တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 74, September 15, 2023)

၁။ ကော်သူးလေပြည်ကို ဖယ်ဒရယ်ယူနစ်တခုအဖြစ် အကောင်အထည်ဖော်မည်
    September 14, 2023

ဖယ်ဒရယ်ယူနစ်တခုအဖြစ် ကော်သူးလေပြည်ကို အကောင်အထည်ဖော်လုပ်ဆောင်နေကြောင်း ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)ပြောခွင့်ရသူ ပဒိုစောတောနီး ကပြောပါတယ်။ ဩဂုတ် ၁၀ ရက်ကကျင်းပတဲ့ ကေအန်ယူဗဟို ကော်မီတီ သစ်ရဲ့ ရက် ၁၀၀ ပြည့် သတင်းစာရှင်းလင်းပွဲမှာ ကော်သူးလေပြည်နယ် ပေါ်ပေါက်လာဖို့ ကြိုးပမ်းဆောင်ရွက်သွား မယ်လို့ ကြေညာပြီးနောက် အခုကော်သူးလေပြည်ကို ဖော်ဆောင်နေတာလို့ ပဒိုစောတောနီးက ထပ်လောင်းပြောကြား လိုက် တာ ဖြစ်ပါတယ်။ ပဒိုစောတောနီးက “ကျနော်တို့ ရည်မှန်းချက်ဖြစ်တဲ့ ဒီတိုင်းပြည်ကို  ဖယ်ဒရယ် ဒီမိုကရေစီနဲ့ တည်ဆောက် မှာဖြစ်တဲ့အတွက် ဖယ်ဒရယ်အရဆိုရင် ကျနော်တို့ ပြီးခဲ့တဲ့ ရှိတဲ့အစိုးရအဖွဲ့၊ ရှိတဲ့စစ်တပ်တွေနဲ့ ကျနော်တို့ ညှိနှိုင်းခဲ့တယ်။ ဒါပေမဲ့ ဘာမှ အဖြေရလဒ်တွေ မထွက်လာဘူး။ အဲဒါကြောင့်မို့လို့ ဒီနေ့ဒီကာလမှာ ဒီလို ညှိနှိုင်းနေတာထက် ကိုယ်မှာ ဘာဖြစ်လို့ လဲဆိုတော့ ဖယ်ဒရယ်ပြည်ထောင်စုတခု တည်ဆောက်မယ်ဆိုရင်အဓိက အောက်ခြေကအဓိက ဖြစ်တယ်ဆိုတာ ဘယ်ပြည် ထောင်စုမဆိုသွားကြည့်ပါ။ အဲဒါကြောင့်မို့ ကျနော်တို့ အောက်ခြေကပဲ အဓိကထားပြီး အောက်ခြေက တက်လာတဲ့ အနေအထား မှာ ကျနော်တို့က  ကော်သူးလေပြည် ဆိုပြီးတော့ အဲဒီမှာ ကျနော်တို့ ဒီနေ့ ဒီအချိန်ကစပြီးတော့ အဲဒါ အကောင်အထည်ဖော် တော့မယ်။ ဆိုတဲ့အခါမှာ ကျနော်တို့ ဘယ်အပေါ်မှာပဲ အခြေပြုမလဲဆိုတော့  ကျနော်တို့ ရှိထားတဲ့ ခရိုင် ၇ ခရိုင်မှာ အခြေပြု ပြီး တော့ အဲဒီမှာ ထိတွေ့ဆက်စပ်နေတဲ့လူမျိုးအားလုံး၊ အထူး သဖြင့် ကျနော်တို့ ထိတွေ့ဆက်စပ်နေတဲ့ ဗမာလူမျိုးရော၊ ရှမ်းလူမျိုး၊ ပအိုးဝ်ရော၊ နောက်ပြီးတော့ မွန်လူမျိုးရော ကျနော်တို့ ထိစပ်နေရာမှာ ရှိသမျှအားလုံးနဲ့ ကျနော်တို့ ထိတွေ့၊ အထူးသဖြင့် ဆွေးနွေးတိုင်ပင်ကြပြီးတော့ အဲဒီ ကော်သူးလေ ပြည်ကို ဘယ်လိုတည်ဆောက်ကြမလဲ၊ အဓိက ကျနော်တို့ ကော်သူးလေးပြည် ဟာ ဒါ ဖယ်ဒရယ်တခုလုံးမှာ ကျနော်တို့ ရှိထားတဲ့ ယူနစ်တခုပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ဒီဟာကို ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်မယ်။ ပြည်နယ်တွေအားကောင်းမယ်၊ အဲဒီကတဆင့် ပြည်ထောင်စု တည်ဆောက်ဖို့ အင်တိုက်အားတိုက်ဖြစ် သွားမယ်၊ အားကောင်းမောင်းသန် ဖြစ်သွားမယ်လို့ ကျနော်တို့ ယုံကြည်တဲ့ပေါ်မှာ ဒါ ကျနော်တို့ အကောင်အထည်ဖော်မယ်” လို့ ပြောပါတယ်။

ကေအန်ယူ ထိန်းချုပ်ခရိုင် ၇ ခုကတော့  တပ်မဟာ ၁ သထုံခရိုင်၊ တပ်မဟာ ၂ တောင်ငူခရိုင်၊ တပ်မဟာ ၃ ညောင်လေး ပင်ခရိုင်၊ တပ်မဟာ ၄ မြိတ်/ထား ဝယ်ခရိုင်၊ တပ်မဟာ ၅ မူတြော်ခရိုင်၊ တပ်မဟာ ၆ ဒူးပလာယာခရိုင်၊ တပ်မဟာ ၇ ဘားအံခရိုင် တွေဖြစ်ပြီး ဒီနေရာတွေကို ကော်သူးလေပြည်အဖြစ် သတ်မှတ်ကောင်အထည်ဖော်ဆောင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကော် သူးလေရဲ့ နယ်နိမိတ်ကိုတော့ တိတိကျကျတိုင်းတာ သတ်မှတ်ထားတာ မရှိသေးပါဘူး။ ကော်သူး​လေအ​ရေးတက်ကြွလှုပ်ရှားသူ  နော်ဇဲဘာဖောက “ကော်သူးလေ ပြည်နယ် တည်ဆောက်မှုမှာ နိုင်ငံရေးအရ စနစ်တွေ တည်ဆောက်နေမှုနဲ့ စစ်ရေးအရ  နယ်မြေ စိုးမိုးနိုင်မှု တည်ဆောက်မှုတွေကို အခုဆက်သွားနေတာဖြစ်ပါတယ်။ ဆက်ပြီးတော့မှ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ နိုင်ငံရေးပိုင်းမှာလည်း နိုင်ငံရေးကနေပြီးတော့မှ  လုပ်ဆောင်ချက်တွေ ရှိနေသလိုမျိုး စစ်ရေးအရလည်း စစ်ရေးအပိုင်းမှာ နိုင်ငံရေးရဲ့ မူချမှတ်ထားတဲ့အရာတွေကို ဖော်ဆောင်နေတာလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘယ်လောက်ထိ ပြီးပြီလဲဆိုတာ ရာခိုင်နှုန်းအားဖြင့် ပြောပြဖို့တော့ ခက်ပါသေးတယ်”လို့ ပြောပါတယ်။ ကော်သူးလေပြည်နယ် တည်ထောင်ဖို့ ကြိုးစားနေတာ ဟာ ရှိပြီးသား နယ်နိမိတ်ကို တိုးချဲ့ဖို့ မဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုမှ ချဉ်းကပ် ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။“ကော်သူးလေပြည်နယ်” ဆိုတဲ့ အခေါ်အဝေါ်ဟာ ပြီးခဲ့တဲ့ ၁၉၆၄ ကနေ  ၁၉၇၄ ကြားကာလတွေမှာ  တရားဝင် သုံးစွဲမှုတွေ ရှိခဲ့ပါတယ်။ https://burmese.dvb.no/post/614911

၂။ ကန်နီကြီးစစ်ဘေးရှောင်စခန်းက ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ မိုးကာတွေ အရေးပေါ် လိုအပ်နေ
    September 14, 2023

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာကနေ ဒီးမော့ဆို အနောက်ဘက်ခြမ်း၊ ကန်နီကြီး စစ်ရှောင်စခန်း မှာ ၂ နှစ်ကျော် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ မိုးကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေး ရှောင် ပြည်သူတွေက ပြောပါတယ်။ ကန်နီကြီး စစ်ရှောင်စခန်း (၁) မှာ အိမ်ခြေ ၄၀ ကျော်ရှိပြီး လူဦးရေ ၁၇၀ ဝန်းကျင် နေထိုင် ကာ အလုပ်လုပ်ကိုင်လိုပေမယ့် စစ်ဘေးရှောင်နေရတဲ့ အတွက် ကိုယ်ပိုင်မြေ မရှိလို့ ပြည်သူလူထုရဲ့ ထောက်ပံ့မှုနဲ့သာ ရပ်တည် နေရတယ်လို့ ဆိုပါတယ်။ “ကျွန်မတို့ လိုအပ်တာက “ဆ” လေးလုံးပေါ့။ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး ပေါ့နော်။ စားနပ်ရိက္ခာက နေ့ရက်တိုင်း စားသောက်နေရတော့ မရှိမဖြစ်ပါပဲ။ မိုးကာလည်း လိုအပ်မှု ရှိတာပေါ့နော်။ မိုးကာ ပေါက်ကုန်တာတွေလည်း ရှိတယ်။ လိုအပ်တာတွေ ကတော့ အများကြီးပဲပေါ့နော်” လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ဘေးရှောင် စခန်းမှာ စာသင်ကျောင်း ဖွင့်လှစ်ထားပြီး စခန်း (၁)၊ (၂)၊ (၃) က ကလေးငယ် ၁၂၀ ကျော်ကို KG တန်းကနေ Grade-9 အထိ ဖွင့်လှစ် သင်ကြားပေးနေတယ်လို့ သိရပါတယ်။ ကရင်နီပြည်နယ်က စစ်ဘေးရှောင် ပြည်သူ အများစု ဟာ ပြည်တွင်း ပြည်ပက အလှူရှင်တွေရဲ့ ကူညီ ထောက်ပံ့မှုနဲ့ ရပ်တည်နေရတာဖြစ်လို့ အချိန်ကြာလာတာနဲ့အမျှ လိုအပ်ချက် တွေ၊ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေက ပြောပါတယ်။ https://www.facebook.com/p hoto?fbid=336280138758437&set=pcb.336280232091761

၃။  မိုင်းနောင်ကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံ          အများ အပြားပိတ်မိနေ
    September 14, 2023

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ မိုင်းနောင်ကျေးရွာအနီးတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ စစ်ကောင်စီတပ် နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျေးရွာအတွင်း တွင် ဒေသခံပြည်သူ ၅၀၀၀ ကျော်ပိတ်မိနေကြောင်း ဒေသခံများ ထံကသိရသည်။ စစ်ကောင်စီတပ်၏ ခလရ (၁၁၁) တပ်ရင်း သည် မိုင်းနောင်ရွာအတွင်းသို့ စစ်ကြောင်း ထိုးဝင်ရောက်လာ၍ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းအထိ နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး နတ်မွန်းကျေးရွာ၊ မောင်မောင်ကိုင်ကျေးရွာနှင့် မိုင်းနောင်ကျေးရွာများရှိ ဒေသခံများ ပိတ်မိ နေခြင်းဖြစ်ကြောင်း  သိရသည်။

“တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်။ KIA နဲ့ PDF ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒေသခံတွေကို အကြောင်းမဲ့ အပြင်ထွက်သွားလာမှု တွေမပြုလုပ်ဖို့ သတိပေးထားပါတယ်။ နှစ်ဖက် တိုက်ပွဲများက ပြင်းထန်တာမို့ ထိခိုက်သေဆုံးမှုတွေ အများအပြားရှိနိုင်တယ်” ဟု မိုင်းနောင်ကျေးရွာရှိ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကောင်စီနှင့် KIA ၊ PDF ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည့်နေရာသည် အင်းတော်ကြီးဘုရား တည်ရှိရာနယ်မြေဖြစ်ပြီး စစ်တပ် အာဏာ မသိမ်းမီက နိုင်ငံခြားသား ခရီးသွားဧည့်သည် အများအပြား လာရောက်သည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။ https://www.facebook.com/photo?fbid=636614165274273&set= a.583120797290277

