သတင်း

မူဆယ်ခရိုင်ထဲက ကချင်လူငယ်များ တွေ့ဆုံပွဲပြုလုပ် 

ဓါတ်ပုံ – MMSLR
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်ထဲက ကချင်လူငယ်များ တွေ့ဆုံပွဲတရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတွေ့ဆုံပွဲကို မူဆယ်ခရိုင် ကချင်လူငယ်ကော်မတီအဖွဲ့ (မုန်းမြစ်ဆင်လီ လူငယ်ကွန်ရက်)က ဦးဆောင်ကာ မုန်းကိုးကျေးရွာ အုပ်စု မုန်ဘော် ဝင်းဆိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ယမန်နေ့ ဖေဖော် ဝါရီ ၂၀ မှ ၂၃ ထိ လေးရက်တာ ကျင်းပခဲ့တာလို့ မုန်းမြစ်ဆင်လီ လူငယ်ကွန်ရက်ထံမှ သိရပါတယ်။
လူငယ်များ တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး“ မုန်းမြစ်ဆင်လီ လူငယ်ကွန်ရက်၏ ရှေ့လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ လူငယ်များကို ကချင်အမျိုးသားနိုင်ငံရေးနှင့်လူမျိုးရေးရာဆိုင်ရာ တို့ကို လေ့လာခွင့်ရရှိဖို့နဲ့ အသိပညာများကို ပြန်လည် မျှဝေပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်”လို့ မုန်းမြစ်ဆင်လီ လူငယ်ကွန်ရက် ဥက္ကဌ ရှဲကွယ် ဒေါင်ဇေ က ပြောပါတယ်။
အလားတူ တွေ့ဆုံပွဲအတွင်း ကချင်အမျိုးသားနိုင်ငံရေးနှင့် မုန်းမြစ်ဆင်လီ သမိုင်းကြောင်းများကို ဟောပြောမှုများ ပြုလုပ်ခဲ့ပြီး လူငယ်များ၏ အမျိုးသားရေး နိုးကြားစေဖို့နဲ့ အမြင်သဘောထားများကိုလည်း ဆွေးနွေးဖလှယ်ကာ အချင်းချင်းကြား စည်းလုံး ညီညွတ်ရေးအတွက် အားကစားအစီအစဉ်များကိုလည်း ကျင်းပ ပေးခဲ့တယ်လို့ သိရ ပါတယ်။
ဒါ့အပြင် အဆိုပါ တွေ့ဆုံပွဲအတွင်း မုန်းကိုးမြို့နယ် လူငယ်ရေးရာ ကော်မတီအသစ် ဖွဲ့စည်းပေးနိုင်ခဲ့သလို ကော်မတီဝင် ၇ ဦးကိုလည်း ရွေးချယ်ပေးနိုင်ခဲ့ပြီး နောက်ထပ် ဂမ်းမိန်းမြို့နယ်နဲ့ မုန်းမြစ်မြို့နယ် တို့ကိုလည်း ထပ်မံဖွဲ့စည်း ပေးသွားမယ်လို့ သိရပါတယ်။
၄ ရက်တာ ကျင်းပခဲ့တဲ့ ကချင်လူငယ်များ တွေ့ဆုံဆွေးနွေးပွဲမှာတော့ မူဆယ်ခရိုင်ထဲက ကွတ်ခိုင်မြို့နယ်၊ လားရှိုး မြို့နယ်၊ မူဆယ်မြို့နယ်နှင့် မုန်းကိုးမြို့နယ် လေးမြို့နယ်က လူငယ်များ စုစုပေါင်း ၁၃၀ ဦးထိ တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။

Related Articles

Back to top button