိစေချင်ပြီး
သူတို့၏နိစ္စဓူဝဘဝရှင်သန်ရပ်တည်ပြု
မှုအတွက် မဖြစ်မနေအားထားရသည့်သဘာဝအရင်းအမြစ်
ဆုံးရှုံးမူဘေးထွက်ဆိုးကျိုးကို
အဓိက
ခံစားရသူများဖြစ်သည့်အားလျော်စွာ
ရင်းနှီးမြုပ်နှံမှုစီမံကိန်းကြီးများ
အကောင်အထည်ဖော်
ဆောင်ရွက်ရာတွင် ယခုထက်ပိုမိုပွင့်လင်းစွာ ဖော်ပြထားမူများရှိစေချင်ကြသည်။ ထို့အတူ နိုင်ငံ
၏အကျိုးခံစားခွင့်များအပြင်
ဒေသခံများ၏အကျိုးခံစားခွင့်နှင့်ဆုံးရှုံးနစ်နာမူများကို
အရပ်ဘက်
လေ့လာစောင့်ကြည့်သူများနှင့်
ပညာရှင်များကလည်း ဝေဖန်ထောက်ပြမူများလည်းရှိနေသည်။
၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမူများဆောင်ရွက်ခဲ့ပြီးနောက်
တိုင်းရင်းသားပြည်နယ်များမျှော်မှန်းထားသည့်
ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုအခြေခံသည့်
နိုင်ငံရေးစနစ်ပုံသဏ္ဌာန်ကိုဖော်ဆောင်ထားသော်လည်း
လက်တွေ့တွင် ဗဟိုချုပ်ကိုင်မှုမြင့်မား
စွာရှိနေဆဲဖြစ်သည့်အတွက်
တိုင်းရင်းသားများ၏ဖက်ဒရယ်အိပ်မက်မှာ
ပိုမိုမြင့်မားလာခြင်း
ဖြစ်သည်။ ထို့အပြင် ရင်းနှီးမြုပ်နှံမှုဆိုင်ရာပြဿနာများဖြစ်သည့်
အကျိုးအမြတ်ခွဲဝေမှုမညီမျှခြင်း
နှင့် ဒေသခံများ၏ လူမှုဘဝရေရှည်တည်တံ့ဖွံ့ဖြိုးရေး အစီအမံဆောင်ရွက်ထားသင့်သည်များ
အတွက်လည်း ဖက်ဒရယ်စနစ်အတွင်းရှိစီမံခန့်ခွဲမှုဖြင့်
အကောင်းဆုံးဖြေရှင်းဆောင်ရွက်နိုင်မည်
ဖြစ်ကြောင်း ယုံကြည်လျက်ရှိနေကြသည်။
လက်ရှိတွင် အစိုးရသက်တမ်းနှစ်ခုပြောင်းလဲသွားသော်လည်း
တိုင်းရင်းသားများမျှော်လင့်
သည့်ဖက်ဒရယ်စနစ်မှာ
အကောင်အထည်မဖော်နိုင်သေးဘဲ
ဗဟိုချုပ်ကိုင်မူအင်အားကောင်းဆဲ
ဖြစ်သည်။ အဆိုပါအခြေအနေတွင် တိုင်းရင်းသားဒေသများ၌ ယခုကဲ့သို့ ရင်းနှီးမြုပ်နှံမူစီမံကိန်း
ကြီးများလုပ်နေသည်မှာ
ဒေသခံများအဖို့ ဆုံးရှုံးနစ်နာမှုဝဲဂယက်ထဲ တွန်းပို့ခံရသကဲ့သို့ရှိနေသည်။
အကယ်၍ ဖက်ဒရယ်ပြည်ထောင်စုအလွန် ပွင့်လင်းမြင်သာလာသည့် ရင်းနှီးမြုပ်နှံမှုစီမံကိန်း
ကြီးများဆောင်ရွက်မည်ဆိုပါက
ဒေသခံတိုင်းရင်းသားများအဖို့
ယခုထက်ပိုမိုသော အကျိုးခံစား
ခွင့်ကို မျှော်မှန်းနိုင်မည်ဖြစ်ပါကြောင်း
တင်ပြလိုက်ရပါသည်။