ဖယ်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၁၄ ရက်၊၂၀၂၃။
KNDF (၂)နှစ်ပြည့်အထိမ်းမှတ်အနေ့ဖြင့် KNDF BO-1 ထောက်ပို့တပ်သား အဖွဲ့ဝင် ဦးရေ(၂၀၀၀)ကို ဖိတ်ခေါ် တဲ့ အစီစဉ်တစ်ရပ်ပြုလုပ်ခဲ့တယ်လို့ ထောက်ပို့ ဌာနဘက်က ပြောပါတယ်။
KNDF BO-1 ထောက်ပို့ဌာနဒုတာဝန်ခံ မိထော် က ” တစ်လနဲ့တစ်လ Fund မညီဘူးပေါ့နော်၊ တချို့လတွေမှာ ရဲဘော်တွေအတွက် ဖူလုံပေးမယ်၊ တချို့လတွေမှာ မဖူးလုံဘဲခက်ခဲတာပေါ့၊ အကြောင့် လတိုင်းရဲဘော်တွေအတွက် လက်နက်ခဲရမ်း၊ ဆေးဝါး၊ အစားအသောက်တွေ အဆင်ပြေဖို့အတွက် ထောက်ပို့တပ်သားတွေကို ခေါ်ယူရခြင်း ဖြစ် ပါတယ်”
ထောက်ပို့တပ်သားဖြစ်သွားရင် တစ်နှစ်တာအတွင်း လစဉ်ငွေ တစ်လအနည်းဆုံး (၂၀၀၀၀)ကျပ်ကနေ ပုံမှန် ထည့်ဝင် သွားလို့ရမှာပါတယ်။
ထောက်ပို့အဖွဲ့ဝင်တွေရဲ့ သတ်မှတ်ချက်များမှာလည်း ၂၀၀၀၀ကိုတပ်သားအဆင့်၊ ၃၀၀၀၀ကိုတပ်ကြပ်အဆင့်၊ ၄၀၀၀၀ ကို တပ်ကြပ်ကြီးအဆင့်၊ ၅၀၀၀၀ မှ ၁၀၀၀၀၀ကြားကို ဗိုလ်လေးအဆင့်၊ ၁၀၀၀၀၀ မှ ၃၀၀၀၀၀ ဗိုလ်ကြီးအဆင့်၊ ၃၀၀၀၀၀အထက် ဗိုလ်မှူးကြီးအဆင့်ဆိုပြီးသတ်ထား ကြောင်းကိုလည်း သိရပါတယ်။
ရံပုံငွေ Target သိန်း(၄၀၀)ဖြစ်ပြီး တစ်လလျှင် ထောက်ပို့တပ်သား(၂၀၀၀)ဦးက တစ်ဦးလျှင် (၂၀၀၀၀) ဖြင့် ထည့်ရင် Target သိန်း(၄၀၀) ပြည့်မှာ ဖြစ်သလို၊ ထောက်ပို့ထောက်တပ်သား(၄၀၀)ဦးက တစ်ဦးလျှင် (၁၀၀၀၀၀) ထည့်ဝင်သွားရင်လည်း Target အမြန်ဆုံး ပြည့်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။