ရှမ်းမြောက်၊ ကွတ်ခိုင်-နမ့်ဖတ်ကာကြားရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ညီနောင်မဟာမိတ်အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၃၀၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်နဲ့ နမ့်ဖက်ကာကြားရှိ စစ်ကောင်စီ စစ်ဆေး ရေးဂိတ်ကို ဒီကနေ့၊ မနက်ပိုင်းမှာ ညီနောင်မဟာမိတ်အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
“မနေ့က ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားက ရှုခင်းသာတပ်စခန်းတက်သိမ်းခံရတယ်။ ဒီနေ့တော့ နမ့်ခိုက် အလှည့်ရောက်လာပြီ။ တံတားမချိုးဖို့ပဲ ဆုတောင်းရတော့မယ်။ မဟုတ်ရင် ခရီးထွက်ရဖို့၊ စစ်ရှောင် ရဖို့ လွယ်တော့မှာမဟုတ်ဘူး”လို့ သတင်းရင်းမြစ်တစ်ဦးက FJMM ကို ပြောပါတယ်။
အဲဒီတံတား စစ်ဆေးရေးဂိတ်မှာ မနက် ၅ နာရီ ခွဲကနေ လက်ရှိသတင်းရေးသားနေတဲ့အချိန်ထိ နှစ်ဖက် တပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ပစ်ခတ်နေကြပြီး တိုက်ပွဲပြင်းထန်နေပေမယ့် နှစ်ဖက် ထိခိုက်သေဆုံးမှုတွေကိုတော့ မသိရသေးဘူး။
ရှမ်းမြောက်နေရာအနှံ့မှာ ညီနောင်မဟာမိတ်အဖွဲ့က ၁၀၂၇ စစ်ဆင်ရေးလို့ ကြေညာကာ စစ်ကောင်စီ တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီကနေ့အထိ စစ်ကောင်စီ တပ်စခန်း ၆၀ နီးပါး သိမ်းပိုက် ရရှိထား တယ်လို့ ထုတ်ပြန်ထားသလို တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၇၀၀၀ ကျော်ကလည်း အရေးပေါ် စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေဆီက သိရပါတယ်။
ဓာတ်ပုံ-CJ