သတင်း

ကချင်ပြည်နယ်ပညာရပ်စုံ တက္ကသိုလ် ကျောင်းဝင်ခွင့်လျှောက်လွှာ လက်ခံနေ

ဓါတ်ပုံ – KSCU

ဖက်ဒရယ်ဂျာနယ် မြန်မာ

မေ ၊ ၁၁ ရက်၊ ၂၀၂၃။

ကချင်ပြည်နယ်ပညာရပ်စုံ တက္ကသိုလ် (KSCU) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရဲ့ ကျောင်းဝင်ခွင့်လျှောက်လွှာ များကို လက်ခံနေပြီလို့ KSCU ဘက်က သတင်းရင်းမြစ်တွေအရ သိရပါတယ်။

ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် ကျောင်းဝင်ခွင့်လျှောက်လွှာများကို ကေအိုင်အိုအစိုးရ၏ ၂၀၂၂-၂၃ ပညာသင်နှစ် အထက်တန်းစာမေးပွဲ အောင်မြင်သူများနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၏ အခြေခံပညာ ပြီးစီးကြောင်းစာမေးပွဲ (BECA) အောင်မြင်သူများက မေလ (၂၀)ရက်နေ့မှ စတင်ပြီး လျှောက်လွှာများကို ရယူနိုင်မှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

လျှောက်လွှာထုတ်ယူရန်နေရာကတော့ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန ကိုယ်တိုက် လာရောက်ယူနိုင်သလို ကျောင်းရဲ့ လူမှုကွန်ရက် စာမျက်နှာနှင့် အီးမေးလ်လိပ်စာ တို့ကနေ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်တယ်လို့ ပြောထားပါတယ်။

လျှောက်လွှာထုတ်ယူရန်အချိန်ကိုတော့ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် (၉း၀၀)နာရီမှ ညနေ(၄း၀၀)နာရီထိ ရယူနိုင်သလို လျှောက်လွှာတင်သွင်းရမည့်နေ့ရက်နှင့် လျှောက်လွှာတင်သွင်းရမည့် နောက်ဆုံး နေ့ရက်တို့ကို ထပ်မံကြေငြာသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကချင်ပြည်နယ်ပညာရပ်စုံ တက္ကသိုလ် (KSCU) ကိုတော့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၏ ပညာရေး ဝန်ကြီးဌာန မူပါဒနှင့်အညီ ကေအိုင်အိုက ဖွဲ့စည်းပေးထားတဲ့ ကြားကာလနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့(KPICT) တို့က ပူးပေါင်းဖွင့်လှစ်ထားပြီး တက္ကသိုလ် CDM ဆရာ၊ ဆရာမများက ဦးဆောင် သင်ကြားပေးနေတဲ့ ကချင် ပြည်နယ် ပညာရပ်စုံ တက္ကသိုလ်လည်း ဖြစ်ပါတယ်။

Related Articles

Back to top button