၄။ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခုကို လက်နက်ကြီးနဲ့တိုက်ခိုက်မှု ဒုဗိုလ် အပါအ၀င် စစ်သား ၄ ဦး         သေဆုံး
   September 14, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ စကခ (၁၉) လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၈၃) နဲ့ ခမရ (၅၉၁) ကို လက်နက်ကြီးနဲ့ တိုက်ခိုက်ရာ ဒုဗိုလ် အပါအ၀င် စစ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးကာ ၇ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်း တာ၀န်ရှိသူက ပြောပါတယ်။ စက်တင်ဘာ ၁၂ ရက်၊ နေ့လယ် ၂ နာရီခွဲက ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့-YGF၊ မွန်တော်လှန်ရေးတပ်-MSRF၊ ရေးကာ‌ကွယ်ရေးတပ်-YDF၊ မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့အစည်း- MSRO၊ ABSDF တပ်ရင်း (၁)၊  YAF နဲ့ KNLA တပ်ရင်း (၂၇) မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ “ထိုးစစ်ဆင်တာတော့ မဟုတ်ဘူး။ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရင်း တိုက်ခိုက်မှုကို တစ်ခါတည်း ဆောင်ရွက် လိုက်တာပါ။ လက်နက်ကြီးနဲ့ ပစ်လိုက်တာ ၁၅ မိနစ်ပဲ ကြာတယ်။ ဒုဗိုလ် တစ်ယောက် အပါအဝင် ၄ ယောက် ပွဲချင်းပြီးပဲလို့ ကနဦး သိရတယ်” လို့ ဒေါနစစ်ကြောင်း တာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ခမရ (၅၉၁) က ဒုဗိုလ် တစ်ဦး၊ ဒုတပ်ကြပ် တစ်ဦး၊ ရဲဘော် တစ်ဦး၊ ရဲမေ တစ်ဦး စုစုပေါင်း ၄ ဦး သေဆုံးပြီး ၇ ဦး ပြင်းထန် ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ တိုက်ခိုက်မှု အပြီး “တပ်ကိုထိရင် ရွာကိုပစ်မယ်” လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားရာ ခမရ (၅၈၃) နဲ့ ခမရ (၅၉၁) မှ ၈၁ မမ ၃ လုံး၊ ၆၀ မမ ၅ လုံး အပြင် 79 MM တွေနဲ့ အနီးရှိ ကျေးရွာကို ပစ်ခတ်တာကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိပြီး  ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ “ဈေးဆိုင်ကို လက်နက်ကြီးထိမှန်ပါတယ်။ အိမ်တွေကြားမှာလည်း လက်နက်ကြီးများ ကျရောက်တယ်။ ဆိုင်လည်း ပြိုကျ တယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်ကလည်း  စကခ (၁၉) လက်အောက်ခံ ခလရ (၆၁) တပ်ရင်းကို ဒေါန စစ်ကြောင်းနဲ့ မဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ https://ww w.facebook.com/photo/?fbid=335830075470110&set=pcb. 335836118802839

၅။ ကော့ကရိတ်-မြ၀တီလမ်းပိုင်း တစ်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် ၃၀ ကျော်သေဟု KNU အသိပေး
   September 14, 2023

ကရင်ပြည်နယ် ကော့ကရိတ် – မြဝတီ အာရှလမ်းတစ်လျှောက်၌ တစ်လအတွင်းတိုက်ပွဲများတွင် အာဏာသိမ်း စစ်ကောင်စီတပ်မှ ၃၁ ဦး သေဆုံးပြီး ၂၆ ဦးဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာ ခရိုင်က သတင်းထုတ်ပြန်သည်။ ကော့ကရိတ် – မြဝတီ အာရှလမ်းတွင် မိုးကြီးမြေပြို လမ်းများပျက်ပြီးနောက် အာဏာသိမ်း စစ်ကောင်စီ တပ်မှ ၎င်းလမ်းအား တံတားထိုး ပြန်လည်ပြုပြင်ရန်အကြောင်းပြု၍ နယ်မြေလုံခြုံရေးအရလှုပ်ရှားလာရာ အဆိုပါ စစ်ကောင်စီ တပ်များအား ဩဂုတ် ၇ ရက်မှ စက်တင်ဘာ ၇ ရက်အတွင်း တိုက်ခိုက်ခဲ့မှု အခြေအနေကို KNU က အသိပေးလိုက်ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်များကို  KNU – တပ်မဟာ (၆)၊ KNLA တပ်ရင်း(၁၈)နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ ပြောက်ကျားနည်း၊ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု နည်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာတိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၃၁ ဦး  သေဆုံးပြီး ၂၆ ဦးဒဏ်ရာရရှိကာ စစ်သုံးကား ၇ စီး ပျက်စီးခဲ့ ကြောင်း ဖော်ပြထားသည်။ ပူးပေါင်းတပ်များဘက်ကလည်း တစ်လတာတိုက်ပွဲများအတွင်း ရဲဘော် လေးဦးကျဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။ ကော့ကရိတ် – မြဝတီ အာရှလမ်းမကြီးသည် အာဏာသိမ်း စစ်ကောင်စီ၏ စီးပွားရေးအရ သော်လည်းကောင်း တပ်ပိုင်းဆိုင်ရာ ပို့ဆောင်ဆက်သွယ်ရေးအရ သော်လည်းကောင်း အဓိကကျသော ထောက်တိုင်ကြီး တစ်တိုင်ဖြစ်သည်ဟု KNU က ဆိုသည်။ စစ်ကောင်စီမှ ၎င်းတို့၏ အုပ်ချုပ်မှုယန္တရားများ တည်တံ့ခိုင်မြဲရေးအတွက် ထောက်တိုင် ဖြစ်သော ၎င်းလမ်းမကြီးအား  ပြန်လည်ကြိုးစားပြုပြင်လျှက်ရှိရာ အဆိုပါလမ်းအသုံးပြုနေသည့် ပြည်သူလူထုမှ ယင်းဖြစ်စဉ် အား သိရှိနားလည်ပြီး အာဏာသိမ်း စစ်ကောင်စီ၏ အသက်သွေးကြောဖြစ်သော ယန္တရားများကို ဆန့်ကျင်ကာ KNU နှင့် အတူ ပူးပေါင်းပါဝင်ပေးရန် အသိပေးထားသည်။ https://www.facebook.com/photo?fbid=646178580914271&set=a.5593961 86259178

၆။ KRF ၂ နှစ်တာဆင်နွှဲခဲ့သော တိုက်ပွဲများအတွင်း စစ်အုပ်စုဝင် ၁၆၀ ကျော် သေဆုံးဟုဆို
    September 14, 2023

မွန်ပြည်နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Kyaikhto Revolution Force ၏ ၂ နှစ်တာတိုက်ပွဲများ အတွင်း စစ်အုပ်စုဝင် ၁၆၀ ကျော်သေဆုံးခဲ့ကြောင်းသိရသည်။ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျိုက်ထိုတော်လှန်ရေးအင်အားစု (Kyaikhto Revolution Force)တည်ထောင်မှု ၂ နှစ် ပြည့်ပြီဖြစ်ပြီး ၂ နှစ်တာကာလအတွင်း စစ်ဆင်ရေးပေါင်း ၁၀၀ ကျော် လုပ် ဆောင်ခဲ့ရာ စစ်အုပ်စုဝင်၁၅၀ခန့်လည်း ဒဏ်ရာရရှိခဲ့ကြောင်း KRF ကထုတ်ပြန်ထားသည်။“ဒီ ၂ နှစ်အတွင်းမှာ ကျနော်တို့ ရဲဘော်တွေရဲ့ တိုက်ရည်ခိုက်ရည်တိုးတက်လာတာတွေရှိပါတယ်။ဒါကလည်း တိုက်နေရင်းနဲ့ပဲ ရန်သူက သင်ပေးသွားတာ တွေရှိ ပါတယ်။ ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့ မစ်ရှင်တိုင်းမှာ ပြည်သူတွေထိခိုက်တာမရှိဘူး။စစ်ကောင်စီဘက်က ရမ်းသန်းပစ်ခတ်လို့ သာ ထိခိုက်မှုရှိတာပါ”ဟု KRF တာဝန်ခံ ကပြောသည်။

KRF သည် ပြည်သူတို့၏ထောက်ပံ့ကူညီမှုများဖြင့် ၂ နှစ်တာအတွင်း တော်လှန်ရေး မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းကာ ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းစသည့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ၂ နှစ်တာကာလအတွင်း KRF ရဲဘော် ၇ ဦးကျဆုံးခဲ့ကြောင်းလည်းဆိုသည်။ https://www.facebook .com/phot o/?fbid=865549241601132&set=a.776968607125863

၇။ ရခိုင်ပြည်အတွင်း ARSA (အာဆာ) ခြေရှုပ်လာခြင်းကို ဒေသခံများ ကန့်ကွက်ရှုတ်ချ
   September 14, 2023

ရခိုင်ပြည်အတွင်းရှိ လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သော ARSA အဖွဲ့သည် ရခိုင်ပြည်အတွင်း ခြေရှုပ်လာခြင်းနှင့်အတူ အကြမ်းဖက်ဆန်သော လုပ်ရပ်များ လုပ်ဆောင်လာခြင်းတို့ကို ဒေသခံများက ကန့်ကွက်ရှုတ်ချနေကြသည်။ ရခိုင်ပြည်အတွင်း နေထိုင်ကြသော မွတ်ဆလင်ပြည်သူများကလည်း အလိုမရှိကြောင်း ပြောဆိုနေကြပြီး လက်ရှိတွင် ARSA လက်နက်ကိုင်အဖွဲ့ သည် ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်များအား အဓိကထား ဦးတည် တိုက်ခိုက်နေကြောင်း သိရသည်။ ဘူးသီးတောင်၊ မောင်တောဒေသတွင် ARSA မှ မွတ်ဆလင်များအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် အကြမ်းဆန်သော လုပ်ရပ် များမှာ ပြီးခဲ့သည့် နှစ်လကနေ ယနေ့အချိန်အထိ ၅ ကြိမ်ထက် မနည်းရှိကြောင်း သိရသည်။  ARSA ၏ အကြမ်းဖက်ဆန်သော နောက်ဆုံးလုပ်ရပ်မှာ စက်တင်ဘာလ ၉ ရက်နေ့က ဘူးသီးတောင်မြို့နယ် မီးဆွဲကျေးဒေသခံ အသက် ၆၀ ကျော်အရွယ် မွတ်ဆလင်တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုထားသည်။ ယင်းအပြင် ဘူးသီးတောင်၊ မောင်တော ဒေသက မွတ်ဆလင် ၁၀ ဦးခန့်ကိုလည်း ARSA က ဖမ်းဆီးထားပြီး မိသားစုဝင်များထံမှ ငွေကြေးတောင်းကာ ပြန်လွှတ်ပေးခြင်းရှိ သလို ပြန်လွှတ်ပေးခြင်းမရှိဘဲ သတ်ဖြတ်ခံလိုက်ရသူလည်းရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ARSA လက်နက်ကိုင်အဖွဲ့ ရခိုင်ပြည်အတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာခြင်းကို ကန့်ကွက်ကြောင်း ကျောက်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားဟောင်း ဦးဖိုးစံက ပြောသည်။ မွတ်ဆလင်များအား ဦးတည် အကြမ်းဖက်ရာကနေ ရခိုင် ပြည်အတွင်း ပိုမိုကျယ်ပြန့်သော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် တိုက်ပွဲများဖန်တီးကာ ရခိုင်ပြည်သူများနှင့် ရက္ခိုင့်တပ်တော် တို့ကို တိုက်ခိုက်လာနိုင်ကြောင်း ဦးဖိုးစံက ထပ်မံပြောဆိုထားသည်။ ရခိုင်ပြည်အတွင်း အကြမ်းဖက်ဆန်သော လုပ်ရပ်များကို ARSA လက်နက်ကိုင်အဖွဲ့မှ ယခုထက်ပိုပြီး လုပ်ဆောင်လာပါက စစ်ကောင်စီနှင့် မတွေ့မီ ရက္ခိုင့်တပ်တော် ULA/AA နှင့် ပထမ ဆုံး ထိပ်တိုက်တွေ့နိုင်ကြောင်း နိုင်ငံရေးသုံးသပ် ဦးဖေသန်းက ပြောသည်။ စစ်ကောင်စီက အမှန်တကယ် ARSA အဖွဲ့အား ထောက်ခံပေးပါက မိုက်ရူးရဲဆန်သော လုပ်ရပ်သာြဖစ်ပြီး နိုင်ငံအရေသော်လည်း ကောင်း၊ စစ်အရေးအရ သော်လည်းကောင်း အမြတ်မရနိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက ထောက်ပြထားသည်။  ရက္ခိုင့်တပ်တော် ULA/AA ကလည်း ရခိုင်ပြည် အတွင်း စစ်ကောင်စီ၏ လှုပ်ရှားမှုများနှင့် ARSA အပါအဝင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှား ဆောင်ရွက်မှုများကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး ရခိုင်ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်လာပါက လက်တန့်ပြန်သွား မည်ဟု ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားသည်။ https://www.facebook.com/photo?fbid=744057767733652&set=a. 682731967199566

၈။ ပေါင်က  ပရဟိတသမား တစ်ဦး ပစ်ခတ်ခံရ
    September 14, 2023

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာက  ပရဟိတသမား တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ရင်းငြိမ်တောင်ကျေးရွာ တောင်ပေါ်တန်းပိုင်းတွင် နေထိုင်တဲ့ အသက် ၆၈ နှစ်အရွယ် ဦးကျားကြီးဆိုသူသည် ၎င်း၏ နေအိမ်သို့ ရှိနေစဉ် ဆိုင်ကယ်နဲ့ လူ ၂ ယောက်ရောက်လာပြီး ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်ခံရမှုကြောင့် ဦးကျားကြီး၏ ဝဲဘက်ပေါင်ကို သေနတ်ကျည်ဆံ ထိမှန်ခဲ့ပြီး ရင်းငြိမ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော် လည်း သထုံဆေးရုံကြီးသို့ လွှဲပြောင်းခဲ့ရပါတယ်။ “လာပစ်တာက တစ်ချက်ဘဲ ထိတာဆိုတော့ သတိပေးတဲ့ အနေနဲ့ လာပစ်တာ လား။ ပစ်တာချက်ကောင်းမထိတာလား မသိဘူး”လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။

