တိုင်းရင်းသားများသတင်းသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 55, July 11, 2023)

၁။  ဟားခါး-ထန်တလန်ကြားတိုက်ပွဲ စကစ ၆ ဦး သေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်း
     July 10, 2023

ဟားခါး-ထန်တလန်အကြား သီတာနားနေစခန်းအနီးတွင် ဇူလိုင် ၇ရက်နေ့နဲ့ ၈ ရက်နေ့က ချင်းအမျိုးသားတပ်မတော် (CNA)နဲ့  အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး သေနတ် ၄ လက်နဲ့ လက်နက်ခဲယမ်းများကို CNA က သိမ်းဆည်းခဲ့ပါတယ်။  ဇူလိုင်လ ၈ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ်ပစ်ကူပေးသည့်အပြင် ဟားခါးမြို့ကနေ လက်နက်ကြီးနဲ့လည်း ပစ်ကူပေးခဲ့ပါတယ်။ ဇူလိုင် ၉ ရက်တွင် CNA တပ်ဖွဲ့က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ စစ်ကောင်စီတပ်သား အလောင်း ၆ လောင်း၊ သေနတ် ၄ လက်နဲ့ လက်နက်ခဲယမ်းတစ်ချို့ကို သိမ်းဆည်းခဲ့ပါတယ်။ အထိနာသော အကြမ်းဖက်စစ်သားများထွက်ပြေးခဲ့ရပြီး ထန်တလန်ဖက်ကို ထိုးဖောက်နိုင်ခြင်းမရှိပဲ နောက်ကြောင်းပြန်လှည့်ခဲ့ရ။ https://www.facebook.com/photo/?fbid=790283353104287&set=pcb.790283486437

၂။  KNU ထိန်းချုပ်နယ်မြေမှာ ၆ လအတွင်း တိုက်ပွဲပေါင်း (၂,၅၀၀)နီးပါး ဖြစ်ပွား စစ်တပ်ဘက်က (၂,၆ဝဝ)ကျော်       သေဆုံး
    July 10, 2023

ကရင်တပ်မတော် (KNU)ရဲ့ ထိန်းချုပ်နယ်မြေမှာ ၆ လအတွင်း တိုက်ပွဲပေါင်း (၂,၄၉၅)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ ၃၀ ရက်အထိ တိုက်ပွဲမှာ စစ်တပ်ဘက်က တပ်ရင်း မှူး ၅ ဦး၊ ဒုတပ်ရင်းမှူး ၅ ဦး၊ ဗိုလ်ကြီး ၉ ဦး၊ ဗိုလ် ၄ ဦး၊ အရာခံဗိုလ် ၅ ဦးအပါအဝင် (၂,၆၃၂)ဦး သေဆုံးပြီး ဒုရင်းမှူး တစ်ဦး အပါ အဝင် (၁,၆၈၅)ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း KNU နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က ၇၆ ဦး ကျဆုံးပြီး (၂၅၇)ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အရပ်သား ၆ သိန်းနီးပါး (၅၉၉,၄၀၀ ဦး) ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်မှာ ကျရောက်တဲ့ ကော်သူးလေတပ်မ တော် နေ့မှာ KNU ရဲ့ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း က စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းသွားမယ်လို့ပြောကြားခဲ့ပါ တယ်။ KNU ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး စစ်အာဏာသိမ်း ပြီးနောက်မှာတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းကာ စစ်ကောင်စီနဲ့ တိုက်ပွဲအများဆုံးဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပါ တယ်။ https://www.facebook.com/photo?fbid=598877135752888&set =a.404503215190282

၃။  မိုင်းငေါ့မှာ TNLA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရ
     July 10, 2023

ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါမြို့နဲ့ နမ့်တွေ​ကျေးရွာကြားမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နမ့်တွေဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။ ဇူလိုင် ၁၀ ရက် မနက် ၉ နာရီမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ကျောက်မဲကနေ နမ့်တွေရွာဘက် ဆိုင်ကယ်နဲ့ ပြန်လာတဲ့ ကျေးရွာခံ လင်မယား ၂ ဦး လက်နက်ကြီးစ ထိမှန်ပြီး ဒဏ်ရာရခဲ့တာလို့ နမ့်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “သူတို့ကျောက်မဲကနေ ဒီဘက်ကို ပြန်လာတာဆိုတော့ သတင်းမကောင်းဘူးဆိုတာ သူတို့လည်း သတင်းမကြားမိလိုက်လို့နေ မှာ ဒဏ်ရာကတော့ ခေါင်းနဲ့ခြေထောက်တွေမှာထိတယ်” မိုင်းငေါ့ဘက်တက်လာတဲ့ စစ်ကောင်စီတပ်မ(၁၀၁) ခြေလျင်တပ်ရင်း (ခလရ ၂၅၃)ကို  TNLA ရဲ့ တပ်မဟာ(၂) တပ်ရင်း (၄၃၄)က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိ ခိုက်သေဆုံး မှုကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က TNLA နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ၃ နှစ်အကြာမှ မိုင်းငေါ့မြို့အနီးတစ်ဝိုက်မှာ အခုလို တိုက်ပွဲ ပြန်ဖြစ်တာလို့ ဒေသခံတွေက ပြောပါတယ်။ TNLA အပါအဝင် ညီနောင်မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA)နဲ့ ရခိုင်တပ်တော် (AA)တို့ သုံးဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်မှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ရှမ်းအရှေ့ မိုင်းလားမြို့မှာ ၂ ရက်ကြာ တွေ့ဆုံခဲ့ပြီး ထူးခြားမှုမရှိဘဲ ဆွေးနွေးပွဲ ရပ်တန့်သွားခဲ့ ပါတယ်။ ဒါ့အပြင် TNLA ဟာ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေကို ကူညီထောက်ပံ့ပေးကြောင်း တရားဝင် ထုတ်ဖော်ပြောဆို ထားပါတယ်။ https://www.facebook.com/photo/?fbid=59952784568781 7&set=a.404503215190282

၄။  လိုင်လင်းပီးမြို့ပေါ်တိုက်ပွဲ စကစ ၄ ဦးနဲ့ အရပ်သား ၁ ဦး သေဆုံး
     July 10, 2023

ချင်းပြည်နယ်၊ ပတူပီမြို့နယ်၊ လိုင်လင်းပီမြို့တွင် ဇူလိုင် ၈ ရက်‌နေ့ ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ CDF-Mara တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးနဲ့ ဒေသခံအမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း CDF-Mara ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လိုင်လင်းပီမြို့တွင်း နာရီ၀က်အကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ ၀င် ၄ ဦး ပွဲချင်းပြီး သေဆုံးကာ စစ်ကောင်စီဖက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီး တစ်ဦး သေဆုံး ခြင်းဖြစ်ကြောင်း CDF-Mara ကဆိုပါတယ်။

စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကြောင့် လူနေအိမ် ၂ လုံးလည်း မီးလောင်သွားတယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။ လိုင်လင်းပီမြို့ ပြည်သူများကို စစ်ကောင်စီတပ်သားများက ခြိမ်း‌ခြောက်ခြင်း၊ နှောက်ယှက်ခြင်းနဲ့ မူးယစ် ရမ်ကားပြီး သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်တာကြောင့် CDF-Mara ကတိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ CDF-Mara ဟာ ချင်းပြည်နယ်အတွင်း ရှေ့တန်းစစ်မျက်နှာများတွင် ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ အခြား CDF တပ်ဖွဲ့၀င် များနဲ့အတူ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသော ချင်းတော်လှန်ရေးတပ်ဖွဲ့  တစ်ဖွဲ့ ဖြစ်ပါတယ်။ https://ww w.facebook.com/photo/?fbid=790170429782246&s et=a.716654970467126

၅။  RCSS တပ်သားသစ် အဓမ္မ စုဆောင်းမှုကြောင့် ရွာလုံးကျွတ်ပြေးခဲ့ရတဲ့ ကျေးရွာတွေကို ဒုတိယအကြိမ် တပ်သား        သစ်ထပ်တောင်းပြန်
     July 10, 2023

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ-RCSS က စစ်သားသစ် စုဆောင်းတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးခဲ့ရတဲ့ ကျေးရွာ ၂ ရွာကို RCSS က ဒုတိယအကြိမ် တပ်သားသစ် ထပ်မံ တောင်းနေတယ်လို့ ကဒူးကြီး ဒေသခံတွေက ဒီကနေ့ ပြောပါ တယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ မုဲင်းတစေးနဲ့ ပုံးစုတ်ကျေးရွာ ၂ ရွာမှာ ၁၀ အိမ် တစ်ယောက်နှုန်းနဲ့ တပ်သားသစ် ပေးရမယ်ဆိုပြီး RCSS တပ်ဖွဲ့က ဇူလိုင်လ ၅ ရက်နေ့မှာ အကြောင်းကြားလာတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အခု ၁၀ အိမ်ကို တစ်ယောက်နှုန်း သူတို့ကို တပ်သားသစ် ပေးရမယ်လို့ တောင်းတယ်၊ မပေးရင် မင်းတို့ရွာ ဘာဖြစ်ဖြစ် အာမမခံဘူးတဲ့။ အရင်တစ်ခေါက်ကလည်း အဲ့လို စစ်သားစုဆောင်းလို့ ကျွန်တော်တို့ တစ်ခါ ပြေးခဲ့ရပြီ။ အခုလည်း ပြေးချင်ရင် တစ်ခါ လေးငါးအိမ်ပဲပြေး၊ အရင်တစ်ခေါက်လိုမျိုး တစ်ခါ တည်း အကုန်လုံး မပြေးနဲ့၊ သူတို့ နာမည်ပျက် တယ်တဲ့” လို့ ကဒူးကြီး ဒေသခံ တစ်ဦးက ပြောပါတယ်။ အခုလို RCSS က တပ်သားသစ် တောင်းတာကြောင့် ငွကြေးတတ်နိုင် တဲ့သူ တစ်ချို့ ဆီဆိုင်မြို့နယ်ဘက်ကို တိမ်းရှောင်ဖို့ ပြင်ဆင်နေတယ်လို့ နောက်ထပ် ကဒူးကြီး ဒေသခံ တစ်ဦးက ပြောပါတယ်။ အဲ့ဒီ ကျေးရွာ ၂ ရွာဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ RCSS တပ်သားသစ် စုဆောင်းတာကြောင့် ကဒူးကြီးဒေသ နားဟီးကျေးရွာဖက်ကို ရွာလုံးကျွတ် ထွက်ပြေးခဲ့ဖူးပါတယ်။

RCSS ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ လူထုတွေကို တပ်သားသစ် မစုဆောင်းတော့ဘဲ စေတနာအရ တာဝန်ထမ်းဆောင်သူ တွေ ကိုသာ လက်ခံမယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် အခု မြေပြင်မှာတော့ RCSS က တပ်သားသစ် စုဆောင်းဖို့ ပြင်ဆင်လာတာ ဖြစ်ပါ တယ်။ “အရင်တုန်းက သူတို့လူစုတာ သွားရတဲ့လူတွေရှိတယ်။ ခေါ်သွားတုန်းက ၅ နှစ်လို့ပြောပြီး ၁၁ နှစ်ကြာမှ ပြန်ခွင့်ရတဲ့ လူလည်းရှိတယ်။ ရွာသားတွေ အနေနဲ့က အေးအေးချမ်းချမ်းပဲ လုပ်ကိုင်စားသောက်ချင်တယ်ဗျ။ လက်နက်ကိုင်ပြီး လူထုကို အနိုင်ကျင့်တာ မကြုံချင်တော့ဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ပုံးစုတ် နဲ့ မုဲင်းတစေးကျေးရွာဟာ ကဒူးကြီးဒေသမှာရှိပြီး ပအိုဝ်း တိုင်းရင်းသားတွေသာ နေထိုင်တာကြောင့် ရှမ်းတပ်ဖြစ်တဲ့ RCSS အနေနဲ့ စစ်သား စုဆောင်းမှု မပြုလုပ်သင့်ဘူးလို့ ပအိုဝ်း လူငယ် ခွန်ရိန်းဟန် ကပြောပါတယ်။ “သဘောတူညီချက်တွေ ထုတ်ပြန်ချက်တွေကို ပြန်လည်ချိုးဖောက်လိုက်တာလား မေးစ ရာရှိပါတယ်။ နိုင်ငံရေး အမြတ်ရဖို့ ထုတ်ပြန်ချက်မှာ စကားလှအောင်ရေးပြီး လက်တွေ့မြေပြင်မှာ ပြည်သူတွေကို နှိပ်စက်နေတဲ့ လုပ်ရပ်တွေကို အပြင်းအထန် ရှုတ်ချတယ်” လို့ သူကပြောပါတယ်။ အခု တပ်သားသစ် စုဆောင်းမှုကို မောက်မယ်မြို့နယ် အတွင်း လှုပ်ရှားနေတဲ့ RCSS ရဲ့ တပ်မဟာမှူး စိုင်းယွက်ဖ အမိန့်နဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ် တွေက ပြောပါတယ်။  https://www.face book.com/photo/?fbid=303022955417489&set=pcb.303023012084150

၆။   မင်းတပ်တွင် လေကြောင်း တိုက်ခိုက်မှုကြောင့် ၉ နှစ်အရွယ်ကလေးနှင့် နို့တိုက်မိခင်အပါအဝင် ၃ ဦး သေဆုံး
      July 10, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မရှိန်းလှော်အုပ်စု၊ ဝုမ်းခုန်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ဇူလိုင် ၈ ရက်နေ့က တိုက်ခိုက်ခဲ့ရာ အသက် ၉ နှစ်အရွယ် မိန်းကလေးတဦးနှင့် နို့တိုက်မိခင်အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း မင်းတပ်မြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်သည်။ သေဆုံးခဲ့သည့် နို့တိုက်မိခင်မှာ အသက် ၂၈ နှစ်ရှိပြီး လ သားအရွယ် ကလေးငယ်ကျန်ရစ်ခဲ့ကြောင်း၊ အသက် ၉ နှစ်အရွယ် မိန်းကလေးအပြင် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတဦး လည်း သေဆုံးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ သေဆုံးမှုများအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ် အမျိုးသားတဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သေးကြောင်း၊ လေကြောင်းဖြင့်သာမက မင်းတပ်မြို့ပေါ်ရှိ ခလရ ၂၇၄ မှလည်း တာဝေး ပစ်အမြောက်များဖြင့်လည်း ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

