ကျောက်ကြီးမြို့မှ နတ်သံကွင်းမြို့အထိ ကားလမ်းကို အသုံးမပြုဖို့ KNDO မှ အသိပေး
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၂၆ ရက်၊ ၂၀၂၃။
ပဲခူတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီးမြို့နယ်မှ နတ်သံကွင်းမြို့နယ်အထိ ကားလမ်းတွေကို အသုံးမပြုဖို့ KNDO အမှတ် (၃)တပ်ရင်းမှ ထုတ်ပြန်ချက်တစ်ခုကို ယနေ့ ညနေတွင် ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ထဲတွ င် (၂၇/၇/၂၀၂၃)ရက်နေ့မှစ၍ ကျောက်ကြီးမြို့ မှ နတ်သံကွင်းမြို့အကြား ကားလမ်းပေါ်သို့ သွားလာမှုများ မပြု လုပ်ရန်၊ ကားလမ်းနံဘေးရှိကျေးရွာများနေထိုင်ကြသော ပြည်သူများအနေဖြင့် ကျေးရွာ အတွင်း ည(၆း၀၀)နာရီမှ မနက် (၆း၀၀)နာရီအတွင်း သွားလာမှုများအားမပြုလုပ်ရန်နှင့် ကျေးရွာနေပြည်သူများမှအရေးပေါ်အခြေအနေများ လိုအပ်မှုအပေါ် သွားလာရန်လိုအပ်လာပါက တာဝန်ရှိခေါင်းဆောင်များအား ကြိုတင်အသိပေးအကြောင်းကြားရန် တို့ကို အသိပေးထားပါတယ်။
ထို့ပြင် ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်မှု မရှိပါက နောက်ထပ်ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို တာဝန်မယူကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါဒေသများတွင် စစ်ကောင်စီတပ်သားများက ပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး စစ်ရေးလှုပ်ရှားမှုများ နည်းမျိုးစုံ ပြုလုပ်နေခြင်းကြောင့် ပြည်သူများအတွက် အသိပေးစာထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရပါတယ်။