သတင်း

အညာဒေသအထူးစစ်ဆင်ရေး project အတွက် ထိုင်းနိုင်ငံမှာ ရံပုံငွေ ဘောလုံးပွဲပြုလုပ်

အညာဒေသအထူးစစ်ဆင်ရေး project အတွက် ထိုင်းနိုင်ငံမှာ ရံပုံငွေ ဘောလုံးပွဲပြုလုပ်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၂၈ ရက်၊ ၂၀၂၃။

ထိုင်းနိုင်ငံရောက် မြန်မာတော်ဝင်နဂါးတပ်တော်တာဝန်ခံအဖွဲ့မှ အညာဒေသအထူးစစ်ဆင်ရေး project အတွက် ရံပုံငွေဘောလုံးပွဲကို ဒီကနေ့ ဇူလိုင်လ ၂၈ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါဘောလုံးပွဲကို ထိုင်းနိုင်ငံ ကထုတ်ဘမ်ခရိုင်၊ အုန်းနွဲ့ ဖီကစင် ၉၁ တွင် ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်းရောက်တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေကြတဲ့ လူငယ် အမျိုးသား ဘောလုံးအသင်း ၂၂ သင်း နှင့် အမျိုးသမီး ဘောလုံးအသင်း ၃ သင်းတို့မှ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပါတယ်။

” စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေး နှင့် ဆုံးရှုံးသွားတဲ့ လူ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေတဲ့ သူတွေကို ထောက်ပံ့ကူညီဖို့ ရည်ရွယ်ပါတယ် ” လို့ ရံပုံငွေဘောလုံးပွဲဖြစ်မြောက်ရေး ဦးဆောင်သူ ကိုရှိုင်းမှ FJMM ကိုပြောပါတယ်။

ဘောလုံးပွဲ ဖွင့်ပွဲမှာတော့ မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ဗိုလ်နဂါးမှ online ဖြင့် အဖွင့်အမှာ စကားပြောကြားခဲ့ပြီး လူငယ်တွေအနေနဲ့ ဒီလိုပါဝင်ကြိုးစားပေးတဲ့အပေါ်မှာ ကျေးဇူးတင်ကြောင်းနဲ့ အညာဒေသမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်တော်တစ်ခု ပေါ်ပေါက်ဖို့အတွက်ကို အထူးကြိုးစားနေကြောင်းကို ပြောခဲ့ပါတယ်။

ယခု ရံပုံငွေ ဘောလုံးပွဲကနေရလာတဲ့ ငွေကြေးတွေကိုတော့ MRDA အညာဒေသအထူးစစ်ဆင်ရေးအနေနဲ့ ပြုလုပ်နေတဲ့အတွက် အညာဒေသကို ထောက်ပံ့ကူညီသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo – FJMM

Related Articles

Back to top button