ထိုသို့ ဂျက်တိုက်လေယာဥ်ဖြင့် အကြောင်းမဲ့ဗုံးကြဲခြင်း၊ လေယာဥ်ဖြင့်ပစ်ခတ်ခြင်း၊ ခလရ ၂၇၄ မှ တာဝေးပစ် အမြောက် များဖြင့် ပစ်ကူပေးခဲ့ခြင်းများကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ခဲ့ရကြောင်း၊ ထို့ပြင် ကျေးရွာစာသင်ကျောင်းနှင့် နေအိမ်(၁၀)လုံးခန့် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။ မင်းတပ်မြို့နယ်အတွင်းရှိ ချပ်၊ စွန်တောင်၊ ပလိပ်ထွီ၊ ရောင်လောင်း၊ ပန်းပါ၊ လုပ်ခေးကျေးရွာများအပြင် မင်းတပ် – မတူပီ ကား လမ်းမပေါ်ရှိ တော်လှန်ရေးအဖွဲ့စခန်းများကို စစ်ကောင်စီကလေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ၏ တိုက်နယ်အမှတ် ၂၊ ၃၊ ၄ သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိသဖြင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ လူစုလူဝေးမလုပ် ရန်၊ အရေးပေါ်ပုန်းခိုနိုင်ရန်အတွက် ဗုံးခိုကျင်းများပြုလုပ်ထားရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၁ ရက်နေ့က အသိ ပေး ထုတ်ပြန်ထားသည်။ https://www.facebook.com/pho to/?fbid=661461312693726&set=pcb.66146176602701

၇။  လယ်ဒိုမြို့နယ်က အရပ်သား ၁၇ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား၊ ၁ ဦး သတ်ဖြတ်ခံရ
     July 10, 2023

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်တွင် လယ်ဒိုမြို့နယ်က အရပ်သား ၁၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး ထားပြီး ၁ ဦးအား ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံ သတင်းနှင့်ပြန်ကြားရေး ယနေ့ထုတ်ပြန်သည်။  ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့တွင် လယ်ဒိုမြို့နယ်၊ ကျောက်မော်ဘုရားကြီးရွာမှ အရပ်သား ၂ ဦးသည် မြို့ပေါ်သို့ စားနပ်ရိက္ခာ သွာရောက်ဝယ်ယူစဉ် သူဌေးကုန်းကျေးရွာတွင် စစ်ကောင်စီတပ် ခလရ-၂၆၄ မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။  ထို့အပြင် ဇူလိုင် လ ၇ ရက်နေ့တွင် လယ်ဒိုမြို့နယ်မှ၊ ဗမာဝက်လာတောကျေးရွာမှ အရပ်သား ၁ ဦးနှင့် ဒါးကုလားကျေးရွာမှ အရပ်သား၂ ဦးသည် ကျောက်တံခါးမြို့နယ်သို့ စားနပ်ရိက္ခာ သွားရောက် ဝယ်ယူစဉ်တွင် ကျောက်တံခါးမြို့ရှိ စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ခြင်းကို ခံခဲ့ရ သည်။ အလားတူ ဇူလိုင်လ ၉ ရက်နေ့တွင် လယ်ဒိုမြို့နယ်၊ ကျောက်မော်ဘုရားကြီးမှ အရပ်သား ၁၀ ဦးနှင့် ပဒဲကောကျေးရွာမှ အရပ် သား ၂ ဦးသည် ကျောက်တံခါးမြို့သို့ စားနပ်ရိက္ခာသွားရောက်ဝယ်ယူစဉ် နေ့လယ် ၁၁ နာရီအချိန်တွင် ကျောက်တံခါးမြို့ရှိ စစ်ကောင်စီတပ်၏ ခလရ-၂၆၄ မှ ဖမ်းဆီးခဲ့သည်။

ထို့နောက် ဇူလိုင်လ ၈ ရက်နေ့တွင် နတ်သံကွင်းတံတားတွင် တံတားလုံခြုံရေးယူထားသော စစ်ကောင်စီတပ်သည် နတ်သံကွင်း ၃ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၅ နှစ်အရွယ်ရှိ ဦးရဲကြီး ဖမ်းဆီးခဲ့ပြီးနောက် ညအချိန်တွင် ဓားနှင့်ထိုးသတ် လိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံ သတင်းနှင့် ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဦးရဲကြီး ၏ သေဆုံးနေသည့် ရုပ်အလောင်းကို ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းတွင် တံတားအောက်တွင် ပြန်လည် တွေ့ရှိခဲ့ရှိကြောင်း သိရသည်။  ခလယ်လွီထူခရိုင်တွင် ဇူလိုင်လ ၆ ရက်မှ ၉ ရက်နေ့အထိ လယ်ဒို မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းနှင့် အရှေ့ဘက် ခြမ်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်များမှ လက်နက်ကြီး အလုံးရေစုစုပေါင်း ၂၈ လုံး ပစ်ခတ်ခဲ့ပြီး နေအိမ် ၁ လုံး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ အဆိုပါ ဖမ်းဆီးထားသည့် အရပ်သား ၁၇ ဦးကို ကျောက်တံခါးမြို့ နယ် ကျောက်တံခါးရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ပြီး တွေ့ဆုံခွင့် မပေးမှုကြောင့် ဖမ်းဆီးခံရသည့် မိသားစုဝင်များက စိုးရိမ်ပူပင်နေကြသည်။  https://www.faceb ook.com/photo/?fbid=703027095170053&set=a.682731967199566

၈။  သိုင်းငင်းရွာတွင် စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွား
     July 11, 2023

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာက စစ်ကောင်စီကင်းစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ဒီနေ့ ဇူလိုင် ၁၁ ရက်မနက် ၅ နာရီလောက်တွင် သွားရောက်တိုက်ခိုက်တယ်လို့သတင်းရရှိပါတယ်။ ကလေးမြို့တွင်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီးဖြစ် ၇ ကြိမ် ပစ်ကူပေးနေပြီလို့သိရတယ်။ ဒါ့ပြင် ကလေးမြို့ကနေ ချင်းတောင်ဘက်သို့ စစ်ကား ၅ စီးတက်သွားပြီး ကားထဲတွင် အင်အားအနည်းငယ်သာ လိုက်ပါသွားတယ်လို့ မျက်မြင်တွေကပြောပါတယ်။  သိုင်းငင်း ကျေးရွာဟာ ကလေးမြို့ကနေ ဖလမ်း-ဟားခါးဘက်နဲ့ တီးတိန်-ရိနယ်စပ်ကုန်သွယ်ရေးကားလမ်းမရဲ့ လမ်းစုံမှာရှိပါတယ်။ ဒါကြောင့် ဇူလိုင်လ ၁ ရက်နေ့ကစပြီး အခုချိန်ထိ ကလေးမြို့ကနေ ကုန်တင်ကားနဲ့ ခရီးသည်တင်ကားများဖြတ်သွားလို့မရ အောင် စစ်ကောင်စီတပ်က သိုင်းငင်းရွာကနေ တားမြစ်ထားပါတယ်။

သိုင်းငင်းကျေးရွာက စစ်ကောင်စီကင်းစခန်းမှာတပ်စွဲထားတဲ့ တပ်သားတွေက ဇွန်လနောက်ဆုံးပတ်တွင် ဒေသခံ ရွာသားတွေကို တော်လှန်ရေးတပ်သားဆိုတဲ့ သံသယမှုနဲ့ဖမ်းဆီးတာများလာလို့ CDF CDM SIYIN ကရာဇာသံပေးကာ ရွာသားများကိုလည်း ဘေးကင်းရာသို့ရွေ့ပြောင်းဖို့ ဇွန်လ ၃၀ ရက်ကစာထုတ်ထားပါတယ်။ စာထုတ်ပြီးနောက်တစ်နေ့ ဇူလိုင် ၁ ရက်နေ့ တွင် စစ်ကောင်စီတပ်သား အင်အား ၆၀ လောက်ဟာ ကလေးမြို့ကနေ သိုင်းငင်းရွာကို စစ်ကူတက်သွားကြပါတယ်။ https:// www.facebook.com/photo/?fbid=621033543461149&set=a.60325 4748572362

၉။   ဖာကန့်မြို့က ရှင်းရင်ဟိုတယ်ပိုင်ရှင်အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ
      July 10, 2023

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိပ်မူရပ်ကွက်ရှိ ရှင်းရင်အမည်ရှိဟိုတယ်ပိုင်ရှင် ဒေါ်ဖြူဖြူသန်း (၄၀)နှစ်ဆိုသူဟာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ဖြစ်စဥ်ဟာ ဇူလိုင်လ ၈ ရက် ည ၁၁ နာရီ ဝန်းကျင်ဖြစ်ပြီး အမည်မသိလူစုတစ်စုက ဟိုတယ်ကနေဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဒေသခံ အမျိုး သားတစ်ဦးက “မနေ့ ည ၁၁ နာရီလောက်တုန်းက ပျောက်သွားတယ်တဲ့။ လူတစ်စုက ဖမ်းခေါ်သွားတာ။ ဆိုင်းတောင် ရွာဟောင်း လမ်းဆုံမှာ ပစ်သတ်သွားတာ။ သူ့အလောင်းကိုတော့ ဒီမနက်ရောက်မှ တွေ့တာ” လို့ ပြောပါတယ်။

ပစ်သတ်ခံရတဲ့ ဒေါဖြူဖြူသန့်ကို ဖားကန့်ဆေးရုံ ရင်ခွဲရုံမှာပို့ထားပြီး ဘာကြောင့် အဲလိုမျိုး ပစ်သတ်ခံရတယ်ဆိုတာ ကိုတော့ မသိရဘူးလို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။ “သတ်ခံရတာတော့ ဟုတ်တယ်။ ဘာကြောင့် သတ်ခံရတာ လည်း ဆိုတာ ကျနော်တို့လည်း မပြောတက်ဘူး။ သိလည်းမသိဘူး။ သူ့တို့ ကြားမှာ ဘာပြဿနာရှိတာလည်းဆိုတာ ကိုယ့်လည်း မသိဘူး” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းက ရှင်းရင် KTV မှာ ကချင်တပ်မတော် (KIA )နဲ့ PDF တပ်ဖွဲ့တွေ စစ်ကောင်စီ တပ်ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ပြည်သူတွေကိုလည်း တစ်နေ့ကုန် ဖမ်းထားခဲ့သလို နောက်တစ်နေ့မှ ပြန်လွတ်ပေးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။ https://www.facebook.com/photo/?fbid=5987870 65761895&set=pcb.598787289095206

၁၀။   မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစခန်းကနေ ထွက်ပြေးသွားတဲ့ အမျိုးသား ၃ ဦးကို TNLA က သေ​နတ်ပစ်ပြီး           လိုက်ဖမ်းရာ တစ်ဦးသေဆုံး

       July 10, 2023

ရှမ်းမြောက် နမ့်ခမ်းမြို့နယ်ထဲ တအာင်းတပ်မတော် (TNLA) ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစခန်းတစ်ခုကနေထွက် ပြေးသွားတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူ အမျိုးသား ၃ ဦးကို TNLA က သေနတ်နဲ့ပစ်ပြီး လိုက်ဖမ်းရာကနေ တစ်ဦး သေနတ်မှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးအပတ်က  ထွက်ပြေးသွားတာဖြစ်ပြီး ထွက်ပြေးသွားတဲ့ အမျိုးသား ၃ ဦးထဲမှ ဒဏ်ရာရသူတစ်ဦးကိုပြန်ဖမ်းမိခဲ့ပြီး တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး တစ်ဦးက သေဆုံးသွားတာပါ။

အဆိုပါ အမျိုးသား ၄ ဦးဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစခန်းက ချမှတ်ထားတဲ့စည်းကမ်းချက်တွေကို လိုက်နာခြင်း မရှိဘဲ ထွက်ပြေးသွားတာကြောင့် သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစခန်းရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “သူတို့ စလာကတည်းက ကျနော်တို့ပြောတယ် ထွက်မပြေးရဘူး။ ကျနော်တို့က မင်းတို့ရဲ့အကျင့်ကို ဖျက်ပေးမှာလို့။ သူတို့က နားမထောင်ဘဲ ထွက်ပြေးသွားတော့ ပစ်ဖမ်းလိုက်တာ”သေဆုံးသွားတဲ့ မိုင်းလုမ်မွန်းဟာ နမ့်ခမ်းမြို့ နယ် မန်အောင်ကျေးရွာကဖြစ်ပြီး ၎င်းသေဆုံးသွားတဲ့နေ့မှာဘဲ မိဘဆွေမျိုးတွေကို အသိပေးခဲ့ပြီး အလောင်း လာယူခိုင်းခဲ့တာလို့ သိရပါတယ်။  https://www.facebook.com/photo/?fbid=5989710024 10168&set=a.404503215190282

၁၁။  ဖယ်ခုံမြို့နယ်တွင်စစ်တပ်ကနင်းမိုင်းများ​ထောင်ထား၍​ဒေသခံပြည်သူများ​နေရပ်မပြန်​သေးရန် KNDF အသိ​ပေး         July 10, 2023

ရှမ်း-ကရင်နီ(ကယား) နယ်စပ် ၊ဖယ်ခုံမြို့နယ်ရှိ ကျေးရွာများ၌ စစ်ကောင်စီက နင်းမိုင်းအများအပြားထောင် ထားခဲ့၍ ပြည်သူများနေရပ်မပြန်သေးရန် ကရင်နီအ မျိုးသားများကာကွယ်ရေးတပ် KNDF ဖယ်ခုံဇုန် က ယနေ့ ထုတ်ပြန်သည်။ ယခုနှစ် မတ်လ ပိုင်းကစ၍ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ဖယ်ခုံမြို့ တောင်စလုံး၊ မြောက်စလုံး ကျေးရွာတွင် ကာကွယ်ရေးတပ် များက နယ်မြေရှင်းလင်းရေးများလုပ်ဆောင်နေသည်ဟုသိရသည်။ “တောင်စလုံး၊ မြောက်စလုံးရွာခံတွေနဲ့ မိုးဗြဲဘက်ကပြည်သူ တွေ နေရပ်မပြန်ကြပါနဲ့ဦးခင်ဗျာ။မိုင်းရှင်းလင်းရေးမပြီးသေးတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ကို စောင့် ပေးပါ”ဟု KNDF ဖယ်ခုံဇုန် တာဝန်ရှိသူက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း မိုင်း များကို အတက် နိုင်ဆုံးရှင်းလင်းနေပြီး အများစုမှာ ပေါက်ပြားများဖြင့် ရှာဖွေနေရသည်ဟုလည်းအသိပေးသည်။