ဒေသခံများ၏ ပြောကြားချက်အရ ဦးကျားကြီးမှာ မီးသတ်နှင့် ပြည်သူစစ်တပ်ဖွဲ့ဝင် မဟုတ်ဘဲ ပရဟိတသမား တစ်ဦး ဖြစ်ကာ ကျောင်းတက်ချိန် လွှတ်ချိန်များတွင် ကလေးများ အန္တရာယ်ကင်းရှင်းစေရန် လမ်းရှင်းလင်းပေးသူ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ သိုပေမယ့် ဦးကျားကြီးက လမ်းရှင်းလင်းချိန် ရဲဘောင်းဘီအပြာရောင်ဝတ်လေ့ရှိတာကြောင့် ရဲအထင်နဲ့ ပစ်ခတ် သွားတာဖြစ်နိုင်တယ်လို့ ခန့်မှနိးပြောဆိူကြပါတယိ။ ပြီးခဲ့တဲ့ လပိုင်းကလည်း ရင်းငြိမ်တောင်ကျေးရွာမှာ ကျေးရွာပြည်သူစစ် တစ်ဦး လဖက်ရည်ဆိုင်ထိုင်နေချိန် ပစ်သတ်ခံရလို့ သေဆုံးသွားပါသေးတယ်။ https://www.facebook.com/photo/?fbid=6 57795703122250&set=a.606834888218332

၉။ ကချင်တိုက်ပွဲမှာ စစ်ကောင်စီ ဒုတပ်ရင်းမှူး သေဆုံးလို့ KIA ပြော
   September 14, 2023

ကချင်ပြည်နယ် ဝိုင်းမော်ခရိုင် ဒဘတ်ယန်နဲ့ ဂျာပူကြားမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲမှာ ဒုတပ်ရင်းမှူးအဆင့်အထိ သေဆုံးခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က မြစ်ကြီးနားမြို့ကနေ စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KIA၊ KPDF ပူးပေါင်းတပ်တွေ တိုက်ခိုက်ချိန် သေဆုံးခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူနဲ့သေဆုံးသူ ၃၀ နီးပါး ရှိခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ ဗန်းမော်ဘက်ကနေ နမ်ဆန်ယန်ဘက်ကို တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကိုလည်း ခလာမ်ယန်ရွာမှာ ဖြစ်ပွားတဲ့ တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ၁၀ ဦးကျော်သေဆုံးပြီး ၇၀ နီးပါး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၉ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေါ့ဖုန်းယန်က စာသင်ကျောင်း ကို ထိမှန်ပြီး ကျောင်းဆရာမနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီ တပ်တွေဟာ လိုင်ဇာမြို့အနီး ပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဉ် လုပ်နေပြီး KIA နဲ့ KPDF ဘက်ကလည်း စစ်ကောင်စီ တပ်စခန်းရှိတဲ့နေရာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ နေ့စဉ်ရှိနေတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မလိယန်ကျေးရွာက စစ်ကောင်စီ တပ်စခန်းကို KIA က တိုက်ခိုက်သိမ်း ပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်တာတွေ နေ့စဉ်လုပ်ဆောင်နေပါတယ်။ https://www.rfa.org/burmes e/news/kia-battle-military-kpdf-09132023141251.html

၁၀။ KNU တပ်မဟာ (၃) ထံ လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်သား ၂ ဦးကို ကျပ်သိန်း ၄၀ စီပေးအပ်
     September 14, 2023

ကရင်အမျိုးသား အစည်းအရုံး အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ-ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၃)၊ ဆောထိ-ရွှေကျင်မြို့နယ်၊ သံဆိပ်စခန်းကနေ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကို ထောက်ပံ့ငွေ ကျပ် သိန်း ၄၀ စီပေးအပ်ခဲ့ တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ အဆိုပါ အသက် ၂၅ နှစ်နဲ့ အသက် ၂၁ နှစ် အရွယ် စစ်သား ၂ ဦးဟာ KNLA တပ်မဟာ (၃) လက်အောက်ကို စက်တင်ဘာ ၁၁ ရက်၊ မနက်ပိုင်းက လက်နက်ချ အလင်းဝင်လာတယ်လို့ သိရပါတယ်။ သံဆိပ်စခန်းကနေ အလင်းဝင်လာတဲ့ ခမရ (၃၅၀) က တပ်သား ၂ ဦးနဲ့အတူ MA1 တစ်လက်နဲ့ ကျည် ၂၃၇ တောင့် ယူဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကလည်း KNU အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ (၃၂) တပ်ရင်းက တပ်သား တစ်ဦး KNLA ထံ လက်နက်ခဲယမ်းတွေနဲ့အတူ ခိုလှုံခဲ့တာကြောင့် KNU က ကျပ် သိန်း ၅၀ ပေးအပ်ခဲ့ပါသေးတယ်။ https://www.facebook.com/photo?fbid=336270658759385&s et=pcb.336270808759370

၁၁။ စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ၂ ပတ်အတွင်း ၃၄ ဦးသေဆုံး 
     September 15, 2023

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၀၇၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၇၇၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။ ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန် တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၄၆၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၃၁၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါ တယ်။ တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၇ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၀ ယောက် ရှိလာ ခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၃၁၂ ယောက်ရှိခဲ့တယ်လို့ ဆိုပါ တယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့ သတင်း အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်ကနေ ၁၄ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၂၉ ယောက်၊ စုစုပေါင်း ၃၄ ယောက် သေဆုံးခဲ့ပြီး လက်နက်ကြီးကျည်ကြောင့် သေဆုံးသူ အရေ အတွက်မှာ ၁၅ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်တင်ဘာလ နှစ်ပတ်တာကာလအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု က အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၂၁ ယောက်၊ စုစုပေါင်း ၂၇ ယောက်ကို ဖမ်းဆီးခဲ့ ပြီး အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေက မတရားပုဒ်မတွေနဲ့ ထောင် ဒဏ်ချမှတ်ခံခဲ့ရသူ အမျိုးသမီး ၁၀ ယောက်နဲ့ အမျိုးသား ၄၂ ယောက်၊ စုစုပေါင်း ၅၂ ယောက် ရှိခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။ https://burmese.dvb.no/post/614980

၁၂။ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်မှာ ဘာသာရေးအဆောက်အအုံ ၉၅လုံး ပျက်စီး
    September 14, 2023

အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်မှာ ဘာသာရေးအဆောက်အအုံ ၉၅ လုံး ထိခိုက် ပျက်စီးသွားတယ်လို့ ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်က စလို့ ယခုနှစ် ၂၀၂၃ စတင်ဘာလ အထိ ချင်းပြည်နယ် မြို့နယ် ၉ခုမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်း နှင့်ဘာသာရေးအဆောက်အအုံ ၉၅ လုံး ပျက်စီးခဲ့တယ်လို့ CHRO ကဆိုပါတယ်။

၉ မြို့နယ်ထဲမှာ ထန်တလန်မြို့နယ်မှာ ဘာသာရေးအဆောက်အအုံ‌ဖျက်စီးခံရတာ အများဆုံးဖြစ်ပြီး ဟားခါးမြို့နယ်နှင့် ဖလမ်းမြို့နယ်မှာလည်း ဘာသာရေးအဆောက်အအုံ ၃၀ နီးပါး ဖျက်စီးခံရပါတယ်။  ထန်တလန်မြို့နယ်မှာ ခရစ်ယာန် ဘုရား ကျောင်းနှင့် ဘာသာရေးအဆောက်အအုံ ၃၅ လုံး ဖျတ်စီးခံရပြီး ဟားမြို့နယ်မှာ ၁၆ လုံး၊ ဖလမ်းမြို့နယ်မှာ ၁၃ လုံး၊ ကန်ပက် လက်မြို့နယ်မှာ ၉ လုံး၊ မင်းတပ်မြို့နယ်မှာ ၇ လုံး၊ မတူပီမြို့နယ်မှာ ၇ လုံး၊ တီးတိန်မြို့နယ်မှာ ၆ လုံးနှင့် တွန်းဇံမြို့နယ်မှာ ၂ လုံး ဖျတ်စီးခံရတယ်လို့ CHRO ထံမှ သိရပါတယ်။ https://www.facebook.com/photo/?fbid=837400685059220&set=pcb.83 7401281725827

၁၃။ ကွီးလုံတိုင်တပ်စခန်းကို စစ်ကောင်စီတပ်က စစ်ကူသွားရန် ကြိုးပမ်းနေသဖြင့် တိုက်ပွဲဖြစ်နိုင်
    September 15, 2023

မြန်မာ-ထိုင်းနယ်စပ် လေးတော်ခိုရွာအနီး တပ်စွဲလှုပ်ရှားနေတဲ့  စစ်ကောင်စီတပ်တွေဟာ ကရင်ပြည်နယ်ရှိ ကွီးလုံတိုင် တပ်စခန်းဆီကို စစ်ကူသွားရောက်ဖို့ ကြိုးစားနေတာကြောင့် နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်လာနိုင် တယ်လို့  KNLA တပ်မှူးက ပြောပါတယ်။ စက်တင်ဘာ ၃ ရက် ကစတင်ပြီး ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မ ဟာ ၆ နယ်မြေနဲ့ ကပ်နေတဲ့ လေးတော်ခို့ကျေးရွာအနီးဝန်းကျင်မှာ စစ်ကောင်စီလက်အောက်ခံတပ်  ခမရ ၅၅၇၊ ခမရ ၅၆၁၊ ခမရ ၃၃၉ တပ်တွေ ပူးပေါင်း အင်အား ၈၀ လောက် ကျူးကျော်ဝင်ရောက် တပ်စွဲနေခဲ့တာပါ။ အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရိက္ခာပြတ်လပ်တာကြောင့် ထိုင်းနိုင်ငံ ဘက်ခြမ်းကို ကျူးကျော်ဝင်ရောက်ပြီး လေးတော်ခို့ကျေးရွာအနီးဝန်းကျင်ကို ဝင်ရောက် တပ်စွဲလှုပ်ရှားနေရာက ထိုင်းပြည်သူတွေ ကန့်ကွက်တာကြောင့် မြန်မာဘက်ခြမ်း ထီးမော်ထကျေးရွာအနီးမှာ  ပြောင်းရွှေ့ တပ်စွဲ နေပါတယ်။

အခုတော့ ကရင်ပြည်နယ် ကျိုက်ဒုံမြိုနယ်ခွဲမှာရှိတဲ့ စစ်ကောင်စီ ခမရ ၃၃၉ ရဲ့အခြေစိုက်စခန်းတခုဖြစ်တဲ့ ကွီးလုံတိုင် စခန်းကို စစ်ကူပို့နိုင်ဖို့ ကြိုးစားနေတယ်လို့  KNLA တပ်မဟာ ၆ တပ်မှူးတစ်ဦးက ပြောပါတယ်။ “အဲဒီစစ်ကြောင်းက ကွီးလုံတိုင် စခန်းကို စစ်ကူသွားရောက်ဖို့က ပြင်းပြင်းထန်ထန် သူတို့အထက်က မောင်းနေတယ်။ ဒါကို သူတို့ကမဖြစ်မနေ ရောက်အောင် သွားရမှာပဲ။ ဒီကတော်လှန်ရေးတပ်မတော်သားတွေကလည်း အသင့်စောင့်နေတာရှိတယ်။ သွားရင်တော့ တိုက်ပွဲကဖြစ်မှာတော့ သေချာတယ်။” စစ်ကောင်စီစစ်ကြောင်းက နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်လှုပ်ရှားနေတာကြောင့် ထိုင်း အာဏာပိုင်တွေက နယ်စပ်လုံခြုံရေး တိုးမြှင့်လုပ်ဆောင်နေပါတယ်။ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းမကြီးအနီး တညင်ကျေးရွာအနားမှာ စစ်ကောင်စီတပ်တွေနဲ့  KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သလို ခလယ်၊ တံခွန်တိုင်ကျေးရွာ အနီးမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ နယ်မြေခံ KNLA တာဝန်ရှိသူ က ပြောပါတယ်။ https://burmese.dvb.no/post /614974

၁၄။ နေရပ်ပြန်လာတဲ့ မယ်စဲ့စစ်ရှောင်အတွက် မိုးကာလိုအပ်ချက်ရှိနေ
     September 14, 2023

ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ မယ်စဲ့ စစ်ရှောင် ၈၀၀ ကျော်ဟာ နယ်စပ်က စစ်ရှောင်စခန်းကို စက်တင်ဘာလအစောပိုင်းက ပြန်လာခဲ့ပေမယ့် လတ်တလောမှာ နေရာ ထိုင်ခင်းအတွက် မိုးကာလိုအပ်ချက်ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။ “တကယ် ပြောရရင်တော့ သူတို့တဲက မိုးကာတွေကလည်း နှစ်ဆန်းကတည်းက မိုးကာတွေဆိုတော့ မိုးကာတွေလည်း အထိမခံတော့ဘူး ပေါ့နော။ မိုးကာကတော့ နောက်ထပ် သုံးလ၊ နေပူလာမယ်ဆိုလို့ရှိရင် ကျနော်ထင်တယ် နောက်ထပ် တစ်လ၊ နှစ်လဆိုရင် မိုးကာတွေတော့ အခြေအနေကောင်းနိုင်မယ်မထင်တော့ဘူး။ မိုးကာကတော့ လိုအပ်ချက်များတယ် ဈေးလည်းကြီးတယ်။”လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောပါတယ်။ နေရပ်ပြန်လာတဲ့ စစ်ရှောင်ဦးရေ ၈၀၀ ကျော်ရှိနေပြီး လတ် တလောမှာ နဂို နေထိုင်ခဲ့တဲ့ စစ်ရှောင်စခန်းတွေမှာ ပြန်လာနေထိုင်ကြတယ်လို့ သိရပါတယ်။ အသစ်ရောက်လာကြသူ တွေ အတွက်လည်း နေရာထိုင်ခင်းစီစဉ်ထားပေမယ့် ရေရှည်အတွက် မိုးကာလိုအပ်ချက်က ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

