သတင်း

သထုံမြို့နယ်ရှိ ဒုံသမိတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိ

ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇွန်လ ၂ရက်၊ ၂၀၂၃။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် သထုံမြို့နယ် ဒုံသမိတံတားရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေ အပြင် အရပ်သားတွေပါ ထိခိုက်သေဆုံးမှုများရှိတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ 

ဒုံသမိတံတားစစ်ဆေးရေးဂိတ်ကို ဇွန် ၁ ရက်နေ့ မနက် ၆ နာရီလောက်မှာ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် ကားမိုင်းထောင်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် အပြန်အလှန်ပစ်ခတ်မှုမှာ တစ်နာရီခွဲကျော်လောက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲကြောင့် စစ်ကောင်စီတပ်သား ၂ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရခဲ့သည့်အပြင် အရပ်သား ၂ ဦး သေဆုံးကာ ၃ ဦးမှာလည်း ဒဏ်ရာ ရှိခဲ့ကြောင်း သိရပါတယ်။

ထိုတိုက်ပွဲအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ဒူးရင်းဆိပ်ကျေးရွာရှိကျေးလက်ဆေးပေးခန်းနဲ့ ပြည်သူတွေရဲ့ နေအိမ်ခြံစည်းရိုးတချို့ မီးလောင်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းထားသော ကာလ ၂ နှစ်ကျော်အတွင်း အဆိုပါ ဒုံသမိတံတားနေရာမှာ မကြာခဏတိုက်ပွဲဖြစ်ပွားလျှက်ရှိတာကြောင့် ခရီးသွားပြည်သူများနှင့် ဒေသခံအရပ်သားများမှာလည်း သတိထား သွားလာနေထိုင်ဖို့ လိုအပ်ကြောင်း သထုံမြို့နယ်ရှိ တော်လှန်ရေးအင်အားစုများမှ အကြံပြုထားပါတယ်။

Related Articles

Back to top button