“တကယ်တမ်း ကရင်နီမှာ စကစဖက်က ထောင်ထားတဲ့နင်းမိုင်းတွေ ပြည်နယ်၊ကျေးရွာတွေမှာအများအပြား ရှိနေပါ တယ်။ ဒါပေမဲ့ တော်လှန်ရေးတပ်ပေါင်းစုဖက်မှာ မိုင်းရှာဖွေရှင်းလင်းဖို့အတွက် မိုင်းရှာစက် မရှိဘဲ ပေါက်ပြား တို့ ဆောက်ခုံး တွေ နဲ့ အဆင်ပြေသလို ရှာဖွေရှင်းလင်းနေရတာပါ”ဟု KNDF ရဲဘော်တစ်ဦးက ပြောသည်။ မိုင်းအသိပညာ​ပေး​သူများက ပြည်သူများ အ​နေဖြင့် မိုင်းအပါအဝင် စစ်လက်နက်ပစ္စည်းများ၊စစ်လက်နက်အစိတ်အပိုင်းများ​တွေပါက ​မထိ​တို့ဘဲ အမှတ်အသားပြုလုပ်၍ စစ်လက်နက်ကျွမ်းကျင်သူများကို ပြသဖယ်ရှားခိုင်းရန် အကြံပြုထားသည်။ ဖယ်ခုံမြို့နယ်သည် ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် KNDF ၏ ဗျူဟာ ၁ အောက်တွင် ရှိပြီး စစ်ကောင်စီ၏ အင်အား ၁,၀၀၀ ကျော်ပါ မြေပြင်ထိုးစစ် အပါအဝင် လေကြောင်း တိုက်ခိုက်မှုများကို သုံးလ ကျော်ကြာ ယခုအထိ ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။ https://www.facebook.com/photo/?fbid =612735224258607&set=pcb .612735290925267

၁၂။  သရက်ချောင်းမြို့နယ်က စစ်ရှောင်တွေရဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်ရင်းမှာ စျေးတစ်ခုလိုမျိုး ရောင်းချနေ          July 10, 2023

သရက်ချောင်းမြို့နယ်က စစ်ရှောင်ပြည်သူတွေဆီက ခိုးယူထားတဲ့ပစ္စည်းတွေကို ဒေသအခြေစိုက် ၄၀၃ ခြေမြန်တပ်ရင်း မှာ ရောင်းချနေတယ်လို့ ‌စစ်ကောင်စီတပ်ရင်းထဲကို ဝင်ထွက်သွားလာနေတဲ့သူတွေဆီကနေ သိရပါတယ်။ အခုလဆန်းကတည်း က ရောင်းချနေတာဖြစ်ပြီး ရေခဲသေတ္တာ၊ စတီးအလှထိုင်ခုံ၊ ပန်ကာ၊ အဝတ်အထည်၊ ဖိနပ်အပါအဝင် ဆိုင်ကယ်အမျိုးအစားအစုံ အလင်နဲ့ ဖုန်းအမျိုးအစားအစုံကို တပ်ရင်းထဲမှာ စျေးဝယ်စင်တာသဖွယ်ခင်းကျင်းရောင်းချနေတယ်လို့ ‌စစ်ကောင်စီ တပ်ရင်းထဲ ကို ဝင်ထွက်သွားလာနေတဲ့သူတွေက ပြောပါတယ်။ “အခုပတ်ထဲမှာပဲ ခုနှစ်သိန်းကျော်ပေါက်စျေးရှိတဲ့ပစ္စည်းတစ်ခု နှစ်သိန်းခွဲနဲ့ ရလာတယ်။ ရေခဲသေတ္တာလိုတဲ့သူဆို ရေခဲသေတ္တာတွေ ထားတဲ့နေရာ၊ ဖုန်းဆိုဖုန်း၊ အင်္ကျီဆိုအင်္ကျီ သူ့အကန့်နဲ့ သူထားထားတာ။ လိုတဲ့ပစ္စည်း ရှိတဲ့နေရာကိုပဲပို့ပေးတယ်။” လို့ တပ်ရင်းထဲမှာ ပစ္စည်းဝယ်ယူခဲ့သူနဲ့ နီးစပ်တဲ့ သရက်ချောင်းမြို့ ခံတစ်ဦးက ပြောပြ ပါတယ်။ ပစ္စည်း‌တွေကို လက်ရှိပေါက်စျေးရဲ့ သုံးပုံတစ်ပုံစျေးနဲ့ ရောင်းနေတာဖြစ်ပြီး ဝယ်တဲ့သူအများစုက လည်း စစ်ကောင်စီနဲ့ နီးစပ်သူတွေသာဖြစ်တယ်လို့ အဆိုပါမြို့ခံအမျိုးသားက ဆက်ပြောပါတယ်။ အဲဒီပစ္စည်းတွေဟာ သရက်ချောင်းမြို့နယ်ထဲက ရငဲရွာ၊ ကနက်သီရိရွာတွေက ခိုးယူ၊ ဖောက်ထွင်း ယူဆောင်လာတဲ့ ပစ္စည်းတွေဖြစ်တယ်လို့ အဲဒီရွာ ကဒေသခံတွေနဲ့ ခမရ(၄၀၃) တပ်ရင်း ထဲကို ဝင်ထွက်သွားလာနေတဲ့သူတွေက ပြောပါတယ်။

သရက်ချောင်းမြို့မစျေးမှာလည်း စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေဟာ စျေးလာဝယ်တဲ့သူတွေကို ပစ္စည်းတွေ စျေးသက် သက်သာသာနဲ့ လိုချင်ရင် သူတို့မှာရှိကြောင်းနဲ့ သူတို့ဝယ်ပေးနိုင်ကြောင်း ပြောဆိုတာတွေလည်းရှိနေတယ်လို့ ‌သိရပါတယ်။ ဒါ့အပြင် မြို့မရဲစခန်းမှာလည်း အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေ သရက်ချောင်းမြို့နယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တဲ့ ၂၀၂၁ ခုနှစ်က သိမ်းထားတဲ့ ဆိုင်ကယ်တွေနဲ့ စစ်ဘေးရှောင်တွေရဲ့ဆိုင်ကယ်  ဆိုင်ကယ်တွေကို ပွဲစားတွေနဲ့ ချိတ်ဆက်ကာ တစ်ဝက်စျေးနဲ့ ရောင်းထုတ်နေတယ်လို့လည်း သရက်ချောင်းမြို့ခံတွေက ပြောပါတယ်။ “တချို့ဆိုင်ကယ်တွေက လိုင်စင်မရှိ‌ တော့ (without) တွေဖြစ်ကုန်တာပေါ့။ တချို့ကျ ဆိုင်ကယ်ပုံးထဲမှာ လိုင်စင်ထားခဲ့တဲ့ သူတွေရှိတယ်လေ။ အဲလိုဆိုင်ကယ်တွေ ပါလာတဲ့ အခါကျလိုင်စင်ပေါက်ဆိုပြီး ဖြစ်သွားတယ်။” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ရငဲရွာမှာရှိတဲ့ မြွေတောင်မှာ ပြီးခဲ့တဲ့လ တတိယအပတ်က စစ်ကောင်စီတပ်သားတွေတပ်စွဲပြီးနောက်မှာ ရငဲရွာအပါအဝင် အနီးနားရွာတွေက ဆိုင်ကယ်တွေ ကို မြေတင်ကားတွေနဲ့သရက်ချောင်းရွာဘက်ကို သယ်ယူနေတာက အစီးရေဟာ ၁၀၀ ထက် မနည်းရှိနေပြီလို့ မျက်မြင်တွေ့ခဲ့ ရတဲ့ဒေသခံတွေက ပြောပါတယ်။ “ပစ္စည်းတွေကို ယူယူပြီး အထုပ်လေးတွေမှာ သူတို့မိန်းမနာမည်တွေရေးပြီး တပ်ရင်းတွေထဲပို့ နေတယ်။ သုံးလို့ရတဲ့ပစ္စည်း အကုန်ယူတယ်။ ယူလို့မရတဲ့ ပစ္စည်းပဲကျန်ခဲ့တာဗျာ။ စတီးလက်ရန်းတွေကစ အကုန်ပါတယ်။” လို့ ဒေသခံက ပြောပါတယ်။  https://ww w.facebook.com/photo/?fbid=301241332293623&set=a.196212679463156

၁၃။  ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်ရဲ့ အစ်ကိုအရင်း ရှဒူးဇွပ် တိုက်ပွဲမှာ သေဆုံး

       July 10, 2023

တနိုင်းလီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) ကျေးရွာ တိုက်ပွဲမှာ ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်ရဲ့ အစ်ကိုယ် အရင်းဖြစ်သူ လက်နက်ကြီးထိမှန်ပြီးတော့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားသူကတော့ အသက် ၄၀ နှစ်အရွယ် ကိုအငယ်လေးဆိုသူဖြစ်ပြီး ရှဒူးဇွပ်ကျေးရွာအဝင် တံတားအကျော် ကုန်းထိပ်နေရာမှာ တပ်ချထားတဲ့ ပြည်သူ့စစ် ဂိတ်စခန်းရဲ့ တာဝန်ခံတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ “မင်းဇေသန့်ရဲ့ အစ်ကိုယ်ဖြစ်သူ အငယ်လေးက တံတားထိပ်က စခန်းတိုက် ခိုက်ခံရမှုမှာ ပါသွားတာသေချာတယ်။ သူ့ရဲ့ ခေါင်းမှာကို ထိမှန်သွားတယ်လို့ ကြားတယ်။ သူက ရှဒူးဇွပ်ရွာအဝင်တံတားက တပ် စခန်း တာဝန်ခံဖြစ်တယ်။ ပြီးရင် သူ့ညီကို အားဖြည့်ပေးနေတဲ့ တစ်ယောက်ဖြစ်တယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှဒူးဇွပ်ဒေသခံတစ်ယောက်က ပြောသည်။ အဲဒီဂိတ်နေရာဟာက ယခင် စစ်တပ်စခန်းလည်းဖြစ်၊ နှောင်ရိုးစားသောက်ဖွင့်လှစ် ခဲ့တဲ့နေရာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မင်းဇင်သန့် နေအိမ် ပထမအကြိမ် တိုက်ခိုက်ခံခဲ့ရတဲ့နောက်ပိုင်း စစ်ဆေးဂိတ်အဖြစ် တပ်ချလိုက်တာဖြစ်ပါတယ်။

ပြည်သူ့စစ်တပ်ဘက်က သေဆုံးသူ ၅ ဦးခန့်ရှိခဲ့ပြီး အဲဒီအထဲ မင်းဇေသန့်ရဲ့ အစ်ကိုယ်ဖြစ်သူနှင့် ပြည်သူ့စစ်လက် အောက် တာဝန်ထမ်းဆောင်နေတဲ့ ကိုအဒီးဆိုတဲ့ ရဝမ်တပ်သားတစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။ ပြည်သူ့စစ်တပ်နှင့် နီးစပ်သူ ဒေသခံပြည်သူတစ်ချို့ ပြောဆိုချက်အရ ဇူလိုင်လ ၈ ရက်မနက်တိုက်ပွဲမှာ ပြည်သူ့စစ်ဘက်က ၁၀ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းထွက်နေပေမယ့် စာရင်းအတိအကျကို မေးမြန်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ရှဒူးဇွပ်တိုက်ပွဲမှာ KIA ဘက်က ၃ ဦး သေဆုံးသေဆုံးပြီး KIA တပ်သားတစ်ဦးတော့ ဖမ်းဆီးခံလိုက်ရပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်း ၄ နာရီဝန်းကျင်အချိန် စစ်အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ KIA တပ်ဖွဲ့ဟာ ရှဒူးဇွပ်ကျေးရွာက မင်းဇေသန့်နေအိမ်နှင့် ရှဒူးဇွပ်တံတားပေါ်က တပ်စခန်း ၂ ခုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=6594694595476 62&set=a.601270185367590

၁၄။      UWSP ပါတီဝင် “ဝ” ကေဒါ အရာရှိငယ် ၅၀၀ ကျော် ပထမဆုံး အကြိမ် သင်တန်းဆင်း

         July 10, 2023

 “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် UWSP ပါတီဝင် “ဝ” ကေဒါ အရာရှိငယ် ၅၀၀ ကျော်အတွက် ပထမဆုံး သင်တန်းဆင်းပွဲ အကြိမ် ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လနှောင်းပိုင်းတွင်  “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSA ၏ ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး UWSA ပါတီဝင် ကေဒါ အရာရှိငယ် ၅၀၀ ကျော် နှင့် အုပ်ချုပ်ရေး၊ စစ်ရေး နှင့် နိုင်ငံရေး ဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းဆင်းပွဲတွင် UWSA မှ ထိပ်တန်းခေါင်းဆောင်ကြီး ၃ ဦးလည်း တက်ရောက် စကားပြောခဲ့ပြီး UWSA/ UWSP ၏ အထွေထွေ အတွင်းရေးမှူး လည်းဖြစ်၊ ဥက္ကဌလည်း ဖြစ်သည့် ပေါက်ယိုချန်း အစား တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒု – ဥက္ကဌ ရှောက်မင်လျန်မှ အမှာ စကား ပြောဆိုခဲ့သည်။ ရှောက်မင်လျန် အမှာစကားတွင် “သင်တန်း ဆင်းသွားတဲ့ လူငယ်များ၊ မျိုးဆက်သစ်များ ကိုယ့်လူမျိုး နဲ့ နယ်မြေကို ချစ်တတ်ဖို့၊ ပါတီရဲ့ ရည်မှန်းချက်ဟာ ပြည်သူတွေ စားဝတ်နေရေး ပြေလည်ဖို့ နဲ့ သင်တန်းဆင်းသွားတဲ့ လူငယ်များ အားလုံး ကိုယ့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး အမှန်တရား လမ်းစဥ်အတိုင်း လျှောက်သွားဖို့ “ စသဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းသွားသည့် “ဝ” လူငယ် ကေဒါအရာရှိငယ် သင်တန်း ၅၀၀ ကျော်အနက် ၁၀ ဦးက ကျောင်းသား ကောင်းဆု ၁၀ ဆု နှင့် ကျောင်းသားတော်ဆု ၅၇ ဆုတို့ကိုလည်း ဆုအသီးအသီး ချီးမြှင့်ပေးသွား ကြောင်း သိရသည်။ “ဝ” လူငယ် ကေဒါ အရာရှိငယ် ၅၀၀ ကျော် သင်တန်းဆင်းပွဲတွင် နိုင်ငံရေး၊ စစ်ရေး အတွေ့အကြုံရှိသူများက လာရောက်မျှပေးခဲ့ကြောင်း လည်း သိရသည်။ UWSA တပ်ဖွဲ့သည် ကွန်မြူနစ်ခေတ်တွင် ဗကပ တပ်ဖွဲ့ဝင် ဖြစ်ခဲ့ပြီး UWSA ဥက္ကဌ ပေါက်ယိုချန်း ကိုယ်တိုင် စစ်ကြောင်းကို ဦးစီးသူ ဖြစ်ခဲ့သည်။  https://www.facebook.com/photo/?fbid=600465318859850&set=pcb.60046572 5526476