နယ်စပ်ဖက်မှာရှိနေတဲ့ ကရင်နီစစ်ရှောင်လူထုတွေ စားနပ်ရိက္ခာရရှိဖို့ကလည်း ထိုင်းနိုင်ငံဖက်ကနေ အဓိက တင်ပို့နေ ရပြီး၊ ထိုင်းအာဏာပိုင်တွေကနေ စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေ ရှိနေတာကြောင့် ရရှိထားတဲ့စားနပ်ရိက္ခာ ကိုလည်း အကန့်အသတ်နဲ့သာ စစ်ရှောင်တွေကို စားနပ်ရိက္ခာပေးဝေနေရတယ်လို့ သိရပါတယ်။ “စားနပ်ရိက္ခာပိုင်းကတော့ ကျနော်တို့လူများတော့ တစ်ပတ်စာ နှစ်ပတ်စာ ၁၀ ရက်စာ အဓိကကတော့ ဆန်၊ ဆားပေါ့နော။ ကျန်တဲ့ဟာကတော့ ပုံမှန် အလှူရှင်ရှိရင် ရှိသလို မရှိလည်း မရဘူးပေါ့နော ငါးဘူးတို့ ခေါက်ဆွဲတို့ကတော့။ အခုချိန်ထိတော့ ငတ်ပြတ်တဲ့အဆင့်ထိ တော့ မဟုတ်ပေမယ့် ပြည့်ပြည့်စုံစုံလုံလုံလောက်လောက်တော့မဟုတ်ဘူး ငတ်ပြတ်တဲ့အဆင့် မရှိရုံတမယ်ပဲပေါ့နော။ တပတ်စာ နှစ်ပတ်စာ အဓိက ဆန်ကို ပံ့ပိုးပေးနိုင်ပါတယ်။”လို့ အဆိုပါ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူက ဆက်ပြောပါတယ်။ ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတွေဆီကို စားနပ်ရိက္ခာပို့ဆောင်ပေးတဲ့အခါ ထိုင်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ယူရပြီး၊ ခွင့်ပြုချက်ရမှသာ သွားလာရတယ်လို့ သိရပါတယ်။ https://www.kantarawaddyti mes.org/%e1%80%94%e1%80%b 1%e1%80%9b%e1%80%95%e1%80%ba%e1%80

၁၅။ မိုးကောင်း ဇင်ယော်ဆီဆိုင်ပိုင်ရှင်အမျိုးသမီး ဖမ်းဆီးခံရပြီးတဲ့နောက် အချုပ်ထဲမှာသေဆုံး
    September 14, 2023

ကချင်ပြည်နယ် မိုးကောင်းမြို့က ဇင်ယော်စက်သုံးဆီဆိုင်ပိုင်ရှင်လင်မယား ဖမ်းဆီးခံသွားပြီးတဲ့နောက် အမျိုးသမီး ဖြစ်သူ ဒေါ်ခင်မာရွှေ အချုပ်ထဲမှာသေဆုံးသွားခဲ့တယ်လို့ မိုးကောင်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင် ဘာလ ၂ ရက်နေ့ညမှာ ဇင်ယော်စက်သုံးဆီဆိုင်ကို စစ်ကောင်စီတပ်က PDF တွေကို ထောက်ပံ့တယ်လို့ဆိုပြီး စက်သုံးဆီဆိုင်ကို လည်းဖြိုချခဲ့သလို ဆိုင်ဖြိုချခံရပြီးရက်ပိုင်းမှာပဲ ပိုင်ရှင်တွေဖြစ်တဲ့ ဒေါ်ခင်မာရွှေ နဲ့ အမျိုးသားဖြစ်သူတို့ ဖမ်းဆီးသွားခံခဲ့ရတာ ဖြစ်ပါတယ်။“ကျနော်တို့သိရသလောက် စစ်ကြောရေးမှာလက်လွန်သွားပြီး မိုးကောင်းအချုပ်ရောက်မှ သေဆုံးသွားတဲ့ သဘော ရှိတယ် မနေ့ကမနက် အစောပိုင်းလောက်မှာပဲ ရဲတွေနဲ့ မီးရှို့သဂြိုဟ်လိုက်တယ် လို့သိရတယ်” လို့ ဒေသခံအမျိုးသား တစ်ယောက်ကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဇင်ယော်ဆီဆိုင်ပိုင်ရှင် ဦးမိုးကျော်နဲ့ ဒေါ်ခင်မာရွှေတို့ကို PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးမိုးကျော်တို့ ပိုင်ဆိုင်တဲ့ မြစ်ကြီးနား– မိုးကောင်းမြို့ – ဖားကန့်လမ်းမပေါ်မှာရှိတဲ့ ဇင်ယော်ဆီ ဆိုင် ၂ ဆိုင်အပါအဝင် နေအိမ်ထဲကို စက်တင်ဘာ လ ၂ ရက်နေ့ညမှာ ဝင်စီးပြီးတော့ ဆိုင်ဝန်ထမ်း အယောက် ၂၀ ကျော်ကို ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ဆိုင်ဝန်ထမ်းတွေကိုဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်တွေဟာ ဇင်ယော်ဆီဆိုင်ပိုင်ရှင် ဇနီးမောင်နှံကို လူကိုယ် တိုင်လာပြီး လာရောက်ဖြေရှင်းပေးဖို့ ပြောလာတာကြောင့် ဇနီးမောင်နှံနှစ်ဦးစလုံး မိုးကောင်းရဲစခန်းမှာ အဖမ်းခံလိုက်တယ်လို့ သိရပါတယ်။ အဲဒီနောက် ဒေါ်ခင်မာရွှေ ဟာ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာသေဆုံးခဲ့တာမဟုတ်ဘဲ စစ်ကြောရေးပြီးတဲ့နောက် မိုးကောင်း အချုပ်ထောင်မှာသေဆုံးခဲ့တာလို့ သူကပြောပါတယ်။“သူတို့က ဆိုင်ဖြိုချခဲ့ရတဲ့နေ့ကတော့ သူတို့ရှောင်လိုက်နိုင် တယ် ဒါပေမယ့် သူ့ရဲ့ဆိုင်က ကလေးတွေကို ဖမ်းသွားတယ်ဆိုတော့ သူလည်း လာပြန်ဖြေရှင်းတဲ့သလောမျိုးနဲ့လာတွေ့ပြီး လာအဖမ်းခံခဲ့တာ အဲ့တာနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပါသွားတာ သိပ်မကြာဘူး စစ်ကြောရေးကနေပြန်လွတ်လာတာ အဲ့တာလွတ်လာပြီးမှပဲ အခုလိုဖြစ်သွားတာ”လို့ပြောပါတယ်။ မိုးကောင်းမြို့မှာ ဩဂုတ်လ ၁၉ ရက်ကနေ စက်တင်ဘာလ ၂ ရက် နေ့ထိ ဖမ်းဆီးခံရတဲ့ အရပ်သား ၁၀၀ ကျော်ရှိလာတဲ့အပြင် စစ်ကောင်စီတပ်တွေက မြို့တွင်းမြို့ပြင် စစ်ဆေးရေးတင်းကြပ်တာ တွေကြောင့် မိုးကောင်းမြို့မှာ ညပိုင်းအပြင်ထွက်သူမရှိသလောက် နည်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://b urmese.kachinnews.com/2023/09/12/am1-24/

၁၆။ အုပ်ချုပ်ရေးယန္တရားပျက်လာသည့်ဖာပွန်ဒေသ ကိုယ်ထူကိုယ်ထဖြင့်သာ ကျောင်းများဆက်လက် ဖွင့်လှစ်နိုင်
     September 14, 2023

ကရင်ပြည်နယ် ဖာပွန်မြို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီ၏ လက်အောက်ခံ ပညာရေးဝန်ထမ်း အများအပြား တာဝန်မှ ထုတ်ထွက်လိုက်ကြခြင်းကြောင့် ကိုယ်ထူကိုယ်ထပုံစံဖြင့်သာ ကျောင်းများကို ဆက်လက် ဖွင့်လှစ်ထား နိုင်ကြောင်း ဖာပွန်ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီ၏ လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အသီးသီးနုတ် ထွက်ကြရန် ကရင်အမျိုးသားအစည်းအရုံး-KNU ဘက်မှ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်သတိ ပေးခဲ့ပြီးနောက် ၎င်းဒေသရှိ စာသင်ကျောင်းများတွင် စာသင်ကြားပေးမည့် ကျောင်း ဆရာ/ဆရာမများ မရှိတော့သည့်အတွက် မြို့အတွင်းရှိ ၁၀ တန်းအောင်နှင့် ဘွဲ့ရသူများကို အငှားဆရာ/ ဆရာမအနေဖြင့် ယခင်အစိုးရ ၏ သင်ရိုးညွှန်းတမ်းအတိုင်း စာသင် ကြားပေးနေကြောင်း ဖာပွန်ဒေသခံ တစ်ဦးက ပြောသည်။ ၎င်းက “ဝန်ထမ်းတော် တော်များများ ဖာပွန်ထဲမှာမရှိတော့ဘူး။ ဖာပွန် ထဲက ကျန်းမာရေးရော ပညာရေးရော အားလုံးကအနည်းစုလောက်ပဲ ကျန်တော့တယ်။ တချို့တလေကြတော့လည်း နယ် ပြောင်းတာနဲ့ တချို့ကလည်း ထိုင်းတက်တာနဲ့ ဝန်ထမ်းတော်တော် များများမရှိတော့ဘူး။ အခု ဖာပွန်ထဲမှာရော ရွာဘက်မှာရော ကိုယ်ထူကိုယ်ထကျောင်း တွေရှိတယ်။ ဒါပေမဲ့ အစိုးရ ပညာရေးဝန်ထမ်းတွေ သင်တာတော့မဟုတ်ဘဲနဲ့ အငှားဆရာမတွေ အပြင်ကဆရာမတွေက သင်နေတယ်။” ဟု ပြောသည်။

ဖာပွန်ဒေသတွင် နယ်မြေခံ ကေအဲန်ယူတပ်မဟာ(၅) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ ဝင်များအကြား နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားနေပြီး ဖာပွန်မြို့ပေါ်အထိတိုက်ပွဲများ မကြာခဏဖြစ်ပွားသလို စစ်ကောင်စီ၏ အုပ်ချုပ် ရေးယန္တရားမလည်ပတ်နိုင်တော့သည့် အခြေအနေတွင်ရှိနေကြောင်း ကေအဲန်ယူဘက်က ထုတ်ဖော်ပြောဆိုထားသည်။ အဆိုပါ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျောင်းများ ဆက်လက်ဖွင့်ထားရာတွင် ဒေသခံကျေးရွာသားများမှ ကျောင်းသားတစ်ဦးလျှင် ငွေကျပ် ၁ သောင်းကျပ်နှုန်းဖြင့် တတ်နိုင်သလောက်ကောက်ခံပြီး အပြင်ဆရာ၊ ဆရာမများကို ငှား၍ အဆင်ပြေ သလို သင်ကြားပေးနေရ ကြောင်း ကျောင်းသားမိဘ တစ်ဦးကယခုလိုပြောသည်။“အခုကျမတို့ရွာမှာဆိုရင် ရွာတိုင်းနီးပါး ကျောင်းဖွင့်ထားတယ်။ အဲ့ ကျောင်းမှာ အားလုံးကဘာလုပ်လဲဆိုရင် အပြင်ကနေ ဝန်ထမ်းမဟုတ်တဲ့ ကလေးတွေပေါ့။ ကျောင်းသား တစ်ယောက်ကို တစ်သောင်းပေါ့။ ကိုယ်တတ်နိုင်သလောက်နဲ့ ငှားပြီးသင်ကြတယ်။ ဘယ်လိုပြောမလဲ သူတို့က အငှား ၏ဆရာမတွေ ဆိုတော့ အရင်ဝါရင့်ဆရာမတွေထက်တော့ အဆင်မပြေဘူးပေါ့။ ဒါပေမဲ့ မပြေလည်းပဲ ရှိသလောက်လေးနဲ့ အဆင်ပြေသလိုပဲ သင်နေရ တာပေါ့” ဟု ပြောသည်။ ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေအတွင်းရှိ ကျေးရွာများတွင် အငှားဆရာ ဆရာမများနှင့် ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ပညာသင်ကြားပေးနေသည့် စာသင်ကျောင်းများမှာ ဖာပွန်မြို့နယ်တွင် သာမက ကေအဲန်ယူထိန်းချုပ်ရာ ဒေသ တချို့တွင်လည်း အလားတူ သင်ကြားပေးမှုများရှိကြောင်း သိရသည်။ https://kicnews.org/2023/09/%e1%80%a1%e1%80 %af%e1%80%95%e1%80%ba%e1%80%81%e1%80%bb%e1%

၁၇။ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးချို့ယွင်းပြီး အသက်အန္တရာယ်ထိခိုက်လာရင် စစ်ကောင်စီ တာဝန်ယူရမယ်လို့       NLD ထုတ်ပြန်
    September 14, 2023

