(No. 71, September 5, 2023)
၁။ နွေဦးတော်လှန်ရေးကို လူထုရဲ့ဘဝပေးအသိနဲ့ ဆင်နွှဲနေတာလို့ PNFC ဥက္ကဌ ဦးခွန်မြင့်ထွန်း ပြော
September 4, 2023
လက်ရှိ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ အလွှာ အတန်းစား ပေါင်းစုံမှ ပြည်သူလူထုတွေက ဘဝပေးအသိနဲ့ ဆင်နွှဲ နေတဲ့ လူထုတော်လှန်ရေး ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC ဥက္ကဌ ဦးခွန်မြင့်ထွန်း ကပြောပါတယ်။ အခုလို ပြောဆိုရတာဟာ ဒီကနေ့ တော်လှန်နေကြတဲ့ လူထုဟာ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်၊ ပါတီ အဖွဲ့အစည်း တစ်ခုက ဦးဆောင် သိမ်းသွင်းစည်းရုံးလို့ တော်လှန်ရေးကို ဆင်နွှဲနေတာမဟုတ်တာကြောင့် ဖြစ်တယ်လို့ သူကပြောပါတယ်။“စစ်အုပ်စု ရဲ့ မတရားမှုတွေနဲ့ကြုံရတဲ့အခါမှာ ပြန်ချမှရမယ်ဆိုတဲ့ဟာနဲ့ ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ရေးကိုဆင်နွှဲတာဖြစ်တယ်။ ဒါကျွန်တော်တို့ ပြေးစရာမြေ မရှိတဲ့ဘဝမှာ ပြန်ချမှရမယ်ဆိုတဲ့ အသိနဲ့ ဒီကနေ့ လူထုဟာ လူထုရဲ့ဘဝပေး အသိနဲ့ ဒီနွေဦးတော် လှန်ရေးကို ဆင်နွှဲနေတာ ဖြစ်ပါတယ်” လို့ ဦးခွန်မြင့်ထွန်း ကပြောပါတယ်။ အခု ဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ အုပ်ချုပ်သူ အပြောင်းအလဲကို လိုချင်တာ မဟုတ်ဘဲ ခေတ်ပြောင်း စနစ်ပြောင်းတဲ့အထိ တော်လှန်ရမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
ဒီနွေဦးတော်လှန်ရေးကို လူမျိုးပေါင်းစုံ၊ လူထု လူတန်းစား ပေါင်းစုံ၊ အလွှာပေါင်းစုံက ဆင်နွှဲနေတာကြောင့် အမျိုးသား ညီညွတ်ရေး အတိုင်အပင်ခံ ကောင်စီ-NUCC နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ တို့ကို စုစည်း ဖွဲ့စည်းပြီး တော်လှန်ရေးမှာ ထဲထဲ ဝင်ဝင် ထိထိရောက်ရောက် ဆင်နွှဲနိုင်တာ ဖြစ်တယ်လို့ သူကရှင်းပြပါတယ်။ ဒါ့အပြင် လူထုတော်လှန်ရေး ဖြစ်တာကြောင့် မိမိရဲ့ သက်ဆိုင်ရာ လူထုလူတန်းစား အလွှာအသီးသီးအလိုက် လူမျိုး အလိုက်သော်လည်းကောင်း၊ ပြည်နယ် ဖက်ဒရယ် ယူနစ်အလိုက် သော်လည်းကောင်း၊ အစုအဖွဲ့အလိုက်သော်လည်းကောင်း၊ အစုအစည်းတွေဖွဲ့စည်းပြီးတော့ အမျိုးသားညီညွတ်ရေး အတိုင် အပင်ခံကောင်စီမှာ ပါဝင်ကာ တော်လှန်ရေးကို စုစုစည်းစည်း လုပ်ဆောင်နေတယ် လို့လည်း ဦးခွန်မြင့်ထွန်း ကပြောပါတယ်။ PNFC ဟာ နွေဦးတော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေတဲ့ ပအိုဝ်းအစုအဖွဲ့ဖြစ်ပြီး တိုက်ခိုက်ရေးတပ်ဖွဲ့အနေနဲ့ PNFC ရဲ့ ဦးဆောင်မှုကို ခံယူတဲ့ PPDF-ခမ်းဒွမ် နဲ့ PNDF-ခမ်းကောင်ကို စုဖွဲ့ကာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက် နေပါတယ်။ https://www.facebook.com/photo?fbid=331054785 947639&set=a.285900490463069
၂။ သေးဆူလဲ၊ ပူဖားကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိနဲ့ တပ်သား ၃၀ ကျော်သေဆုံးကြောင်း KNDF ထုတ် ပြန်
September 4, 2023
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် သေးဆူလဲနဲ့ ပူးဖားကျေးရွာမှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ အရာရှိအပါအဝင် တပ်သား ၃၀ ကျော်သေဆုံး တယ်လို့ KNDF က စက်တင်ဘာလ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲ့ဒီတိုက် ပွဲမှာ မနက် ၅ နာရီခွဲမှစ ၉ နာရီခွဲအထိ ကြာမြှင့်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးသူ ၃၀ ဦး အပါအဝင် ဒဏ်ရာရရှိသူများပြားပြီး ဦးတည်ရာမဲ့ ထွက်ပြေးသွားသူတွေလည်းရှိနေတယ်လို့ ဖော်ပြထားပါတယ်။ တိုက်ပွဲကနေ လက်နက်ငယ် မျိုးစုံ ၁၅ လက်နဲ့ ၆၀ မမ စိန်ပြောင်း ၂ လက် ၊ RPG-7 (၁)လက် ၊ ငါးကြင်းမြီး (၁ )လက် ၊ ဆက်စပ် ခဲယမ်းမီးကျောက်တွေ၊ ကျည်ဆံတွေ ၊ ဆက်သွယ် ရေးစက်တွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေကိုသိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ပွဲမှာ ကရင်နီတပ်မတော်(KA) ၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF) ၊ အလယ်ပိုင်းတိုင်း – ကရင်နီ(ကယား) စစ်ဒေသခွဲတပ်ရင်းများ ပူးပေါင်း စစ်ကြောင်း နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာလည်း သေးဆူလဲကျေးရွာနဲ့ ပူဖားကျေးရွာဖက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိနေပါတယ်။ https://www.facebook.com /photo/?fbid=699039645595944&set=pcb.699040288929213
၃။ မြဝတီခရိုင်ရဲရုံးကို KNLA ပူးပေါင်းတပ်တွေ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟို အတည်ပြု
September 4, 2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်ရဲရုံးကို KNLA တော်လှန်ရေးပူးပေါင်းတပ်တွေ ဒရုန်းနဲ့ ၂ ကြိမ် တိုက်ခိုက်ရာ စစ်ကောင်စီ လက်အောက်ခံ ၅ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး-KNU ဗဟိုကနေ စက်တင်ဘာ ၄ ရက် နေ့မှာ အတည်ပြုထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၃ ရက်၊ ညနေ ၆ နာရီ ခွဲဝန်းကျင်မှာ မြဝတီခရိုင်ရဲရုံးကို ဒရုန်းနဲ့ ပထမအကြိမ် တိုက်ခိုက်ရာ ရဲရုံး အစည်းအဝေးခန်းမကို ဗုံးတစ်လုံး၊ ခရိုင်ရဲမှူးအိမ်ဘေး တစ်လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ပထမတစ်ကြိမ် ဗုံးကျပေါက်ကွဲချိန် ထိခိုက်သူ မရှိပေမယ့် ညနေ ၇ နာရီမှာ မြဝတီခရိုင်ရဲမှူး ဦးစီးတဲ့ အဖွဲက လာရောက် စစ်ဆေး စဥ် ဒုတိယအကြိမ် ဒရုန်းနဲ့ ထပ်မံ ဗုံးကြဲခဲ့ရာ ခရိုင်ရဲရုံး ဆင်ဝင်အောက်ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီလက်အောက်ခံ ၅ ဦး သေဆုံးကာ ၅ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး နောက်ထပ် ၆ ဦးကတော့ သာမန်ဒဏ်ရာရခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
သေဆုံးသူတွေထဲမှာ မြဝတီ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခလရ (၂၇၅) ယာယီတပ်ရင်းမှူး အောင်ကျော်မင်း၊ ရဲအုပ် နေလင်းစိုး၊ ထွေ/အုပ် ဦးစီးအရာရှိ ဦးထွန်းထွန်းညိမ်းနဲ့ ထွေ/အုပ် အကြီးတန်းစာရေး ဦးပြည့်ဖြိုးအောင် တို့ ပါဝင်တယ်လို့ သိရပါတယ်။ ပြင်းထန်ဒဏ်ရာရသူ ၅ ဦးကတော့ ဒုရဲမှူးကြီး အောင်ထက်ဝင်း၊ ဒုရဲမှူး မျိုးဝင်း၊ ရဲဒုတပ်ကြပ် မျိုးမင်းသော်၊ ဒုရဲမှူး ထွန်းထွန်းနိုင် နဲ့ ဒုရဲအုပ် သက်ခိုင်တို့ ဖြစ်ပြီး သာမန်ဒဏ်ရာရသူ (၆) ဦးကတော့ ဒုရဲအုပ် လွင်မိုးဦး၊ ဒုရဲအုပ် ဝင်းကျော်စိုး၊ ရဲတသ ကျော်ဖြိုးဝင်း၊ ဒုတက ဝေယံဦး၊ ရဲတသ ထွန်းလင်းဦးနဲ့ ရဲဒုတက ပြေသိန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူတွေကို မြဝတီဆေးရုံမှာ ဆေးကုသပေးခဲ့ရာက လက်ရှိမှာတော့ ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံကို ပြောင်းရွှေ့ကုသ နေသူတွေရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။ https://www.facebook.com/photo?fbid=33121 0675932050&set=a.285900490463069
၄။ ဘီးလင်းတွင် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၃ ဦးကျဆုံး
September 4, 2023
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ အထပ်သားစက်ရုံအနီးမှာ စက်တင်ဘာ ၄ ရက်နေ့ မနက် ၈ နာရီ လောက်က စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်း စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက် ထိခိုက်သေဆုံးသူ ရှိပြီး တော်လှန်းရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။ ရန်ကုန်- မော်လမြိုင်ကားလမ်း အတိုင်း မြဝတီမြို့ကို စစ်ကူသွားရောက်မဲ့ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေချိန် စစ်ကောင်စီတပ် က လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့တာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ တော်လှန်းရေး တပ်ပေါင်း စု တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “စစ်ကောင်စီယာဉ်တန်းဖြတ်မယ်ဆိုတာကို သတင်းအတိအကျရထားလို့ ကင်းပုန်းဝပ်ပြီး ကြားဖြတ်တိုက်ခိုက်ဖို့ စောင့်နေတာ။ စကစဘက်က ဘယ်လိုသတင်းရသွားလဲ မသိဘူး။ လက်နက်ကြီးနဲ့ အရင်ပစ်တာ။ စကစ ဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေတော့ မသိရသေးဘူး။ ကျနော်တို့ဘက်က လောလောဆယ် ၃ ယောက်ကျတယ်။ စစ်တပ်ဘက်က စစ်ကူကားတွေထပ်ရောက် လာတော့ အင်အားမမျှတာနဲ့ ပြန်ဆုတ်ခဲ့ရတယ်။ ကျန်တာက သွားကြိုတဲ့အဖွဲ့တွေ ရောက်မှ သိရမယ်”လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတုန်း စစ်ယာဉ်တန်းတွေရောက်ရှိလာပြီး တင့်ကားတွေက လက်နက်ကြီးတွေ ထပ်မံပစ်ခတ်ခဲ့တာ ကြောင့် အလူးကျေးရွာအပါအဝင် အနီးအနားကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အပြင် ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်တွေ ခေတ္တခဏရပ်နားခဲ့ရတယ်လို့ အလူးကျေးရွာ သားတဦးကပြောပါတယ်။ https://www.facebook.com/photo/?fbid=63064926584274 5&set=pcb.630649329176072
၅။ ဒီးမော့ဆိုမှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တိုက်လေယာဥ်တွေနဲ့ ဆက်တိုက် ဗုံးကြဲနေ
September 4, 2023
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက ဒီကနေ့ တိုက်လေယာဥ်တွေနဲ့ ဆက် တိုက် ဗုံးကြဲနေတယ်လို့ ဒီးမော့ဆို PDF နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒီးမော့ဆိုမြို့နယ်ထဲမှာ တပ်စွဲ ထားတဲ့ စစ်တပ်စခန်း ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ပြီးနောက် အခုလို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတာလို့ ဆိုပါတယ်။ “ဟိုရက်က စခန်း ၂ ခု သူတို့ (စစ်ကောင်စီ) ပေးလိုက်ရတယ်လေ။ အထိလည်းနာ၊ လက်နက်တွေ လည်း ပေးလိုက်ရတယ် ဆိုတော့ မဲတဲ့ သဘောပါပဲ။ ၄ ကြိမ်လောက်တော့ ရှိပါပြီ”လို့ သူကရှင်းပြပါတယ်။