၁၅။  KNU အုပ်ချုပ်နယ်မြေအတွင်းက စစ်ဘေးရှောင် ၆ သိန်းနီးပါး အရေးပေါ်လူသားချင်းစာနာထောက်ထားမှု             ဆိုင်ရာ အကူအညီတွေ လိုအပ်နေ

     July 10, 2023

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေ အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။ ကော်သူးလေအုပ်ချုပ်နယ်မြေ အတွင်းမှာ စစ်ဘေးရှောင်အရေအတွက်ကတော့ လက်ရှိမှာ ၆ သိန်းနီးပါးအထိရှိလာပြီလို့သိရပါတယ်။ တိုက်ပွဲတွေနေ့စဉ်ဖြစ် ပွားနေတာနဲ့ စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုကျူးလွန်တာ၊ လူ့အခွင့်ရေး ချိုးဖောက်မှု ပုံစံအမျိုးမျိုးကို ကျုးလွန်နေသော ကြောင့် အခုလိုစစ်ဘေးရှောင်တွေများပြားလာတာဖြစ်ပြီး အရေအတွက်အား​ဖြင့် ၅၉၉၄၀၀ ဦးအထိရှိလာတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ယခုလက်ရှိမိုးရာသီကာလမှာတော့ စစ်ဘေးရှောင်ပြည်သူလူထုရဲ့ နေရာထိုင် ခင်းအတွက် အမိုးအကာနဲ့ စားနက်ရိက္ခာ မလုံလောက်မှု  အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ သိရတယ်။

KNU ဘက်ကတော့ ပြီးခဲ့တဲ့နှစ် ဇူလှိုင်လကနေ အခုနှစ် ဇွန်လအထိ စစ်ဘေးရှောင်အိမ်ထောင်စု ၅ သောင်း ၄ ထောင် ကျော်မှာရှိတဲ့ လူဦးရေ ၂ သိန်း ၆ သောင်းကျော် အတွက် လိုအပ်တာတွေကို ကူညီထောက်ပံ့နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ကော်သူး လေအုပ်ချုပ်နယ်မြေအတွင်းမှာတော့ အခုနှစ်စကနေ ပြီးခဲ့တဲ့ဇွန်လကုန်အထိ ၆ လအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ အပြင်သူတို့ရဲ့ စစ်ရေးကွပ်ကဲမှုအောက်မှာ ရှိတဲ့ ပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း ၂၄၉၅ ကြိမ် ဖြစ်ပွါးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး ၅ ဦး၊ ဒုရင်းမှူး ၅ ဦး၊ ဗိုလ်ကြီး ၉ ဦး၊ ဗိုလ် ၄ ဦး၊ အရာခံဗိုလ် ၅ ဦး အပါ အဝင် စုစုပေါင်း ၂၆၃၂ ဦးသေဆုံးပြီး ဒုရင်းမှူးတစ်ဦး အပါအဝင် စုစုပေါင်း ၁၆၈၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ KNLA၊ KNDO နဲ့ သူတို့ရဲ့ စစ်ရေးကွပ်ကဲမှု အောက်ရှိ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၇၆ ဦး ကျဆုံးခဲ့ရပြီး ၂၅၇ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြချက်မှာဖော်ပြထားပါတယ်။ https://www.facebook.com/photo/?fbid=301705448913878& set=pcb.301705562 247200

၁၆။ ကွတ်ခိုင်မြို့နယ် တစ်နေ့တည်း စစ်ကောင်စီ နှင့် KIA တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွား

      July 10, 2023

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်းတစ်နေ့တည်း  အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ထိတွေ့ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (ဇူလိုင် ၉ ) ရက်  နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် တစ်ကြိမ် ၊ ညနေပိုင်း ၆ နာရီဝန်းကျင်တွင် တစ်ကြိမ် အာဏာသိမ်းစစ်ကောင်စီနှင့် KIA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များ ထံမှ သိရသည်။ နံနက်ပိုင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်း တစ်ခုသည် သိန္နီမြို့မှ မဘိမ်း ကျေးရွာနားအကျော်တွင် KIA တပ်ဖွဲ့  နှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း အမည် မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။ “အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်း တစ်ခုက မဘိမ်းကျော်နားမှာ KIA နဲ့ တွေ့မိပြီးတော့ တိုက်ပွဲတွေ ဖြစ်ကြတာ၊ အဲ့တိုက်ပွဲက တစ်နာရီကျော် လောက်ကြာတယ်၊ စစ်ကောင်စီဘက် ပြန်ဆုတ်သွားလို့ တိုက်ပွဲငြိမ်သွား တာ၊ ထိခိုက်ကျဆုံးမှုတော့ မသိရဘူး” ဟု ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအပြီး ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့သည် သိန္နီမြို့မှ စစ်ကား အစီး ၁၀ နီးပါးဖြင့် ကွတ်ခိုင်ဘက် ပြန်တက်လာရာ မဘိမ်း – နမ့်ဖက်ကာကြား အရောက်တွင် KIA စစ်ကြောင်းနှင့် ရင်ဆိုင်ရပြီး တိုက်ပွဲထပ်မံဖြစ်ပွား ကြောင်းသိရသည်။ “ညနေဘက်ဖြစ်တဲ့ တိုက်ပွဲမှာတော့ လက်နက်ကြီး လက်နက်ငယ် အသံတွေ ကြားရတယ်၊ ပြီးတော့ ရွာတွေ ဘက်လည်း နီးသွားတယ်၊ အဲ့ညနေ ထိခိုက်ကျဆုံးမှုရှိပေမဲ့ အတိအကျတော့မသိရဘူး”ဟု အထက်ပါ ဒေသခံကဆက်ပြော သည်။ ညအချိန်တွင်ဖြစ်ပွားသည့်တိုက်ပွဲတွင် လူနေကျေးရွာနှင့်နီးစပ်လာသည့်အတွက်ကျေးရွာအနီးပတ်ဝန်းကျင်သို့ လက်နက် ကြီး ကျရောက်ပေါက်ကွဲမှုလည်း ရှိလာကြောင်းသိရသည်။ https://burm ese.shannews.org/archives/35690

၁၇။  မောင်တောတွင် ALP တပ်ဖွဲ့ဝင် ၂ ဦးနှင့် အရပ်သား ၂ ဦးကို AA က ဖမ်းဆီးသွားဟု သတင်းများထွက်ပေါ်နေ

     July 10, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ကွဲမှ တပ်ဖွဲ့ဝင် ၂ ဦးနှင့် အရပ်သား ၂ ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသည့် ALP တပ်ဖွဲ့ဝင် ၂ ဦးမှာ မောင်တောမြို့မှ ALP ၏ စီးပွားရေးတာဝန်ခံ အာရ်ဂျေ ကေတီဗီပိုင်ရှင် ဦးမောင်သိန်းဦး၏သား ကိုချစ်မင်းနှင့် ဘင်္ဂလားဒေ့ရှ်သို့ နွားပို့နေသည့် တပ်ဖွဲ့ဝင် တစ်ဦးတို့ဖြစ်သည်ဟု သိရ သည်။ သူတို့နှင့်အတူ ဖမ်းဆီးခံထားရသည့် အရပ်သား ၂ ဦးမှာ မောင်တောမြို့မှ ကိုသန်းလှိုင်(ခေါ်)မောင်ရွှေဘု နှင့် ကိုခင်မောင်ထွန်း တို့ဖြစ်သည်ဟုလည်း သိရသည်။

သူတို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်တွင် မောင်တောမြို့နယ်အတွင်းရှိ မြောင်တစ်ခုသို့ ပျော်ပွဲစားသွားရာ ၄ လမ်းခု လတ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်လျှက်ရှိကြောင်း ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောသည်။ “ဘာကြောင့် ဖမ်းလဲတော့ မသိဘူး။ AA က ဖမ်းသွားတယ်လို့ပဲကြားပါတယ်။ ALP က နှစ်ယောက်၊ အရပ်ဘက်က နှစ်ယောက်လို့ ပြောကြတယ်။ အရပ်ဘက်ကနှစ်ယောက်ကိုတော့ လွှတ်ပေးလိုက်မယ် ဆိုပြီးတော့လည်း ကြားပါတယ်”ဟု ပြောသည်။ သူတို့ ဖမ်းဆီးခံရပြီးနောက် မောင်တောမြို့ရှိ အာရ်ဂျေ ကေတီဗီအပါအဝင် အခြားကေတီဗီများနှင့် စားသောက်ဆိုင်များကိုလည်း စစ်ကောင်စီက ညအချိန် ဝင်ရောက်စစ်ဆေးခြင်းများရှိနေသည်ဟု မြို့ခံများက ပြောသည်။ https://burmese.narinjara.com/ news/detail/64abf9618fdb90968c71d3e2

၁၈။   စစ်ကောင်စီထံက သိမ်းဆည်းထားတဲ့ ၁၂၀ မမ လက်နက်ကြီး ၇ လက်နဲ့ စစ်ဆင်ဖို့ ပြင်ဆင်

       July 10, 2023

ကရင်နီပြည်နယ်၊ တိုက်ပွဲတွေမှာ စစ်ကောင်စီထံက သိမ်းဆည်းရမိတဲ့ ၁၂၀ မမလက်နက်ကြီး ၇ လက်နဲ့တန်ပြန်စစ်ဆင် ဖို့ပြင်ဆင်နေတယ်လို့ ကရင်နီတော်လှန်ရေးအင်အားစု တာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၁၀ ရက်မှာ ပြောပါတယ်။ မယ်စဲ့မြို့နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီထံက ၁၂၀ မမ လက်နက်ကြီး ၇ လက် အပါအဝင်လက်နက်ခဲယမ်း အမြောက် အမြား သိမ်းဆည်းရမိပြီးနောက် အခုလို တန်ပြန်စစ်ဆင်ဖို့ ပြင်ဆင်နေတာလို့ သူကပြောပါတယ်။ “ကျွန်တော်တို့ ဆီကမှာ မကြာ သေးခင်က သိမ်းဆည်းရမိခဲ့တဲ့ ၁၂၀ မမ လက်နက်ကြီး ၇ လက်အပါအဝင် ခဲယမ်းတွေလည်း ရှိပါတယ်။ ဒါတွေကို ပြန်လည် အသုံးပြုပြီး စစ်ကောင်စီတပ်တွေကို တန်ပြန် စစ်ဆင်ရေးတွေပြုလုပ်ဖို့ ဗျူဟာတွေကို ကရင်နီတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းလုပ် ဆောင်နေပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်မှာ လုပ်မလဲဆိုတာတော့ မဆုံးဖြတ်ရသေးဘူး။ ပွင့်ပွင့်လင်းလင်းပြောရင်‌ ပြောလို့ လည်း မဖြစ်သေးပါဘူး” လို့ သူကရှင်းပြပါတယ်။ ဒီလို တန်ပြန်စစ်ဆင်မှာ ဖြစ်တာကြောင့် ပြည်သူတွေ အနေနဲ့ စစ်ကောင်စီတပ် တွေနဲ့ အနည်းဆုံး မီတာ ၅၀၀ အကွာမှာ နေထိုင်ပေးကြဖို့လည်း ကရင်နီ တော်လှန်ရေး အင်အားစုတွေက မေတ္တာရပ်ခံထားပါ တယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်ကစပြီး မယ်စဲ့မြို့နယ်၊ နယ်စပ် စစ်တပ် ခြေကုပ်စခန်းတွေကို ကရင်နီ တော်လှန်ရေး အင်အားစု တွေနဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ/KNPLF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်တပ်စခန်း ၆ ခုကို သိမ်းပိုက်နိုင်ခဲ့ရာ အခုလို ၁၂၀ မမ လက်နက်ကြီး ၇ လက်၊ လက်နက်ငယ်၊ စက်လတ်နဲ့ ခဲယမ်း အမြောက်အများကိုပါ ရရှိခဲ့တာ ဖြစ်တယ်လို့ ကလလတ ရဲဘော် တစ်ဦးက ပြောပါတယ်။ လက်ရှိ ကရင်ပြည် နယ် နေရာအနှံ့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေးဘူးလို့ ကရင်နီ စစ်ရှောင် ကူညီနေသူ တစ်ဦးက ပြောပါတယ်။ https://www.facebook.com/photo?fbid=303363755383409&set=a.2859