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ကျန်းမာရေးချို့ယွင်းမှုသာ မကဘဲ အသက်အန္တရာယ်ထိခိုက်မှုပါ ဖြစ်ပေါ်လာခဲ့ရင် ဖမ်းဆီးထားတဲ့ စစ်ကောင်စီက တာဝန်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD)ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အစာနဲ့ နေရာထိုင်ခင်းတွေကိုလည်း စစ်ကောင်စီက ဖန်တီးမပေးထားဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို လုပ်ဆောင်တာဟာ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်ထိခိုက်စေဖို့ ဖန်တီးနေတာဖြစ်လို့ အထူးစိုးရိမ်ပူပန်တယ်လို့လည်း ဆိုပါတယ်။ အသက် ၇၈ နှစ်အရွယ် မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေ အနေနဲ့ ပတ်သက်ပြီး စိုးရိမ်နေရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်ကလည်း မကြာသေးခင်ကမှ ထုတ်ဖော်ပြောဆိုထားပါသေးတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ ဒေါ်အောင်ဆန်းစုကြည်ဟာ သွားဖုံးရောင် ဝေဒနာခံစားနေရပြီး အစာမစားနိုင်သလို ခေါင်းမူးဝေ ပျို့အန်တာတွေရှိနေပြီး စစ်ကောင်စီဘက်ကကျန်းမာရေးစောင့်ရှောက်မှုမပေးဘူးဆိုတဲ့ သတင်း တွေ ထွက်ပေါ်ခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=333984845685938&set=a.196212679463156

၁၈။ စစ်အာဏာရှင်တော်လှန်ရေးတွင် မွန်ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်တိုက်ပွဲဝင်ရန် တိုက်တွန်း
     September 14, 2023

ခေတ်သစ်မွန်တော်လှန်ရေးဟာ နှစ်ပေါင်း ၇၆ နှစ်တိုင်ကြာမြင့်ခဲ့ပေမဲ့ ကိုယ်ကံ ကြမ္မာကိုယ်ဖန်တီးခွင့်၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အလှမ်းဝေးဆဲဖြစ်တာကြောင့် စစ်အာဏာရှင် ပြုတ်ကျရေးတိုက်ပွဲမှာ ရတောင့်ရခဲ အခွင့်အရေးကို အသုံးချ ပြီး မွန်ပြည်ထူ ထောင်နိုင်ရေးအတွက် ပူးပေါင်းပါဝင်တိုက်ပွဲဝင်ပေးကြဖို့ မွန်တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းလိုက်ပါ တယ်။ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိဖို့အတွက် မွန်လူငယ်တစု စတင်တော်လှန်ခဲ့တဲ့ မွန်တော်လှန်ရေးဟာ ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့မှာ ၇၆ နှစ်တိုင်ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။  ဒီနှစ်မှာ ကျရောက်တဲ့ မွန်တော် လှန်ရေးနေ့ကိုတော့ တော်လှန်ရေးအင်အားကြီးမှ အမျိုးသားအခွင့်အရေး ပေါ်ပေါက်မယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တာ ဖြစ်ပါ တယ်။ အာဏာသိမ်း စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောခွင့်ရ နိုင်နဂါး ကတော့ တပြည်လုံး တော်လှန်နေတဲ့ စစ်အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲမှာ ရတောင့်ရခဲ အခွင့်အရေးကို အသုံးချပြီး မွန်ပြည်ထူထောင်နိုင်ရေးအတွက် မွန်ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်တိုက်ပွဲဝင်ပေးကြဖို့ တိုက်တွန်းပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီကလည်း အမျိုးသားရေးတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ အစဉ် ဦးထိပ်ထားပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြ ည်ထောင်စုမှာ မွန်လူမျိုးတို့ကို ကိုယ်စားပြုတဲ့ ဖက်ဒရယ်ယူနစ်တစ်ခု ထွက် ပေါ်လာနိုင်ဖို့ အားထုတ် ကြိုးပမ်းနေတယ်လို့ ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့မှာ ကြေညာထားပါတယ်။ စစ်ကောင်စီ တပ်ကို လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ မွန်တော်လှန်ရေးတပ်ဖွဲ့ နောက်တစ်ခုဖြစ်တဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နိုင်ငံရေး၊ စစ်ရေး ဦးဆောင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သီရိမွန်ချမ်း ကတော့ ၇၆ နှစ်တိုင် အမျိုးသားလွတ်မြောက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိသေးတဲ့အတွက် ပြောင်းလဲလာတဲ့ နိုင်ငံရေး၊စစ်ရေး အခြေအနေ အရပ်ရပ်ကို လက်ဆုပ်လက်ကိုင်ပြုပြီး အမျိုးသားလွတ်မြောက်ရေးအတွက် မွန်ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်ဖို့ တိုက်တွန်းတာပါ။ မွန်ပြည်သစ်ပါတီ နဲ့ မွန်ညီညွတ်ရေးပါတီတို့ရဲ့ ရပ်တည်ချက်တွေကြောင့် အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ မွန်တော်လှန်ရေး အနှစ်သာရမဲ့လာတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောခွင့်ရ  နိုင်နဂါးက ပြောပါတယ်။ နိုင်ငံအာဏာကို လက်နက် အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီဟာ နိုင်ငံရေး၊ စစ်ရေး၊စီးပွားရေး၊ နိုင်ငံတကာရေးရာတွေမှာ ဘေးကျပ်နံကျပ် ဖြစ်လာ သလို အလုပ်မဖြစ်တော့တဲ့ NCA စာချုပ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒကို အမိအရ ဆုပ်ကိုင်ပြီး အာဏာတည်မြဲရေး ကြိုးပမ်း နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ထောက်ပြထားပါတယ်။ https://burmese.dvb.no/post/614887

၁၉။ ကရင်နီ ဒုက္ခသည်စခန်းအမှတ် (၁) မှာ အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အဖြစ်များနေ
    September 13, 2023

ထိုင်း – ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှာ ယခုနှစ်အတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တွေ အဖြစ်များတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNOW) ရဲ့ အမျိုးသမီး နဲ့ ကလေးကာကွယ်စောင့်ရှောက်ရေး စီမံကိန်း တာဝန်ခံ တာမလာဖော ကပြောပါတယ်။ “လောလောဆယ် ဒီ တနှစ်အတွင်းမှာက အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ အဖြစ်များ တယ်။ အများအားဖြင့် ဖြစ်ပွားများတာက ရုပ်ပိုင်းမှာ ထိုးကြိတ်တာတို့ ရိုက်တာတို့ ပေါ့နော်။” လို့ တာမလာဖော ကပြောပါတယ်။ လူဦးရေ တသောင်းဝန်းကျင်ရှိနေတဲ့ ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ အမျိုးသမီးတွေအပေါ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် မှု ၆ မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၆ မှု နဲ့ မုဒိန်းကျင့်ရန်ကြံစည်မှု ၄ မှု အထိရှိနေတယ်လို့ သိရပါတယ်။ အရင်နှစ်တွေမှာ လည်း အလားတူ အမှုမျိုး ၂၀ မှု ဝန်းကျင်ရှိနေတယ်လို့ KNWO ရဲ့ ပြောကြားချက်အရ သိရပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေတိုးလာရခြင်း အကြောင်းရင်းကတော့ မိသားစုအတွင်း ဝင်ငွေမရှိခြင်းနဲ့ ကျား၊ မ တန်းတူညီမျှမှုအသိ မရှိနေခြင်းကြောင့်ဖြစ်တယ်လို့ တာမလာဖော ကသုံးသပ်ပြောဆို ထားပါတယ်။“ ကျမတို့ GBV ဖက်က ကြည့်မယ်ဆိုရင် ကျား/မတန်းတူညီမျှမှု မရှိဘူး။ သူတို့ အိမ်ထောင်ဦးစီးဖြစ်ပြီဆိုရင် အာဏာသုံးချင်တာတွေလည်း ပါတာပေါ့ နော်၊ ပြီးတော့ ဒီဟာတွေက အဓိက အကြောင်းအရင်း ပေါ့နော်၊ တွန်းအားပေးတဲ့ အရက်သေစာတွေ သောက်ပြီး တွန်းအားပေး တာတွေလည်းပါတယ်။ အလုပ်လက်မဲ့ဖြစ်ပြီး ဝင်ငွေမရှိဘူး။ အပြင်မှာ အလုပ်သွားရှာလုပ်တာတွေက အလုပ်လည်း ပုံမှန် မရှိ ဘူး။”လို့ တာမလာဖောက စခန်းအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုးလာရတဲ့ အကြောင်းရင်းကို သုံးသပ်ပြောဆို ထားပါတယ်။ ကရင်နီအမျိုးသမီး အစည်းအရုံး KNWO ရဲ့ စာရင်းတွေအရ အကြမ်းဖက်ခံရသူတွေဟာ အသက် ၂၅ နှစ်မှ ၄၀ အရွယ်ကြားရှိနေသူ အမျိုးသမီးတွေဖြစ်တယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/%e1%80%80%e1%80%9b%e1%80%84%e1% 80%ba%e1%80%94%e1%80

၂၀။ လောင်းလုံးမှာ စစ်ကောင်စီတပ်က လူဦးရေစာရင်းကောက်ရင်း ဝါဒဖြန့်နေ
     September 14, 2023

လောင်းလုံးမြို့နယ်မှာ အိမ်ထောင်စုစာရင်းကောက်ယူတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဝါဒဖြန့်တာတွေကိုပါလုပ်ဆောင် ခဲ့တယ်လို့ ဒေသခံတွေနဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။ အိမ်ထောင်စု လူဦးရေစာရင်းကောက်ယူ​တာ တွေကို အခုလ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ လောင်းလုံးမြို့နယ်ရှိ ကျေးရွာ ၇ ခုလောက်က ဘုန်းကြီးကျောင်းနဲ့ စာသင် ကျောင်းတွေမှာ တပ်စွဲပြီး ပြုလုပ်ခဲ့ကြတာပါ။ သူတို့ဟာ ဒေသခံတွေရဲ့ အိမ်ထောင်စုစာရင်းကိုတောင်းကြည့်တာ၊ ဓာတ်ပုံရိုက်ယူ တာတွေပြုလုပ်ပြီးနောက် PDF တွေနဲ့ မပတ်သက်ကြဖို့၊ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ကြဖို့  ပြောဆိုတယ်လို့ သိရပါ တယ်။ “အိမ်မှာ PDF ရှိလား၊ အဆက်အသွယ်ရောရှိလား မေးတယ်။ အဆက်အသွယ်မလုပ်ဖို့​ပေါ့နော်။ သူတို့ကလူသတ် အကြမ်း ဖက်သမားတွေ၊ သာသနာကိုဖျက်ဆီးနေသူတွေပေါ့၊ အဲ့လိုတွေပြောတယ်”လို့ အိမ်ထောင်စုစာရင်း စစ်ဆေးခံရတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒေသခံအိမ်တွေကို လူဦးရေစာရင်းလိုက်လံကောက်ယူချိန်မှာ စစ်ကောင်စီတပ်နဲ့ ဝန်ထမ်း ၁၀ ဦးကျော်လောက်သာ လိုက် ပါခဲ့ပေမဲ့ စာရင်းကောက်ယူမှုတစ်ခုလုံးမှာတော့ စစ်ကောင်စီတပ်သားတွေအပြင် မြို့နယ်လဝက ဝန်ထမ်းတွေ၊ ထွေအုပ် ဝန်ထမ်းတွေနဲ့ ပျူစောထီးတွေ အင်အား ၁၀၀ ကျော်လောက် သုံးထားတယ်လို့ သိရပါတယ်။ အခုလို စာရင်းကောက်ယူသူနဲ့ လုံခြုံရေးအင်အားအများအပြား အသုံးပြုထားတာဟာ အခုနှစ်အစက လောင်းလုံးမြို့နယ်မှာ လူဦးရေစာရင်းကောက်နေတဲ့အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်က လာရောက်ပစ်ခတ်လို့ စစ်ကောင်စီတပ်သား သေဆုံးတဲ့ဖြစ်စဥ်ရှိခဲ့ဖူးတာကြောင့်လို့ ဒေသခံ တွေက ယူဆပါတယ်။ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကတော့ စစ်ကောင်စီတပ်ရဲ့ရည်ရွယ်ချက်ဟာ စာရင်းကောက်တာ တစ်ခုတည်းမဟုတ်ဘဲ ဗျူဟာကျကျနဲ့ တစ်ရွာပြီးတစ်ရွာ ဝါဒဖြန့်စည်းရုံးတာဖြစ်တယ်လို့ ပြောပါတယ်။ အခုလိုလုံခြုံရေးတင်း ကြပ်ပြီး အင်အားအလုံးအရင်းနဲ့လူဦးရေစာရင်းကောက်ယူတာမျိုးကို တနင်္သာရီတိုင်းအတွင်း လောင်းလုံးမြို့နယ်မှာ ပထမဆုံး အကြိမ်​မြင် တွေ့လာရတာပါ။ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ အခုတစ်ခေါက်ဟာ စမ်းသပ်လုပ်ဆောင်တာဖြစ်ပြီး လူဦးရေစာရင်းကောက်ယူတာနဲ့ ဝါဒဖြန့်စည်းရုံးတာတွေကို နောက်ပိုင်းမှာ အခုလိုပုံစံအတိုင်း လုပ်ဆောင်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ https://www.facebook. om/photo/?fbid=738766624931413&set=a.501239188684159

