သတင်း

စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင် ၁ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင် ၁ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

စက်တင်ဘာ ၁၉၊ ၂၀၂၃

ကရင်နီပြည်၊ ဒီမော့ဆို့မြို့နယ်မှာ စက်တင်ဘာ လ ၁၈ရက်၊ ညပိုင်းအချိန်က စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် စစ်ရှောင် ၁ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ထံကနေ သိရပါတယ်။

ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်း နှစ်နေရာမှာ စက်တင်ဘာလ ၁၉ရက်၊ ည ၁၁နာရီ၊ ၄၀မိနစ်ဝန်းကျင် အချိန်က စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ၅လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

“ဒီဖက်က မြေပြင်တိုက်ပွဲတွေမှာ သူတို့ဖက်က အထိနာတာများတော့ လေကြောင်းနဲ့ လက်နက် ကြီး ပစ်ကူတွေကို အားကိုးပြီး ထင်ရာမြင်ရာကို ဗုံးလာကြဲ၊ စစ်ရှောင်တွေနေတဲ့ နေရာကို လက် နက်ကြီး တွေနဲ့ ပစ်နေကြတာ”လို့ စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက FJMMကို ပြောပါတယ်။

အဲဒီလိုကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၇နှစ်အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီး စထိမှန် သေဆုံးသွားခဲ့ပြီး အသက် ၄၂နှစ်အရွယ်အမျိုးသားတစ်ဦး၊ အသက် ၁၇နှစ်အရွယ် အမျိုးသမီးတစ်ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ရက်ကလည်း ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်တွေ နေထိုင်ရာ နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ရှောင် ၁ဦးသေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့ တယ်လို့ လည်း သိရပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button