သတင်း

ကိုးကန့်ဒေသက တိုက်ပွဲမှာ မြန်မာစစ်သား ၁၁ ဦး ထပ်မံသေဆုံး၊ လက်နက်ခဲယမ်းနှင့် မူးယစ် ဆေးဝါးများ သိမ်းဆည်းရရှိတယ်လို့ MNDAA ပြော

ကိုးကန့်ဒေသက တိုက်ပွဲမှာ မြန်မာစစ်သား ၁၁ ဦး ထပ်မံသေဆုံး၊ လက်နက်ခဲယမ်းနှင့် မူးယစ် ဆေးဝါးများ သိမ်းဆည်းရရှိတယ်လို့ MNDAA ပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၅၊ ၂၀၂၃

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသမှာ ဖြစ်ပွားတဲ့ မြန်မာစစ်တပ်နှင့် MNDAA တပ်ဖွဲ့တို့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့ ကြောင်း MNDAA ပြန်ကြားရေးအဖွဲ့ ဖြစ် တဲ့ The KoKang က ဒီကနေ့ အောက်တိုဘာ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၃ မိနစ်ခန့်က ကိုးကန့် ခရိုင်၊ ရှင်ဝမ်ဒေသ၊ ရှိ ပတ်လင် စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ စခန်းကို မြန်မာ အမျိုးသား ဒီမိုက ရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA) က ထိုးစစ်ဆင် တိုက်ခိုက် ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး ဒရုန်း ၂ စီးနှင့် ကား ၄ စီးတို့ကိုလည်း ပျက်စီး နိုင်ခဲ့သလို ယင်းတိုက်ပွဲအတွင်း စစ်တပ်ထံမှ ကျည်ကာ အင်္ကျီ ၁ ထည်၊ ကျည်ဘောက် ၃ ခုနှင့် ကျည် အတောင့် ၆၀ တို့ကို သိမ်းဆည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်မှာတော့ နမ့်ခုံဟော်ရွာနှင့် ရှိပတ်လင် ကျေးရွာ အခြေစိုက် အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့် ပြည်သူ့စစ် ပူးပေါင်း အဖွဲ့ က လက်နက်ကြီး ပစ်ကူယူကာ MNDAA ၏ ခံတပ်ကို ထိုးစစ်ဆင် တိုက်ခိုက် လာသောကြောင့် ၃ နာရီ ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အဲဒီတိုက်ပွဲ အတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး ကာ ကျည်ဘောက် ၁ ခု၊ ကျည် ၂၆ တောင့် ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နမ့်ခုံဟော် ရွာနှင့် ရှိပတ်လင် ကျေး ရွာ နေရာကို မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာ မိတ် တပ်မတော် ကိုးကန့် (MNDAA) က နယ်မြေ ရှင်းလင်းရေး လုပ်ဆောင် ခဲ့ရာ လက်နက်ခဲယမ်းအချို့၊ မူးယစ် ဆေးဝါးစိတ်ကြွပြား ၄ ထုပ်နှင့် မြေမြုပ်ထားတဲ့ ကိုးကန့် ပြည်သူ့စစ် တပ်ဖွဲ့ ဝင် ၁ ဦး၏ ရုပ်အလောင်း ၁ လောင်းတို့ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် MNDAA ဘက်ကတော့ ကိုးကန့် လူမျိုးအချင်းချင်း ရန်သူတဖွယ် ပစ်ခတ်နေမှုကို မပြုလုပ် ချင်တာကြောင့် ကိုးကန့် ပြည်သူ့စစ်အဖွဲ့ အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့နဲ့ ရောနှော မပူးပေါင်းဖို့ MNDAA အရာရှိတစ်ဦးက တိုက်တွန်းထားပါတယ်။

ဓါတ်ပုံ – The Ko Kang

Related Articles

Back to top button