သတင်း

ကရင်နီမှာ ဖေဖော်ဝါရီလ နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ ၄၅ ဦး ကျဆုံး 

ဓါတ်ပုံ – KNDF (ထုတ်ပြန်ချက်)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၅၊ ၂၀၂၃
ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း (၃၅) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ တိုက်ပွဲများဟာ ကယား(ကရင်နီ)ပြည်နယ်ထဲက ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ၊ ရှားတောမြို့နယ်၊ ဖယ်ခုံမြို့နယ်တို့မှာ နှစ်ဖက်တိုက်ပွဲ ပြင်ထားခဲ့တာပါ။
အဲဒီတိုက်ပွဲတွေမှာတော့ စစ်ကောင်စီတပ်သား( ၄၅) ဦး သေဆုံးကာ (၁၆) ဦးဒဏ်ရာရခဲ့သလို လက်နက်ငယ်( ၃၄ ) လက်နှင့် ခဲယမ်းများသိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အဲဒီတိုက်ပွဲများအတွင်း KNDF ရဲဘော် (၂)ဦးလည်း ကျဆုံးပြီး ထိခိုက်မှု တချို့လည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီအတွင်း ကရင်နီကာကွယ်ရေးတပ်ဖွဲ့တို့ဘက်က စစ်ကောင်စီ၏ ရိက္ခာယာဥ်တန်းများကို ဖြတ်တောက် တိုက်ခိုက်ခြင်း၊ ရှေ့တန်းကုန်းစခန်းများကို စခန်းသိမ်း တိုက်ပွဲဖော်ဆောင်သလို၊ စစ်ကြောင်းလှုပ်ရှားမှုများကို ကြားဖြတ် တိုက်ခိုက်တာကို ဖော်ဆောင် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်တလော်မှာတော့ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအုပ်စုထဲက တောင်မဲတင်းနှင့် ပင်ပုံကျေးရွာဘက်သို့ အင်အား(၁၀၀) ကျော် ဖြင့် စစ်ကြောင်းထိုး စစ်ကောင်စီတပ်တို့နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ကြား ရက်သတ္တပတ် ကျော်ကြာ တိုက်ပွဲများဖြစ်ပွားနေပြီး မတ်လဆန်းအထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူစစ် (PNO/PNA) ပူးပေါင်းတပ်များ က ပါဝင် နေပြီး စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး ပစ်ကူနှင့် လေကြောင်းပစ်ကူများဖြင့်ပါ ပြင်းထန်စွာ တိုက်ခိုက် နေတယ် လို့ KNDF က ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button