သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပါဝင် အကျဉ်းထောင်များက အကျဉ်းသားတို့ကို ပြစ်ဒဏ်လျော့ပေါ့ခြင်းနှင့် လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီကြေညာ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပါဝင် အကျဉ်းထောင်များက အကျဉ်းသားတို့ကို ပြစ်ဒဏ်လျော့ပေါ့ခြင်းနှင့် လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီကြေညာ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၁ ရက်၊ ၂၀၂၃။

ဖမ်းဆီးထောင်ချခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ ပြစ်ဒဏ်စီရင်ထားတဲ့ အမှုများမှ ထောင်ပြစ်ဒဏ်အချို့သက်သာခွင့်ပေးကြောင်း စစ်ကောင်စီက ဒီကနေ့ ဩဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။

ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် ထောင်ဒဏ်ပေါင်း ၃၃ နှစ် ချမှတ်ထားပြီး ယနေ့ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ်အတွင်း စွဲဆိုခဲ့သော အမှု ၅ မှုအတွက် လက်ကျန်ပြစ်ဒဏ်များမှ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ပါတယ်။

ထို့အတူ အမှုပေါင်း ၈ မှုဖြင့် ထောင်ဒဏ် ၁၂ ချမှတ်ခံထားရသည့် သမ္မတဦးဝင်းမြင့်အပေါ် ၂၀၂၁ ခုနှစ်အတွင်း စွဲဆို ခဲ့သော အမှု ၂ မှုအတွက် ကျန်ရှိပြစ်ဒဏ်များမှ လွတ်ငြိမ်းသက်သာခွင့် ပြုကြောင်း ထုတ်ပြန်ထားပါတယ်။

” အရင် စစ်အာဏာရှင်တွေအကုန် နိုင်ငံရေးအကြပ်အတည်းဖြစ်လာရင် ဒေါ်အာင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီး နိုင်ငံရေးလမ်းကြောင်းပေါ်တင်ပြီး သူတို့ထွက်ပေါက်ရှာနေကျဘဲလေ။ခုတခါကတော့ တစ်ဖက်ကပိတ်ထားသေးတဲ့သဘောမှာတော့တွေ့တယ်။ အားလုံး အလုံးစုံ လွတ်ပေးတာမဟုတ်ဘဲ ဟန်ရေးပြသဘောမျိုးလွတ်တာလဲတွေ့ရလို့ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးဖို့တောင်းဆိုချက်ကို တဝက်လောက်ကျေနပ်အောင် လက်တည့်စမ်းတယ်လို့လဲ မြင်မိတယ်။ ” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက FJMM ကိုပြောပါတယ်။

ထို့သို့လျော့ပေါ့လိုက်သော်လည်း ဒေါ်အောင်ဆန်းစုကြည့်မှာ ပြစ်ဒဏ်စုစုပေါင်း ၂၇ နှစ်ကျန်ရှိပြီး၊ သမ္မတကြီးဦးဝင်းမြင့်မှာ ထောင်ဒဏ်စုစုပေါင်း ၁၀ နှစ်ကျန်ရှိနေပါတယ်။

ထို့ပြင် အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား ၇၇၄၉ ဦးကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုကြောင်း၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ဝင် ၂၂ ဦး၊ ဆက်စပ်သူ ၇၂ ဦးနှင့် နိုင်ငံခြားသား ၁၂၅ ဦးတို့ ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုမယ်လို့ ကြေညာထားပါတယ်။

သို့သော် ယနေ့ ညနေ ၅နာရီ အထိမှာ ပြန်လည်လွတ်မြောက်လာသူများမှာ ကိန်းဂဏန်းအရ ၁၀၀ ဦးအထိသာ အတည်ပြုနိုင်ပြီး ၂၀ ဦး ကိုသာ အမည်နှင့်တကွ အတည်ပြုနိုင်ကြောင်း AAPP မှ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့လို့ လွတ်မြောက်လာခဲ့ရင်တောင် NUG အနေနဲ့ မပြောင်းလဲဘဲ မူလလမ်းကြောင်းအတိုင်း ဆက်သွားမယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက NUG၊ NUCC အစည်းအဝေးမှာ ထုတ်ပြောထားပါတယ်။

ဓါတ်ပုံ – Getty Images

Related Articles

Back to top button