ဓါတ်ပုံ – CDF-Hakha (ထုတ်ပြန်ချက်)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃
ချင်းပြည်နယ်၊ ထန်တလန် စစ်ကောင်စီတပ်ရင်း ၂၆၉ က တပ်သားနှစ်ဦးဟာ လက်နက်အပြည့်အစုံဖြင့် CDF-Hakha ထံ ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ CDM ပြုလုပ် ခိုလုံလာတယ်လို့ ထုတ်ပြန်ပါတယ်။
CDM ပြုလုပ်လာတဲ့ တပ်သားနှစ်ဦးဟာ လက်နက်ခဲယမ်းများဖြစ်တဲ့ (MA3 – သေနတ်တစ်လက်၊ MA1 – သေနတ် တစ်လက်)၊ ကျည်ထောင့် ၆၇၄ ခု၊ ကျဉ်ကဒ် – ၉ခု၊ လက်ပစ်ဗုံး – ၄ခု၊ ၆၀ မမ – ၃လုံးနှင့်အတူ ခိုလုံ လာတာပါ။
အဆိုပါ CDM ပြုလုပ် ခိုလုံလာတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးကိုတော့ CDF-Hakha ဘက်က တဦးလျင် ဆုကြေးငွေ ကျပ်သိန်း ၃၀ ချီးမြင့်ပေးကာ လုံခြုံတဲ့ နေရာသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။