စစ်ကောင်စီက တိုက်ပွဲ နေရာတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေပြီး တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတဲ့ ဒီးမော့ဆို အနောက်ခြမ်းက စစ်ရှောင်ကျေးရွာတွေကို လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဩဂုတ်လ ၂ ရက်ကစပြီး ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီက အင်အားအမြောက်အများသုံးကာ ထိုးစစ်ဆင်နေပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ https://w ww.facebook.com/ photo/?fbid=331146039271847&set=a.285900490463069
၆။ ရွာငံဒေသမှာ စစ်ကောင်စီတပ်ကို PDF ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
September 4, 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နွားဘန်ကြီး တောတွင်းကို အင်အား ၃၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ရွာငံ ပြည်သူ့ကာကွယ်ရေးတပ်-YPDF က ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၄ ဦး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ -YPDF တာဝန်ရှိသူက ပြောပါတယ်။ စက်တင်ဘာ ၄ ရက်၊ မနက် ၁၁ နာရီမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ကြောင်း ၄ ခုနဲ့ တောထဲ ၀င်လာတဲ့ အထဲက နောက်ဆုံး စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း ၂ ဖက် တပ်တွေ ၁၈ ပေခန့်သာ ကွာဝေးတာကြောင့် စစ်ကောင်စီတပ်သား သေဆုံးမှုကို မျက်မြင် အတည်ပြုနိုင်တယ်လို့ YPDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ “ကျနော်တို့ ရှေ့မှာတင် ၄ ယောက်က ပွဲချင်းပြီးတာ မြင်လိုက်ရတာပေါ့နော်။ အဲဒီမှာ ၃ ယောက် ကလည်း ပွိုင့်မိပြီးတော့ ကျနော်တို့ မြင်လိုက်ရတဲ့ အချိန်မှာပဲ နောက်လူတွေကို လက်ယပ်ခေါ်နေတာ တွေ့တယ်ပေါ့နော်။ အဲဒီမှ ၄ ယောက်က မလှုပ်မယှက် မြေပြင်မှာ လှဲပြီးတော့ လုံးဝ မလှုပ်တော့ဘူးပေါ့နော်။ သေသွားတာပေါ့” လို့ သူကရှင်းပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေ အဓမ္မ ဖမ်းခေါ်ထားတဲ့ ရွာခံပြည်သူတွေကလည်း စစ်သား ၄ ဦး သေဆုံးပြီး ၈ ဦးထက် မနည်း ဒဏ်ရာရရှိကြောင်း သတင်းပို့လာတယ်လို့ သူက ထပ်ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ အလောင်းတွေနဲ့ ဒဏ်ရာရ တပ်သားတွေကို လူနာတင်ကားတွေနဲ့ လာရောက် သယ်ဆောင်သွားရာ ဘယ်ဆေးရုံကို ခေါ်သွားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။ အခုလို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာဟာ ပျူစောထီးတွေ လမ်းပြမှုကြောင့်ဖြစ်ပြီး လက်ရှိ နွားဘန် ကြီး တောတွင်းမှာ တပ်စွဲထားဆဲလို့ သိရပါတယ်။“ကျနော်တို့က နောက်ထပ် စစ်ဆင်ရေးတွေလည်း ဖော်ဆောင်နေမှာပဲပေါ့။ စခတွေ မကုန်မချင်း မသေမချင်း တိုက်ထုတ်သွားမှာပဲလို့ ကတိပြုပါတယ်” လို့ YPDF ပြန်ကြားရေး တာဝန်ခံက ဆက်ပြောပါ တယ်။ https://www.facebook.com/photo?fbid=3311314226 06642&set=a.285900490463069
၇။ ပေါင်ရဲစခန်းက ရဲတပ်သား ၁ ဦးပစ်သတ်ခံရ
September 4, 2023
မွန်ပြည်နယ်၊ ပေါင်မြို့၊ မိုင်းနိုင်းရပ်ကွက်မှာပေါင်မြို့မရဲစခန်းက ရဲတပ်သား ၁ ဦးပစ်သတ်ခံရတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်မှာ ဆိုင်ကယ်နဲ့တစ်ဦးတည်းလာတဲ့ ရဲတပ်သား ကိုကိုလွင်ကို လက်နက် ကိုင် အဖွဲ့တခုက အနီးကပ်ပစ်ခတ်သွားတာပါ။ ပစ်ခတ်ခံရလို့ ရဲတပ်သားကိုကိုလွင်မှာ ညာဘက်ဝမ်းဗိုက် ၄ ချကိ၊ ဝဲရင်အုံ ၁ ချက်၊ ညာဘက်ရင်အုံ ၁ ချက်၊ နဖူး ၁ ချက်အပါအဝင် သေနတ်ဒဏ်ရာ ၁၁ ချက်ရပြီး နေရာမှာဘဲ သေဆုံးသွားပါတယ်။ “မိုးနိုင်ဘက် ကနေ ရဲစခန်းကို ပြန်ရာမှာ ပစ်ခံရတာ။ သူက မိုးနိုင်းနယ်ထိန်းလေ။ သူ့ကိုစောင့်ကြည့်နေတဲ့သဘောရှိတယ်။ သူပြန်တဲ့အချိန်ကို သိတာဆိုတော့”လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းက ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်လမ်းမှာ သထုံကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ ဇင်းကျိုက်နယ်မြေရဲစခန်းက ရဲတပ်သား၁ဦးလည်း ပစ်သတ်ခံရ လို့ သေဆုံးသွားပါသေးတယ်။ https://www.facebook.com /photo?fbid=653013403600480&set=pcb.653013496933804
၈။ ရွှေကူမြို့မရဲစခန်း ဒရုန်းဖြင့် ဗုံးပစ်တိုက်ခိုက်ခံရ
September 4, 2023
ရွှေကူမြို့နယ်၊ အမှတ် ၃ ရပ်ကွက်ရှိ မြို့မရဲစခန်းကို စက်တင်ဘာ (၄)ရက်နေ့ နံနက် ၇ နာရီခန့်က မောင်းသူမဲ့ ယာဉ် ငယ်ပေါ်မှ ဗုံးသုံးလုံးထက်မနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ ရွှေကူမြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များက သတင်းမပေါက်ကြားစေရန် ကြိုးပမ်းလျက်ရှိပြီး ထိခိုက်သေဆုံးမှုအခြေအနေကို မသိရကြောင်း ပြောသည်။ “ရွှေကူရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးသုံးလုံး လာချတယ်။ မြို့ထဲကရဲစခန်း။ သူတို့က နည်းနည်းလုံတယ်ဗျ။ ထိခိုက်မှု ကိုက ရဲစခန်းထဲကလူတွေကိုက အုပ်(သတင်းဖုံး) ထားတာဗျ” ဟုပြောသည်။ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် ဖွဲ့ဝင်များက ရွှေကူမြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ ရေလဲကျေးရွာနှင့် ဆင်တပ်ကျေးရွာများဘက်သို့ ၆၀ မမနှင့် လက်နက်ငယ် များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ကာလအတွင်း အသက်အန္တရာယ်ကျရောက်နိုင်မည်ကို သိရှိစေရန် ခြိမ်းခြောက်သည့် အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။“မြေပုံကနေထောက်ကြည့်မယ်ဆိုရင် အလံ တိုင်ဘေးနားက အမိုးအပြာရောင်နဲ့တိုက်အသစ် မျက်နှာစာအရှေ့ကို တစ်လုံးနဲ့ တိုက်ပေါ်ကိုနှစ်လုံးကျတယ်။ အဓိက တိုက်ခိုက် တာကလည်း သူတို့ထိခိုက်၊ သေစေချင်တာထက် ခြိမ်းခြောက်မှု တစ်ခုပေးတာပေါ့နော်။ သူတို့စစ်ကောင်စီထဲမှာ ဆက်ပြီး နေထိုင်နေမယ်ဆိုရင် အချိန်မရွေး သူတို့စီမှာ အသက်အန္တရာယ်ရှိတယ်ဆိုတာကို ပြချင်တာ” ဟုပြောသည်။ ရွှေကူမြို့မရဲစခန်း သည် နှစ်လအတွင်း ဗုံး ၁၆ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော ရွှေကူမြို့၊ ကျောက်ကြီးကျေးရွာရှိ ရဲစခန်းကိုလည်း စက်တင်ဘာလ ၁ ရက်နေ့က မြို့လှ KPDF တပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။ https://www.facebook.com/photo/?fbid=620355333625472& set=a.535867405407599
၉။ ဖာပွန်မှာ တစ်လအတွင်း တိုက်ပွဲ ၁၅၀ နီးပါးဖြစ်ပွား
September 4, 2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ ဩဂုတ်လအတွင်း တိုက်ပွဲ ၁၄၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က စက်တင်ဘာလ ၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီတပ်နဲ့ KNU လက် အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ သြဂုတ်လအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ၉၆ ကြိမ် ပစ်ခတ်ခဲ့ပြီး၊ လေယာဉ်နှစ်စင်းနဲ့ ဗုံးလေးလုံး ကြဲချခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၈၈ ဦးသေဆုံးခဲ့ပြီး ၅၇ ဦး ဒဏ်ရာရခဲ့ကာ KNLA ဘက်က ငါးဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည် နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေအတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်တွေအကြား တိုက်ပွဲပေါင်း တစ်သောင်းကျော် ဖြစ်ပွားခဲ့ပြီး အရပ်သားခြောက်သိန်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ KNU ရဲ့ စာရင်းတွေအရ သိရပါတယ်။ https://www.facebook.com/photo/?fbid=697288479099224&set=a.58 3637430464330
၁၀။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မုန်းမြို့ ဒေသခံ(၁)ဦးသေဆုံး၊ (၆)ဦး ဒဏ်ရာရ
September 4, 2023
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် အတွင်းရှိ ကျေးရွာ(၃)ခု စက်တင်ဘာလ(၃)ရက်နေ့က စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုခံရသဖြင့် ဒေသခံတစ်ဦး သေဆုံးပြီး (၆)ဦး ထိခိုက်ဒဏ်ရာရ ရရှိခဲ့ကြောင်းသိရသည်။ မုန်းမြို့နယ်၊ ငထွေစုတ်ရွာ၊ မျက်ရဲ(ကရင်)နှင့်(ဗမာ)ရွာတို့တွင် စစ်ကောင်စီ၏ လေ ကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့သော ဒေသခံ(၇)ဦးမှာ ငထွေစုတ်ရွာသားများဖြစ် သည်ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။“မျက်ရဲရွာအခြေအနေတော့ မသိရဘူး။ မနေ့ကနေ့လည်ပိုင်းက မျက်ရဲကိုအရင်လေယာဉ် လာကြဲတာ နောက်မှ ငထွေစုတ်ကို လာတော့ ပြေးမမီလိုက်တော့ဘူး။ တိုက်ပွဲဆိုတာ သစ်ချဆိပ်တိုက်ပွဲရဲ့ နောက်ဆက်တွဲလို့ပဲ ပြောရမှာပေါ့ မနေ့ကတိုက်ပွဲဖြစ်တယ်လို့ မကြားမိဘူး။ ” ဟု ၎င်းက ပြောသည်။ ထို့အပြင် စစ်ကောင်စီ၏ လေကကြောင်းမှ (၃)ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ငထွေစုတ်ရွာမှ နေအိမ်(၁၀)လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရသလို အထက်ပါကျေးရွာ(၃)ရွာမှ ဒေသခံများ နေအိမ်စွန့်ခွာ ထွက်ပြေး နေရသည်ဟုလည်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
“ရွာခံတွေက ပြေးလည်းဘေးက ရွာတွေကိုပဲပြေးရတာ ဒီထက်ပြေးစရာနေရာလည်း မရှိတော့ဘူး။ အဲ့ဒီ ငထွေစုတ်ဘေး ကရွာတွေပဲပေါ့။ ကျောက်ကြီးဘက်လည်း တချို့ပြေးကြတယ်။ မျက်ရဲရွာမှာဆိုလည်း နေတဲ့သူမရှိတော့ဘူး ပြောတယ်။” ဟု အမည်မဖော်လိုသူဒေသခံ တစ်ဦးကလည်း လက်ရှိအခြေအနေကို ပြောပြသည်။ ပြီးခဲ့သည့် ဩဂုတ်လ(၃၁)ရက်နေ့က ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်-KNDO နှင့် ပူးပေါင်းတပ်များ မုန်းမြို့နယ်ရှိ စစ်ကောင်စီ၏ သစ်ချဆိပ်တပ်စခန်းအား တိုက်ခိုက် သိမ်းယူစဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် သာမက လေကြောင်းဖြင့်ပါ ပစ်ကူ တိုက်ခိုက်ပေးလာသောကြောင့် မျက်ရဲကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာပေါင်း (၂၆) ရွာမှ ဒေသခံများ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရကြောင်း ကေအဲန်ယူကလည်း စက်တင်ဘာလ(၂)ရက် နေ့စွဲဖြင့် သတင်း ထုတ်ပြန်ထားသည်။ https://kicnews.org/2023/09/%e 1%80%9c%e1%80%b1%e1%80%80%e1%80%bc%e1%80%b 1%e1%80%ac%e1
၁၁။ အင်းလေးမှာ ဖမ်းခံရတဲ့ မိသားစုဝင် ၄ ဦးထဲက သားနဲ့သမီးဖြစ်သူ ပြန်လွတ်လာပေမယ့် မိဘ ၂ ဦးနဲ့ အဆက် အသွယ်မရသေး
September 4, 2023
ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ သပြေပင်ကျေးရွာအုပ်စု အမှတ် ၃ ရွာမှာ ရွာငံ PDF ဆက်စပ်မှုနဲ့ ဖမ်းဆီး ခံလိုက်ရတဲ့ မိသားစုဝင် ၄ ဦးထဲက သားနဲ့သမီးဖြစ်သူ ပြန်လွတ်လာပြီလို့ ကျေးရွာနေ ပြည်သူတွေဆီကနေ သိရပါတယ်။ ၎င်းတို့ မိသားစုဝင်တွေဟာ ဩဂုတ် ၂၈ ရက် ညနေပိုင်းက ဖမ်းဆီးခံရတာဖြစ်ပြီး ဩဂုတ် ၃၁ ရက် မနက်ပိုင်းမှာ ကျောင်းအုပ်ကြီးရဲ့ ကူညီမှုကြောင့် ပြန်လွတ်လာတာလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။“ကျောင်းအုပ်က သွားထုတ်ပေးတာ။ ယောင်္ကျားလေး တွေ တက်တဲ့ ကျောင်းကပေါ့။ ယောင်္ကျားလေးက ၉ တန်း။ မိန်းကလေးက ကျောင်း မတက်တော့ဘူး။ ကျောင်းသားပါလို့ပြောပြီး သွားထုတ်ရတာပေါ့။ သိန်း ၄၀ တော့ ယူသွားပေမယ့် တစ်ပြားမှ မပေးခဲ့ရဘူး” အသက် ၁၈ နှစ်အရွယ် သမီးဖြစ်သူနဲ့ အသက် ၁၅ နှစ်အရွယ် သားဖြစ်သူကို ညောင်ရွှေ ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က အပေါ့အပါး သွားခွင့်နဲ့ ရေသောက်ခွင့်တွေ မပေးခဲ့ဘူးလို့ ဆိုပါတယ်။
လတ်တလောမှာ သူတို့ရဲ့ မိဘ ၂ ပါးဖြစ်တဲ့ ဦးအောင်မျိုးဝင်း၊ ဒေါ်မြဝင်းတို့ကို တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ် (ရပခ)ရဲ့ စစ်ကြောရေးစခန်းမှာ ချုပ်နှောင်ထားတယ်လို့ နီးစပ်သူတွေက ပြောဆိုထားပေမယ့် သီးခြားအတည်မပြုနိုင်သေး ပါဘူး။ ဆွေမျိုးနီးစပ်သူတစ်ဦးက “အခြား စစ်ကြောရေးဆိုရင်တော့ ပြဿနာ မရှိဘူး။ ရပခ စစ်ကြောရေးဆိုရင်တော့ ကြမ်း တယ်။ အခန့်မသင့် သေနိုင်တယ်။ စခန်းမှူးကတော့ ရပခလို့ ပြောပေမယ့် သူလည်း သေချာမသိဘူး။ မိသားစုနဲ့လည်း အဆက် အသွယ်မရ။ သေလား ရှင်လားလည်း မသိရ။ ရုံးထုတ်တာ စောင့်ရမှာပဲ။ မထုတ်လာရင်တော့ ဆုံးပြီလို့ သတ်မှတ်ရတော့မယ်” လို့ ပြောပါတယ်။ ဦးအောင်မျိုးဝင်း၊ ဒေါ်မြဝင်းတို့ ဇနီးမောင်နှံ ၂ ဦးဟာ ရွာငံ PDF ဆက်စပ်မှုနဲ့ CDM တွေကို နေအိမ်တွင်း ခိုလှုံခွင့် ပေးမှု စတဲ့စွဲချက်တွေနဲ့ ဖမ်းဆီးခံရတာဖြစ်ပြီး လတ်တလောမှာ မိသားစုဝင်တွေနဲ့ အဆက်သွယ် မရသေးတာကြောင့် စိုးရိမ်ပူပန် နေကြတယ်လို့ ဆိုပါတယ်။ https://www.faceboo k.com/photo/?fbid=627332676240667&set=a.404503215190282
၁၂။ ခန္တီးစစ်ဗျူဟာတွင် နာဂ PDF အဖွဲ့ အလင်းဝင်ရောက် ဟု စကစ လော်ပီ သတင်းအဖွဲ့များက ဝါဒဖြန့်
September 4, 2023
ဩဂုတ်လ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ခန္တီးမြို့တွင် စစ်ကောင်စီ အဖွဲ့က ကြီးမှူးပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF များ အလင်းဝင်ရောက်လာသည် ဟု ဆိုကာ ကြိုဆို လက်ခံခြင်း အစီအစဉ်တရပ် ပြုလုပ်ခဲ့သည်။ ၂၀၂၃ မတ်လ အစောပိုင်းက ENNO/ENDA အဖွဲ့၏ တပ်သားသစ်စုဆောင်းရေး စီမံချက် ခေါင်းစဉ်ဖြင့် ဖမ်းဆီးခဲ့သော လူငယ်များထဲမှ လေရှီးမြို့နယ်နဲ့ လဟယ်မြို့နယ်များက လူငယ်အချို့ ထွက်ပြေးလွတ်မြောက်လာကာ သူတို့၏ နေရပ်အသီးသီးသို့ ပြန်လည် ရောက်ရှိနေကြ သည်ကို ဒေသသတင်းရင်းမြစ်များကတဆင့် သိရသည်။ ၄င်းတို့ကို စစ်ဆေးမေးမြန်းရန် ရှိသည်ဟု ဆိုကာ ဟုမ္မလင်းနှင့် ခန္တီးတို့ မှာ ခေါ်ယူကာ လူစုခဲ့ပြီး PDF များအလင်းဝင်ခြင်း ခေါင်းစဉ်နဲ့ ခရိုင်အဆင့်အခမ်းအနားကို ခန္တီးမြို့တွင် ပြုလုပ်ခဲ့သည့်စတင်းအား စကစလော်ဘီ သတင်းစာမျက်နှာများတွင် ဖော်ပြထားသည်။“ရောက်နေကြတာ ကြာပြီ။ စစ်ကောင်စီကမေးစရာ ရှိတယ် ဆိုပြီး ဟုမ္မလင်း ဖက် ခေါ်သွားတယ် ပြောတာပဲ။ ဟုမ္မလင်းကနေ ပြန်ရောက်ပြီလားမသိဘူး” လို့ လေရှီးမြို့ခံ တစ်ဦးက ဆိုသည်။
ဖားကန့်ဖမ်းဆီးခံ လူငယ်များမှာ လေရှီးမြို့နယ်က အများစု ဖြစ်ပြီး ကျောက်မှော်တွင် အလုပ်လုပ်ရန် ရောက်လာကြ သော လူငယ်များကို အဓ္မဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ လဟယ်မြို့ နယ်မှ လူငယ်အချို့ကိုလည်း ရွှေမှော်နဲ့ ကျောက်မှော်သို့ အသွား လမ်းခရီးမှာ ဖမ်းဆီးခဲ့ခြင်း ဖြစ်တယ် လို့ အဲဒီဒေသတွေရဲ့ သတင်းရင်းမြစ်များက ပြောပါတယ်။ ဖမ်းဆီးခံ လူငယ်တွေထဲကမှ လဟယ်မြို့နယ်မှ ၄ ယောက်နဲ့ လေရှီးမြို့နယ် က ၂ ယောက် ထွက်ပြေးလွတ်မြောက်လာတာ ဖြစ်တယ်ကြောင်း လဟယ်သတင်း ရင်းက ပြောပါတယ်။“သူတို့က မှတ်ပုံတင်တောင်ပါမလာဘူး။ ထွက်ပြေး လာကြတာလို့ပြောတယ်။ လဟယ် ၄ ယောက်က တော့ တိုက်တီးဘက်အသွားစက်လှေပေါ်မှာအဖမ်းခံရတာလို့ပြောတယ်။ ENNO ဆိုတာကတော့ သေချာတယ်။ မှတ်ပုံတင်က သူတို့ဆီမှာသိမ်းထားတယ်တဲ့။ ခန္တီးကို လေယာဉ်နဲ့ခေါ်လာပြီး ဗျူဟာမှာ စီစဉ်တယ်လို့ကြားတယ်။ လေရှီး ၂ ယောက်ကိုလည်း ခန္တီးဖက် တိုက်ရိုက်မခေါ်ပဲ ဟုမ္မလင်းဖက် လှည့်ခေါ်တာတော့ ဖြစ်နိုင်ခြေများပါတယ်” လို့ ဆိုပါတယ်။ စကစ လော်ဘီများဟာ လူထုများတော်လှန်ရေးအပေါ် စိတ်ပျက်အားလျော့လာစေရန်သတင်းအမှားများဖြန်ချီခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ရပ်တည် ချက် ယုံကြည်ချက်ကို ပုံဖျက်ရန် မှားယင်းသော ဝါဒဖြန့်ခြင်းတို့အတွက် ရည်ရယ်ရွယ်ချက်ရှိရှိ အသုံးချကာ သတင်းမှားများ ဖန်တီးခြင်းတို့အား လုပ်ဆောင်လာနေသည်ကို တွေ့ရသည်။ https://www.facebook.com/photo/?fbi d=23827657254162 4&set=pcb.23827 6942541587
၁၃။ AA မှ ဖမ်းဆီးထားသူအများစု မိသားစုနှင့် အဆက်သွယ်မရသေး
September 4, 2023
ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ရက္ခိုင့်တပ်တော် ULA/AA မှ ALP မှ ရဲဘော်တစ်ချို့အပါအဝင် လူတစ်ချို့ ကိုဖမ်းဆီးမှုရှိခဲ့ ပြီးနောက် ထိုအထဲမှ အများစုမှာ မိသားစုနှင့် အချိန်ကြာမြင့်စွာ အဆက်သွယ်မရဘဲ ရှိနေကြောင်း မိသားစုဝင် များက ပြောသည်။ ULA/AA အနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ အတွင်းက စစ်မှူးထမ်းဟောင်း တစ်ဦးဖြစ်သည့် ကျောက်တော်မြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဦးဝင်းနိုင်၊ သြဂုတ်လအတွင်းက ALP မှ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနှင့် အ တူ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်၊ မြောက်ဦးမှဆရာတော်ကြီး ၄ ပါးဖြစ်သည့် မြိုဦးခေါင်းဆရာတော် ဘဒ္ဒန္တဝဏ္ဏသာရ တို့ကိုဖမ်းဆီးမှုတို့ရှိခဲ့သည်။ ထို့အပြင် နန်းမြို့စာသင်တိုက်ဆရာတော် ဘဒ္ဒန္နကေသရ၊ လကွယ်တောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္နထေရဝံသ၊ ပြင်စျေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မပီယ တို့နှင့် အောက်တိုဘာလအတွင်းက AFP ပါတီမှ အမတ် ဟောင်း ဦးကျော်လွင်နှင့် ဒုဥက္ကဋ္ဌ ဦးကျော်ဇောဦး တို့ကိုဖမ်းဆီးမှုတို့ရှိခဲ့သည်။ ထိုသူများထဲမှ မြောက်ဦးမှ ဆရာတော်ကြီး ၄ ပါးမှာ ဖမ်းဆီးခံရသည့်နေ့မှစ၍ ယနေ့အချိန်ထိအဆက်သွယ် တစ်စုံတစ်ရာမရရှိဟု ဆရာတော်ကြီးများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ဘာအဆက်သွယ်မှမရပါဘူး။ AA ဖမ်းသွားတယ်ဆိုတာလောက်ပဲသိတာ။ တစ်ခြားဘာမှမသိရဘူး။ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာတောင်မသိရဘူး” ဟုပြောသည်။
ALP မှ ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်းနှင့်အတူဖမ်းဆီးခံရသည့် စစ်တွေမြို့စက်ရုံစုရပ်ကွက်မှ အဋ္ဌမတန်း ကျောင်းသား မောင်စိုးမင်းနိုင်နှင့် ပတ်သက်၍လည်း အဆက်သွယ်ရရှိခြင်းမရှိဟု မိခင်ဖြစ်သူကဆိုသည်။ ULA/AA အနေဖြင့် ALP တပ်ဖွဲ့ဝင် များနှင့် ဆက်စပ်သူများကိုဖမ်းဆီးရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီနှင့်ပူး ပေါင်းကာ ပြည်သူလူထုကို သစ္စာဖောက်နေ၍ ဖြစ် သည်ဟု ရက္ခိုင့်တပ်တော်မှ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားမှုရှိပြီး တစ်ခြားသူများနှင့် ပတ်သက်၍မှု လက်ရှိအချိန်ထိ ထုတ်ဖော် ပြောဆိုလာမှုတို့မရှိသေးပေ။ AFP ပါတီမှ ဦးကျော်လွင်နှင့် ဦးကျော်ဇော်ဦးတို့မှာလည်း မိသားစုနှင့်အဆက်သွယ်မရ ဘဲ ဦးကျော်လွင်မှာမူ ရံဖန်ရံခါမိသားစုဝင်များထံသို့ဆက်သွယ်လာမှုတို့ရှိသည်ဟု သိရသည်။ AFP ပါတီမှ ထိပ်ပိုင်းခေါင်းဆောင် များ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ပါတီ၏ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင် က သူတို့နှစ်ဦးအားလွှတ်ပေးသင့်ကြောင်းနှင့် လွှတ် ပေးရန် တောင်းဆိုမှုတို့ ရှိခဲ့သော်လည်း လက်ရှိအချိန်ထိဖမ်းဆီးခံ ထားကြရဆဲပင်ဖြစ်သည်။ https://www.facebook.com/p hoto/?fbid=738999484906147&set=a.682731 67199566
၁၄။ စစ်ရှောင်စခန်း စာသင်ကျောင်းအနီးကို လေယာဥ်ဗုံးကြဲမှုကြောင့် ကလေးတွေ ကျောင်းမလာရဲကြ
September 5, 2023
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင်း စစ်ရှောင်စခန်း တစ်နေရာကို အကြမ်းဘက် စစ်ကောင်စီက သြဂုတ်လ (၃၁) ရက်နေ့မှာ တိုက်လေယာဥ် (၂)စီးနဲ့ လာရောက်ပစ်ခတ်လို့ စာသင်ကျောင်းတစ်ကျောင်း အနည်းငယ် ထိခိုက်ပျက်ဆီးကာ လူ တစ်ဦးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ချိန်မှာ ကျောင်းသူကျောင်းသားဦးရေရဲ့ တစ်ဝက်ကျော်လောက်က စိုးရိမ်ပြီး လာမတက်ကြဘူးလို့ တာဝန်ခံ ကျောင်း ဆရာတစ်ဦးက ပြောပါတယ်။“ဒီလေယာဥ် စစလာကျဲတဲ့ ရက်ကနေ့ပြီး ကျနော်တို့ (၄) ထိလောက် ပိတ်လိုက်တယ်။ တနင်္လာနေ့မှ ပြန်တက်ဖို့ ပြောပြထားတယ်ပေါ့နော်။ တချို့ကျတော လာတက်ကြတယ်။ လာမေးကြတယ်။ ကျောင်းဖွင့်တယ်လို့။ လာတက်ကြပါတယ်။ တစ်ဝက်လောက်တောင် မရှိဘူးပေါ့နော်။ ကျန်တဲ့တစ်ဝက်ချိုးချိုးလောက်က လာမတက်ကြဘူး”လို့ အဆိုပါကျောင်းရဲ့ တာဝန်ခံ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။
