(No. 1, January 3, 2023)
၁။ ပြည်သူကိုသတ်ဖြတ်နှိပ်စက်နေသည့် စစ်ကောင်စီတပ်က ရွေးကောက်ပွဲကျင်းပခွင့် လုံးဝမရှိဟု KIO ပြော
January 1, 2023
ပြည်သူလူထုကို သတ်ဖြတ်နှိပ်စက်နေသည့် စစ်ကောင်စီတပ်က ရွေးကောက်ပွဲကျင်းပခွင့်မရှိဘဲ အဆိုပါရွေးကောက်ပွဲ သည် စစ်အာဏာရှင်သက်ဆိုးရှည်အောင်ကြိုးပမ်းသည့် နည်းလမ်းတစ်ခုဖြစ်သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ၏ နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ၏ ၂၀၂၃ ခုနှစ် နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ကျင်းပသည့် ရွေးကောက်ပွဲတွင် ရန်သူနှင့်မိတ်ဆွေကို သဲသဲကွဲကွဲမြင်ရမည်ဟု ဆိုသည်။ “စစ်ကောင်စီတပ်က ကျင်းပမယ့်ရွေးကောက်ပွဲဟာ စစ်အာဏာရှင် သက်ဆိုးရှည် အောင်ပြုလုပ်တဲ့ နည်းလမ်းတစ်ခုပဲ။ ပြည်သူအပေါ် သတ်ဖြတ်နှိပ်စက်နေတဲ့ စစ်ကောင်စီတပ်က ရွေးကောက်ပွဲ ကျင်းပခွင့် လုံးဝမရှိဘူး။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ပါတီတွေဟာလည်း စစ်တပ်အလိုတော်ရိတွေပဲဖြစ်မှာ။ ဒီရွေးကောက်ပွဲ မှာ ဘယ်သူက ရန်သူ၊ ဘယ်သူကကြားနေပြီး ဘယ်သူက အမှန်တရားဘက်ရပ်တည်သလဲဆိုတာကို ကွင်းကွင်းကွက်ကွက်မြင်ရ လိမ့်မယ်” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုသည်။
ကြားနေသူများနှင့် ကိုယ်ကျိုးရှာနေသူများကြောင့် စစ်အာဏာရှင်၏ အစီအစဉ်များအကောင်အထည်ပေါ်လာမှုမျိုး မဖြစ်စေရန် ပြည်သူအချင်းချင်းပညာပေးရန် အရေးကြီးသည်ဟု သူကဆိုသည်။ စစ်ကောင်စီတပ်ကို ရွံ့ရွံ့ချွန်ချွန်ခုခံ တိုက်ခိုက် နေသည့် ပြည်သူလူထုနှင့် လက်နက်ကိုင်အဖွဲ့များကို အိမ်နီးနားချင်းနိုင်ငံများက ကူညီရန် အလွန်အရေးကြီး သည့် ကာလ ရောက်နေသည်ဟုလည်း ပြောသည်။ စာမျက်နှာ လေးမျက်နှာခွဲခန့်ရှိသည့် မိန့်ခွန်းတွင် အနန့်ပါတွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လူသေဆုံးသည့်ဖြစ်စဉ်၊ အင်ဂျန်းယန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ကြွက်ဘေးဖြစ်စဉ်များ အကြောင်းလည်း ထည့်သွင်းပြောကြားထားသည်။ လာမည့်နှစ်တွင် ပိုမိုကောင်းမွန်သည့် တာဝန်များကို ထမ်းရွက်နိုင်ရန် စိတ်ကို ပြင်ဆင်ထားရန်နှင့် ‘အတိတ်ကိုဖက်သွယ်နေသူသည် ရှေ့ဆက်တိုးရန် ခက်သည်’ ဆိုသည့် ဆိုရိုးအတိုင်း အားလုံးပါဝင်ကြရန် ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းထားပြီး မိန့်ခွန်းကို နိဂုံးချုပ်ထားသည်။ https://www.facebook.com/The74Media/ photos/a.121070006079196/718263049693219/
၂။ ဘုရားသုံးဆူရှိ BGF စခန်း ၂ ခုကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
January 2, 2023
ကရင်ပြည်နယ် ဘုရားသုံးဆူလမ်းပေါ်ရှိ တောင်စွန်း BGF စခန်းကို KTLA -Lion Battalion Commando-ဗျူဟာစစ် ကြောင်း၊ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်တယ်လို့ အဲဒီစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့နဲ့ ကရင်ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေရာကနေ ဇန်နဝါရီ ၂ ရက် ဒီကနေ့ မနက် ၃ နာရီ လောက်မှာ BGF စခန်း ၃ ခုထဲက စခန်း ၂ ခုကို သိမ်းထားနိုင်ပြီလို့လည်း ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံတပ်တွေ အထိ အခိုက် သေဆုံးမှုများသလို Lion Battalion Commando ဗျူဟာစစ် ကြောင်းက ရဲဘော်စောဘုန်းအောင်(ခ)အနဲ အပါအဝင် ပူး ပေါင်းတပ်ဖွဲ့ ရဲဘော် ၆ ဦးလည်းကျဆုံးခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ အထိနာခဲ့တဲ့စစ်ကောင်စီ အဖွဲ့ဟာလေကြောင်း အသုံးပြုပြီးပစ်ခတ်တာကြောင့် ဒေသခံပြည်သူ ၄ ဦးလည်း ဗုံးစ ထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။