၁၉။  စစ်ကောင်စီတပ် လက်နက်ခဲယမ်းများ ပြင်ပကို ထုတ်ရောင်းမှုစျေးကွက်သဖွယ်ခေတ်စားနေ

        July 10, 2023

အာဏာသိမ်း စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ခဲယမ်း ရောင်းချမှုများ စျေးကွက်သဖွယ် ဖြစ်လာနေသည်ဟု အမည်မဖော်လိုသူ ကရင်ပြည်နယ်အတွင်း အခြေစိုက်တပ်ရင်းများမှ စစ်တပ်သတင်းအရင်းအမြစ်များ ပြော စကားအရ သိရသည်။ “ဒီလိုဖြစ်နေကြတာကြာပါပြီ။ အထိုင်တပ်တွေဆိုတော့ တပ်ရင်းတွေထဲမှာ အပြင်က အပစ်ရပ်လက်နက် ကိုင်တွေ ၊ BGF အဖွဲ့တွေ၊ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့နဲ့ နီးစပ်တဲ့သူတွေက စစ်တပ်တွင်းက လက်နက်ခဲယမ်း တွေ အပြင် ကို ခိုးထုတ်ရောင်းတဲ့ ဖြစ်စဥ်တွေရှိတယ်။ တိုက်ပွဲဖြစ်စဥ်တွေမှာ အသုံးပြုခဲယမ်းစာရင်းတွေ အထက်ကို ပိုပြီးတင်ပြပြီးတော့ အပြင်ကို စျေးပေါပေါနဲ့ ထုတ်ရောင်းနေတာကို ပွဲစားပြန်ဝယ်ကြပြီး တော်လှန်ရေးအဖွဲ့တွေ ဆီ ကို ပြန်ရောင်းစားတဲ့စျေးကွက်က ကရင်ဒေသထဲမှာ အလုပ်ဖြစ်နေတယ်။” ဟု စစ်တပ်သတင်းအရင်း အမြစ်က ပြောသည်။ ထိုကဲ့သို့ လက်နက်ခဲယမ်းများ ပြင်ပကို ထုတ်ရောင်းနေမှုနှင့်ပတ်သက်၍ အထက်အရာရှိများက သိရှိနေ သော်လည်း တပ်ဖွဲ့ဝင်များ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်ပြီး ထွက်ပြေးသွားမည်ကို စိုးရိမ်၍ အရေးယူခြင်းမရှိခဲ့ကြောင်းလည်း ထိုသတင်းအရင်းအမြစ်က ပြောသည်။

ကရင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူး ပေါင်းတပ်ဖွဲ့ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းရရှိရေးအတွက် ကူညီထောက်ပံ့ကြသည့် အလှူရှင်များ စုပေါင်း လှူဒါန်းသည့် ငွေကြေးများဖြင့် ဖြည့်တင်းဝယ်ယူကာ တိုက်ခိုက်နေကြရသည့်အခြေအနေမှ လက်ရှိတွင် ကိုယ်ပိုင် ထုတ်လုပ် အသုံးပြုနိုင်သည့် အခြေအနေကို ရောက်ရှိလာနေပြီဖြစ်ကြောင်း KNLA ပူးပေါင်းစစ်ကြောင်းများထံမှ သိရှိရသည်။ “အခုက စစ်တပ်ကျည်တို့၊ လက်နက်ကြီးကျည် တို့က စျေးသက်သာတယ်၊ တခြားစျေးကွက်က ဝယ်ရတာ ထက်စာရင်ပေါ့။ အခုကတော့ တချို့နေရာတွေမှာ ကိုယ်ပိုင်ထုတ် လုပ်ရေးတွေက နေထုတ်တဲ့လက်နက်ခဲယမ်း တွေအသုံးပြုတိုက်ပွဲဝင်နိုင်ပြီ။ စစ်တပ်က သူတို့ပစ္စည်းတွေ ချိတ်ဆက်ပြီး ခိုးရောင်း၊ ခိုးဝယ်လုပ်ကြတာတွေကတော့ ရှိနေတုန်းပဲ”ဟု KNLA ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိ တွင် ဖားအံမြို့၊ လှိုင်းဘွဲမြို့နယ်များမှအပ ကျန်မြို့နယ် ၅ ခုတွင် KNLA ပူးပေါင်းစစ်ကြောင်းများနှင့် စစ် ကောင်စီတပ်တို့အကြား တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေပြီး ဒေသအတွင်းကျေးရွာချင်းဆက်လမ်းပိုင်းများအား စစ်ကောင်စီတပ်က ဖျက်ဆီးဖြတ်တောက် ပစ်သည့်အတွက် ဝင်ထွက်သွားလာရေး ပိုမိုခက်ခဲလာနေကြောင်း ဒေသခံများက ပြောသည်။ https://kicnews.org/2023/07/% e1%80%85%e1%80%85% e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1

၂၀။  ချင်းပြည်နယ်တွင် ငှက်ဖျားရောဂါ အဖြစ်များလာပြီး ကြိုတင်ကာကွယ်ရေးနှင့် ဆေးဝါးကုသရန် ဒေသခံများ            အခက်ကြုံ

      July 10, 2023

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် ဆေးဝါးပျက်လပ်မှုနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှုများ လုံလောက်စွာ မပြုလုပ်နိုင်တော့သည့်အတွက်   ငှက်ဖျားရောဂါတဖန် အဖြစ်များလာပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်နှင့် ဆေးဝါးကုသနိုင်ရန် ဒေသခံများအနေဖြင့် အခက်အခဲကြုံနေကြရကြောင်း သိရသည်။ နိုင်ငံရေးအခြေအနေကြောင့် ချင်းပြည်သူ များသည်နေရပ်စွန့်ခွာ၍ ပြည်တွင်း၊ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ပြည်တွင်းတွင်စစ်ဘေးရှောင်နေကြသော ဒေသခံ များထံတွင် ငှက်ဖျားရောဂါ တဖန်အဖြစ်များလာကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA) ထံမှ သိရသည်။ “အရင်တုန်းက ငှက်ဖျား ရောဂါမရှိတော့ဘူး၊ နှိမ်နင်းနိုင်ပြီဆိုတော့ ကြွေးကြော်နေတဲ့အရာက အခု အစပြုပြီးတော့ ပြန်ပေါ်လာတာတွေ တွေ့နေ ရပါ တယ်။ နိုင်ငံရေးပဋိပက္ခဖြစ်လာတဲ့ နောက်ပိုင်းမှာ အဓိကကြိုတင် ကာကွယ်မှုပိုင်းမှာ အားနည်းလာတဲ့အတွက်ကြောင့်မို့ တချို့ ပြည်သူတွေအနေနဲ့ ငှက်ဖျားရောဂါကို အသည်းအသန်ခံစားနေရတာတွေ တွေ့ရပါတယ်”ဟု ချင်းရေးရာအဖွဲ့ချုပ် လက်ထောက် ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးဆန်က ပြောကြားသည်။ စစ်တပ်အာဏာမသိမ်းမီ အချိန်ကာလတွင် ငှက်ဖျားရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများနှင့် ဆေးဝါးပိုင်းဆိုင်ရာများကို အစိုးရဘက်က လုံလောက်စွာ ထောက်ပံ့ပေးနိုင်ခဲ့ပြီး ချင်းပြည်နယ် တွင် ငှက်ဖျားရောဂါကို ကောင်းမွန်စွာ ထိန်းချုပ်နှိမ်နင်းနိုင်ခဲ့ကြောင်းသိရသည်။

နိုင်ငံရေးအခြေအနေကြောင့် ငှက်ဖျားရောဂါတဖန်အဖြစ်များလာမှုနှင့် ပတ်သက်၍ ချင်းပြည်သူများအနေဖြင့် မြို့ပေါ် သို့ ဆေးဝါးကုသနိုင်ရန် သွားရောက်ရေးအတွက်  လုံခြုံရေးအခြေအနေအရ အခက်ကြုံနေကြရပြီး ချင်းလူမှုရေး အသိုင်းအဝန်း အဖွဲ့အစည်းများအားလုံးအနေဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးနိုင်ရန်နှင့် ပံ့ပိုးကူညီပေးကြရန် အထူးလိုအပ်ကြောင်း ချင်းရေးရာအဖွဲ့ချုပ်က နှိုးဆော်ထားသည်။ “ အခုချိန်မှာ ဒေသခံတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရမ်းလိုအပ်နေ တယ်ဆိုတာ ကျွန်တော်တို့ ကြားနေရပါတယ်။ မြင်နေရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်အား၊ အင်အားအနေနဲ့ မလုံ လောက်တဲ့အတွက် မပံ့ပိုးပေးနိုင်ဘူး။ မကူညီနိုင်ဘူးဆိုတာ စိတ်မကောင်စွာနဲ့ အရင်ဆုံး ပြောကြားချင်ပါတယ်။ ဒါနဲ့ပတ်သက် ပြီး  ICA အနေနဲ့ ချင်းပြည်နယ်တခုလုံးကို လွှမ်းခြုံပြီးတော့ လုပ်နိုင်စွမ်းမရှိသေးပါဘူး။ ကြိုးစားနေတဲ့ အဆင့်မှာပဲ ရှိပါသေး တယ်”လို့ ဆလိုင်းဗန်ဆွီးဆန် က ဆက်လက်ပြောဆိုသည်။ ပြည်တွင်းရှိ တောတောင်ထဲတွင် စစ်ဘေးရှောင်နေကြသော ချင်းပြည်သူများသည် လုံလောက်သော ဆေးဝါးကုသခွင့် မရကြသည့်အတွက် အသက်မပြည့်သေးသည့် ကလေးငယ်များ အပါ အဝင် ဒေသခံအများအပြား အသက်ဆုံးရှုံးနေကြရကြောင်းသိရသည်။ https://www.facebook.com/photo/?fbid=60379104 1889919&set=p cb.603791385223218

၂၁။    မင်းထိန်ရွာသားတစ်ဦး PDF ထောင်ထားတဲ့ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ထိခိုက်

       July 11, 2023

ပုလောမြို့နယ်၊ မင်းထိန်ရွာက ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိပြီးခြေထောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ အသက် ၅၀ ကျော်အရွယ်ရှိတဲ့ ဒေသခံအမျိုးသားဟာ အခုလ ၉ ရက်နေ့ ညနေ ၃ နာရီ‌လောက်က ခြံထဲ သွားတဲ့အချိန်မှာ မင်းထိန်ရွာ ဘောလုံးကွင်းဟောင်းအနီးအရောက်မှာ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ကြွေမွသွားတဲ့အထိ ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ မြိတ်ခရိုင်တပ်ရင်း(၁)ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက “မိုင်းက PDF မိုင်းပါ။ ခြေထောက်မှာထိပြီး ခြေဖြတ်ရမယ်ကြားတယ်။” လို့‌ပြောပါတယ်။ လက်ရှိမှာတော့ အဆိုပါ အမျိုးသားဟာ မြိတ်မြို့က ဆေးရုံတစ်ခုမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

မင်းထိန်ရွာအနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေမကြာခဏစစ်ကြောင်းထိုးလေ့ရှိပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်တွေနဲ့လည်း ထိတွေ့ပစ်ခတ်မှုတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့လကလည်း PDF ဘက်ကထောင်ထားတဲ့ မိုင်းနင်း မိပြီး ကဒဲရွာသားတစ်ဦး ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းနင်းမိပြီး အရပ်သားတစ်ဦးသေဆုံးခဲ့သလို နောက်ထပ်အရပ်သားနှစ်ဦးလည်း ခြေပြတ်တောက်တာ၊ မျက်စိထိခိုက်တဲ့  ဒဏ်ရာအသီးသီးရခဲ့ပါတယ်။ တနင်္သာရီတိုင်းထဲက ပုလောမြို့နယ်ဟာ စစ်အုပ်ချုပ်ရေး သတ်မှတ်ခံထားရတဲ့ ဒေသတစ်ခုဖြစ်ပြီး နေ့စဥ်ဆိုသလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ကျည်စထိမှန်တာ၊ နှစ်ဖက်စလုံးက ထောင် ထားတဲ့ မိုင်းနင်းမိပြီး အရပ်သားထိခိုက်၊ သေဆုံးတာစတဲ့ ဖြစ်စဉ်တွေ အဖြစ်အများဆုံးမြို့နယ်ဖြစ်ပါတယ်။ https://www.fa cebook.com/photo?fbid=302185682199188&set=a.1962 12679463156

၂၂။  မိုးဗြဲ စစ်ရှောင်ကလေးငယ်တွေ  ကျောင်းတက်ခွင့်မရကြသေး

      July 10, 2023

ရှမ်း- ကရင်နီနယ်စပ်၊ မိုးဗြဲမြို့မှ စစ်ရှောင်ကလေးငယ်တွေဟာ ယခုနှစ် စာသင်နှစ်မှာ တိုက်ပွဲကြောင့် တိမ်းရှောင်နေရ တဲ့အတွက် ကျောင်းမတက်ရတဲ့ သူတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖေဖော်ဝါရီလက စတဲ့ မိုးဗြဲ မြို့တွင်း တိုက် ပွဲတွေ၊ စစ်ရေးတင်းမာမှုတွေကြောင့် မိုးဗြဲဒေသခံ တွေက မတူညီတဲ့ နေရာ‌ဒေသ အသီးသီးမှာ စစ်ဘေးရှောင်နေကြပါတယ်။ စစ်ရှောင်စခန်းတစ်ခုမှာလည်း ကျောင်းသား ၂၃ ဦးရှိသည့်အနက် ၂၁ ဦးကကျောင်းမတက်နိုင်ကြဘူးလို့ စစ်ရှောင်ကော်မတီ တစ်ဦးကပြောပါတယ်။ “တချို့ကလေးက ကျောင်းမတက်ရလို့ဆိုပြီးငိုကြတာ အဲလိုမျိုးရှိတာပေါ့နော။ ကျောင်းတက်ချင်လွန်း လို့ ကျောင်းမတက်ရတဲ့ခါကျတော့ မိဘကိုပူဆာပြီး ကျောင်းပေးတက်ဖို့ မိဘကိုတောင်းဆိုကြတာပေါ့နော။” လို့ စစ်ရှောင် ကော်မတီ တစ်ဦးကပြောပါတယ်။ စစ်ရေးအခြေအနေမကောင်းတဲ့ ကာလလည်းဖြစ်လို့ မိဘတွေက သားသမီးကို ကျောင်းထား ဖို့ အဝေးကို မပို့ရက်တာကြောင့်လည်း ကလေးတွေကျောင်း မတက်နိုင်ကြတော့တာ လို့ သူကဆက်ပြောပါတယ်။

