သတင်း

ဒီးမောဆိုအနောက်ဖက်ခြမ်းရှိ ကွိုင်ငံရေထွက်ပေါက်အနီး စစ်ကောင်စီ လေယာဥ်ဖြင့် ဗုံကြဲတိုက်ခိုက်

ဒီးမောဆိုအနောက်ဖက်ခြမ်းရှိ ကွိုင်ငံရေထွက်ပေါက်အနီး စစ်ကောင်စီ လေယာဥ်ဖြင့် ဗုံကြဲတိုက်ခိုက်
 
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၂၄ ရက်၊၂၀၂၃။
 
ကယား(ကရင်နီ)ပြည်၊ ဒီးမောဆိုမြို့နယ် ကွိုင်ငံရေထွက်ပေါက်အနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ယမန်နေ့ ဩဂုတ် ၂၃ ရက် ည ၁၀ နာရီ ဝန်းကျင်ခန့်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တံတားနှင့် အဆောက်ဦးတချို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
 
ကွိုင်ငံရေထွက်ပေါက်အနီးနေထိုင်တဲ့ ဒေသခံတစ်ဦး ပြောပြတာက ” ညက (၁၀)နာရီလောက် လာကြဲတယ်၊ လာကြဲတာ တစ်ဆိုပြီးဘဲပေါက်ကွဲသံ ကြားလိုက်ရတယ်၊ ဒီမနက်သွားကြည့်တော့ ရေထွက်ပေါက်မှာရှိတဲ့ တံတားတွေ၊ အဆောက်ဦးတချို့ပျက်စီးတာတွေ၊ သစ်ပင်တွေပျက်စီးတာတွေ တွေ့ရတယ်၊ လူတွေတော့ အထိအခိုက်တော့မရှိဘူး “
 
ကွိုင်ငံရေထွက်ပေါက်အနီးမှာတော့ ကက်သလစ် ဘာသာ​ရေး အဆောက်အဦး၊ ဇရပ်၊ တံတားတို့ တည်ဆောက်ထားတဲ့ အဆောက်အဦးနေရာ (၁၀)ခု ဝန်းကျင်ခန့်ရှိပြီး ယခင်ခေတ်ကောင်းတဲ့ ကာလမှာတော့ အများပြည်သူများ လာရောက် လည်အပတ်ကြတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
 
အခုတော့ ကွိုင်ငံရေထွက်ပေါက် အနီးမှာလည်း စစ်ဘေးရှောင်များ လာရောက်ခိုလှုံနေကြတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
 
ဓါတ်ပုံ – CJ

Related Articles

Back to top button