“အရင်ကတည်းက ကျနော်တို့ ကြားခဲ့ရတယ်ပေါ့နော်။ စာသင်ကျောင်းတွေကို သူတို့အဓိက ပစ်မှတ်ထားတယ်။ ကျနော်တို့ကျောင်းက ကလေးတွေကကြောက်ကြတယ်။ လေယာဥ်သံကြားပြီဆိုရင်ပြေးကြတယ်။ ဒါမျိုးတွေကအရင်ကတည်း က ရှိခဲ့တယ်။ ဖြစ်ခဲ့တယ်ပေါ့နော်။ ခုလာကျဲသွားတဲ့အခါကျတော့ သူတို့စိတ်ထဲမှာ ပိုပြီးတော့ ကြောက်သွားတာပေါ့။ ကျောင်း ဆိုတာကြီးကို ကြောက်သွားတယ်။ လာမယ်ဆိုရင်လာကျဲမလားဆိုတဲ့ စိတ်မျိုးတွေကကချောက်ကချားဖြစ်ကုန်တယ်”လို့ အဆို ပါ ကျောင်းဆရာကဆက်ပြောပါတယ်။ ကျောင်းသားမိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို စိုးရိမ်ပြီး ခြံထဲသွားရတဲ့ အချိန်တွေ မှာတောင် ခေါ်သွားကြတယ်လို့ ဆိုပါတယ်။ စာသင်ကျောင်းနဲ့ အိမ်နီးချင်းကပ်လျက်မှာရှိနေတဲ့ ကျောင်းသား မိဘ တစ်ဦးက တော့ သူ့ရဲ့ကလေး ပညာမတတ်မှာကို စိုးရိမ်ပြီး ကလေးကျောင်းတက်တဲ့ ရက်တိုင်းကို စောင့်ကြည့်ပေးနေရတယ်လို့ ပြောပါ တယ်။“စိုးရိမ်တာတော့ အရမ်းစိုးရိမ်တယ်။ ကျောင်းနဲ့နီးတော့ အသံကြားတာနဲ့ပြေးသွားခေါ်မယ်လို့ပဲ တွေးထားတာပေါ့။ ငယ် သေးတယ် ပညာလိုချင်တယ်ဆိုရင်တော့ ထားပေးရမှာပဲ။ တကယ်လို့ မထားရင်လည်း ပညာမတတ်လူ ဖြစ်သွားမှာ စိုးလို့။”လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။ https://www.kan tarawaddytimes.org/%e1%80%85%e1%80%85%e1%80% ba%e1%80%9b%e1%80%
၁၅။ စစ်ကောင်စီက ရိုဟင်ဂျာတွေကို မူလနေရပ်ပြန်နေခွင့်နဲ့ လွတ်လပ်စွာ သွားလာခွင့်ပေးဖို့ ကတိမပေး
September 4, 2023
ရန်ကုန်အခြေစိုက် သံရုံးအကြီးအကဲတွေနဲ့ စစ်ကောင်စီတာဝန်ရှိသူတွေ ရခိုင်က ရိုဟင်ဂျာကျေးရွာနဲ့ဒုက္ခသည် စခန်းတ ချို့ ဆီလာခဲ့ကြပေမယ့် ဒုက္ခသည်တွေ တောင်းဆိုနေကြတဲ့အချက်တွေကို လိုက်လျောပေးဖို့ ကတိပေးခဲ့တာတော့မရှိဘူးလို့ စစ်ကောင်စီဝန်ကြီးတွေနဲ့တွေ့ခွင့်ရခဲ့တဲ့ရိုဟင်ဂျာတချို့ကပြောပါတယ်။“သေချာတော့အများကြီးတင်ပြလို့မရလိုက်ဘူး။ သူတို့ ကခဏလေးပဲရောက်လာကြတာ”လို့ သက္ကေပြင်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဒုက္ခသည်တဦးကပြောပါတယ်။ စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း တို့အပါအဝင် နိုင်ငံတ ကာသံရုံးတာဝန်ရှိသူတွေဟာ စက်တင်ဘာ ၁ရက်မှာစစ်တွေမြို့နယ်က ရိုဟင်ဂျာရွာတချို့နဲ့ သက္ကေပြင် ဒုက္ခသည်စခန်းတို့ကိုသွားခဲ့ကြပါတယ်။ “သူတို့က လူဦးရေစာရင်းမေးတယ်။ ကျွန်တော်တို့က နိုင်ငံသားမှတ်ပုံတင်လုပ်ပေးဖို့ကိစ္စ၊ မွေးစာရင်းကိစ္စ၊ လွတ်လပ်စွာသွားလာခွင့်ကိစ္စ၊ ကျန်းမာရေးကိစ္စတွေ တင်ပြကြတယ်။ မှန်ကန်ရင် မှတ်ပုံတင်လုပ်ပေးမယ်လို့ ပြော တယ်”လို့ အထက်ပါ ရိုဟင်ဂျာ ဒုက္ခသည်က ပြောပါတယ်။
ဒါပေမယ့် ဒုက္ခသည်တွေ တောင်းဆိုကြတဲ့ မူလနေရပ်မှာ ပြန်လည်နေရာချထားပေးဖို့နဲ့ လွတ်လပ်စွာသွားလာခွင့် ပေးဖို့ ကိစ္စတို့ကိုတော့ ထည့်မပြောသွားခဲ့ဘူးလို့ ဆိုပါတယ်။ “ကျွန်တော်တို့ လိုချင်တာက အဲဒါပဲ၊မူလနေရာမှာ နေချင်တယ်၊ စစ်တွေ ဆိုရင်လည်း နဂိုနေခဲ့တဲ့ နေရာအတိအ ကျ မဟုတ်ရင်တောင် စစ်တွေမြို့မှာ ပြန်နေခွင့်ရချင်တယ်၊ဒီမှာက စာသင်ရတာလည်း အဆင်မပြေဘူး၊ဟိုမှာရ ခိုင်လူ မျိုးတွေနဲ့ နှစ်ဦးနှစ်ဖက် သဟဇာတဖြစ်ဖြစ်နဲ့ ပြန်နေချင်တယ်”လို့ သက္ကေပြင်စခန်းက နောက် ထပ် ဒုက္ခသည် တဦးကပြောပါတယ်။ စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေကို မြို့ကူး၊ ရွာကူး သွားလာခွင့်တွေ ကန့်သတ်ထားပြီး သွားလာမယ်ဆိုရင် ငွေ ကြေးတောင်းခံတာတွေ လုပ်နေကြတယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောထားကြပါ တယ်။“သဲချောင်းစျေးမှာ ခဏလေးပဲ သူတို့ဓါတ်ပုံရိုက်ကြတာတွေ့လိုက်တယ်။စခန်းကိုလည်း မရောက်လာခဲ့ဘူး။ ကျွန်တော် တို့မှာ သူတို့ကိုတင်ပြဖို့ တောင်းဆိုစရာတွေအများကြီးရှိပါတယ်။ မိုခါမုန်တိုင်းနဲ့ အခက်အခဲတွေလည်း အများကြီးရှိနေတယ်။ အစိုးရဆီက အကူအညီက ဘာမှ မရသလိုပဲ။ နိုင်ငံသားကိစ္စတွေရောပဲ”လို့ သဲ ချောင်းရိုဟင် ဂျာဒုက္ခသည်စခန်းက ဒုက္ခသည် တဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် သိန်းချီတဲ့ ရိုဟင်ဂျာတွေဟာဘင်္ဂလားဒေ့ရှ် နိုင်ငံဆီ ထွက်ပြေးသွားခဲ့ကြရပါတယ်။ https://deltanewsagency.com/41962/
၁၆။ မတူပီ-ပလက်ဝ ကားလမ်းပေါ်ရှိ ခမ၇ (၃၀၄) ကို CDF တိုက်ခိုက်
September 5, 2023
ချင်းပြည်နယ်၊ မတူပီ- ပလက်ဝ ကားလမ်းပေါ်ရှိ မတူပီ အခြေစိုက် ခမရ ( ၃၀၄ ) တပ်ရင်းဂိတ်အား ဒေသခံ ချင်းဒေသ ကာကွယ်ရေးတပ် (CDF )က စက်တင်ဘာ ၄ ရက် နံနက် ၈ နာရီဝန်းကျင်တွင် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိ သည်။ CDF မတူပီတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက “ အခုတလော စစ်ကောင်စီဘက်မှာ တပ်ပြေးတွေ များနေတယ်။ အဲဒီလို ဖြစ်နေ တဲ့အချိန် ကျနော်တို့ ဘက်ကလည်း နယ်မြေ ကွင်းဆင်းတဲ့ သဘောနဲ့ ခမရ ၃၀၄ တပ်ရင်းဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့ တာဖြစ်တယ် ” ဟု ပြောသည်။ တိုက်ပွဲမှာ မိနစ် ၃၀ ခန့်ကြာမြင့်ကာ စစ်ကောင်စီဘက်မှ ၃ ဦးထိခိုက် ဒဏ်ရာများရရှိခဲ့ပြီး လက်ရှိ အချိန်တွင် စစ်ကောင်စီက မတူပီမြို့ပေါ်အား လုံခြုံရေးတင်းကျပ်ထားသလို မြို့ခံ လမ်းသွား ၊ လမ်းလာများကိုလည်း စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် အသွားအလာ သတိထားကြရန် မတူပီ CDF က ထုတ်ပြန် ထားသည်။ https://www.facebook.com/photo/?fbid=694998446006679&set=a.600722605434264
၁၇။ မိုးညှင်းတွင် သတင်းထောက်ဟောင်းတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ
September 4, 2023
အလွတ်တန်းသတင်းထောက်ဟောင်းနှင့် ဓါတ်ပုံတိုက်ပိုင်ရှင်တစ်ဦး ယနေ့ ညနေ ၄ နာရီခန့်က မိုးညှင်းမြို့တွင် ပစ်သတ် ခံခဲ့ရကြောင်း သိရသည်။ အရှေ့စုရပ်ကွက်တွင် နေထိုင်သည့် မင်းရာဇာတိုက်ပုံတိုက်ပိုင်ရှင် ဦးသန်းထွန်းအောင်က အမျိုးသမီး ဖြစ်သူနှင့်အတူ ဆိုင်ကယ်စီးလာချိန် လူရည်ချွန်ဘော်ဒါရှေ့အရောက်တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဖြစ်စဉ်ကိုသိရှိသည့် အမျိုးသားတစ်ဦးကပြောသည်။“သူ့အိမ်ကရွှေသာလျောင်းအရှေ့မှာ၊ အိမ်ရဲ့ဒီဘက်တစ်လမ်းမှာပစ်ခံရတာ။ မိန်းမကတော့ ဘာ မှမဖြစ်ဘူး”ဟုပြောသည်။ ဦးခေါင်းနှင့်ခြေထောက်တို့တွင် ကျည်ထိမှန်ဒဏ်ရာ ခြောက်ချက်ခန့်ရရှိခဲ့ပြီးနောက် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး လက်ရှိရုပ်အလောင်းကို မိုးညှင်းမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။
ဦးသန်းထွန်းအောင်သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မိုးညှင်းမြို့ရှိ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သူများနှင့် မကျေမလည်မှုများရှိခဲ့သည့်အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သတိပေးခြင်းကိုလည်း ခံထားရသူဖြစ်ကြောင်း အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။“အရင်ကတော့ ဗီဒီယိုရိုက်ကူးရေးတွေလည်းလုပ်တယ်။ ဆန္ဒပြတဲ့အချိန်တုန်းကလည်း နည်းနည်းပါးပါး ဆန္ဒပြတဲ့သူတွေနဲ့ ပဋိပက္ခဖြစ်ဖူးတယ်။ ဆန္ဒပြကတည်းက အကြိမ်ကြိမ် လုပ်ကြံ တာ သူ့အိမ်မှာဗုံးတွေခွဲ ဒီနေ့တော့ သွားပြီပါ့” ဟုပြောသည်။ မိုးညှင်း K-PDF တပ်ရင်းကလည်း ဦးသန်းထွန်းအောင်သည် ပြည်သူ့ တော်လှန်ရေး ဘက်ဝောာ်သားများကို အမျိုးမျိုးအဖုံဖုံ ဒုက္ခပေးနေသော စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦးဖြစ်သောကြောင့် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ https://www.facebook.com/photo/?fbid=620493170278355 &set=a.535867418740931
၁၈။ ကရင်နီထဲ ဩဂုတ်လအတွင်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်က ဒုဗိုလ်မှူးအဆင့်အပါအဝင် တရာကျော် သေဆုံး ပြီး လေးဆယ်ကျော် ဒဏ်ရာရ
September 5, 2023
ကရင်နီ (ကယား) ပြည်နယ်ထဲ ဩဂုတ်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ် (KNDF) တို့ တိုက်ပွဲ ၅၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၁၀ သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ KNDF က စက်တင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဩဂုတ်လဆန်းပိုင်းမှစပြီး စစ်ကောင်စီတပ်က ဒီမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပြီး စစ်ကောင်စီ တပ်မ ၅၅ လက်အောက်ခံတပ်ရင်းများက စစ်ကြောင်း ၃ ကြောင်းနဲ့ ဒီမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ငွေတောင်ရွာသစ်ကျေးရွာမှ ကဒါးလားကျေးရွာ၊ ထီသော်ကူးကျေးရွာနဲ့ ဒေါညေးခူကျေးရွာ စစ်ကြောင်းထိုးလာတာကြောင့် ကရင်နီ တော်လှန်ရေးပူးပေါင်း တပ်တွေနဲ့ နေ့စဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီမော့ဆို၊ ဖရူဆို တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ဒုဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ထိခိုက်သေဆုံးမှု များပြားခဲ့ ပြီး စစ်ကောင်စီလေတပ်က တိုက်လေယာဉ်များနဲ့ လေကြောင်းပစ်ကူ ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မယ်စဲ့မြို့နယ်ကို လက်လွတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီတပ်ဟာ မယ်စဲ့မြို့နယ် ပြန်လည်ရရှိရေးအတွက် ဖာဆောင်းမြို့နယ် ဘက်မှ စစ်ကြောင်းထိုးနေပြီး ကရင်နီ ပူးပေါင်းတပ်ဖွဲ့များနဲ့ ပန်တိန်းကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားလျက်ရှိနေပါတယ်။ ဒါ့အပြင် ဖယ်ခုံကနေ လွိုင်ကော်အထိ ဖြတ်သန်းသွားနေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ ပြုလုပ်နေတဲ့အပြင် နန်းမယ်ခုံ ကျေးရွာနဲ့ ဒေါငံခါးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုလည်း ကရင်နီပူးပေါင်းအဖွဲ့များက ချုံခိုတိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။ ဩဂုတ်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျ ဆုံးမှုများပြီး လေကြောင်းပစ်ကူ ၄၅ ကြိမ် အထိ ပြုလုပ်ခဲ့ကာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည် သူ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေး တယ်။ ဩဂုတ်လအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲများတွင် KNDF ဘက် ရဲဘော် ၅ ဦး ကျဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ https://www. facebook.com/photo?fbid=691238949711464&set=a.477257421109619
၁၉။ မူဆယ်အနီးမှာ စစ်ကောင်စီနဲ့ TNLA တပ်တို့ စစ်ရေးတင်းမာနေလို့ ဒေသခံတွေ နေရပ်မပြန်ရဲသေး
September 4, 2023