၂၁။ ထိုင်း-မြန်မာနယ်စပ်ရှိ ပိုင်ကလန် စစ်ကောင်စီအခြေစိုက်စခန်းကို KNU သိမ်းပိုက်
    September 14, 2023

ထိုင်း-မြန်မာနယ်စပ် ပိုင်ကလန်ကျေးရွာရှိ စစ်ကောင်စီ၏ ရေတလျောက်ဂိတ်စခန်းကို ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် တိုက်ခိုက် သိမ်းပိုက်လိုက်သည်ဟု ဒေသခံများ နှင့် KNLA သတင်းအရင်းအမြစ်များက အတည်ပြုပြောဆိုသည်။ ကရင်အမျိုးသားအစည်းအရုံး-KNU သတ်မှတ်နယ်မြေအရ ကော့ကရိတ်မြို့နယ်တွင်ရှိပြီး မြန်မာအစိုးရ ဘက်သတ်မှတ်ချက်အရ ကြာအင်းဆိပ်ကြီးမြို့နယ်တွင်ရှိသော အဆိုပါ ဂိတ်စခန်း ကို ယနေ့ နံနက် ၆ နာရီကျော်မှစ၍ KNLA ပူးပေါင်းတပ်ဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကိုသိမ်းပိုက်နိုင်ခဲ့ရာ လက်နက် ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိကြောင်း နီးစပ်သည့် ဒေသခံတစ်ဦးက ယခုလို ပြောသည်။ ၎င်းက “၁၁ နာရီခွဲလောက်မှာ အကုန်သိမ်းနိုင်ပြီးတဲ့။ ပစ္စည်းတွေလည်း အကုန်သယ်ချလာပြီးတဲ့။ ခဲ ယမ်းပစ္စည်းချည်းပဲ ကားသေး ၂ စီးစာရှိတယ်တဲ့။ ဒါပေမဲ့ စစ်တပ်ထဲထွက်ပြေးသွားတဲ့သူတွေ ရှိတယ်။ အခုက စခန်းကုန်းကို ရှင်းလိုက်ပြီး” ဟု ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိသည် ဟု KNLA နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောဆိုခဲ့သော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ ထို့အပြင် ရေတလျောက်စစ်ကောင်စီဂိတ်စခန်းကို သိမ်းယူပြီးနောက် ညနေတွင် အနီးအနားရှိ ဖုချိမူစခန်းကိုပါ ဆက်လက်တိုက်ခိုက်နေ သည်ဟု ဒေသခံသတင်းအရင်းအမြစ်များက ပြောသည်။ စခန်းသိမ်းတိုက်ပွဲ ဖြစ်စဉ်နှင့်ပတ်သက်ပြီး KNLA ဘက်က တရားဝင် သတင်းထုတ်ပြန်လာခြင်း မတွေ့ရှိရသေးသလို စခန်းသိမ်းတိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို သိရှိရန် သက်ဆိုင်ရာအဖွဲ့ တာဝန်ရှိ သူများကို ကြိုးစားဆက်သွယ်နေဆဲ ဖြစ်သည်။ https://kicnews.org/2023/09/%e 1%80%91%e1%80%ad%e1%80%af% e1%80%84%e1%80%ba%e1%80%b8

၂၂။ တိုင်းပြည် မငြိမ်သက်မှုဖြစ်နေချိန်တွင် ဗန်းမော်မြို့ရှိ မနောင်တိုင်တော် ဖွင့်ပွဲကျင်းပရန်စီစဉ်နေမှုကို ဒေသခံများ        ရွှေ့ဆိုင်း စေလို
   September 14, 2023

ကချင်ပြည်နယ်  ဗန်းမော်မြို့ နှစ်မိုင်အောင်သာရပ်ကွက်တွင် ဆောက်လုပ်ပြီးစီးထားသော ကချင်ရိုးရာမနောင်တိုင် တော်ဖွင့်ပွဲကို လာမည့် နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ကျင်းပသွားရန် ပြင်ဆင်နေခြင်းအား ရွှေ့ဆိုင်းပေးရန် ဒေသ ခံများလိုလားကြောင်း သိရသည်။ တိုက်ပွဲများဖြစ်ပွားနေပြီး နယ်မြေ မငြိမ်မသက်ဖြစ်နေသည့် အချိန်ကာလဖြစ်နေ၍ ပွဲကျင်းပ မည့်ရက်ကို ရွှေ့ဆိုင်းစေလိုခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ၂၀၁၉ ခုနှစ်မှစပြီး ဗန်းမော်မြို့ နှစ်မိုင်အောင်သာတွင် တည်ဆောက်လာခဲ့သည့် မနောင်တိုင်တော်သည် ပြီးစီးသွားပြီဖြစ်၍ ဖွင့်ပွဲကျင်းပရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ ပြည်သူတွေကတော့ အခုအချိန်က တိုက်ပွဲတွေလည်းဖြစ်နေတော့ မသင့်တော်ဘူးလို့ ထင်တာပေါ့။ အဲတာကြောင့် အချိန်ရွှေ့ပေးဖို့ အလိုရှိနေကြတယ်။ နိုင်ငံရေး အခြေအနေ ကောင်းတဲ့အချိန်မှပဲ လုပ်ဖို့ အလိုရှိနေကြတယ်။ အခု က စစ်ကောင်စီကလည်း တော်တော်အားစိုက်ပြီး ပါဝင်ပေးဖို့ လုပ်နေတယ်လို့လည်း ကြားတယ်။”ဟု ဗန်းမော်ဒေသခံတစ်ဦးက ဆိုသည်။  မြစ်ကြီးနား – ဗန်းမော် လမ်းတစ်လျှောက်တွင် ယခုနှစ် ဇူလိုင်လမှစပြီး စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ် များ နေ့စဉ်လိုလို တိုက်ပွဲများဖြစ်ပွားပြီး ဗန်းမော်နှင့် ရွှေကူမြို့နယ်များတွင်လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။ ဗန်းမော်မြို့နှင့် မိုးမောက်မြို့နယ်မှ ကျေးရွာပြည်သူ တစ်ထောင်ကျော်လည်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရ သည်။ https://www.facebook.com/photo?fbid=7013703386935 26&set=pcb.701363512027542

၂၃။ ဆန်ပြဿနာနေ့ ကျင်းပခဲ့သည့် စစ်တွေကျောင်းသားသမဂ္ဂခေါင်းဆောင် လူငယ်များကို အမှုဖွင့်တရားစွဲဆိုရန်            အတွက် စစ်ကောင်စီမှ ပြင်ဆင်နေ
    September 14, 2023

စစ်တွေမြို့တွင် ဆန်ပြဿနာနေ့ အထိမ်းမှတ်ပွဲကို ဦးဆောင်ကျင်းပခဲ့သည့် စစ်တွေကျောင်းသားသမဂ္ဂခေါင်းဆောင် လူငယ်များကို တရားခံပြေးအဖြစ်သတ်မှတ်ပြီး အမှုဖွင့်တရားစွဲဆိုရန်အတွက် စစ်ကောင်စီမှ ပြင်ဆင်နေပြီး ပါဝင်သူ မည်မျှကို တရားခံပြေးကြေညာမည်ကို မသိရသေးကြောင်းကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးမှ ပြောသည်။ ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား ဦးဆောင်ကျင်းပခဲ့ကြသည့် ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များအနေဖြင့် လွတ်လပ်၍ တရားမျှတသော တရားစီရင်ရေးစနစ်သို့ရောက်မှသာ အဖမ်းခံမည်ဖြစ်ကြောင်း ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးမှ ပြောသည်။“အဓိကကတော့ ပြည်သူတွေကို ပိုပြီး မုန်းတီးအောင် တမင်လုပ် တာဖြစ်တယ်။ ကျောင်းသားထုနဲ့ လူထုကို စိန်ခေါ်တာပဲဖြစ်တယ်။ ပြီးခဲ့တဲ့ NLD လက်ထက်မှာတုန်းကလည်း ရခိုင်မှာ စစ်ပွဲတွေ ဖြစ် အပြစ်မဲ့ပြည်သူတွေ အများကြီး အဖမ်းခံရတာတွေရှိတယ်။ အဲ့ကာလတုန်းကလည်း နိုင်ငံရေးအမှုတွေကို အချိန်ကြာကြီးစွဲ ထားပြီး သူတို့ အပြီးသတ်ချင်တဲ့အချိန်ကျမှ အမိန့်ချတာတွေလုပ်တယ်။ ဒါကလည်း စစ်အစိုးရရဲ့ ထုံးစံပါပဲ”ဟု ရခိုင်ပြည်ကျောင်း သားသမဂ္ဂမှ ပြောခွင့်ပုဂ္ဂိုလ်မှ စစ်အာဏာရှင်လက်ထက် တရားစီရင်ရေးနှင့် ပတ်သက်ပြီး ယခုကဲ့သို့ပြောသည်။

၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား ဦးဆောင်ကျင်းပခဲ့ကြသည့် ရက္ခိုင်ပြည် ကျောင်း သားသမဂ္ဂအဖွဲ့ဝင်များကို ဖမ်းဆီးထောင်ချရန် စစ်ကောင်စီက ကြိုးပမ်းနေသလို ယင်းအခမ်းအနားသို့ ဖိတ်ကြားချက် အရ တက်ရောက်ခဲ့သည့် ရခိုင်အမျိုးသမီးများကွန်ရက်၏ ဥက္ကဌဖြစ်သူ ဒေါ်ညိုအေးကိုလည်း စစ်ကောင်စီမှ နိုင်ငံတော်ဆူပူ အောင်လှုံဆောင်မှုဆိုင်ရာ ဥပဒေပုဒ်‌မ – ၅၀၅(ခ)ဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့က အမှုဖွင့်ကာ စစ်တွေမြို့တရားရုံးတွင် တရားစွဲဆိုထားသည်။“ဒေါ်ညိုအေး အဖမ်းခံရတာကတော့ မဖြစ်သင့်တဲ့ ကိစ္စရပ်ပါ။ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားတိုင်း မှာက သူတို့ရဲ့ အထိမ်းအမှတ်တွေရှိတယ်။ ဝမ်းနည်းဖွယ်နေ့တွေရှိပါတယ်။ ဒါတွေကို လုပ်တာနဲ့ပတ်သက်ပြီး ဖမ်းဆီးမယ် တရားစွဲမယ်ဆိုရင်တောင် ငြိမ်းစုစီနဲ့ပဲ ဖမ်းသင့်တာပါ။ အခုတော့ ပုဒ်မကြီးတွေ တပ်တာ ၅၀၅(က)တို့ (ခ)တို့နဲ့ စွဲတယ်ဆိုတာ မဖြစ်သင့်ကိစ္စပါ။ ကျွန်တော်တို့အနေနဲ့လည်း ဆရာမကြီး လွတ်မြောက်ဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမယ်။ စဉ်းစားထား တာတွေလည်းရှိပါတယ်”ဟု ဆန်ပြဿနာနေ့ ဦးဆောင်ကျင်းပခဲ့သည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ဒေါ်ညိုအေးဖမ်းဆီးတရားစွဲဆိုရခံခြင်းနှင့် ပတ်သက်ပြီး ယခုကဲ့ သို့ပြောသည်။ ဗိုလ်ချုပ်နေဝင်း၏ ဆိုရှယ်လစ်တစ်ပါတီ အာဏာရှင်ခေတ်တွင် ရခိုင်ပြည်နယ်၌ ဆန်ရှားပါးမှုကြောင့် အငတ်ဘေးကြုံခဲ့ရစဉ် ဆန်ရရှိရေးအတွက် ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်တွေဒေသခံများ တောင်းဆို ဆန္ဒပြခဲ့ရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သည့်အတွက် လူရာချီ သေဆုံးခဲ့ရသည်။  https://www.facebook.com/ photo/?fbid=865538024935587&set=a.776968607125863

၂၄။ CDF-Asho မှ တပ်သားသစ်ခေါ်ယူနေ၊ စစ်အာဏာရှင်စနစ်ကို မနှစ်သောမည်သူမဆို တာဝန်ထမ်းဆောင်နိုင်ဟုဆို
     September 14, 2023

မကွေးတိုင်းအခြေစိုက် CDF-Asho မှ အပတ်စဥ် ၃ စစ်သင်တန်းအတွက် တပ်သားသစ်များခေါ်ယူနေကြောင်း တာဝန်ခံ ဆလိုင်းရိုးချင်း က ပြောသည်။ စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ ၃၀ ရက်အထိ တပ်သားသစ်များ လျှောက်ထားနိုင်မည်ဖြစ်ကာ၊ လူမျိုး၊ ဘာသာ၊ ကျားမ ခွဲခြားသတ်မှတ်ခြင်းမရှိကြောင်း၊ စစ်အာဏာရှင်စနစ်ကို မကြိုက်နှစ်သက်သည့် အသက် ၁၆ နှစ်မှ အသက် ၄၀ အရွယ်အတွင်းရှိ မည်သူမဆို တာဝန်ထမ်းဆောင်နိုင်သည်ဟု ၎င်းက ဆိုသည်။ “ဒီတစ်ခေါက် CDF-Asho အနေနဲ့ အခြေခံစစ်ပညာသင်တန်းဖွင့်မှာကတော့ အပတ်စဥ် ၃ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ အပတ်စဥ် ၁ နဲ့ ၂ က ရဲဘော်တွေဆိုရင်လည်း လတ်တလော နွေဦးတော်လှန်ရေး ကာလမှာ ပေါ်လာတဲ့ တော်လှန်ရေး အဖွဲ့တွေကို သင်ပြပေးနေတဲ့ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့ကြီးတစ်ခုဆီမှာဘဲ အခြေခံစစ်ပညာသင်တန်းကို တက်ရောက်ပြီးတော့ အဖွဲ့မှာ တာဝန်ထမ်းဆောင်နေကြတာ ဖြစ်ပါ တယ်၊ တိုင်းရင်းသား အဖွဲ့ရဲ့ အမည်ကို တော့အခြေအနေရဖော်ပြလို့မရလို့ပါ”ဟု တာဝန်ခံ ဆလိုင်းရိုးချင်း က ပြောသည်။