ကော့ကရိတ်မြို့အနီးအပါအဝင် ဘုရားသုံးဆူအထိကျေးရွာတွေ ဘက်မှာစစ်ကောင်စီတပ်နဲ့ KTLA -Lion Battalion Commando- ဗျူဟာစစ်ကြောင်း၊ KNLA နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေအကြား ၂ ပတ်တာ တိုက်ပွဲပြင်းထန်နေ တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၅၀၀ ကျော်ရှိနေတယ်လို့လည်း ဆိုပါတယ်။ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး လက်နက်ခဲယမ်းတွေလည်း လိုအပ်နေတယ်လို့လည်း ပူးပေါင်းအဖွဲ့က ဆိုပါတယ်။ နောက်ဆုံး စခန်းကုန်းမှာ လက်ရှိအချိန်ထိ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေပြီး ရန်သူ့လေကြောင်း စစ်ကူတွေ အကြားမှာ အောင်ပွဲဆင်သွားမယ်လို့ ဗျူဟာမှူး ကျော့အယ်စေးဝါး က ပြောပါတယ်။ မနေ့ကလည်း ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ တောင်စွန်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ ပြီးနောက် စစ်ကောင်စီဘက်ကလေယာဥ်နဲ့ ၇ ကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ https://www.face book.com/watch?v=8558809997526409
၃။ စည်းလုံးညီညွတ်မှုအားနဲ့ စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြုတ်မယ်လို့ AA၊ TNLA နဲ့ MNDAA ညီနောင်မဟာမိတ် ၃ ဖွဲ့ ကြေညာ
January 3, 2023
စုစည်းညီညွတ်စွာနဲ့ ဟန်ချက်ညီလုပ်ဆောင်နိုင်မှသာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်နိုင်မှာဖြစ်တာကြောင့် အရင် ထက် အင်တိုက်အားတိုက် ကြိုးပမ်းလုပ်ဆောင်သွားကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ရက္ခိုင်တပ်တော် (AA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတ သောအမျိုးသားပါတီ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ညီနောင်မဟာမိတ် (၃) ဖွဲ့က တိုက် တွန်းလိုက်ပါတယ်။ နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်းယူခံခဲ့ရပြီးနောက် စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ “နွေဦးတော်လှန်ရေး” ကို ရရာလက်နက်၊ ရတဲ့နည်းလမ်တွေနဲ့ ဆင်နွဲနေခဲ့ကြတာကြောင့် ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေးက ပေါက်ဖွား လာတဲ့ တော်လှန်ရေးအဖွဲ့ အစည်းတွေနဲ့ ပြည်သူ့ထောက်ခံမှု ကိုရရှိထားပြီး တော်လှန်ရေးဆန်တဲ့အဖွဲ့အစည်းတချို့နဲ့ လက်တွဲပြီး မြန်မာပြည်သူတစ်ရပ်လုံး မျှော်မှန်းထားတဲ့ ဘုံရည်မှန်း ချက်တွေပြည့်ဝစေဖို့၊ လက်ရှိ အခြေအနေကို အကောင်းဆုံး ကျော်လွှားနိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်ရန်အတွက် လုပ်သင့် လုပ်ထိုက်တာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာပြည်သူလူထုတစ်ရပ်လုံးဟာ နှစ်သစ်ကို ဝမ်းမြောက်စွာ ကြိုဆိုကြရမယ့်အစာ စစ်ကောင်စီရဲ့ အာဏာသိမ်း သောလုပ်ရပ်နဲ့အတူ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆက်လက်ကျူးလွန်နေတဲ့ စစ်ကောင်စီလုပ်ရပ်တွေကြောင့် မြန်မာပြည်သူ ပြည်သားအများစုဟာ နေရပ်၊ အိုးအိမ်၊ မြို့ရွာများကိုစွန့်ခွာပြီး အသက်ဘေးလွတ်ရာ ရှောင်တိမ်း နေကြရသလိုစစ်ကောင်စီရဲ့ စစ်ရာဇဝတ်ကျူးလွန်နေမှုတွေကို စိုးရိမ်ကြောင့်ကြ၊ ပူဆွေးသောကတွေနဲ့ ရင်ဆိုင် ဖြတ်ကျော်နေရတယ်လို့ ထုတ်ပြန်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံး ခံစားနေရသော ခံစားချက် တွေကပိုညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် ထပ်တူထပ်မျှ စာနာနားလည်ခံစားအပြည့်အဝ ကိုယ်ချင်းစာမိပြီး စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးအဖွဲ့ အစည်းအားလုံး စုစည်းညီညွတ်စွာ အလုပ်လုပ်ကြဖို့ အထူးအရေးတကြီး လိုအပ်နေပြီလို့ တိုက်တွန်းထားပါတယ်။ https://ww w.facebook.com/pvt vmyanmar/photos/a.107260768162692/507616851460413/