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် အတွင်းရှိ စယ်လန့်ကျေးရွာနဲ့ အနီးနားက ရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား စစ်ရေးတင်းမာနေတဲ့အတွက် နေရပ်မပြန်ရဲကြသေးဘူးလို့ ဒေသခံ တွေကပြောပါတယ်။“ အဓိကတော့ လက်နက်ကြီး ကြောက်လို့ မပြန်တာပေါ့။ ရွာမှာက လက်နက်ကြီးနဲ့ ခဏခဏပစ်ခံနေရ တော့ ဘယ်လိုမှ မနေရဲကြဘူး ” လို့ စယ်လန့် ဒေသခံတဦးက ဆိုပါတယ်။ လက်တလောမှာ စယ်လန့်ရွာ အနီးနားမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စယ်လန့်၊ ဂေါင်ရာရွာသစ်၊ မန်ကန်၊ မိုင်းဆတ်၊ ပန်ဟုပ်၊ နမ့်ကန်ရွာနဲ့ ဖိုင်ကျောင်းရွာက ဒေသခံ နှစ်ထောင် ကျော်လောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ ” စစ်ရှောင်တွေ ရွာမပြန်ကြသေးဘူး။ တချို့ ကတော့ ကိုယ်အိမ်ကို ခဏတဖြုတ် ပြန်ကြည့်တာမျိုးတော့ ရှိတယ်။ ကလေးတွေနဲ့ လူကြီးတွေကတော့ အခုထိ စစ်ရှောင်နေရ တုန်းပဲ ” လို့ အဲဒီဒေသခံက ပြောပါတယ်။
စယ်လန့်ကျေးရွာ ဒေသခံတွေဟာ မူဆယ်မြို့ ဟိုနား၊ စွမ်စော်ရပ်ကွက်နဲ့ နမ့်ခမ်းမြို့နယ်၊ တုန်ခွမ်ရွာ တွေဖက်ကို ထွက် ပြေးတိမ်ရှောင်ရတာ ရှိသလို ဆွေမျိုးနီးစပ်တော်တဲ့ သူတွေဆီကိုလည်း ခဏသွားနေတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။ “ တရွာလုံး ထွက်ပြေးလာကြတာမျိုးတော့ မဟုတ်ဘူး၊ လူငယ်တွေကတော့ အိမ်စောင့်ရင်းနဲ့ ကျန်ခဲ့တာလည်း ရှိတယ်။ စစ်ရှောင်ရ တော့ အိမ်ကပစ္စည်းတွေ ကျွဲ၊ နွားတွေ ဒီအတိုင်းထားခဲ့ရတယ်လေ။ အဲဒါ့မပျောက်အောင် အစောင့်သဘော ကျန်ခဲ့တဲ့သူတွေ ရှိတယ် ” လို့ နောက်ထပ်ဒေသခံတဦးက ဆိုပါတယ်။ တရုတ်-မြန်မာနယ်စပ် TNLA တပ်မ ဟာ (၁) နဲ့ (၅) တည်ရှိရာ မူဆယ်မြို့နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ စက်တင်ဘာ ၂ ရက်နေ့အထိ နှစ်ဖက်တပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် နမ့်ဖက်ကာ ဒေသခံ အမျိုးသားနှစ်ဦးလည်း ဒီလအစော ပိုင်းက သေဆုံးခဲ့ပါသေးတယ်။ ရှမ်းမြောက်ဒေသမှာ ဇူလိုင်လ ၂၃ ရက်ကနေ စက်တင်ဘာလ ၂ ရက်အထိ တိုက်ပွဲပေါင်း ၃၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။ https://deltanewsagency.com/41971/
၂၀။ လုံနယ်ဝန်ကြီးအပြောင်းအလဲကြောင့်နယ်မြေအတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ကြောင်း KNU သုံးသပ်
September 4, 2023
ကရင်ပြည်နယ်အပါအဝင် ပြည်နယ်နှင့်တိုင်းလေးခုရှိ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများအား စစ်ကောင်စီက အစား ထိုးခန့်အပ်မှုလုပ်ဆောင်ခဲ့ခြင်းအပေါ်ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူထိန်းချုပ်နယ်မြေကော်သူးလေဒေသများအတွင်း စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနိုင်ကြောင်း အစည်းအရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက သုံးသပ်ပြော ဆိုသည်။ ပြီးခဲ့သည့် စက်တင်ဘာလ(၁)ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီဘက်မှ ထုတ်ပြန်လာသောအမိန့်စာတွင် ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းတွင် တာဝန်ထမ်းဆောင်နေသော နယ်လုံဝန်ကြီးများအား အစားထိုး ပြောင်းလဲခန့်အပ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ ကချင်ပြည်နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူး ကြီး အောင်ကြည်လင်းအစား ဗိုလ်မှူးကြီး ကျော်သူရ၊ ကယား (ကရင်နီ) ပြည်နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ အစား ဗိုလ်မှူးကြီး သန်းစိုးအောင်၊ ကရင်ပြည်နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်အစား ဗိုလ်မှူးကြီး မင်းသူကျော်၊ ချင်းပြည် နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင် အစား ဗိုလ်မှူးကြီးသိန်းထွန်းအောင်နှင့် မန္တလေးတိုင်းနယ်လုံဝန်ကြီး ဗိုလ်မှူး ကြီး ကျော်ကျော်မင်း အစား ဗိုလ်မှူးကြီး နေလင်းစိုးတို့အား ပြောင်းလဲခန့်အပ်လိုက်ကြောင်း ဖော်ပြထား သည်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “ဝန်ကြီးပြောင်းလဲလဲ၊ မလဲလဲ ကျနော် တို့ ကော်သူးလေဒေသထဲမှာ လတ်တလော သိရှိရတာကတော့ စစ်ရေးအခြေအနေကို သူတို့(စစ်ကောင်စီ)က ပြောင်းလဲချင် တဲ့သဘောရှိတယ်။ စစ်ရေးတိုး မြှင့်နေတဲ့ အနေအထားလည်း တွေ့ရတာပေါ့နော်။ နယ်လုံဝန်ကြီးပြောင်းလာလို့ ငြိမ်းချမ်းသွား တာကတော့ လုံးဝကိုမရှိဘူး၊ စစ်ရေးပိုပြီး တင်းမာလာနိုင်တဲ့အနေအထားရှိတယ်။”ဟု ပြောသည်။ ထို့အတူ စစ်ကောင်စီ၏နယ်လုံဝန်ကြီး များ ပြောင်းလဲမှု သည် ကရင်နီပြည်နယ် တစ်ခုတည်းသာမက ဒေသအလိုက်လိုအပ်ချက်အရ အပြောင်းအလဲလုပ် ဆောင်ခြင်းဖြစ်ပြီး စစ်ကောင်စီ ဘက်မှ ထိခိုက်ကျဆုံးမှုများသောကြောင့် စစ်ဆင်ရေးမဟာဗျူဟာအရ အပြောင်းအလဲလုပ်ဆောင်ခြင်းဟုယူဆကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) ၏အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်ကလည်း ယခုလိုပြောသည်။“ကျနော်တို့ ဒေသ ထဲမှာကတော့ စစ်ကောင်စီက စစ်ရေးပိုတင်းကြပ်တာတို့ အရှိန် အဟုန်မြှင့်တာတို့ အစွမ်းကုန်ဖြစ် နေပြီပဲလေ။ နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေ လေယာဉ်နဲ့ပစ်နေတာတွေ နောက်ပြီး စစ်ပွဲတွေမရှိဘဲနဲ့ ဒုက္ခသည်စခန်းတွေကို ပစ်ခတ်နေဝာာတွေ ရှိနေတာ ဆိုတော့ ဒီထက်လည်းပိုဆိုးလာနိုင်စရာမရှိတော့ဘူး”ဟု ဦးအောင်ဆန်းမြင့် က ပြောသည်။ https://kicnews.org/2023/09/%e1%80%9c%e1%80%af%e1% 80%b6%e1%80%94%e1%80%9a%e1%80%ba%e1%
၂၁။ ပလက်ဝ ဒေသတွင် ကုန်စည် ကန့်သတ်ချက်များ ဆက်ရှိနေဆဲ
September 5, 2023
ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ကုန်စည်ပို့ဆောင်ရာလမ်းကြောင်းတွင် စစ်ကောင်စီမှချမှတ်ထားသည့် ကုန်စည်ကန့် သတ်ချက်များ ဆက်ရှိနေဆဲဖြစ်ပြီး ကုန်ဈေးနှုန်းများလည်း ဆက်လက်မြှင့်တက်လျှက် ရှိနေကြောင်း ဒေသတွင်းနေထိုင်သူများ ကပြောသည်။ ပလက်ဝ ဒေသမှာ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်စဉ်ကာလ အတွင်းက စစ်ကောင်စီဖက်မှ နေ၍ သွားလာရေး ကန့်သတ်ခြင်း၊ ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းများအား ပိတ်ပင်ခြင်းနှင့် ကန့်သတ်ကုန် ထားရှိခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး ထိုအထဲမှ ကုန်စည်ကန့်သတ်ချက်များမှာ လက်ရှိအချိန်ထိ ဆက်ရှိနေသေးခြင်း ဖြစ်သည်။ စစ်ကောင်စီမှ ထားရှိ သည့် ကန့်သတ်ကုန်များမှာ ဆန်အပါအဝင်စားသောက်ကုန်ပစ္စည်းအချို့၊ စက်သုံးဆီ၊ ဆောက်လုပ်ရေးပစ္စည်းနှင့်ဆေးဝါး စသည် တို့ပါဝင်ပြီး ကုန်စည်များသယ်ယူမည်ဆိုပါက စစ်ကောင်စီ၏ ခွင့်ပြု ချက်ပါမှ သယ်ယူခွင့်ပြုထားဆဲဖြစ်သည်ဟု စားသောက်ကုန် ရောင်းချသူတစ်ဦးကပြောသည်။ “မျှောစာကတင် နေရတုန်းပါပဲ။ ခွင့်ပြုချက်ရမှ ကုန်သယ်ခွင့်ရပါတယ်။ အရင်တိုက်ပွဲကာလ တုန်းကထက်တော့ အစစ်ဆေးလျော့တာကလွဲရင် ကုန်စည်နဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေကဒီအတိုင်းပါပဲ။ လွတ်လပ်စွာ သယ်ယူ ခွင့်ရတာထက်တော့ ဘယ်အဆင်ပြေပါ့မလဲ” ဟုပြောသည်။
ပလက်ဝနှင့် ကျောက်တော်ကို စစ်ကောင်စီ၏ ဇက်ရေယာဉ်ပြေးဆွဲလေ့ရှိပြီး မှတ်ပုံတင်မပါလျှင် သွားလာခွင့်မရသည့် အနေအထားတွင် ရှိနေဆဲဖြစ်သည်ဟု ပလက်ဝဒေသခံတစ်ဦးက ဆိုသည်။ “တင်းတင်းကျပ်ကျပ် စစ်တာမျိုးတော့လျော့သွား တယ်။ ဒါပေမယ့် မှတ်ပုံတင်မပါရင်တော့ သွားလို့မရသေးဘူး။ မှတ်ပုံတင်နဲ့ လူနဲ့ကိုတွဲပြီးသူတို့ဆီမှာ အစစ်ဆေးခံကြရတယ်။ ကုန်ပစ္စည်းတွေဘာတွေ တင်မယ်ဆိုရင်လည်း ပစ္စည်းစာရင်းကို သူတို့ဆီတင်ပြပြီးမှတင်ခွင့်ရတယ်” ဟုပြော သည်။ ယခုကဲ့သို့ ကန့်သတ်ချက်များကြောင့် ပလက်ဝတွင် တစ်ခြားဒေသများထက်ကုန်စည်များ စျေးပိုမြင့်နေတတ်ပြီး လက်ရှိကျောက်တော်ဖက် ပေါ်ဆန်းမွှေးတစ်အိတ် ၁ သိန်းနီးပါးခန့်ရှိနေသည့် အချိန်တွင် ပလက်ဝဒေသ၌ ၁၂၀၀၀၀ ကျပ်ခန့်စျေးရှိနေပြီး ဆန်အပြင် တစ်ခြား စက်သုံးဆီ၊ စားသောက်ကုန် စသည်တို့လည်း စျေးပိုမြင့် သည်ဟု ပလက်ဝဒေသခံများက ဆိုသည်။ ပလက်ဝဒေသမှာ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားမှုများပြားရာ ဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီမှလည်း ဒေသတွင်း ရေကြောင်း သွားလာရေး လမ်းကြောင်းများအား မကြာခဏပိတ်ဆို့မှုတို့ ပြုလုပ်လေ့ရှိပြီး တစ်ကြိမ်ကန့်သတ်မှုပြုလုပ်လျှင် ၁ လမှ ၃ လအထိ ကြာမြင့်တတ်သည်။ https://www.facebook.com/p hoto/?fbid=739437041529058&set=a.682731967199566
၂၂။တနင်္သာရီမြို့အဝင်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ
September 4, 2023
တနင်္သာရီမြို့အဝင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ မနက် ၈ နာရီလောက်မှာ တနင်္သာရီမြို့ပေါ်က ဗိုလ်ချုပ်ကြေးရုပ် အနီး မှာ စစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာကို တနင်္သာရီ ပကဖ နဲ့ မြိတ်ခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၂ တို့ပူးပေါင်းပြီး သွားရောက်ပစ်ခတ်ခဲ့ တာပါ။ “ကျနော်တို့ဘက်က အရင်ပြောက်ကျားသွားပစ်တာမျိုးပါ။ လက်နက်ကြီးရော လက်နက် ငယ်ရောပဲ။ သူတို့ဘက်က လည်း ဆက်တိုက်ပြန်ပစ်တယ်။ တိုက်ပွဲအငယ်ပါပဲ” လို့တနင်္သာရီ (ပကဖ) ရဲဘော်တစ်ဦးကပြောပါတယ်။ နှစ်ဖက်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ တနင်္သာရီ (ပကဖ) ရဲ့ထုတ်ပြန်ချက်အရ သိရပါ တယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအများအပြား ရမ်းသမ်းပစ်ခတ်တာကြောင့် ဘန်လောရွာ ကနေအိမ်တစ်ဆောင်ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ဘန်းသဲရွာနဲ့ လယ်တောင်ယာရွာတွေဘက်ကိုလည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်စွဲတဲ့နေရာတွေကို တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်တွေ အခုနောက်ပိုင်းမှာ ပိုမိုများ ပြားလာပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လထဲမှာ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲနဲ့ပစ်ခတ်တိုက်ခိုက်မှု ၃၀ နီးပါးဖြစ်ပွားတဲ့ထဲက ၁၁ ကြိမ်ဟာ စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေရဲ့ စခန်းနေရာတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တနင်္သာရီမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ၃၁ ရက်နေ့က ဘန်ကျုတ်ရွာဘက်ကိုကောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ် ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့ပါတယ်။ https://www.facebook.com/ photo/?fbid=328567936227629 &set=a.196212679463156