တနေ့လုပ်တနေ့စားရင်း အသက်မွေးဝမ်းကျောင်းပြုခဲ့ရတဲ့ မိုးဗြဲစစ်ရှောင်တွေမှာ စားဝတ်နေရေးကြပ်တည်းလာပြီး ဝင်‌ငွေလည်း ကြပ်တည်းလာလို့  ကလေးကို ကျောင်းထားဖို့ခက်ခဲနေတယ်လို့ မိုးဗြဲစစ်ရှောင် အမျိုးသမီးတစ်ဦးက အခုလိုပြောပါ တယ်။ “အရင်နှစ်ကတော့ ဟိုး မိုးဗြဲမှာနေတဲ့ချိန်တုန်းကဆို တက်ရတယ်။ သူများတစ်လဆို နည်းနည်းပဲတောင်းတယ်။ တစ်လ ၅၀၀၀ အဲလောက်ပဲတောင်းတယ်။ အခုကျတော့ တစ်နှစ်ဆို သူများ အများကြီးတောင်းတယ်။ တစ်နှစ် ၂ သိန်းကျော်ကျော် တောင်းတယ်။ ပြီးတော့လည်း တစ်လ တစ်လစာလည်းရှိသေးတယ်။အဲလောက်တောင်းတော့ မနိုင်ဘူး” လို့ အဆိုပါ စစ်ရှောင် အမျိုးသမီး ကပြောပါတယ်။ ၎င်းကိစ္စနဲ့ ပတ်သတ်ပြီး ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်း ရေးမှူး ဦးဗညား ကတော့ စစ်ရှောင်ပညာရေးနဲ့ ပတ်သက်ပြီး မကြာမီအချိန်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်သွားဖို့ ရှိနေ ကြောင်းပြောပါတယ်။ ရှမ်း- ကရင်နီ နယ်စပ်က မိုးဗြဲမြို့မှာ ဖေဖော်ဝါရီလ ကစလို့တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲတွေဆက်နေခဲ့ပါ တယ်။ စစ်ရှောင်ကူညီသူရဲ့ စာရင်းအရ မိုးဗြဲမြို့မှာ လူဦးရေ သုံး‌သောင်းနီးပါး ရှိပြီး ၅၀ ရာခိုင်နှုန်းဟာ စစ်ရှောင်နေရပါတယ်။ https://www.kantarawaddytimes.org/k9qh

၂၃။  နန်းယွန်းမြို့တွင် ဆန်ပြတ်လပ်မှုကြောင့် အငတ်ဘေးတောင် ကြုံရနိုင်သည်ဟု ဒေသခံများ စိုးရိမ်နေ

     July 10, 2023

နာဂဒေသ၊ နန်းယွန်းမြို့တွင် ကုန်ပစ္စည်းများ သယ်ယူခွင့် မရခြင်းနှင့် လမ်းပြိုပျက်မှုကြောင့် ဆန်ပြတ်နေပြီး ဆန်ဈေး ကျပ် ၁၄၀,၀၀၀ ထိ တက်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ခုနန်းယွန်း ဆန်ပြတ်နေတယ်။ အကုန်နီးပါး ပြတ်နေ တယ်။ ၁၄၀,၀၀၀ ကျပ်၊ ဆန်မရှိတော့ဘူး။ တစ်အိတ်ပဲ ကျန်တော့လို့  ဒီနေ့ ဆန်လာမေးတာ ၁၅ ဦးရှိနေပြီ”ဟု ဒေသခံက ဆို သည်။  မိုးတွင်းကာလ ဇူလိုင်လတွင် နန်းယွန်း – ရှင်ဗွေယန်ကြား လမ်းပြိုကျ၍ ကုန်ကားများ သွားလာ၍ မရသလို ၎င်းလမ်းအား တစ်လကြာ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် နန်းယွန်းမြို့နယ်တွင် ဆန်နှင့် စက်သုံးဆီများ မတင်ရဟု စစ်ကောင် စီတပ်က တားမြစ်ထားပြီး နန်းယွန်းမြို့နယ်အတွင်း အငတ်ဘေးဖြင့် ကြုံရနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ကားသွား မရ၊ ကားကြီး ဆန်မတင်ရ၊ စက်သုံးဆီမတင်ရ၊ ခေတ်က မကောင်းလမ်းကမကောင်း သူတို့ဝန်ထမ်းတွေပါ ရောငတ်မှာ”ဟု ဆို သည်။

အဆိုပါလမ်းရှိ ရှင်ဗွေယန်မြို့အနီး ၅ မိုင်အကွာတွင် လမ်းပြိုကျပျက်စီးသွားပြီး ကားများသွားလာရန် ခက်ခဲနေခြင်းဖြစ် ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းအတွင်း ကျရောက်နေသည့် နန်းယွန်းမြို့နယ်သည် ကချင်ပြည်နယ် တနိုင်းမြို့နယ်မှ အခြေခံ စားသောက်ကုန်များ သယ်ယူပို့ဆောင်နေရသည့် ဒေသဖြစ်ပြီး လက်ရှိအချိန်တွင် တနိုင်းမြို့တွင်လည်း စက်သုံးဆီပြတ်လပ်မှု များဖြစ်ပေါ်နေသလို ဆန်ဈေးလည်း တစ်အိတ်လျှင် တစ်သိန်းသုံးသောင်းအထိ ဈေးတက်နေကြောင်း သိရသည်။ https://ww w.facebook.com/photo?fbid=663469825816911&set=a.6058960 64907621

၂၄။  စစ်တပ်ဂိတ်ကဖမ်းသွားတဲ့ ကားသမား ၂ လကြာပေမယ့် မိသားစုနဲ့အဆက်အသွယ်မရသေး

      July 10, 2023

ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ KIA တပ်သား ၄ ဦးနဲ့အတူဖမ်းခံလိုက်ရတဲ့ ကားသမားကို ယနေ့ချိန်ထိ မိသားစုနဲ့အဆက်အသွယ်မရဖြစ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ကွတ်ခိုင်မြို့  ရပ်ကွက် ၇ တွင်နေထိုင်သော ဦးဇော်အောင် ဆိုတဲ့ကားသမားဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ ဖမ်းဆီးခံသွားရတာဖြစ်တယ်လို့ ဇနီးဖြစ်သူ ဒေါ်လဖိုင်ဂျာအိန် မှ ယခုလိုပြောပြသည်။ “အခုချိန်ထိ ဘာသတင်းမှမကြားတော့တာ။ သူက မူဆယ်နဲ့ကွတ်ခိုင်ကြား ကားဆွဲတဲ့အလုပ်လုပ်တယ်။ အဲ့နေ့က မူဆယ်ကနေ ဒီဘက်ကိုဆင်းလာဖို့လုပ်ချိန် ခရီးသည်မရှိတာကြောင့် အိမ်ကိုပဲတန်းပြန် လာပြီး အိမ်အလုပ်ပဲပြန်လာလုပ်ဖို့ ဆင်းလာတာ။ အရင်လည်း သူက ခရီးသည်မရရင် အိမ်စောစောပြန်လာပြီး အလုပ်ပြန်လာ လုပ်နေကျလေ။ အဲ့နေ့မှာတော့ အဲ့လိုပဲ အိမ်ကိုပြန်ဆင်းလာချိန် ဟိုမုန်းရွာရောက်တော့ ခရီးသည်ရှိလို့ ခေါ်တင်လာတာတဲ့။ သူခေါ်တင်လာတဲ့ ခရီးသည်တွေက ဘယ်လိုလူမျိုးလည်း မသိဘူးလေ။ သူ့သူငယ်ချင်းကားသမားပြောတာတော့ ဆင်းလာချိန် နမ်ဖတ်ကာစစ်တပ်မှာ ရပ်ကျန်နေခဲ့ပြီဆိုတာပဲ။ အဲ့တာပဲသိရပြီး စုံစမ်းမရတော့ဘူး” လို့ ပြောပါတယ်။ စစ်ကောင်စီဘက်က ဖမ်းဆီးသွားတဲ့ ဦးဇော်ဂျာ(သို့မဟုတ်) ဦးဇော်အောင်ဟာ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ကလေးငယ် ၃ ယောက်ရဲ့ ဖခင်ဖြစ်ပြီး မူဆယ်-ကွတ်ခိုင်ကြားမှာ ပြေးဆွဲတဲ့ ကားသမားဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ်က ဦးဇော်အောင်ကို ဟိုမုန်းရွာက KIA တပ်သား ၄ ဦးတင်ဆောင်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခုလိုဖမ်းဆီးခံလိုက်တာဟာ သတင်းပေးသူရှိတဲ့အတွက်ဖြစ်နိုင်တယ်လို့ နမ်ဖတ်ကာကျေးရွာ ဒေသခံတစ်ဦးလည်း ဆက်ပြောပါ တယ်။ “အဲ့ကားသမားက ခရီးသည်မရဘူးဆိုတော့ KIA ဘက်ကလူတွေနဲ့ လမ်းမှာကြုံခဲ့ပုံရတယ်။ သူတို့ဆင်းလာတဲ့ အကြောင်း ကို ဟိုမုန်း၊ နမ်အွမ် အဲ့ဘက်က သတင်းပေးလိုက်ပုံပဲ။ ဆိုတော့ အခြားကားတွေမစစ်ဘူး။ သူ့ကားကိုပဲစစ်ပြီး အားလုံးကို ဖမ်းထားလိုက်တယ်။ အဲ့နေ့ကတည်းက ဒီနေ့ချိန်ထိ ဘယ်မှာထားထားမှန်းမသိဘူး။ သတင်းလည်းမကြားဘူး။ ဘယ်မှာမှ စုံစမ်း လို့မရသေးဘူး။ ကျမတို့လည်း စုံစမ်းတယ် ဘယ်မှမေးမေး မသိဘူးပဲ။ သူ့မိန်းမနှင့် မိသားစုတွေက အရမ်းစိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။ ဦးဇော်အောင် ဖမ်းဆီးခံလိုက်ရတဲ့နေ့ကစပြီး မိသားစုဝင်များဟာ ကွတ်ခိုင်စစ်တပ်စခန်း၊ ရဲစခန်း၊ နမ်ဖတ်ကာ စစ်တပ်တွေမှာ လိုက်လံစုံစမ်းရှာဖွေကြိုးစားခဲ့ပေမယ့် စစ်တပ်ဘက်က သတင်းတစ်စုံတစ်ရာမှမပေး၊ မပြောပြသောကြောင့် ယနေ့ထိ လုံး၀အဆက်အသွယ် ပြတ်နေခြင်း ဖြစ်ပါတယ်။ https://burmese.kachinnews.com/2023/07/10/ld2-9/

၂၅။  မယ်စဲ့ စစ်ဘေးရှောင်ဦးရေ နေ့စဉ်တိုးလာနေ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေများနေတယ်လို့                 KNWO ပြော

       July 10, 2023

ကရင်နီပြည် မယ်စဲ့မြို့နယ် အတွင်းမှာ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်အရေအတွက်တွေ နေ့စဉ်တိုး လာနေပြီး သူတို့အတွက် ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေ များနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကရင်နီ အမျိုးသမီးအစည်းအရုံး KNWO ရဲ့ ဒု ဥက္ကဌ မော်နိုမြာ ကပြောပါတယ်။ “အခုလက်ရှိကတော့ စစ်ရှောင်တွေလည်း တစ်ရက်ပြီး တစ်ရက် တိုးလာနေတဲ့ အပေါ်မှာ ဆိုရင် မိုးကာတွေလည်း မလုံမလောက်ဘူး။ ပြီးတော့မှ ဒီ ခြင်ထောင်တို့ ပြီးတော့ ဒီမနက်ပဲ သတင်းရရှိတာတော့ ဘယ်လိုပြောမလဲ ဒီဆေးနဲ့ ပတ်သက်ပြီး ဆေးကုသမှုနဲ့ ပတ်သက်ပြီး တော်တော်လေး အခက်ခဲရှိတယ်။ ဆိုတော့ အဲ့ဒီဖက်မှာ ဆိုရင် အများအားဖြင့်က ဒီဗိုက်ကြီးသည်အမျိုးသမီး တွေလည်းရှိတယ်။ ပြီးတော့မှ ဒီဖျားတဲ့ လူတွေလည်း ရှိတယ်။ ပြီးတော့မှ နှလုံးရောဂါတွေ သွေးတိုး အများအားဖြင့် သွေးတိုးရောဂါခံစားရတဲ့ လူတွေကတော့ ပိုများတာပေါ့နော်” လို့ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO ရဲ့ ဒု ဥက္ကဌ မော်နိုမြာ ကပြောပါတယ်။

 

လက်ရှိမှာ ထိုင်းနိုင်ငံထဲကို ရောက်ရှိနေတဲ့ စစ်ရှောင် ဦးရေ ၅၀၀၀ ကျော်ရှိနေပြီး မယ်စဲ့မြို့နယ် အနီးက တောတောင် ထဲမှာ စစ်ရှောင်နေကြသူ ၁၀၀၀ ဝန်းကျင်ရှိနေတာပါ။ လက်ရှိမှာ မယ်စဲ့မြို့နယ်အတွင်းမှာရှိနေတဲ့ စစ်ရှောင်တွေရဲ့ ၆၅ ရာခိုင် နှုန်းခန့်ဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပြီး စားနပ်ရိက္ခာနဲ့ နေ့စဉ်အသုံးအဆောင်တွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင် ကူညီသူတစ်ဦးက ပြောပါတယ်။ “ထိုင်းဖက်က စစ်ရှောင်တွေခါကြတော့ သူတို့က ဒီထိုင်းအာဏာပိုင်ရဲ့ လက်‌ အောက်မှာဘဲ သူတို့နေရတော့ ဘယ်လိုပြောရမလဲ။ သူတို့ ဒီနေထိုင်တဲ့ နေရာခါကြတော့ မိုးကာတို့ခါကြတော့ ဥပမာ မိသားစုအလိုက် ပေးတာ တော့ မရှိဘူးပေါ့နော။ ဥပမာ တစ်ရွာဆိုရင် အမိုးတစ်ခုပဲ အဲ့လိုမျိုးပေါ့နော။ မိုးပေးပြီးတော့မှ သူတို့ စုနေခိုင်းတယ်ပေါ့။ အဲ့ဒီဖက် မှာဆိုရင် မိန်းကလေးဖြစ်ဖြစ် ယောကျာ်းလေးဖြစ်ဖြစ် သက်ကြီးရွယ်အို အဲ့မှာပဲ ရောနေခိုင်းတယ်ပေါ့နော်။”လို့ မော်နိုမြာက ပြော ပါတယ်။ အခုလက်ရှိ ထိုင်းအာဏာပိုင်ရဲ့လက်အောက်အတွင်းမှာ လာရောက် ခိုလှုံနေကြတဲ့ စစ်ရှောင်တွေအတွက် အကောင်း ဆုံး စီမံဆောင်ရွက်ပေးနေတာရှိတယ်လို့ ကရင်နီ ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးဗညား က အခုလို ပြောပါတယ်။ https://www.ka ntarawaddytimes.org/%e1%80%99%e1%80%9a%e1%80%ba%e 1%80%85%e1%80%

