သတင်း

ဆရာမ ဒေါ်နှင်းယုနွယ် အသတ်ခံရမှု အဓိက သံသယရှိသူတစ်ဦး ထွက်ပြေးလွတ်မြောက်နေ

ဆရာမ ဒေါ်နှင်းယုနွယ် အသတ်ခံရမှု အဓိက သံသယရှိသူတစ်ဦး ထွက်ပြေးလွတ်မြောက်နေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၂၄ ရက်၊ ၂၀၂၃။

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် ရက်ရက်စက်စက်သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသွားတဲ့ ဆရာမ ဒေါ်နှင်းယုနွယ် အမှုတွင် အဓိက သံသယရှိသူတစ်ဦးဟာ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောပါတယ်။

ဆရာမဒေါ်နှင်းယုနွယ် အသတ်ခံရမှုနဲ့ပတ်သက်ပြီး အဓိက သံသယရှိသူနှစ်ဦးနဲ့ ဆက်စပ်သံသယရှိသူ ၁ ဦးတို့ကို စစ်ဆေးနေ့စဉ်အတွင်း တာဝန်ကျတပ်ဖွဲ့ဝင်တွေရဲ့ ပေါ့ဆမှုကြောင့် အဓိက သံသယရှိသူတစ်ဦးဟာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဦးခိုင်သုခက ယမန်နေ့က ထုတ်ပြန်ပါတယ်။

ထွက်ပြေးလွတ်မြောက်သွားသူမှာ မောင်မောင်အေးဆိုသူဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၉ နာရီခွဲအချိန်ခန့်တွင် ထွက်ပြေးလွတ်မြောက်သွားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဆိုပါအမှုနဲ့ ပတ်သက်၍ အလောင်းကိုစတင်တွေ့ရှိခဲ့တဲ့ မျက်မြင်သက်သေ ၆ ဦးကိုလည်း ခေါ်ယူစစ်ဆေး‌မေးမြန်းနေတယ်လို့ ဆိုပါတယ်။

အဓိက တရားခံဖြစ်သူ မောင်မောင်အေးထွက်ပြေးသွားမှုနဲ့ ပတ်သက်ပြီး ရခိုင်လူထုကြားတွင် ဝေဖန်မှုမြင့်တက်လျက်ရှိနေပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ရက္ခိုင့်တပ်တော် (AA) အနေနဲ့မူ ထွက်ပြေးသွားတဲ့ မောင်မောင်အေးအား ဖမ်းဆီးရမိရေးနဲ့ တရားခံအစစ်အမှန်ပေါ်ပေါက်ရေးအတွက် အစွမ်းကုန်ကြိုးစားလျက်ရှိတယ်လို့ ဆိုပါတယ်။

ဆရာမ‌ဒေါ်နှင်းယုနွယ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ကျွန်းပေါ်ပေါက်တောကျေးရွာကနေ ပန်းဖိုပြင်ကျေးရွာသို့ စာပြဖို့သွားစဉ် လမ်းခုလတ်တွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေတာဖြစ်ပါတယ်။

Related Articles

Back to top button