၂၃။ မိုင်းတုံမြို့နယ် ဓားပြတိုက်ခံရပြီး (၃) ဦး သေနတ်ပစ်သတ်ခံရ
September 5, 2023
သျှမ်းပြည် မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာရှိ နေအိမ်ကို ယနေ့ (စက်တင်ဘာလ ၅ ) ရက် နံနက်အစောပိုင်းက အမည်မသိ လက်နက်ကိုင်မှ ဓားပြဝင်တိုက်ခံရပြီး၊ အိမ်ရှင် အမျိုးသမီးသေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၅ ရက်) နံနက် ၆ နာရီဝန်းကျင်တွင် မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာတွင် နေထိုင်သည့် မိသားစုဝင် (၃) ဦး အိမ်ကို သေနတ်ကိုင်ဆောင်သည့် အမည်မသိ အမျိုးသားတစ်ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး အိမ်ရှင်ဖြစ်သူ အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ဖို့ကြိုးစားခဲ့သည်။ ထိုစဉ် အိမ်ရှင်ဖြစ်သူ အမျိုးသမီး က ဘေးပတ်ဝန်းကျင်ကို အကူညီ လှမ်းခေါ်ခဲ့ရာ ကူညီရန်ရောက်ရှိလာသည့် အမျိုးသားတစ်ဦးနှင့် အိမ်ရှင်အမျိုးသမီး၏ တူလေးဖြစ်သူကို အဆိုပါ ဓားပြတိုက် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း နားကောင်းမူးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “အိမ်ထဲဝင်လာပြီး အိမ်ရှင်ကိုရိုက်နှက်တာ။ ဖြစ်ချင်တော့ အိမ်ရှင်ဖြစ်တဲ့ အဲ့အမျိုးသမီးကလည်း ဘေးပတ်ဝန်းကျင်က လူကို လာကူဖို့ အော်တာ။ အဲ့ချိန်မှာ အိမ်အောက်ထပ်က အမျိုးသားတစ်ဦးက လာကူတဲ့ အချိန် ခေါင်းကို သေနတ်နဲ့ ပစ်ခံရတယ်။ အဲ့မှာလည်း သူ့ (အိမ်ရှင်) တူလေးက ဆိုင်ကယ်နဲ့ ထပ်ရောက်လာတယ်။ အဲ့ကလေးကိုလည်း သေနတ်နဲ့ ဦးခေါင်းကို ပစ်သွားတယ်”ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။
ပစ်သတ်ခံရသူများသည် အိမ်ရှင်ဖြစ်သူ အသက် ၄၉ နှစ် နန်းနု၊ ၎င်း၏ တူလေးဖြစ်သူ အသက် ၁၆ နှစ် စိုင်းဆိုင်လျန်း နှင့် အမျိုးသားဖြစ်သူ အသက် ၃၉ နှစ် စိုင်းလောင်(ဝ်) တို့ဖြစ်ကြသည်။ နေအိမ်ဓားပြတိုက်မှုနှင့် လူသတ်မှုကျူးလွန်ခဲ့သည့် အမျိုးသားတစ်ဦးသည် မည်သူဖြစ်ကြောင်း မသိရှိရကြောင်း အိမ်ထဲရှိ ရွှေ၊ ငွေများကိုလည်း ယူဆောင်သွားသည်။ ထို့အပြင် နားကောင်းမူးကျေးရွာနေ အမျိုးသားတစ်ဦးက “ကျနော်တို့ ရွာမှာတော့ လုံခြုံရေးတွေ မရှိတော့ဘူး။ လက်နက် ကိုင်တဲ့သူတွေ လည်း များတယ်။ အစစအရာရာကို သတိထားပြီး နေရတယ်“ဟု ဆိုသည်။ https://burmese.shan news.org/archives/36567
၂၄။ ကျွန်းစုမြို့နယ်ရှိ ပျူစောထီး ခဲမိုင်းလုပ်ကွက်ကို ပကဖအဖွဲ့ ဖျက်သိမ်း
September 5, 2023
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပဲ့တိုင်းကျေးရွာအုပ်စု၊ ယမုံကျေးရွာမှာ ပျူစောထီးခေါင်းဆောင် ၂ ယောက် ဦးစီးလုပ်ကိုင်နေတဲ့ ခဲမိုင်းလုပ်ကွက်ကို ကျွန်းစု ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ သွားရောက်ဖျက်သိမ်းခဲ့တယ်လို့ ကျွန်းစု ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံဆီကနေ သိရပါတယ်။ ပြည်သူတွေပိုင်ဆိုင်တဲ့ မြေတွေကို မတရား သိမ်းဆည်းပြီး ခဲမိုင်းလုပ်ဆောင်နေတယ်လို့ စုံစမ်းသိရတာကြောင့် စက်တင်ဘာ ၃ ရက် နေ့လယ် ၁ နာရီလောက်မှာ သွားရောက် ဖျက်သိမ်းခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကျွန်းစုမြို့နယ် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက “လက်ရှိ ပျူစောထီးဆိုတာလည်း စစ်ကောင်စီရဲ့ ထောက်တိုင်တွေ လက်ပါးစေတွေပဲလေ။ ပြီးတော့ ပြည်သူတွေဆီကနေ မတရားသိမ်း ဆည်းထားတာ ဖြစ်တယ်။ လက်ရှိ ခဲမိုင်းတွေမှာ စစ်ကောင်စီဘက်က အကောင်ကြီးကြီးတွေ ရှယ်ယာဝင်ထားတာပါ” လို့ ပြောပါ တယ်။ လက်ရှိ ခဲမိုင်းလုပ်ကွက်ကို ပဲ့တိုင်းကျေးရွာက ပျူစောထီးခေါင်းဆောင် ကြည်းလှနဲ့ ဦးစိုးဝင်း ဆိုသူတွေက ဦးစီးလုပ် ဆောင်နေပြီး စစ်ကောင်စီဘက်က ရာထူးကြီးသူတချို့ကလည်း နောက်ကွယ်မှာ ပါဝင်ပတ်သက်မှုရှိတယ်လို့ ပြောပါတယ်။
စစ်အာဏာမသိမ်းခင်တည်းက ယမုံကျေးရွာအုပ်စုမှာ ခဲမိုင်းလုပ်ကွက်တွေရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်မှာ ပျူစောထီး အဖွဲ့တွေကနေ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ခဲမိုင်းတွေကို သိမ်းဆည်းလာကာ ထပ်တိုးလုပ်ဆောင်လာတာလို့ ပြောပါတယ်။“အဲဒီ ပျူခဲမိုင်းတွေက ထပ်တိုးခဲမိုင်းတွေပါ။ ပြည်သူတွေလုပ်ကွက်ကို ဘာမှမလုပ်ပါဘူး။ စကစ ထောက်တိုင်လည်းဖြစ်၊ မတရားသိမ်း ဆည်းခံရတဲ့ လုပ်ကွက်လည်းဖြစ်လို့ ဖျက်သိမ်းရတာပါ။ အဲဒီပျူတွေရဲ့ ခဲမိုင်းတွေက ထပ်တိုးခဲမိုင်းတွေပါ” လို့ သူက ထပ်ပြောပါ တယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်ကလည်း ကျွန်းစုမြို့နယ် ကော်ဇယာကျေးရွာအုပ်စုရှိ ကျောက်တလုံးကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၃ ဦးကို ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေကနေ သတင်းရပြီး သွားရောက်ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ သိရပါ တယ်။ https://burmese.dvb.no/post/613287
၂၅။ ဇင်ယော်ဆီဆိုင်ကို စစ်တပ်က ဘက်ဟိုးနဲ့ဖျက်ဆီး
September 4, 2023
ကချင်ပြည်နယ် မိုးကောင်းမြို့ ဖိုးချစ်ကုန်းရပ်ကွက်မှာရှိတဲ့ ဇင်ယော်ဆီဆိုင် ၂ ဆိုင်က ဖမ်းဆီးသွားတဲ့ ဝန်ထမ်း အယောက် ၂၀ ကျော်ကို စစ်တပ်က ပြန်လွတ်ပေးတာမရှိတဲ့အပြင် ဇင်ယောက်ဆီဆိုင် တစ်ဆိုင်ကိုလည်း မနေ့က နေ့လည်ပိုင်း မှာ ဘက်ဟိုးနဲ့ဖြိုချဖျက်ဆီးပေးလိုက်တယ်လို့ မိုးကောင်းဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဇင်ယော် ဆီဆိုင်ပိုင်ရှင် ဦးမိုးကျော်နဲ့ ဒေါ်ခင်မာရွှေ တို့ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးမိုးကျော် တို့ ပိုင်ဆိုင်တဲ့ မြစ်ကြီးနား– မိုးကောင်းမြို့– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ ဇင်ယော်ဆီဆိုင် ၂ ဆိုင်အပါအဝင် နေအိမ်ထဲ ကို စက်တင်ဘာလ ၂ ရက်နေ့ညမှာ ဝင်စီးပြီးတော့ ဆိုင်ဝန်ထမ်း အယောက် ၂၀ ကျော်ကိုဖမ်းဆီးသွားတာဖြစ်ပါတယ်။ စစ်တပ် က လာရောက်ဖမ်းဆီးချိန် ဦးမိုးကျော် တို့မိသားစုထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် နေအိမ်မှာကျန်နေခဲ့တဲ့ ဧည့်သည်အဖွားအို တစ်ယောက်ကိုလည်း ဖမ်းခံသွားရတယ်လို့ အမည်အဖော်လိုတဲ့ မိုးကောင်းဒေသခံတစ်ယောက်ကပြောပါတယ်။
“အိမ်ရှင်တွေက သတင်းကြိုရလို့ထွက်ပြေးသွားတာ အဲမှာဧည့်သည်အဖွားအိုတစ်ယောက်က ကျန်နေတာ သူ့ကိုတော့ ဘာမှ မလုပ်လောက်ဘူးအထင်နဲ့နေခဲ့တာနေမှာ အဲတာကို စစ်သားတွေက အဖွားကြီးကို သေနတ်ထောက်မေးတော့ အဖွားက သတိလစ်သွားတယ်လို့ သိရတယ်။ အဲအဖွားလည်း ဖမ်းဆီးသွားတယ် ပြီးတော့ ဆိုင်ဝန်ထမ်း အယောက် ၂၀ ကျော်ကိုလည်း ဖမ်း သွားတာ”လို့ မိုးကောင်းဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။ ဒါပေမယ့် အဲဒီထဲက အသက်မပြည့်သေးတဲ့ ဆိုင်ဝန် ထမ်း မလေးတစ်ယောက်ကိုတော့ စက်တင်ဘာလ ၂ ရက်နေ့ ညနေပိုင်းမှာ ပြန်လွတ်ပေးခဲ့ပေမယ့် အဖွားအိုနဲ့ကျန်တဲ့သူတွေကို ပြန်လွတ်တာမရှိတဲ့အပြင် ဆီဆိုင်တွေကိုလည်း မနေ့က ဖျက်ဆီးပေးလိုက်တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ မိုးကောင်း မြို့မှာပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ အထက ၁ ကျောင်းလာကြိုတဲ့ကား ပစ်ခတ်ခံရပြီးနောက် စစ်သားတွေဟာ မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကြပ်ပြီး မသင်္ကာတဲ့အရပ်သားပြည်သူတွေကို ဆက်တိုက်ဖမ်းဆီးလာပါတယ်။ ဩဂုတ်လ ၁၉ ရက်နေ့ကနေ စက်တင်ဘာလ ၂ ရက်နေ့ထိ ဖမ်းဆီးရမိသူ အရပ်သားပြည်သူ ၁၀၀ ထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတွေကပြောဆိုနေကြ ပေမယ့် လမ်းသွားလမ်းလာရင်း ဖမ်းဆီးခံရတာတွေကြောင့် စာရင်းတိတိကျကျရဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။ https://burmese. kachinnews.com/2023/0 9/04/zm1-101/
၂၆။ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ ရဲ့ အကူအညီရဖို့ ဒီးမော့ဆိုက စစ်ရှောင်တွေ မျှော်လင့်နေ
September 4, 2023
စစ်ပွဲကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ကရင်နီပြည်က ပြည်သူတွေဟာ နိုင်ငံတကာအကူအညီ တွေထဲက တစ်ခု ဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ ထောက်ပံမှုကို ရရှိနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေတဲ့ စစ်ရှောင်ပြည်သူတစ်ဦးဖြစ်တဲ့ ဒေါ်စိန်ဖိုလျားနာ ဟာ သူမတို့နေထိုင်တဲ့ စစ်ရှောင်စခန်း မှာ မကြာခဏ ရိက္ခာတွေပြတ်လတ်မှုနဲ့ ကြုံတွေ့နေရတာကြောင့် နိုင်ငံတကာအကူအညီရဖို့ မျှော်လင့်နေပါတယ်။“ဖြစ်နိုင်ရင် တော့ ကျမတို့ကို ပစ်မထားနဲ့လို့ ကျမတောင်းဆိုချင်တယ်။ ကျမတို့ဆီကိုလည်း ရောက်အောင် မြန်မြန်လာပေးကြပါလို့ ကျမ တောင်းဆိုချင်တယ်။ ကျမတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးလည်း ကျမတို့တစ်ခါမှမရတော့ အခုတော့ ကျမတို့ကိုလည်း ပေးခိုင်း စေချင်တယ်ပေါ့။ အဲ့ဒီအခွင့်အရေးတွေရချင်တယ်။” လို့ ဒေါ်စိန်ဖိုလျားနာ ကပြောပါတယ်။ စစ်ရှောင်ကာလ ၂ နှစ်ကျော်အတွင်း ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်တွေဟာ စား၀တ်နေရေး အခက်အခဲအပြင် ငွေရေးကြေးရေး အကြပ်အတည်းလည်း ပိုရင်ဆိုင်လာ ရပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာက အကူအညီကို ရချင်တယ်လို့ ဒေါ်စိန်ဖိုလျားနာက ဆက်ပြောပါတယ်။
