လွိုင်ကော်မြို့ထဲက ရပ်ကွက်တချို့မှာ စစ်ကောင်စီက သန်းခေါင်စာရင်းများ လိုက်လံကောက်ယူမှု ရှိနေ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၆ ၊ ၂၀၂၃
ကရင်နီပြည်၊ လွိုင်ကော်မြို့ ထေးသမရပ်ကွက်နှင့် ရွှေတောင်ရပ်ကွက်တို့မှာ စစ်ကောင်စီက ယမန် နေ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့မှ စတင်ပြီး သန်းခေါင် စာရင်းများ စမ်းသပ်လိုက်ကောက်ယူမှုများ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ အာဘော် ရေးသားနေတဲ့ မြန်မာ့အလင်း သတင်းစဉ်မှာ ဖော်ပြမှု ရှိခဲ့ပါတယ်။
အဲဒီ သန်းခေါင်စာရင်းများ ကောက်ယူရာမှာတော့ စစ်ကောင်စီခန့် ကယား(ကရင်နီ)ပြည် ဝန်ကြီး ချုပ် ကိုယ်တိုင် ဦးဆောင်လျက်ရှိပြီး ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့အတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ( ၁ )ရက်နေ့မှ ( ၁၅ )ရက်နေ့ အထိ ကြိုတင်ပြင်ဆင်ပြီး စမ်းသပ် ကောက်ယူမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
ဒေါဆော်ဘီး ဒေသခံတစ်ဦး ပြောတာက ” ကျွန်မတို့နေတဲ့ ရွာထိ သန်းခေါင်စာရင်း လာကောက်တာတော့ ဟုတ်ပါတယ်” လို့ အတည်ပြု ပြောဆိုပါတယ်။
တဘက်မှာလည်း ကယား(ကရင်နီ)ပြည် မြို့နယ်တိုင်းနီးပါးမှာ နှစ်ဖက်စစ်ရေး တင်းမာမှု ရှိနေတာဖြစ်လို့ စစ်ကောင်စီက လွိုင်ကော်မြို့ထဲက ရပ်ကွက်တချို့ကိုတာ သန်းခေါင်စာရင်းများ စမ်းသပ်ကောက်ယူ နိုင်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းများ ကောက်ယူမှုအပေါ် တော်လှန်ရေးအင်အားစုဖက် လက်ရှိအချိန်ထိ တစုံတရာ တုန့်ပြန်ပြောဆိုမှုတွေတော့ မရှိသေးပါဘူး။