သတင်း

S.O.F မှ အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ဖြစ်ပွားခဲ့သောတတိုက်ပွဲသတင်း ထုတ်ပြန်

S.O.F မှ အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ဖြစ်ပွားခဲ့သောတတိုက်ပွဲသတင်း ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၅၊ ၂၀၂၃
ပြီးခဲ့တဲ့လ အောက်တိုဘာ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအခြေအနေတွေကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F မှ ယနေ့တွင်ထုတ်ပြန်ထားပါတယ်။
အဆိုပါထုတ်ပြန်ချက်ထဲတွင် အောက်တိုဘာလ ၂၆ ရက်နေ့ နှင့် ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်များမှ ဖိုးချီးမူးစခန်းသို့ ရိက္ခာနှင့်လက်နက်ခဲယမ်းပို့ဆောင်လာသော ခမရ ၃၅၈ / ၅၅၈၊ ခလရ ၅၆၁ / ၅၅၇ တို့မှ အင်အား (၁၀၀) ခန့်ရှိသည့် စစ်ကြောင်းအား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F နှင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့များမှ အဇင်းကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား (၃၀) ဦးခန့် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရအများအပြားရှိကြောင်း ထုတ်ပြန်ချက်အရသိရပါတယ်။
ထို့ပြင် နိုဝင်ဘာလ (၂) ရက်နေ့မှာလည်း စစ်ကောင်စီ၏ နယ်စပ်အထိုင်စခန်းဖြစ်သော ကွီလုံတိုင်စစ်စခန်းအား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F၊ federal wings၊ SOG၊ Cloud wings ဒရုန်းတပ်ဖွဲ့များမှ စခန်းအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်သား (၄) ဦးသေဆုံးကာ အချို့မှာ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ထို့နောက် နိုဝင်ဘာလ ၂ ရက်နေ့မှာပင် ကြာအင်းဆိပ်ကြီးမြို့တွင်းရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ သစ်တောရုံးနှင့် မီးသတ်ရုံး တို့အား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F၊ lion battalion စစ်ကြောင်း၊ ပုဏ္ဏကတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့မှ နေရာစုံတပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၁၁) ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကာ MA-1 သေနတ်တစ်လက်၊ MA-2 စက်လက်တစ်လက်၊ ပူးတွဲဗုံးလောင်ချာတစ်လက်၊ ကျည်အိမ် ၁၅ ခု၊ ၅.၅၆ ကျည် ၇၉၀ တောင့်၊ ဦးထုပ်နှင့်ကျည်ကာတစ်စုံ၊ ကွန်ပျူတာနှင့် မှတ်တမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
ထိုတိုက်ပွဲတွင် Lion Battalion စစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး စောလား တိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရပါတယ်။

Photo – S.O.F

Related Articles

Back to top button