လက်ရှိ  CDF-Asho အဖွဲ့သည် မကွေးတိုင်းဒေသကြီး အနောက်ခြမ်း၊ ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသည့် ရခိုင်ရိုးမပေါ် ရှိ Asho ချင်းလူမျိုးများ နေထိုင်ရာ ဇီးတုတ်တစ်ရာ၊ ငါးဖယ်၊ မင်းလှ၊ မင်းတုန်း၊ ပဲခူးတိုင်းတွင် ပတောင်း၊ဧရာဝတီတိုင်းတွင်​ ကြံခင်း၊ မြန်အောင်စသည့် မြို့နယ်များ၌ စစ်ကောင်စီကို တွန်းလှန် တိုက်ခိုက်နေကြောင်း ဆလိုင်းရိုးချင်းက ဆို သည်။ ” မြို့နယ် အားလုံးကို ခြုံငုံပြီး တိုက်ပွဲမဖော်ဆောင်နိုင်သေးပေမယ့်၊ မကွေးတိုင်း၊ ငါးဖယ်မြိုနယ် အနီးတဝိုက်မှာတော့ တိုက်ပွဲတွေဖော် ဆောင်နေပါတယ်” ဟု ဆလိုင်းရိုးချင်း က ပြောသည်။ CDF-Asho ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၁ရက်တွင် CDM ပြုလုပ် ထားသည့် ရဲ၊ စစ်သား၊ ကျောင်းဆရာဆရာမများ၊ကျောင်းသားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများအပြင် တော်လှန်ရေး စိတ်ဓာတ်ပြင်းထန်သော လူမျိုးစုံဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ https://www.facebook.com/photo/?fbid=865064004982 989&set=a.776968607125863

၂၅။ ဆီဆိုင်မြို့နယ် ဆန်ရောင်းဝယ်သူများကို မူလဆန်ပေါက်ဈေးထက်လျော့ပြီးရောင်းရမည်ဟု စစ်ကောင်စီဖိအားပေး
    September 14, 2023

သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူများ မူလဆန်ပေါက်ဈေးထက် လျော့ပြီးရောင်းရမည်ဟု စစ်ကောင်စီက ဖိအားပေးနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ်မှစပြီး ဆီဆိုင်မြို့နယ်အတွင်း ဆန် ရောင်းဝယ်ရေး ပွဲစားများနှင့် ဆန်စက်ပိုင်ရှင်များကို အစည်းအဝေးခေါ်ယူပြီး ဆန်ဈေးနှုန်း တည်ငြိမ်နိုင်ရေးအတွက် မူလပေါက် ဈေးရှိ ဆန်ဈေးနှုန်းကိုထပ်လျော့ပြီး ရောင်းချပေးရမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်။ ဥပမာအားဖြင့် ဆန် တစ်ပြည်ကို ကျပ်ငွေ ၃,၅၀၀ ကျော်ရှိပါက စစ်ကောင်စီမှ သတ်မှတ်ထားသည့် ဆန်ဈေးနှုန်းအတိုင်း တစ်ပြည်လျှင် ကျပ်ငွေ ၂,၅၀၀ အောက် ဈေးနှုန်း လျော့ပြီး ရောင်းချရမည်ဖြစ်ကြောင်း ပုံးအင်းဆန်စက်ပိုင်ရှင်တစ်ဦးကပြောသည်။“ဆန်ဈေးနှုန်းတည်ငြိမ်နိုင်ဖို့အတွက် မြို့နယ် ဆန်စက်အသင်း ဉက္ကဌကနေ ဦးဆောင်ပြီး ဆန်တွေကို ပေါက်ဈေး ထပ်လျော့ပြီး ရောင်းချပေးမယ်လို့ ပြောတယ်။ တခြားကုန် ပစ္စည်းတွေ မလျော့ဘဲ ဆန်ဈေးတစ်မျိုးကို လျော့လို့တော့ အဆင်မပြေပါဘူး “ ဟု ၎င်း ဆန်စက်ပိုင်ရှင်က ပြောသည်။

လက်ရှိ ကုန်ဈေးနှုန်း အစစအရာရာ အဆမတန်မြှင့်တက်နေသည့် ကာလအတွင်း စစ်ကောင်စီသည် ဆန်ဈေးနှုန်း ထိန်း ချုပ်နိုင်ဖို့ ကြိုးစားရာ ဆန်ရောင်းဝယ်သူများအပေါ် ဖိအားပေးလာခြင်းဖြစ်ကြောင်း၊ ထိုသို့ မလိုက်နာပါက ရဲတပ်ဖွဲ့များကို အာဏာပေးပြီး ဆန်စက်များကို နိုင်ငံတော် အာဏာပိုင်အဖြစ် သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။ အလားတူ ဆီဆိုင်မြို့နယ် အတွင်း ဆန်စက်ပိုင်ရှင်များအား ရန်ပုံငွေအတွက်ဆိုပြီး ဆန်စက်တစ်ရုံကို ကျပ်ငွေ ၃ သောင်းပေးဖို့အတွက် ညွှန်ကြားခဲ့သေး သည်။ ပုံးအင်းဒေသ ဆန်၊ စပါး ရောင်းဝယ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးက “ ဆန်က အရင်နှစ်တွေထက်ဈေးတက် လာတယ်လို့ ပြောချင်တာပေါ့။ ဒါပေမယ့် ငွေတန်ဖိုးနဲ့ ပြန်တွက်ရင် ဆန်ဈေးက မတက်ဘူး။ ကျနော်တို့ တောင်သူတွေလည်း လယ်လုပ်ဖို့ စရိတ်အများကြီး ကုန်ကျသေးတယ်။ ဈေးရလာတော့မှ ဈေးနှုန်းတက်တယ်လို့ ပြောလို့မရဘူးလေ “ ဟု ၎င်းက ဆိုပြန်သည်။ “ ဆန်က ပြည်တွင်းစားဖို့တောင်မှ နယ်ကျော်သယ်ခွင့်မပြုဘူး။ ပြည်နယ်လက် မှတ်ပါမှ သယ်လို့ရမယ်တဲ့။ အခု ကျနော်တို့ သာမာန်ပြည်သူတွေ သယ်ခွင့်မရဘူး။ သက်ဆိုင်ရာ လူကြီးတွေရဲ့ ဆက်စပ်သူတွေပဲ လုပ်စားနေကြတာ။” ဟု တောင်ကြီး ဆန်ကုန်သည် စိုင်းစိုင်း (အမည်လွှဲ) က ပြောသည်။ https://burme se.shannews.org/archives/36712

၂၆။ ခခူး အူးမားဂါး ဒေသခံတွေ အစားအသောက်ပြတ်လပ်ဒဏ် ကြုံတွေ့နေရ
   September 14, 2023

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် မလိခမြစ်အရှေ့ဘက်ခြမ်းဒေသမှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာမှာ လမ်းပန်း ဆက် သွယ်ရေး ခက်ခဲတဲ့အပြင် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဆန်တစ်အိတ်ကို သယ်ယူပို့ဆောင်ခအပါအဝင် ၃ သိန်းကျော်အထိ ကုန်ကျနေလို့ ဒေသခံပြည်သူများ အစားသောက်ပြတ်လပ်ဒဏ်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိမိုးတွင်း ကာလ ကုန်စျေးနှုန်းတက်နေချိန် ဆန်ဝယ်စားနိုင်ဖို့ ခက်ခဲနေကြတဲ့အပြင်  ပြီးတဲ့ခဲ့ ၂၀၂၂ ခုနှစ်က တောင်ယာခင်းများ ကြွက်ကပ် ဘေးဆိုးရွားစွာကျရောက်ခဲ့တာကြောင့် အဲ့ဒီဒေသတစ်လျှောက်မှာနေထိုင်ကြတဲ့ ဒေသခံပြည်သူများဟာ တောင်ယာထွက် စပါး များ ရယူသိုလှောင်နိုင်တာ မရှိခဲ့ဘူးလို့ သိက္ခာတော်ရ ဆရာဂျာယော်က ပြောပါတယ်။“ဒီနှစ်တော့ ကြွက်ဘေးအရမ်းမဆိုး တော့ ပေမဲ့ အစားအသောက်အရမ်းခက်ခဲတယ်။ ဆန်စျေးအရမ်းတက်သွားတော့ နည်းနည်းပါးပါးရှာဖွေစုဆောင်းထားတဲ့ ငွေလောက်က ဆန်ဝယ်စားပြီးကုန်ပြီ အဲ့လို ဒုက္ခရောက်နေတယ်” လို့ ပြောပါတယ်။

ခက်ခဲနေတဲ့ ဒေသတွေကတော့ မလိခရန် ၀လောင်(Mali Hkrang Walawng)ထဲက ရှနိန်ခရန် (Shaning hkrang) ၊ ထိန်ဘူကောင့် ( Htingbu Kawng) ၊ ဖော့လန်း ( Hpaw Lang) ၊ အင်ခိုင်း (Nhkrai) စတဲ့ဒေသကျေးရွာတွေနဲ့ အင်မိုင်၀လောင် ( Mali Nmai wa lawng) ထဲက အင်ဘောင့်ဒူ( Nbau Du) ၊ အင်ဒွပ်ကထောင် ( Ndup Kahtawng)၊ အင်ပေါန် (Npawn mare) စတဲ့ ကျေးရွာဒေသတွေ ဖြစ်ပြီး အရင်ကတည်းက လမ်းပန်းဆက် သွယ်ရေး အလွန်ခက်ခဲတဲ့နေရာတွေဖြစ်တယ်လို့ အဲဒီဒေသ တာဝန်ကျတဲ့ ခရစ်ယာန်အမှုတော်ဆောင် သိက္ခာတော်ရ ဆရာ ဂျာယော်က ပြောပါတယ်။ တောင်ယာစိုက်ပြီး အသက်မွေးဝမ်း ကြောင်းရတဲ့ ကချင်တောင်ပေါ်ဒေသခံတွေဟာ လာမယ့် တစ်နှစ်စာ ရိက္ခာအတွက် နှစ်စဉ် စိုက်ပျိုးရေးကနေ စုဆောင်းထားရ တာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ တောင်ယာစိုက်ခင်အားလုံး ကြွက်ဘေးအန္တရယ်ကျရောက်ခဲ့လို့ စပါးစုစောင်း နိုင်ခြင်းမရှိခဲ့တာလို့ ဆိုပါတယ်။ “မနှစ်ကစပါးတွေအားလုံး ကြွက်တွေစားပေးလိုက်တာဆိုတော့ ဒီနှစ်က အခုချိန်ဆို တချို့ ဒေသ ကျေးရွာတွေဆို ဆန်တောင်မရတော့ ထမင်းတောင်မစားနိုင်တာတွေရှိတယ်။ မြစ်ကြီးနားကနေ ဆန်တင်ယူရင် မြို့မှာ ၁ သိန်းခန့် ဟိုဘက်ရောက်ရင် ၂ သိန်းလောက်ရှိတယ်။ သယ်ယူခနဲ့ ဘာနဲ့ဆို အားလုံး ၃ သိန်း ကျော်ကုန်ကျရတယ်။ ဆန်တစ်အိတ် ဝယ်စားနိုင်ဖို့တောင် တော်တော်အားစိုက်ရုန်းကန်ရမှ စားသောက်နိုင်တယ်။ လောလောဆယ်တော့ အဲ့လိုပဲဖြစ်နိုင်သလို ကျော် ဖြတ်နေကြတယ်။”လို့ ခခူးအူးမားဂါး(Uma Ga) ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။  https://burmese. kachinnew s.com/2023/09/12/ld1-61/

၂၇။ တနင်္သာရီတွင် စစ်ကောင်စီအမြောက်တပ် ပစ်ခတ်သဖြင့် ဘုန်းကြီးကျောင်း‌ထိမှန်
    September 14, 2023

တနင်္သာရီမြို့နယ်မှာ ကျေးရွာတချို့ပေါ်ကို စစ်ကောင်စီအမြောက်တပ်က စက်တင်ဘာ ၁၃ ရက် ည ၆ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်းတဆောင် လက်နက်ကြီး ထိမှန်ခဲ့တယ်လို့ ဒေသခံပြည်သူတွေ ဆီက သိရပါတယ်။ စစ်ကောင်စီရဲ့ ၃၀၆ အမြောက်တပ်ရင်းကနေ လက်နက်ကြီးတွေ ၁ဝ ချက် ပစ်ခတ်ခဲ့တာဖြစ်ပြီး အနောက် မော်တုန်းကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းဆောင်ရဲ့ အမိုးပေါ် လက်နက်ကြီး‌ ထိမှန်ခဲ့တာလို့ ဆိုပါတယ်။ ညနေ ၅ နာရီခွဲ လောက်ကလည်း အဲဒီအမြောက်တပ်ကနေပြီး အနီးအနားဝန်းကျင်ရှိ နေရာတချို့ကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပါသေးတယ်။