၂၆။  ရွှေကူအရှေ့တောင်ခြမ်းက စစ်ရှောင်ပြည်သူများ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးအကူအညီလိုအပ်နေ

       July 10, 2023

ကချင်ပြည်နယ် ရွှေကူမြို့နယ် အရှေ့တောင် ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ရာသီတုပ်ကွေးအဖြစ်များ လာနေပြီး ဆေးဝါး အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေကန သိရပါတယ်။ လွန်ခဲ့တဲ့ မတ်လက တည်းက တောတောင်တွေထဲစစ်ဘေးရှောင်နေရတဲ့မံဝင်း၊ စီသာ၊ စီသောင်၊ နောင်လတ်ကြီး၊ နန့်လန်၊ မံနား၊ မံခါး၊ စီမူလေး၊ စီမူကြီးနဲ့ အနီးဝန်ကျင်ကကျေးရွာပေါင်း ၁၂ ရွာက ဒေသခံပြည်သူတွေဟာ တောတောင်တွေထဲစစ်ရှောင်နေရပြီး မိုးတွင်းကာလ နေရာထိုင်ခင်းအဆင်မပြေမှုနဲ့ သောက်သုံး ရေမသန့်ရှင်းမှုတွေကြောင့် လတ်တလော ရာသီတုပ်ကွေးအဖြစ်များလာပြီး ဆေးကု သဖို့အကူအညီတွေလိုအပ်နေတယ်လို့ မံဝင်းကျေးရွာနေ စစ်ရှောင်အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “ဆေးက ကု မလောက်ဖြစ်နေတာ ဖျားနေကြတာ တနယ်လုံးက ကုပ်ကွေးဟာလွန်ခဲ့တဲ့ ၅ ရက် တစ်ပတ်လောက်ကနေစဖြစ်တာပါ့။ ကျွန်တော်တို့ရွာက လူ ၂၀၀ ကျော်တယ် လူလေးဆယ် ငါးဆယ်လောက်ဖျားနေတာ ဘသူ့ကိုကြည့်လိုက်ကြည့်လိုက် ဖျားနေ တာ။ ဆေးမရှိတော့နီးစပ်ရာဟိုကပေးတာလေးသောက်လိုက် ဒီကပေးတာလည်း သောက်လိုက်။ ဂျာမနီရွက်လည်းပြုတ် သောက်တာပဲရှိတယ်”လို့ သူကပြောပါတယ်။

“တုပ်ကွေးကတောထဲမှာပိုဖြစ်နေကြတယ် ။တော်တော်များများဖြစ်နေကြတယ်။ဆေးကတော့မရှိဘူးဗျ တချို့တတ်နိုင် တဲ့ လူက ရွှေကူမြို့ပေါ်က ဆေးခန်းမှာလေးတွေသွားဝယ်ကြတာ ဖြစ်တဲ့လူက ပူတယ်၊ ကိုက်တယ်၊ အဆစ်အမြစ်ကိုက်တယ်။ ခေါင်းကိုက်တယ်။ ဗိုက်ပူတယ်အဲ့လိုတွေ ဖြစ်နေကြတာ”လို့ သူကပြောပါတယ်။ လက်ရှိကာလမှာ ရာသီတုပ်ကွေးက တနိုင်ငံ တဝန်းဖြစ်နေကြပေမယ့် ကာလ ကြာရှည်စစ်ဆေးရှောင်နေတဲ့ ရွှေကူစစ်ရှောင်ပြည်သူတွေအတွက် ဆေးဖိုးငွေကြေးမတတ်နိုင် ကြ တာကြောင့် အလိုအညီလိုအပ်နေကြတာဖြစ်ပါတယ်။ စစ်ရှောင်ပြည်သူ ၁၀၀၀၀ နီးပါးထဲက သုံးပုံ တစ်ပုံလောက်သာ လက် ရှိနေရပ်ပြန်ကြပြီး အများစုကတော့ ရွှေကူအရှေ့တောင်ခြမ်းမစစ်တပ်ကစစ်ရေးလှုပ်ရှားမှုပုံမှန်ရှိနေသလို နေအိမ်တွေ တည် ဆောက်ပြီး စစ်တပ်ကနောက် တစ်ကြိမ်မီးထပ်ရှို့မှာကိုစိုးရိမ်နေကြတဲ့အတွက် နေရပ်မပြန်ကြသေးတာလို့ဆိုပါတယ်။ ရွှေကူမြို့ နယ်အတွင်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွင် မံဝိန်းကျေးရွာမှ အိမ်ခြေ ၁၂၉ လုံး၊ စီသာကျေးရွာမှ အိမ်ခြေ ၁၀၀ လုံး၊ မံနာ ကျေးရွာမှ အိမ်ခြေ ၅၇ လုံး၊ တုံးကောက် ကျေးရွာမှ အိမ်ခြေ ၄၁ လုံး၊ စီသောင်းရွာမှ အိမ်ခြေ ၂၁၁ လုံး၊ မံခါးကျေးရွာမှ အိမ်ခြေ ၃၅ လုံး၊ စီမော်ကျေးရွာမှ အိမ်ခြေ ၁၁၁ လုံး၊ စီမူကြီးကျေးရွာမှ အိမ်ခြေ ၂၈ လုံး၊ စီမူလေးကျေးရွာမှ အိမ်ခြေ ၆၀ လုံး၊ နန့်လန် ကျေးရွာ အိမ်ခြေ ၁၃၀ လုံးနှင့် နောင်လတ်ကြီး ကျေးရွာမှ အိမ်ခြေ ၃၇ လုံး မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့တာပါ။ https://burm ese.kachinnews.com/2023/07/10/az1-226/

၂၇။  ပအိုဝ်းပြည်သူများ ဥပဒေပိုင်းဆိုင်ရာ အကူအညီရရှိနိုင်ရန် ပအိုဝ်းဥပဒေကူညီမှုအသင်း ဖွဲ့စည်း

      July 10, 2023

ပအိုဝ်းပြည်သူများ ဥပဒေ ပိုင်းဆိုင်ရာအကူအညီရရှိနိုင်ရန် ဇူလိုင် ၉ ရက်နေ့ တောင်ကြီးမြို့ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့(ဗဟို) ရုံးတွင် ပအိုဝ်းဥပဒေကူညီမှု အသင်းဖွဲ့စည်းလိုက်ကြောင်း သိရသည်။  အဓိက ပအိုဝ်းပြည်သူ လူထုမျာ းသည် မြန်မာ နိုင်ငံမှ အတည်ပြုပြဌာန်းထားသည့် ဥပဒေဆိုင်ရာ အသိပညာများနားလည်စေရန်၊ ပြဿနာများတစ်စုံ တစ်ရာပေါ် ပေါက်လာပါ က ညှိနှိုင်းကူညီဖြေရှင်းပေးနိုင်ရန်နှင့် ဥပဒေနှင့် ဘွဲ့ရထားသော လူငယ်များ ဥပဒေ ဝါသနာရှင်များအား ဥပဒေ ဆိုင်ရာလုပ်ငန်း များ အသိပညာများဖွံ့ဖြိုးစေပြီး တစုတစည်းတည်းနှင့် အဖွဲ့တွင် ဆောင်ရွက်လုပ်ဆောင်နိုင်အောင် ရည်ရွယ် ထားသည့်ဟု သိရှိရ ပါသည်။ “တကယ်လို့ ပအိုဝ်းပြည်သူများ ဥပဒေဆိုင်ရာ အကူအညီများ လိုအပ်လာပါက ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ရုံးကို လာပြီး အကူအညီရယူလိုတဲ့ ကိစ္စရပ်များကို တိုင်ပင် ဆွေးနွေးအကူ အညီရယူနိုင်ပါတယ်”ဟု ပအိုဝ်း စာပေ နှင့်ယဥ်ကျေးမှု(ဗဟို)  ဥက္ကဌ ခွန်ဝင်းကိုက ခမ်းသားငေါဝ်းကို ပြောသည်။

လက်ရှိတွင် ပအိုဝ်းဥပဒေကူညီရေးအဖွဲ့ ကော်မတီထဲတွင် အဖွဲ့ဝင်အပါအဝင် အယောက် ( ၃၀ ကျော်) ပါဝင်သည်ဟု သိရသည်။ “အခုကတော့ မြို့နယ်တိုင်းမှာရှိတဲ့ ဥပဒေပိုင်း ဝါသနာပါသူတွေကို အရင်ဦးစွာစုစည်းပြီးမှ ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲ သွားမယ် ထွက်လာတဲ့ ဆုံးဖြတ်ချက်အတိုင်း ကျွန်တော်တို့ လုပ်ငန်းဆောင်ရွယ်သွားမယ်”ဟု ၄င်းမှဆက်ပြော သည်။  ပအိုဝ်း ပြည်သူများသည် ဥပဒေ ပညာရှင်နည်းပါးသည့်အပြင် ဥပဒေ အသိနည်းပါးသည့်အတွက် ဥပဒေ ကြောင်းဆိုင်ရာနှင့် ပတ်သက် ပါကအားကိုးရာ မဲ့နေကြကြောင်းသိရသည်။ ထို့အပြင်ပအိုဝ်းဒေသများတွင် ဥပဒေပိုင်းဆိုင်ရာ အသိပညာများ နည်းပါး မှုကြောင့် အချို့သော ကိစ္စရပ်များသည်  လွဲလွဲချော်ချော်ဖြစ်နိုင်သည့်အပြင် ပြဿနာများဖြစ်လာနိုင်သည့်အတွက် ပအိုဝ်းပြည်သူ များသည် သာမက အခြားသောပြည်သူများအားလုံးကို ပအိုဝ်းဥပဒေကူညီရေးအသင်းအနေဖြင့် အတတ်နိုင်ဆုံး အသိပညာပေးပြီး ဆောင် ရွက်သွားမည်ဟုသိရ သည်။ https://www.faceb ook.com/photo/?fbid=657101003119750&set=a.635479238615 260

၂၈။   ရှထူးဇွပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံ ၄ ဦးကို ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်တို့က ဖမ်းဆီးသွား

       July 10, 2023

တိုက်ပွဲဖြစ်ပွားခဲ့သည့် မြစ်ကြီးနား – တနိုင်း လီဒိုလမ်းမပေါ်ရှိ ရှထူးဇွပ်ကျေးရွာမှ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ပြည်သူ ၄ ဦးကို ဇူလိုင် ၉ ရက်နေ့ နံနက် ၇ နာရီခန့်အချိန်တွင် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီတပ် ခလရ ၂၉၇ တို့က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဖမ်းဆီးခံရသူ ၄ ဦးထဲမှ တစ်ဦးပြန်လွတ်လာပြီဖြစ်ကြောင်း သိရသော်လည်း လွတ်မြောက်လာသူသည် မည်သူဖြစ်ကြောင်း မသိရသေးပေ။ ဇူလိုင်လ ၈ ရက်နေ့တွင် KIA က ပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းဇေသန့် ၏ နေအိမ်အပါအဝင် ပြည်သူ့စစ်စခန်း ၃ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည့် နောက်နေ့ နံနက် တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသူများကို မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရကြောင်း ဒေသခံ တစ်ဦးကပြောသည်။

KIA က ပြည်သူ့စစ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ နံနက်တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်သေ ဆုံးမှုရှိခဲ့ပြီးသေဆုံးသူများတွင် ပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းဇေသန့်၏ ညီဖြစ်သူလည်းပါဝင်သည်ဟုသိရသည်။ ဦးမင်းဇေသန့် လည်း ဒဏ်ရာရရှိသည်ဟု သတင်းထွက်ခဲ့သော်လည်း အတည်မပြုနိုင်သည့် သတင်းဖြစ်နေသည်။ ဝါရာဇွပ်ပြည်သူ့စစ် Telegram Channel တွင် ဖမ်းဆီးခံရသည့် KIA စစ်သုန့်ပမ်းအား စစ်ဆေးနေသည့် ဗီဒီယိုဖိုင်အတိုနှင့် KIA ကို ခုခံတိုက်ခိုက်ခဲ့ သည်ဆိုသော ဗီဒီယိုဖိုင်များ ဖော်ပြထားသည်ကို တွေ့ရသည်။ https://www.facebook.co m/photo/?fbid=6635177624787 84&set=a.605896064907621

၂၉။  ကွတ်ခိုင်မြို့နယ် နားဖိုင်ရွာမှာ အရပ်သား ၂ ဦး လက်နက်ကျည် ထိမှန်ဒဏ်ရာရ

       July 10, 2023

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီးရှိ နားဖိုင်ရွာမှာ အရပ်သား ၂ ဦး မနေ့ ဇူလိုင် ၉ ရက် ညနေ ၆ နာရီဝန်း ကျင်က လက်နက်ကျည် ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ မနေ့ည ၆ နာရီဝန်းကျင် လောက် နမ့်ဖတ်ကာဘက်က လက်နက်ကြီး ပစ်လိုက်တာ။ နားဖိုင်ရွာက ညီအစ်မနှစ်ယောက်ကို ထိသွားတာ” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။ ဒဏ်ရာက စိုးရိမ်စရာ မလိုပေမယ့် နဖူး၊ လက်နဲ့ ခြေထောက်တွေမှာ ထိမှန်သွားကာ လူမှုကူညီရေး အသင်း တစ်သင်းက ဆေးခန်းသို့ ကူညီပို့ဆောင်ထားကာ ကုသမှု ခံယူနေတယ်လို့ သူကပြောပါတယ်။ ကျောင်းအနီးက နေအိမ်တစ်လုံး လည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ နမ့်ဖတ်ကာ ဒေသခံတစ်ဦးကလည်း လက်နက်ကြီး ပစ်ခတ်သံ ကြားတယ်လို့ ပြောပါတယ်။ “ဒီကနေတော့ လှမ်းပစ်တယ်။ ၃ ခေါက်ပဲ” လို့ သူက ပြောပါတယ်။