လက်ရှိမှာ လွိုင်ကော်မြို့ကို တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေအတွက် ကမ္ဘာ့ စားနပ်ရိက္ခာထောက်ပံ့ကူညီရေးအဖွဲ့ ဖြစ်တဲ့ WFP က ဆန်၊ဆီ၊ဆား၊ ကုလားပဲ စတာတွေကို လစဉ်ထောက်ပံ့ပေးနေတယ်လို့ လွိုင်ကော်မြို့က စစ်ရှောင်တွေဆီက နေသိရပါတယ်။“ရတဲ့ဖက်က ရလို့ ၊ နောက် ကျမတို့ဖက်ကျတော့ တစ်ခေါက်မှ မရောက်လာဘူး။ ကျမတို့လည်း ဒီမြန်မာနိုင်ငံ ထဲက ပြည်သူထဲကပြည်သူပါပဲ။ ကျမတို့ကိုကျတော့ စစ်ရှောင်ချင်းအတူတူ ဘ၀တူတွေအကုန်ပဲ ဒါကြောင့်ကျမတို့ကိုလည်း ရောက်အောင် ကျမတို့ဆီလာပေးကြပါ။ လာခိုင်းစေချင်တယ်” လို့ ဒေါ်စိန်ဖိုလျားနာ က ဆက်ပြောပါတယ်။ ဒီးမော့ဆို မြို့တွင်းရှိ စစ်ဘေးရှောင်တွေဆီတော့ WFP ရဲ့ ထောက်ပံ့မှု တစ်စုံတစ်ရာ မရောက်ရှိဘူးလို့ ဒီးမော့ဆိုမြို့နယ် စစ်ရှောင်စခန်းက ကော်မတီ ဝင် တစ်ဦးဖြစ်တဲ့ ဦးဂျော်နီက အခုလိုပြောပါတယ်။ “မရခဲ့ဖူးဘူး။ ၂ နှစ်ကျော် ၃ နှစ်ပြည့်တော့မယ် မရခဲ့ဖူးဘူး။ သူတို့ပြောခဲ့ သေးတယ်။ ဒီးမော့ဆို၀င်လာဖို့ဆို သူ့စီမံကိန်းရှိခဲ့တယ် ဟိုတုန်းက WFP က။ ဒါမဲ့ကုန်တွေရောက်လာတိုင်း သူ့ဟာမဖြစ်ဘူး။ နောက် ၂၁ မှာလည်းစစ်ရှောင်နေရတယ်။ ဒါလည်း ဒီးမော့ဆိုဖက်သူမရောက်လာဘူး။ တစ်ကယ်တော့ သူ့စီမံကိန်းက ဒီးမော့ဆို ဖက်၀င်လာရမယ် ဆိုတာကြားသိထားပြီးသားပဲ”လို့ ဦးဂျော်နီ ကပြောပါတယ်။ စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်တွေရဲ့ နေထိုင် စားသောက်မှုပုံစံကိုလည်း နိုင်ငံတကာက တာ၀န်ရှိသူတွေကိုယ်တိုင် လာကြည့်ခိုင်းစေချင်တယ်လို့ စစ်ရှောင်တစ်ဦးဖြစ်တဲ့ ဒေါ်ရိုမားနာက အခုလိုပြောပါတယ်။ https://www.kantarawaddytimes.org/%e1%80%80%e1%80%99%e1%80%b9%e1%80 %98%e1%80%ac%e1%80
၂၇။ နမ့်ဖတ်ကာ လက်နက်ကြီးထိသေဆုံးသူ၏ မိသားစုဝင်နှင့်ဒဏ်ရာရသူကို စစ်ကောင်စီက ရွှေဖီဦးနှင့်အရက်ဖြင့် နှစ်သိမ့်
September 4, 2023
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအတွင်း လက်နက်ကြီးကျမှုကြောင့် သေဆုံးသွားရသည့် မိသားစုဝင် များ နှင့် ဒဏ်ရာရရှိသူများကို စစ်ကောင်စီတပ်သားများက အရက် နှင့် ရွှေဖီဦးကော်ဖီဖြင့် သွားရောက်နှစ်သိမ့်ခဲ့ကြောင်း သတင်းရရှိသည်။ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ကြား တိုက်ပွဲပြင်းထန်မှု ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင် နမ့်ဖတ်ကာ ဇီးဒဘန်ကျေးရွာအတွင်း လက်နက်ကြီးကျ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အရပ်သား တဦး သေဆုံးကာ၊ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုထိခိုက် ဒဏ်ရာ ရရှိသူများနှင့် သေဆုံးသွားသူ၏ မိသားစုဝင်များကို ယမန်နေ့ (စက်တင် ဘာ ၃) ရက်က စစ်ကောင်စီက သွားရောက် တွေ့ဆုံခဲ့ပြီး ကျေးရွာအတွင်း ပေါက်ကွဲခဲ့သော လက်နက်ကြီးသည် စစ်ကောင်စီ လက်နက်ကြီး မဟုတ်ကြောင်းကို ပြောဆိုခဲ့ပြီး စစ်ကောင်စီတပ်ထုတ် ရွှေဖီဦးကော်ဖီ ထုပ်ကြီး ၃ ထုပ်၊ နို့ဆီဗူးတဗူး နှင့် အရက် တလုံးတို့ ပေးကာ နှစ်သိမ့်ခဲ့ကြောင်း အသက် (၃၀) အရွယ်ရှိ အမည်မဖော်လိုသည့် ဒေသခံ ပြောသည်။
“အဲ့ဒီ လက်နက်ကြီးကျပြီး သေဆုံးမှုရှိတဲ့အတွက် စိတ်မကောင်းဘူးပေါ့။ ပြီးတော့အဲ့ဒီလက်နက်ကြီးက သူတို့ပစ်လိုက် တာ မဟုတ်ဘူးတဲ့၊ TNLA တပ်က ပစ်လိုက်တာလို့ ပြောသွားတယ်။ သေဆုံးသွားတဲ့ မိသားစုဝင်တွေကို ရွှေဖီဦးကော်ဖီ (၃) ထုပ်၊ အရက် တပုလင်း၊ နို့ဆီတဗူး ပေးပြီး နှစ်သိမ့်သွားတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့် ဒေသခံ အမျိုသားတစ်ဦးက ပြောသည်။ စစ်တပ် ဝါဒဖြန့် Telegram ဖြစ်သည့် ပြည်သူ့စစ် ဆိုသည့် အကောင့်တွင်လည်း “TNLA မှ KIA အဖွဲ့ကို မကျေနပ်၍ လူမျိုးရေးအမုန်းထား ကာ နမ့်ဖတ်ကာ၊ ကချင်အများစုနေထိုင်သည့်ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်” ဟု လူမျိုးရေး ပဋိပက္ခဖြစ်ပွားစေ သည့် အသုံးအနှုန်းများလည်း သုံးစွဲထားသည်။ စစ်ကောင်စီမှ ထိုကဲ့သို့ ပြောဆိုမှုသည် လူမျိုးရေးပဋိပက္ခဖြစ်ပွားစေအောင်ပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း နမ့်ဖတ်ကာ ဒေသခံ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ထောက်ပြပြောဆိုလိုက်သည်။ “သူတို့ (စစ်ကောင်စီ)တပ်ကလုပ်တာကို မလုပ်ဘူးပြောတယ်။ နောက် ကချင်လူမျိုးအိမ်ကို TNLA က ပစ်လိုက်တာဆိုပြီး ပေါ် အောင် စစ်တပ်ကလာပြီး နှစ်သိမ့်တယ်။ တမင်သက်သက် လူမျိုး ၂ ခုကြား မီးမွှေးနေတာပဲ။ ဒါက ဘယ်သူလုပ်တယ် ဘယ်သူ ပစ်တယ်ဆို သိသာပါတယ်” ဟု ၎င်းအမျိုးသား ဆိုသည်။“သူတို့ ပစ်တာကို မပစ်ဘူးလို့ လိမ်တော့ ဘယ်လိုပြောရမလဲ။ သူတို့ စစ်သားအချင်းချင်း ပြည်သူမရှိတဲ့နေရာမှာ ပစ်ပါ။ ဒီလိုလက်နက်ကြီးတော့ လျှောက်ရမ်း မပစ်စေချင်ဘူး။ ဘာမှမမှားတဲ့ ပြည်သူ တွေ ဘယ် လောက်ပဲ လာနှစ်သိမ့် နှစ်သိမ့် မလိုချင်တော့ဘူး။ သူတို့ မျက်နှာကိုတောင် မမြင်ချင်တော့ ဘူး။ ကျေနပ်ဖို့မပြောနဲ့” ဟု နမ့်ဖတ်ကာ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။ https://burmese.shannews.org/archives/36552
၂၈။မြန်မာ့အရေး လာမယ့် အာဆီယံအစည်းအဝေးမှာ နောက်ဆုံးပြန်လည်သုံးသပ်မယ်လို့ အင်ဒိုနီးရှားပြော
September 4, 2023
ဂျာကာတာမြို့မှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲမှာ မြန်မာနိုင်ငံအပေါ် အာဆီယံက ချမှတ်ပေးခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းစဉ် ၅ ရပ်ဟာ ၂ နှစ် ကျော်အထိ ထူးခြားမှုမရှိလို့ ပြန်လည်ဆွေးနွေးပြီး အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်သွားမှာဖြစ်ကြောင်း လက်ရှိ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာဆူဒီက စက်တင်ဘာ ၄ ရက် သတင်းစာ ရှင်းလင်းပွဲမှာ အသိပေးပြောကြားသွားပါတယ်။ စက်တာဘာ ၅ ရက်ကနေ ၇ ရက်နေ့အထိ ၃ ရက်ကြာကျင်းပ မယ့် ဒီအာဆီယံအစည်းအဝေးပွဲဟာ ၂၀၂၃ ခုနှစ်အတွင်း နောက်ဆုံးသော အာဆီယံအစည်းအဝေးဖြစ်ပြီး မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်အရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအရေးတွေကို အဓိက ဦးတည်ဆွေးနွေး သွားမှာဖြစ်ပါတယ်။ အစည်းအဝေးပွဲကို အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျအစရှိတဲ့ နိုင်ငံတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်မှာဖြစ်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကတော့ အိန္ဒိယမှာ ကျင်းပမယ့် G20 အစည်းအဝေးတက်မှာဖြစ်လို့ ဒုတိယ သမ္မတ ကာမီလာဟားရစ် ကိုပဲ တက်ရောက်စေမှာပါ။ တရုတ်ဘက်ကလည်း ရှီကျင်းဖျင်ကိုယ်တိုင်မတက်ရောက်ဘဲ ဝန်ကြီးချုပ် လီချင်းကိုသာ စေလွှတ် မယ်လို့ သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်သစ် ဆရတ်သာကလည်း စက်တင်ဘာ တတိယပတ်မှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေ ညီလာခံကို တက် ရောက်ရမှာရယ်၊ လက်ရှိ အစိုးရအဖွဲ့သစ်ဖွဲ့စည်းနေရလို့ အာဆီယံ အစည်းအဝေးကို မတက်ရောက်နိုင်ဘူးလို့ ထုတ်ပြန်ထားပါ တယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီက ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းက ဖွဲ့စည်းခဲ့တဲ့ အာဆီယံအဖွဲ့ကြီးဟာ ဘာ မှ အကျိုးသက်ရောက်မှုမရှိတဲ့အဖွဲ့အစည်းအဖြစ် မေးခွန်းထုတ်ဝေဖန်ခံနေရပြီဖြစ်ကြောင်း၊ အဖွဲ့ရဲ့သဘောတူညီမှုက ပြည်တွင်း ရေးကို ဝင်မစွက်ဖက်ကြေးလို့ ဆိုထားပေမယ့် မြန်မာ့အရေးလို ပြဿနာမျိုးကို ဝင် မဖြေရှင်းပေးနိုင်ခြင်း၊ မြန်မာစစ်ခေါင်းဆောင် တွေကို ဖိအားမပေးနိုင်ခြင်းက အဖွဲ့အစည်းရဲ့ အရေးပါမှုကို ယုတ်လျော့စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခုအာဆီယံ အစည်းအဝေးပွဲမှာ မြန်မာ့အရေး လမ်းညွှန်ချက် ၅ ရပ်ထုတ်ပြန်ထား ပြီး ၂ နှစ်ကျော်အထိ ဘာမှထူးခြားတိုးတက်မှုမရှိခြင်း အတွက် ခေါင်းဆောင်တွေ ပြန်လည်သုံးသပ်ပြီး နောက်ဆုံးပိတ် ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ ဆွေးနွေးကြမှာဖြစ်တယ်လို့ ပြောသွား ခဲ့ပါတယ်။ https://www.facebook.com/photo ?fbid=331220922597692&set=a.285900490463069
၂၉။ မောင်တောမြို့နယ် ကျီးကျွန်းတွင် စစ်ကောင်စီတပ် အင်အား ၇၀ ကျော် တိုးချ
September 5, 2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကျီးကျွန်းကို စက်တင်ဘာ ၃ ရက်က စစ်ကောင်စီ တပ်အင်အား ၇၀ ကျော် တိုးချလာကြောင်း မျက်မြင်ဒေသခံတွေထံက သိရပါတယ်။ မွတ်စလင် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ (Arakan Rohingya Army) အာရကန် ရိုဟင်ဂျာတပ်မတော်ကို စစ်ကောင်စီက အဲဒီကျီးကျွန်းမှာ စစ်သင်တန်းပေးနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်လာပြီးနောက် အခုလို အင်အားတိုးချလာနေတာလည်း ဖြစ်ပါတယ်။ မျက်မြင်ဒေသခံတဦးက “ကျီးကျွန်း မှာ မွတ်စလင်တွေကို စစ်တပ်က စစ်သင်တန်းတွေပေးနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ပြန့်သွားတယ်။ အဲ့ဒါကြောင့် မနေ့က စစ်အင်အား ၇၀ ကျော် ကျီးကျွန်းကို အင်အားတိုးချလာတာ တွေ့ရတယ်” လို့ ပြောပါတယ်။ ကျီးကျွန်းဟာ မြန်မာ-ဘင်္ဂလားနယ် စပ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အနီးဆုံးကျွန်းတခုဖြစ်ပြီး ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေဟာ အဲဒီကျွန်းကို မွတ်စလင်လူမျိုး တွေဆီ တနှစ် ငွေကျပ် သိန်းရာထောင်ချီနဲ့ ငှားစားခဲ့ပါတယ်။
လက်ရှိလည်း ကွမ်းသီးပင်အုပ်စုက မွတ်စလင်လူမျိုး နော်ဘီလ်ဟူဆောင်းကို စစ်ကောင်စီက ပုဇွန်ကန်လုပ်ပိုင်ခွင့်ပေး ထားတာလို့ မောင်တောဒေသခံ နိုင်ငံရေးလေ့လာသူတဦးက ဆိုပါတယ်။“ဒီကျီးကျွန်းကို စစ်အာဏာရှင်တွေအဆက်ဆက် ငှား စားခဲ့ကြတာဗျ။ ကျွန်းတခုလုံးမှာ ပုဇွန်ကန် ၅၀ ကျော်လောက် လုပ်ကိုင်နိုင်တယ်။ ရလာတဲ့ပုဇွန်ကို ဘင်္ဂလားကို တိုက်ရိုက် တင် ပို့နိုင်တယ်လေ။ အဲ့ဒါကြောင့် ဒီကျီးကျွန်းကို မောင်တောဒေသက မွတ်စလင်သူဌေးတွေ အလုအယက် ငှားခွင့်ရဖို့ စစ်ကောင်စီ အာဏာပိုင်တွေကို ချဉ်းကပ်ပြီးရယူထားရတာ။ အခုဆိုမူးယစ်ဆေးပါ လမ်းကြောင်းဖြောင့်နေတာပေါ့ဗျာ။” ကျီးကျွန်းဟာ နတ်မြစ်အတွင်းတည်ရှိပြီး မြန်မာဘက်က ပိုင်ဆိုင်တဲ့ ကျွန်းတကျွန်းဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နီးကပ်စွာတည်ရှိနေတာ ကြောင့် တဖက်နိုင်ငံမှ လက်နက်ကိုင်တပ်ဖွဲ့တွေ အချိန်မရွေး အလွယ်တကူ သွားလာနေကြတဲ့ ကျွန်းတခုလည်း ဖြစ်ပါတယ်။ https://burmese.dvb.no/post/613323