အနောက်မော်တုန်းရွာခံတဦးက “၃၀၆ အမြောက်တပ်ရင်းကနေ ပစ်နေတာ။ ဘုန်းကြီးကျောင်း ခေါင်မိုးပေါ်မှာ တလုံး ကျတယ်။ မော်တုန်းရွာဘက်တော့ ၁၀ လုံးလောက်ရှိတယ်။ တခြားရွာတွေဘက်လည်း ပစ်တယ်။ ဘယ်ဘက်ကို ပစ်နေလဲ တော့ မသိဘူး။ လက်နက်ကြီးပစ်သံတော့ ကြားနေရတယ်” လို့ ပြောပါတယ်။ စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်ကလည်း ဗောဓိကမ်း တံတားဦး တောင်ပေါ်စခန်းကနေ ဘန်လောကျေးရွာဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပြီး ဘန်လောကျေးရွာမှာ နေအိမ် တလုံး ပျက်စီးခဲ့ကာ ဒေသခံပြည်သူတွေ အများစုလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ညောင်ပင်ကွင်းကျေးရွာအနီးရှိ ၅၆၁ တပ်ရင်းထဲကနေ တပ်သားတဦး လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးသွား‌ ပြီးနောက် လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်လာတာ ဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။ https://burme se.dvb.no/post/614947

၂၈။ ရခိုင်က မိန်းကလေးငယ် ၈ သောင်းကျော်ကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးမည်
     September 14, 2023

ရခိုင်ပြည်မှ အသက် ၉ နှစ်နှင့် ၁၂ နှစ်ကြား မိန်းကလေးငယ် ၈ သောင်းကျော်အား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို လာမည့်စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျောင်းအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ပြီး အောက်တိုဘာ လတွင် ကျောင်းပြင်ပမှ မိန်းကလေးငယ်များအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်မားရေး တာဝန်ရှိသူများထံမှ သိရသည်။ သားအိမ် ခေါင်းကင်ဆာရောဂါမှာ အမျိုးသမီးများ အဖြစ်များသည့် ရောဂါတစ်ခုဖြစ်၍ ကာကွယ်ဆေးကို ဂရုတ စိုက် ထိုးနှံသင့်ကြောင်း ပုဏ္ဏားကျွန်းမြို့၊ ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ အောင်စစ်ထွန်းက ပြောသည်။“မိန်းမတွေမှာ ကင်ဆာရောဂါတွေ တော်တော် များများ ဖြစ်ကြတယ်။ အဲဒီထဲမှာ ဒီသားအိမ်ခေါင်းကင်ဆာ ရောဂါက အဖြစ်အများဆုံးဖြစ်တယ်။ ဒါကြောင့် ဒီရောဂါ ကာကွယ် ဆေးကို ထိုးကို ထိုးရမယ်။ နောက်တစ်ချက်က ဒီဆေးကို အပြင်မှာထိုးရင် စရိတ်ကြီးမားတယ်။ ဒါကြောင့် ကျန်းမာရေးဌာနက ထိုးပေးတဲ့အချိန်မှာ ပိုပြီး ဂရုတစိုက်ထိုးသင့်တယ်” ဟု ဒေါက်တာ အောင်စစ်ထွန်းက ပြောသည်။ သားအိမ်ခေါင်းကင်ဆာ ရောဂါ သည် လိင်မှတစ်ဆင့် ကူးစက်တက်သည့်ရောဂါဖြစ်ပြီး အရွယ်မတိုင်မီ အိမ်ထောင်ပြုသူများ၊ အိမ်ထောင်ဆက်များသည့် အမျိုးသမီးများတွင် အဖြစ်များလေ့ရှိကြောင်း သိရသည်။

အသက်ငယ်ရွယ်သည့် မိန်းကလေးများကို ကာကွယ်ဆေးထိုးပေးထားခြင်းဖြင့် သားအိမ်ခေါင်းရောဂါ ဖြစ်ပွားစေသည့် Human Papilloma Virus (HPV) သားအိမ်ခေါင်းကင်ဆာ ဗိုင်းရပ်စ်ပိုးကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်း‌ လျှော့ချနိုင်မည်ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ ယခုထိုးနှံပေးမည့် ကာကွယ်ဆေးမှာ HPV ဗိုးရပ်စ် ပိုးအမျိုးမျိုးရှိသည့် အနက် အဓိကရောဂါဖြစ်စေသည့် ၄ မျိုးကို ကာကွယ်နိုင်ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ် ပေးနိုင်ကြောင်း သိရသည်။ မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းမှာ ကောင်းမွန် သည့်အတွက် အရေးတစိုက် ထိုးနှံသင့်ကြောင်း စစ်တွေမြို့၊ မောလိပ်ရပ်ကွက်မှ မအေးနွယ်က ပြောသည်။“အခုလို မိန်းကလေး တွေအတွက် သားအိမ်ခေါင်းကင်ဆာ ထိုးပေးတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ဒီဆေးကို ပေါ့သေးသေးမဟုတ်ဘဲ အရေး တစိုက်ထိုးပေးစေချင်တယ်။ မိဘတွေက ဆေးဆိုရင် အန္တရာယ်ရှိမလားဆိုပြီး မထိုးခိုင်းကြဘူး။ ဆေးရဲ့အာနိသင်ကို သေချာပြော ပြပြီး မိန်းကလေးတွေကို အကုန်လုံး ဒီရောဂါမဖြစ်အောင် ထိုးပေးစေချင်တယ်” ဟု သူကပြောသည်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို သုံးကြိမ်ထိုးပေးရမည်ဖြစ်ပြီး ပထမအကြိမ်ကို အသက် ၉ နှစ်နှင့် ၂၆ နှစ်ကြား မိန်းကလေးများအနေဖြင့် မည်သည့်အချိန်တွင် ထိုးနှံခဲ့သည်ဖြစ်စေ ဒုတိယအကြိမ်ကို တစ်လအကြာတွင် ထပ်မံထိုးပေးရသည်။ တတိယအကြိမ်ကို ပထမ ထိုးနှံပြီး ၆ လကြာအတွင်းတွင် ထိုးနှံပေးခြင်းအားဖြင့် ရောဂါအား အပြည့်အဝ ကာကွယ်နိုင်မည်ဖြစ်သည်ဟု ကျန်းမာရေး အသိုင်းအဝိုင်းမှ သိရသည်။ https://www.facebook.com/photo/?fbid=697478692425730&set=a.643209801185953

၂၉။ ဇနီးကို အပိုင်းပိုင်းခုတ်သတ်သည့်ခင်ပွန်း အလုပ်ကြမ်းနှင့်ထောင်ဒဏ်တစ်သက်ချမှတ်ခံရ
    September 14, 2023

ဖားကန့်မြို့တွင် ဇနီးဖြစ်သူအား အပိုင်းပိုင်းခုတ်သတ်ခဲ့သည့် အမျိုးသားကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက် တကျွန်းချမှတ်လိုက်ကြောင်း သိရသည်။ မော်ဝမ်းရပ်ကွက်ရှိ ရွှေရောင်လင်း (စားသောက်ဆိုင်) ပိုင်ရှင်အမျိုးသမီးကို ဓားဖြင့်ခုတ် သတ်ခဲ့သည့် ဦးမျိုးမင်းဇော်ကို ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က မိုးညှင်းခရိုင်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု သေဆုံးခဲ့သူ၏ မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ “မမိုင်းမိုင်းကို မသတ်ခင် မူးယစ်ဆေးဝါးလည်း သုံးစွဲထားတယ်လို့သိရတယ်။ လူသတ်မှုဆိုတာ ထင်ပေါ်နေမှတော့ ဒီပြစ်ဒဏ်ချမှတ်လိုက်တာက မှန်ကန် ပါတယ်”ဟုပြောသည်။ ကျူးလွန်ခဲ့သူ အသက် ၃၃ နှစ်ခန့်အရွယ်ရှိ ဦးမျိုးမင်းဇော်ကို အခင်းဖြစ်ပွားပြီးနောက် ဖားကန့်မြို့မ ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီး ခြောက်လအကြာတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ရာဇသတ်ကြီးပုဒ်မ (၃၀၂) သည် လူသတ်မှုပုဒ်မဖြစ်ပြီး ပြစ်ဒဏ်အတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း(နှစ် နှစ်ဆယ်)ဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း သိရ သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ညက လင်မယားချင်းစကားများရန်ဖြစ်ရာမှ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဒေါ်ဆောင်းဆွေ (ခ) မိုင်းမိုင် ဆိုသူမှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာနှင့် ဦးခေါင်းကွဲသည့် ဒဏ်ရာတို့ဖြင့်သေဆုံးခဲ့ခြင်း ဖြစ်သည်။ https://www.facebook.com/photo/?fbid=62574935641 9403&set=a.5358674054 07599

၃၀။ ကော်သူးလေအာမီတပ်ဖွဲ့ဝင် ၁၆ ဦး လက်နက်အပြည့်အစုံနှင့်အတူ ပြန်လာပူးပေါင်းသည်ဟု KNU ပြော                 September 14, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေရှိ ကော်သူးလေ အာမီ (KTLA) တပ်ဖွဲ့ဝင်(၁၆)ဦးသည် ပြီးခဲ့သည့် စက်တင်ဘာလ ၃ နှင့် ၄ ရက်နေ့များတွင် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မ တော် -KNLA တပ်ရင်း(၁၂)ထံ လက်နက်အပြည့်အစုံနှင့်အတူ ပြန်လာပူးပေါင်းသည်ဟု ကေအဲန်ယူတပ်မဟာ(၄) ဘက်က ပြောသည်။ အဆိုပါ ပြန်လည်ပူးပေါင်းလာသည့် ကော်သူးလေအာမီ တပ်ဖွဲ့ဝင်(၁၆)ဦးသည် တနင်္သာရီ အခြေစိုက် ဆာကဆောတပ်မမှ ဗိုလ်အယ်ခွီး(ခ)ကော်လာဖိုး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များဖြစ်ပြီး နယ်မြေခံ KNLA တပ်ရင်း(၁၂) နှင့် ပြန်လည်ပူးပေါင်းလိုက်ခြင်း ဖြစ်သည်ဟု KNLA တပ်မဟာ(၄) တပ်မှူးတစ်ဦးက ပြောသည်။ ၎င်းက “အရင်က သူတို့က အယ်ခွီးလူတွေပါ။ နောက်တော့ ဒီဘက်တပ်ရင်း ၁၂ နယ်မြေထဲမှာ ပြန်ပို့တာ။ သူတို့ကို ဦးဆောင်တဲ့တပ်ရင်းမှူးက ဖိုးခွားလေး။ အခု ဒီဘက်ကို သူတို့ ပြန်ပြောင်း လာတယ်။ လက်နက် အပြည့်အစုံနဲ့ပါပဲ။ လောလောဆယ်တော့ သူတို့ကိုတော့ ဒီဘက်ကဘာတာဝန်မှ မပေးသေးဘူး။ ဒါပေမယ့် ဘက်တံဆိပ် တွေတော့ အကုန်ပြန်ပြောင်းလိုက်ပြီး။”ဟု ပြောသည်။

ဘိတ်ထားဝယ်ခရိုင် တပ်မဟာ(၄) ရှိ KNLA တပ်ရင်း(၁၀)နှင့် တပ်ရင်း(၁၂) နယ်မြေထဲတွင် ကော်သူး လေအာမီ-KTLA တပ်ဖွဲ့ဝင်များ ဝင်ရောက်လှုပ်ရှားသည့်နယ်မြေဖြစ်ပြီး လက်ရှိအချိန်တွင် တပ်ရင်း(၁၂) နယ်မြေအတွင်း KTLA တပ်ဖွဲ့များ လှုပ်ရှားမှုမရှိတော့ကြောင်းလည်း ၎င်း KNLA တပ်မှူး ဆက်ပြောသည်။ ၎င်းက “ KTLA က တပ်ရင်း(၁၂) နယ်မြေထဲမှာ မရှိတော့ ဘူး၊ တပ်ရင်း(၁၀) နယ်မြေထဲမှာ ရှိတော့တယ်။ (၁၂)နယ်မြေမှာတော့ တစ်လကျော်ကျော် ကျနော်တို့ နယ်မြေလှုပ်ရှားမှုလုပ် လိုက်တော့ တော်တော်လေးငြိမ်သွားတယ်။”ဟု ပြောသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း (၁၂) နယ်မြေထဲတွင် ပြီးခဲ့သည့် ဇူလိုင်လ (၁၉)ရက်နေ့တုန်းက KNLA စစ်ဘက်ရေးရာကွပ်ကဲမှူး ဗိုလ်မှူးစောဖိုးစီ စီးနင်းလာ သည့် ကားကို ကော်သူးလေအာမီ-KTLA ဘက်က ပစ်ခတ်သည့် အတွက် ဗိုလ်မှူးစောဖိုးစီနှင့် ရဲဘော်တစ်ဦးသေဆုံးခဲ့သေးသည်။ ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်တွင် KNU လက်အောက်ခံတပ်နှင့် ကော်သူးအာမီ-KTLA တပ်တို့အကြား ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခကို အမြန်ဆုံးဖြေရှင်ပေးရန် ဒေသခံ အရပ်သား ပြည်သူများက သဘောထားထုတ်ပြန် တောင်းဆိုမှုများရှိသည်။ https://kicnews.org/2 023/09/%e1%80%80%e1%80%b1%e1% 80%ac%e1%80%ba%e1%80%9e%e1%80 %b0%e1

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button