မူဆယ်-လားရှိုး ပြည်ထောင်စု လမ်းမပေါ်မှာတော့ စစ်ကောင်စီတပ်တွေ လှုပ်ရှားသွားလာနေချိန် လမ်းရှင်းပေးတဲ့ အနေ နဲ့ မကြာခဏ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်တာမျိုး ရှိတယ်လို့ ၎င်းကပြောပါတယ်။ နားဖိုင်ရွာဟာ မူဆယ်နဲ့ နမ့်ဖတ်ကာကြား ခိုမုန်းရွာကနေ သုံးမိုင်အကွာမှာရှိပြီး ခိုမုန်းရွာရဲ့ အရှေ့ဘက် ကျတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဇူလိုင် ၈ ရက်ကစ ဒီနေ့ ဇူလိုင် ၁၀ ရက်အထိ မူဆယ်နဲ့ လားရှိုး လမ်းမတကြော စစ်ကောင်စီ စစ်ကြောင်းတွေ စစ်ကြောင်းထိုး လှုပ်ရှားမှု ရှိနေပြီး နေ့တိုင်း လိုလို ထိတွေ့တိုက်ပွဲ ဖြစ်နေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။  https://www.facebook.com/photo/?fbid =599569472350321&set=pcb.599570339016901

၃၀။   ပြည်မဖက်မှ ရခိုင်သို့ပြန်လာသည့် ကိုရင်ငယ်တစ်ပါး ၁၀ ရက်ကြာသည့်တိုင် နေရပ်သို့မရောက်ရှိဘဲ ပျောက်ဆုံး          နေ

       July 10, 2023

ပဲခူးတိုင်း၊ မင်းလှမြို့ မြို့မစာသင်တိုက်တွင် ရှင်ဝတ်ကာ ပညာသင်ယူနေသော ကိုရင်ငယ်တစ်ပါးသည် မိမိနေရပ် ရခိုင်ပြည်သို့ ပြန်လာသည်မှာ ၁၀ ရက်ကြာမြင့်နေပြီဖြစ်သော်လည်း နေရပ်သို့ပြန်မရောက်ဘဲ လမ်းတွင်ပျောက်ဆုံးနေသည်ဟု မိသားစုဝင်များက ပြောသည်။ ပျောက်ဆုံးနေသော ကိုရင်ငယ်မှာ အသက် ၁၅ နှစ်အရွယ် ရှင်ယဿဖြစ်ပြီး ဇာတိမှာ ရခိုင်ပြည်၊ မောင်တောမြိုနယ် ကံသာယာ‌ကျေးရွာ ဇာတိဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့် ‌ဇွန်လ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲကတည်း က နေရပ်ကိုပြန်မည်ဟုဆိုကာ မင်းလှမြို့မစာသင်ကျောင်းတိုက်မှ ထွက်ခွာ‌သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိ ၁၀ ရက်ကြာသည့်တိုင် နေရပ်လည်းပြန်မရောက် အဆက်အသွယ်လည်းမရဖြစ်နေ၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။ ကိုယ်ရင်ငယ်မှာ မင်းလှမြို့ မှနေ၍ ပြည်မြို့သိုသွားသည့် “မျိုးဆက်သစ်”ကားဖြင့် စီးနင်းလိုက်ပါသွားခြင်းဖြစ်ပြီး လက်ထဲတွင် ငွေကျပ် တစ်သိန်းကျော် အပြင် ဆက်သွယ်စရာလည်းပါမသွားဟု ကိုရင်ငယ်၏ ဦးရီးတော်စပ်သူ ဦးဇင်းဝဏ္ဏိတက မိန့်သည်။

” ကိုရင်က ဘုန်းကြီးစာတွေ သင်နေရတဲ့အခါ မသင်ချင်တော့ဘူးထင်တယ်။ စာတွေက အရမ်းကျက်ရတာကို ဒါကြောင့် ဦးဇင်း တို့ကိုလည်းမပြောဘဲ ရွာကိုပြန်မယ်ဆိုပြီး အဲ့နေ့ကတည်းက ခိုးပြန်သွားတာပါ။ သူနဲ့အတူ တခြားကိုရင်လည်း ပါပါတယ်။ အဲ့ကိုရင်က ရန်ကုန်ကိုသွားတာဆိုတော့ အဲ့မှာရှာတွေ့ပါတယ်။ ဒါပေမယ့် ဦးဇင်းတူကကျတော့ ပြည်ကိုသွားတာဖြစ်တဲ့အတွက် အခုထိရှာမတွေ့သေးပါဘူး” ဟု မိန့်သည်။ စီးနင်းလိုက်ပါသွားသည့် မျိုးဆက်သစ်ကားမှ တာဝန်ရှိသူများကို မေးမြန်းသည့်အခါ လည်း ပြည်မြို့သို့လိုက်ပါသွားသည်မှာ ဟုတ်မှန်ပြီး ယင်းနောက်မသိဟု ဂိတ်တာဝန်ရှိသူ၏ပြောပြချက်ကို ဦးဇင်းက မိန့်သည်။ ကိုရင်၏ လူနာမည်မှာ မောင်ထွန်းထိန်းမြဖြစ်ပြီး မိသားစုထဲတွင် သားလတ်ဖြစ်ကာ ပြီးခဲ့သည့် ၃ နှစ်ခန့်က ကိုရင်ဝတ်ကာ ပညာ သင်ကြားရန် မင်းလှမြို့သို့ ဦးရီးဖြစ်သူနှင့်အတူလိုက်ပါသွားခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်မသိန်းက ပြောသည်။ ပဲခူးတိုင်း၊ မင်းလှမြို့မ စာသင်တိုက်သည် ရခိုင်ပြည်၊ ရသေ့တောင်ဒေဖက်မှ ဆရာတော်ကြီးက သီတင်းသုံးနေထိုင်သည့် ကျောင်းဖြစ်ပြီး တခြားသော ရဟန်း၊ သံဃာများလည်း ပညာသင်ကြားကြလျက်ရှိသည်ဟု သိရသည်။ ကိုရင် ယဿ အားတွေ့လျှင် ဆက်သွယ် ရမည့် ဖုန်းနံပါတ်မှာ ဦးဇင်း ဘဏ္ဏိတ – 09250945933 နှင့် မိခင် ဒေါ်မသိန်း – 09891485718 တို့ကို ဆက်သွယ်နိုင်သည်။ https://www.faceboo k.com/photo/?fbid=701785905294172&set=pcb.701786238627472

၃၁။  ပင်‌‌‌လောင်းတွင် တစ်‌နေ့ထက်တစ်နေ့ ခိုးဆိုးလုနှိုက်မှုပိုမိုများပြားလာ

       July 10, 2023

ရှမ်းပြည်နယ်တောင်ပိုင်း  ပင်‌လောင်းမြို့နယ်အတွင်းတွင် တစ်နေ့ထက်တစ်နေ့ ခိုးဆိုးလုနှိုက်မှုပိုမိုများပြားလာကြောင်း ဒေသခံထံမ သိရသည်။ ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ညဘက်အချိန် ရပ်ကွက်တွင်းလူနေအိမ်များ၊ စိုက်ပျိုးရေးရှိ သီးနှံ များကို ခိုးယူမှုများရှိနေ ကြောင်း သိရသည်။ “အခုတလောက ဂျင်း‌တွေ၊ တူးပြီးသားအာလူးတွေ မကြာခဏ အခိုးခံရတယ် စိုက်ပျိုးရေးသုံးကိရိယာတွေ၊ ခိုးဆိုးလုနှိုက်မှုတွေလည်း မကြာခဏဖြစ်တယ် အခြေအနေအရမ်းဆိုးနေတယ်”ဟု ပင်လောင်း ဒေသခံတစ်ဦးက ပြောသည်။ ဒေသခံများ စိုက်ပျိုးထားသည့်ဂျင်း၊ အာလူးနှင့် အခြားသီးနှံများကို ခိုးယူမှုပြုလုပ်နေကြောင်း ဒေသခံပြောပြချက်အရသိရသည်။

သီးနှံများခိုးယူခြင်းရှိသောကြောင့် သီးနှံစိုက်ခင်းကိုညတိုင်းအိပ်ပြီး စောင့်ကြည့်နေရကြောင်း၄င်းက ဆက်ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပင်လောင်း မြို့နယ်အတွင်းတွင် ခိုးဆိုးလုနှိုက်မှူ ၊သူခိုးသောင်းကျန်းမှူ မကြာခဏဖြစ်ပွား လျက်ရှိ တစ်နေ့တခြား အခြေအနေပိုဆိုးလာနေကြောင်း သိရသည်။ ပင်လောင်းမြို့နယ်အတွင်းတွင်  နေရာအနှံ့အပြားတွ သူခိုး များ သောင်းကျန်းမှု ခိုးဆဆိုးလုယက်မှုများ တနေ့ထက်တနေ့ ပိုမိုများလာနေသော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများကထိ ရောက်စွာ အရေးယူဆောင်ရွက်နိုင်မှု မရှိကြောင်းသိရသည်။ https://www.fa cebook.com/photo?fbid=656534403176410 &set=a.635479238615260

၃၂။   နေပြည်တော်နဲ့ အနီးဆုံးဖြစ်တဲ့ KNDF ဗျူဟာ (၁) အတွက် ‘မောင်း ၁၀၀ ပရောဂျက်’ မှာ ပါဝင်ပေးဖို့                KNDF ဥက္ကဋ္ဌ တိုက်တွန်း

        July 10, 2023

စစ်ကောင်စီရဲ့ နေပြည်တော ်ရန်ကို ခုခံကာကွယ်ရုံတင်မက ပြန်လည် ထိုးစစ်ဆင်ဖို့ ‘ကရင်နီအိပ်မက် မောင်း ၁၀၀ ပရောဂျက်’ မှာ ပါဝင်ကူညီပေးဖို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက တိုက်တွန်း ပြောဆို လိုက်ပါတယ်။ ‘ကရင်နီအိပ်မက် မောင်း ၁၀၀’ – မောင်းပြန်လက်နက် ၁၀၀ ကမ်ပိန်းဟာ စစ်ကောင်စီရဲ့ နေပြည်တော်ရန်ကို ပင်လောင်း၊ ဖယ်ခုံ ဒေသမှာ အနီးကပ်ဆုံး ခုခံတိုက်ခိုက်နေတဲ့ KNDF ဗျူဟာ (၁) လက်အောက်ခံ တပ်ရင်းတွေကို မောင်းပြန် အလက် ၁၀၀ တပ်ဆင်ပေးဖို့ စီစဉ်နေတဲ့ ပရောဂျက် ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း ပင်လောင်း ဖယ်ခုံကနေ တစ်ဆင့် ကရင်နီထဲ ထိုးဖောက်ဝင်ရောက်ဖို့ အင်အား ထောင်ချီ အသုံးပြု ထိုးစစ်ဆင်နေတာကြောင့် ကရင်နီ ပူးပေါင်းတပ်တွေ အပြင်းအထန် ခုခံကာကွယ် နေရပါတယ်။ “အခုအချိန်မှာ ကျွန်တော်တို့ ခုခံကာကွယ်နိုင်ရုံနဲ့ မပြီးတော့ဘဲနဲ့ ကျွန်တော်တို့ဘက် က ဒီထက်ပိုကောင်းတဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ကို ပြင်ဆင်နေပါတယ်။ ဒါကြောင့်မလို့ ဗျူဟာ (၁) ဘက်က မောင်းပြ န်အလက် ၁၀၀ ကူညီနိုင်ဖို့အတွက် အထူးသဖြင့် အလှူခံလိုပါတယ်။ ဒီစစ်ဆင်ရေးတွေက ကျွန်တော်တို့ တော်လှန်ရေး ၂၀၂၃ ရဲ့ အလှည့်အပြောင်းတွေ အများကြီး ဖြစ်လာနိုင်မှာ ဖြစ်တဲ့အတွက် ဒီမောင်းပြန် ၁၀၀ ကမ်းပိန်းမှာ ခန့်မှန်းခြေ သိန်းတစ်သောင်း အထိပေါ့နော်။ ပါဝင်ကူညီနိုင်ဖို့ အထူး တိုက်တွန်းလိုပါတယ်” လို့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူး က မနေ့ညက ထုတ်ပြန်တဲ့ Video မှာ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ နေပြည်တော်ရန်ကို ခုခံကာကွယ်ဖို့အတွက် လက်နက်ခဲယမ်းတွေ ဖြည့်တင်းနိုင်ဖို့ အလွန်အရေး ကြီးတာကြောင့် အခုကမ်ပိန်းကို ဝိုင်းကူကြဖို့ သူကတိုက်တွန်းပြောဆိုပါတယ်။ “ကျွန်တော်တို့ KNDF ကိုအမြဲမပြတ် စောင့်ကြည့် ပြီးတော့မှ လှူဒါန်းပေးနေတဲ့ ပြည်သူတွေအားလုံးကို စိတ်မပျက်စေရပါဘူး။ အကောင်းဆုံး ဆောင်ရွက်သွားမယ်” လို့ ခွန်းဘီထူး က ကတိပြု ပြောပါတယ်။ ‘လမ်းများအားလုံး နေပြည်တော်သို့’ ဆိုရာမှာ ကရင်နီက ဖောက်တဲ့လမ်းဟာ အတိုဆုံး၊ အဖြောင့်ဆုံး၊ အကျယ်ဆုံး အမြန်လမ်းမကြီး ဖြစ်တာကြောင် နေပြည်တော်အတွက် အိပ်မက်ဆိုး ဖြစ်စေမယ့် ‘ကရင်နီအိပ်မက် မောင်း ၁၀၀’ ပရောဂျက်ကို တယောက် ငွေတစ်သောင်းနဲ့ လူဦးရေ တစ်သိန်း ဝိုင်းဝန်း ကူညီကြဖို့ ကရင်နီအိပ်မက် ဖေ့စ်ဘုတ်စာမျက်နှာမှာ တိုက်တွန်းထားပါတယ်။ အဆိုပါ ကရင်နီအိပ်မက် မောင်း ၁၀၀ ပရောဂျက်ကို ဇူလိုင်လ ၈ ရက်ကနေ ဩဂုတ်လ ၇ ရက်နေ့အထိ တစ်လတိတိ ပြုလုပ်သွားမယ်လို့ KNDF ကကြေညာထားပါတယ်။  https://www.facebook.com/photo/?fbid=3029858854 21196&set=pcb.3029904 55420739

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button