၃၀။မြန်မာ – တရုတ်နယ်စပ် မူဆယ်ဂိတ်များ၌ နှစ်နိုင်ငံဝင်ထွက်ခွင့်တစ်ခါသုံးကတ် စတင်ပြုလုပ်ပေးနေ
September 4, 2023
မြန်မာ – တရုတ်နယ်စပ်ဒေသ မူဆယ်ဂိတ်များတွင် နှစ်နိုင်ငံဝင်ထွက်ခွင့်တစ်ခါသုံးကတ်ကို ယနေ့ (စက်တင်ဘာ ၄) ရက်မှစ၍ စတင်ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။ (စက်တင်ဘာလ ၄ ရက်) နေ့လယ် ၁၂ နာရီအချိန်တွင် မြန်မာ – တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ်ရှိ နန်းတော်ဂိတ်၊ မန်ဝိန်းဂိတ် နှင့် ဆင်ဖြူဂိတ်တွင် မြန်မာနိုင်ငံသားကတ် (မှတ်ပုံ တင်) ကိုင်ဆောင်ထားသူများ မည်သူမဆို နှစ်နိုင်ငံဝင်ထွက်ခွင့် တစ်ခါသုံးကတ် (TBP) ကို စတင်ပြုလုပ်ပေးနေကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ဒီနေ့ကစပြီး တကယ်လုပ်ပေးတာဗျ။ သွားလုပ်တဲ့သူတွေ အများကြီးပဲ တန်းစီနေရ တယ်။ အဓိက ဆင်ဖြူဂိတ်နဲ့ နန်းတော်ဂိတ်တွေမှာ လုပ်ပေးနေတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ နှစ်နိုင်ငံဝင်ထွက်ခွင့် တစ်ခါသုံးကတ် TBP ကို ပြုလုပ်ပါက တစ်ဦးလျှင် ကျပ်ငွေ ၂ ထောင်ကျော် ပေးဆောင်ရပြီး သက်တမ်း ၆ ည ၇ ရက် ရရှိကာ တရုတ်နိုင်ငံ ရွှေလီမြို့ထိ ဝင်ခွင့်ရသည်။ အလားတူ ဂိတ်များကိုလည်း မနက် ၆ နာရီခွဲမှ ည ၈ နာရီအထိ သတ်မှတ်၍ ဖွင့်လှစ်ပေးကြောင်းသိရသည်။“အခုလို ကတ်တွေပြန်လုပ်ပေးနေပြီ၊ နှစ်နိုင်ငံဝင်ထွက်ပေးတော့ အလုပ် လုပ်ချင်တဲ့သူတွေအတွက်တော့ ကောင်းတာပေါ့။ အခုလည်း အလုပ်မရှိဘူး။ တရုတ်ပြည်ကို သွားချင်တဲ့လူတွေ အများကြီးပဲ လေ”ဟု မူဆယ်မြို့ဒေသခံ အလုပ်သမားတစ်ဦးက ပြောသည်။ ထို့အပြင် တရုတ်နယ်စပ်ဒေသရှိ ဂိတ်များကို စစ်တပ်က အာဏာ သိမ်း ချိန် ၂၀၂၁ ဧပြီလပိုင်းမှစ၍ ပိတ်ထားခဲ့ရာ ၃ နှစ်ကျော်ကာလအတွင်း ယခုလို နှစ်နိုင်ငံဝင်ထွက်ခွင့် ကတ်ကို ပြုလုပ်ပေးပြီး တရုတ်ပြည်ဝင်ခွင့်ပေးနေကြောင်း သိရသည်။ https://burmese.shannews.org/archives/36563
၃၁။ တနင်္သာရီတွင် စစ်တပ်ခြိမ်းခြောက်မှုကြောင့် လူနာတင်ယာဉ်များ ညဘက်သွားလာမှုရပ်နား
September 5, 2023
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ ပရဟိတအသင်းတွေကနေ ညဘက်အချိန်တွေမှာ လူနာတင် ဆောင်ခြင်း မပြုတော့ဘဲ ရပ်နားထားရတယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့တပတ်လောက်ကစပြီး တနင်္သာရီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီဂိတ်တွေကနေ လူနာတင်ယာဉ်တွေ ညဘက်အချိန် သွားလာတာကို ပိတ်ပင်တားမြစ်လာ တာကြောင့် အခုလို ညဘက် ရပ်နားထားလိုက်ရတာလို့ ဆိုပါတယ်။ ပရဟိတအသင်းဝင်တဦးက “အဓိက ညဘက်တွေ လူနာ ယာဥ် တွေထွက်ရင် ခြိမ်းခြောက်တာမျိုး ကြုံရတော့ လူနာယာဥ်တွေအတွက် လုံခြုံမှုမရှိလို့ ရပ်နားလိုက်တာပါ” လို့ ပြောပါ တယ်။ စစ်ကောင်စီဂိတ်မှာရှိတဲ့ တပ်သားတွေကနေ လက်နက်ချိန်ရွယ်ပြီး ခြိမ်းခြောက်တာတွေနဲ့ အော်ဟစ်ဆဲဆိုတာတွေအပြင် ရိုက်နှက်ဖို့အထိ လုပ်ဆောင်လာတာတွေကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာမျိုး ကြုံလာရတဲ့အတွက် ညဘက်မသွား လာတော့တာလို့ သိရပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်မှာ ည ၈ နာရီ နောက်ပိုင်းကစလို့ ညဘက် အပြင်မထွက်ရ အမိန့် သတ်မှတ်ထားပေမဲ့ အခုလိုမျိုး လူနာတင်ယာဉ်တွေကို ညဘက်တွေမှာ အသွားအလာ ကန့်သတ်တာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။“ညဘက် အရေးကြီးလူနာ၊ သွေးထွက်သံယိုလူနာ၊ သာမန် ကျန်းမာရေးဝန်ထမ်းအဆင့်နဲ့ ကုလို့ရမယ့်လူဆိုရင် ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးပါတယ်။ ဒါမှမဟုတ် ဆရာဝန်အဆင့်နဲ့ ပြလို့ရမယ်ဆိုရင် ချိတ်ဆက် ဆောင်ရွက်ပေးပါတယ်” လို့ သူက ထပ်ပြောပါတယ်။ တနင်္သာရီမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်တဲ့ ကျန်းမာရေးဝန်ထမ်း များပြားတာ ကြောင့် ဆရာဝန်မလုံလောက်တာတွေ၊ ကုသဖို့ ဆေးအထောက်အကူ လျော့နည်းတာတွေကြောင့် မြို့နယ်အတွင်းရှိ ပြည်သူ အများစုမှာ မြိတ်မြို့ရှိ ဆေးရုံ ဆေးခန်းတွေကိုသာ တက်ရောက် ဆေးကုသခံယူလေ့ ရှိတယ်လို့ သိရပါတယ်။ တနင်္သာရီမြို့နယ်ရှိ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ပရဟိတအသင်းတွေမှာ တိုက်ပွဲအတွင်း ထိခိုက်လူနာတွေကို ကူညီဆောင်ရွက်ရတဲ့ အချိန်တွေ ဆို မကြာခဏ ခြိမ်းခြောက်ခံနေရတဲ့ အနေအထားတွေ ကြုံတွေ့နေရတာမျိုး ရှိတယ်လို့ သိရပါတယ်။ https://burmese.dvb.n o/post/613299
၃၂။ အင်းလေး ဖောင်တောင်ဦးဘုရားပွဲကို အကြောင်းပြပြီး PNO ပြည်သူ့စစ် ဆက်ကြေးကောက်နေ
September 4, 2023
စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ရွှေညောင်မြို့နယ်၊ အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်ကို အကြောင်းပြပြီး ဆက်ကြေးကောက်နေတယ်လို့ အင်းလေး ဒေသခံတွေထံကနေ စုံစမ်းသိရှိရပါတယ်။ PNO ပြည်သူ့စစ်ဟာ ဖောင်တော်ဦး ဘုရားပွဲလုံခြုံရေးအတွက်လို့ အကြောင်းပြပြီး လုံခြုံရေးကြေး တစ်အိမ် တစ်သောင်းကျပ် ဆက် ကြေးကောက် နေတာ ဖြစ်တယ်လို့ အင်းလေး ဒေသခံတစ်ဦးကပြောပါတယ်။ PNO ပြည်သူ့စစ်က အခုလိုဘုရားကို အကြောင်းပြပြီး ဆက်ကြေး ကောက်တာဟာ ခေတ်ပျက်နေတာကို အခွင့်ကောင်းယူပြီး အင်းလေး ဒေသခံတွေအပေါ် မတရား အမြတ်ထုတ်တာ ဖြစ်တယ် လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “အင်းလေး ဒေသအတွက် ရင်လေးလိုက်တာ။ PNO လုပ်ရပ်က ဘုရားကို အကြောင်းပြပြီး လူထုဆီကနေ မတရား အမြတ်ထုတ် ဓားပြတိုက်နေတာ ဖြစ်တယ်။ လူထုတွေကိုတော့ သနားပါတယ်။ ခေတ်အဆက်ဆက် ဖောင်တော်ဦး ဘုရားပွဲ အတွက် ပိုက်ဆံ ထည့်ရတယ်ဆိုတာ အခုမှ ကြားရတော့တယ်။ ပွဲသွားသွား မသွားသွား ထည့်ရမယ်တဲ့။ ပွဲလုပ်ချင်တဲ့သူလည်း ထည့်ရမယ်။ မလုပ်ချင်တဲ့လူလည်း ထည့်ရမယ်တဲ့” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဘုရားပွဲ ဆက်ကြေးငွေကို စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း အပြီးထည့်ရမှာဖြစ်ပြီး အဲ့ဒီလို ကောက်ခံတာကို အင်းလေးပျူစောထီးအဖွဲ့က အကူအညီပေးနေပြီး ရွာသူကြီးကတစ်ဆင့် ထည့်ဝင်ရမှာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။“အင်းပျူတွေလည်း ဘာမှမပြောရဲဘူး။ သူတို့လည်း PNO နဲ့ ဝေစားမျှစား ဆရာတပည့်တွေလေ။ အင်းသားတွေအများဆုံး နေထိုင်တဲ့ ဒေသမှာ PNO က ဆက်ကြေးလာကောက်တာ လူမျိုး ၂ မျိုးအကြား အများကြီး ရိုက်ခတ်မှု ဖြစ်နိုင်ပါတယ်။ ဒါတွေ ကို မစဉ်းစားဘဲ စားရဖို့ပဲလုပ်နေတာလားမသိပါဘူး”လို့ နောက်ထပ် ဒေသခံတစ်ဦးကပြောပါတယ်။ ကာလကြာရှည်စွာ ခရီးသွား ဧည့်သည် နည်းပါးလို့ ဒေသခံတွေ စားဝတ်နေရေး ကျပ်တည်းနေတဲ့ကြားက PNO ပြည်သူ့ စစ်က အခုလိုမျိုး ဆက်ကြေးကောက် တာဟာ မွဲနေတဲ့ ဒေသခံတွေရဲ့ အိတ်ကပ်ထဲကငွေကို မတရား ညှစ်ထုတ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ဘုရားအတွက် လှူဒါန်းဖို့ဆိုရင် ထမင်းဟင်းကိုတောင် ချွေတာစားတတ်တဲ့ အင်းလေး ဒေသခံတွေဟာ အခုက ဘုရား အတွက် မဟုတ်ဘဲ ကိုယ့် ဒေသမှာ လက်နက်ကိုင်ပြီး အနိုင်ကျင့်နေတဲ့ PNO အဖွဲ့ကို ပေးရမယ်ဆိုတော့ အင်းလေး ဒေသခံတွေရဲ့ ခံစားချက်တွေကို ကိုယ်ချင်းစာမိတယ်” လို့ JMC-Innlay မှ ဒါရိုက်တာ မယုလှိုင်သင်းက ပြောပါတယ်။ https://www.facebook.com/photo? fbid=331095809276870&set=a. 285900490463069
၃၃။အတူတကွ ပူးပေါင်းပြီး ကော်သူးလေ(ကရင်နိုင်ငံ)တည်ထောင်ရန် KTLA ခေါင်းဆောင်တိုက်တွန်းပြော
September 4, 2023
ကရင်လက်နက်ကိုင်အဖွဲ့ အသီးသီး ပြန်လည်ပူးပေါင်းပြီး ကော်သူးလေ(ကရင်နိုင်ငံ)အား တည်ထောင်သွားကြရန် ကော်သူးလေအာမီ-KTLA အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်စောနယ်ဒါးမြ က စက်တင်ဘာ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ နားကော်ဖထိုမြို့ နယ်ရှိ ဝဖိုဖစ်ဘုန်းကြီးကျောင်း၌ ကျင်းပသည့် ၅ ကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ အခမ်းအနားတွင် တိုက်တွန်းပြောဆိုခဲ့ သည်။ ဗိုလ်ချုပ်စောနယ်ဒါးမြက “ ငါတို့ရဲ့နယ်မြေကို ကာကွယ်ဖို့ အတူလက်တွဲကြမယ်။ ငါတို့ရဲ့ နယ်မြေက ကော်သူးလေ ဖြစ် တယ်။ ငါတို့နိုင်ငံကို တည်ဆောက်နိုင်ဖို့ ငါတို့ခေတ်မှာပဲ စပြီးလုပ်မယ်။ ငါတို့ခေတ်မှာပဲ ငါတို့နိုင်ငံကို မြင်တွေ့စေရမယ်။ အဲ့ဒါ ကြောင့် ကော်သူးလေနိုင်ငံကို မြင်ရဖို့ တစ်ယောက်မှ စိတ်မယိုင်ကြပါနဲ့။ DKBA၊ BGF၊ KNU၊ KTLA က ညီအစ်ကိုအားလုံး ဒီနေ့က စပြီး ပူးပေါင်းပြီး ကော်သူးလေနိုင်ငံကို တည်ထောင်သွားဖို့ ဒီနေ့တက်ရောက်လာတဲ့ လူငယ်မောင်မယ်တွေကို တိုက်တွန်းချင်ပါ တယ်။ ”ဟု လက်ချည်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထိုင်းနိုင်ငံရှိပညာပြည့်ဝနှလုံးလှကျိုက္ကော်ပညာဒါနဖောင်ဒေးရှင်း နာယကချုပ်(ဗုဒ္ဓ)စကော ကရင်စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဦးစီးကျင်းပသည့် အဆိုပါ ကရင်ရိုးရာချည်ဖြူဖွဲ့အခမ်းအနားသို့ ပြည်ပရောက်ကရင်အရေး တက်ကြွလှုပ်ရှားသည့် လူငယ် ၁၂ ဖွဲ့နှင့် ထိုင်းနိုင်ငံရောက်ကရင်လူငယ်ထောင်ချီတို့က တက်ရောက်ကြပြီး ယဉ်ကျေးမှုအဆို အကများနှင့် အချင်းချင်းချည်ဖြူဖွဲ့ခြင်းများ ပြုလုပ်သွားသည်ဟု တက်ရောက်သူများထံမှ သိရသည်။ “ကရင်ရိုးရာယဉ်ကျေးမှု ဓလေ့ ထိန်းသိမ်းဖို့အနေနဲ့ တက်ရောက်ဖြစ်တာပါ။ ကော်သူလေးနိုင်ငံတည်ထောင်ဖို့နဲ့ လူငယ်ပိုင်းတွေစည်းလုံးဖို့ ဗိုလ်ချုပ် နယ်ဒါးမြ အနေနဲ့ပြောတယ်။ ဘယ်သူမေးမေး ကော်သူးလေနိုင်ငံရှိနေတယ် ဆိုတဲ့အကြောင်းအရင်းတွေချပြတယ်။ ဖိနှိပ်မှု အောက်မှာလည်း မနေချင်တော့ဘူး။ ကွဲပြားနေတဲ့ကရင်အဖွဲ့တွေ ပြန်ပြီးစုပေါင်းချင်တယ်” ဟု အခမ်းအနားတက်ရောက်လာ သည့် ကရင်လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။ https://kicnews.org/2023/09/%e1%80%a1%e1%80%90%e1%80%b0%e1%80%90 %e1%80%80%e1%80%bd
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။