သတင်း

ဖယ်ခုံ၊ ဘုန်းတော်ကြီးကျောင်းထဲ လက်နက်ကျလို့ ဆယ်တန်းကျောင်းသား ၁ဦးနဲ့ ညီဖြစ်သူသေဆုံး

ဓါတ်ပုံ – KNDF / B-11 (ထုတ်ပြန်ချက်)
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ မတ်လ ၂၊ ၂၀၂၃
 
ကယား(ကရင်နီ) ဖယ်ခုံမြို့နယ်၊ ခေါင်အိကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်းထဲ ယမန်နေ့ ဖေဖော်ဝါရီ (၂၈)ရက်နေ့၊ ည (၇)နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ် ရမ်းသန်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါ တယ်။
 
အဆိုပါ လက်နက်ကြီးများဟာ ဘုန်းတော်ကြီးကျောင်းထဲ စာဖတ် နေတဲ့ ဆယ်တန်း ကျောင်းသား အသက်(၁၉)နှစ် နှင့် သူ၏ညီ အသက်(၁၅)နှစ်ဖြစ်သူ ညီအစ်ကို (၂)ဦး လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ရပါတယ်။
 
အဲဒီကျရောက်ပေါက်ကွဲလာတဲ့ လက်နက်ကြီးများက ဘုန်းကြီးကျောင်းဝန်းတွင်းရှိ ဓမ္မာရုံ၊ ဇရပ်၊ ဘုရားဆင်းတုများ၊ မီးစက်နှင့် အခြားသော အသုံး အဆောင်ပစ္စည်းများစွာကို ပျက်စီးစေခဲ့တယ်လို့ ဖယ်ခုံဇုံ KNDF / B – 11 က ထုတ်ပြန်ထားပါတယ်။
 
ယမန်နေ့ ဖေဖော်ဝါရီလ (၂၇)နေ့ရက်တွင်လည်း ဖယ်ခုံမြို့နယ်ထဲက ခေါင်းအိကျေးရွာအုပ်စု၊ အနောက်ဖက် ကျေးရွာအုပ်စု သို့မှာ လက်နက်ကြီး အသီးသီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အရပ်သား ၄ ဦး ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။
 
ဖယ်ခုံမြို့နယ် အနောက်ဖက်ကျေးရွာများတွင်် ဖုန်းလိုင်း၊ အင်တာနက် ဆက်သွယ်ရေး ဖြတ်တောက်ခံထားရပြီး ဆက်သွယ်ရေးအခက်အခဲများရှိနေတာကြောင့် ပြည်သူများ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ဖို့ သတိဝီရိယဖြင့် သွားလာကြရန် KNDF/ B – 11 က တိုက်တွန်း ထားပါတယ်။

Related Articles

Back to top button