၄။ ထန်တလန်မြို့တွင်း ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား၊ စကစဖက်ထိခိုက်သေဆုံးမှုရှိဟုဆို
January 1, 2023
၂၀၂၂ ဒီဇင်ဘာ ၃၀ ရက်န့မှ ဇန်နဝါရီ ၁ ရက်နေ့အထိ ထန်တလန်မြို့၌ စစ်ကောင်စီတပ်ဖွဲ့နှင့် CNA/CDF-Thantlang ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ နံနက်ပိုင်း တိုက်ပွဲတွင် CNA နှင့် CDF-Thantlang ပူးပေါင်း တပ်ဖွဲ့က စစ်ကောင်စီတပ်သားများ တပ်ဆွဲထားသည့် မြို့တွင်းတစ်နေရာကို ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်၌ ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြတယ်လို့ သတင်းအရင်းအမြစ် တစ်ဦးက ဆိုသည်။ ည ၁၀ နညရီခွဲခန့်တွင် ထန်တလန်မြို့အနီးတစ်ဝိုက်၌ စစ်ကောင်စီတပ်က တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်သွားကြောင်း ထန်တလန်မြို့အနီးကျေးရွာ ဒေသခံတွေက ပြောကြပါတယ်။ “ခုနလေးဘဲ လေယာဉ်နဲ့ နှစ်ကြီမ် ဗုံးလာပစ်သွားတယ်။ အိမ်တွေ တောင်တုန်ခါသွားတယ်။ လေယာဉ်ထပ်လာမှာ ကြောက်လို့ ကျနော်တို့ မီးတွေအကုန် ပိတ်ထားတယ်” လို့ ထန်တလန်မြို့မှ ၉ မိုင်ခန့်ရှိသည့် ကျေးရွာဒေခံတစ်ဦးက ပြောပါတယ်။
၃ ရက်တာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း CNA နှင့် CDF-Thantlang ပူးပေါင်းတပ်ဖွဲ့ဖက်၌ ထိခိုက်ကျဆုံးမှုမရှိဘူးလို့ သိရရှိရသော်လည်းစစ်ကောင်စီတပ်ဖက် ထိခိုက်သေဆုံးမှုကိစ္စနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ https:// www.facebook.com/thechinjournal2017/photos/a.1984842525073334/4071637579727141/
၅။ KNLA တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းအားလုံး နုတ်ထွက်ရန် နောက် ဆုံးအကြိမ်သတိပေး
January 2, 2023
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ် ၅ တပ်မဟာထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းအားလုံး ဇန်နဝါရီ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်းမှ နုတ်ထွက်ကြရန် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် ညပိုင်းကသတိပေးထုတ် ပြန်ခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ် ၅ တပ်မဟာထိန်းချုပ် နယ်မြေများဖြစ်သည့် ဖာပွန်၊ ကမောင်းမြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံ စစ်ကောင်စီဝန်ထမ်းများနှင့် အခြားအရပ် ဒေသမှလာရောက်သည့် ဝန်ထမ်းများအားလုံး စစ်ကောင်စီ အုပ်ချုပ်မှု ယန္တရားတွင်ပါဝင်ခြင်းမရှိဘဲ နုတ်ထွက်ပေးကြရန် သတိ ပေးထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီကပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် အမှတ် ၅ တပ်မဟာထိန်းချုပ်နယ်မြေအတွင်းရှိ မည်သူမဆို စစ်ကောင်စီနှင့် လုံးဝပူးပေါင်း ပါဝင် ပတ်သက်မှု မပြုလုပ်ကြရန်ကိုလည်း အသိပေးခဲ့သည်။ ယခုသတိပေးထုတ်ပြန်ချက်ကို လေးစားလိုက်နာကြရန်နှင့် မလိုက်ပါက KNLA အနေဖြင့် အရေးယူနိုင်မည့် ပုဂ္ဂိုလ်များကို ဥပဒေနှင့်အညီအရေးယူဆောင်ရွက်မည်ဖြစ်ပြီး KNLA အနေဖြင့်အရေးမယူနိုင်သည့် ပုဂ္ဂိုလ် များ၏ နောက်ဆက်တွဲဖြစ်ပေါ်မည့် အကျိုးဆက်များမှာကာ ယကံရှင်များအပေါ်တွင် သာမူတည် ကြောင်းထည့်သွင်းပြောဆိုခဲ့ သည်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ ရှိရာဒေသများရှိ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများကို ရာထူးမှနုတ်ထွက်စွန့်ခွာကြရန် အကြိမ်ကြိမ် သတိပေးထုတ်ပြန်ခဲ့ ပြီးဖြစ်သော်လည်း ယခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းထုတ်ပြန်ချက်သည် နောက်ဆုံးအကြိမ် သတိပေးထုတ်ပြန်ခြင်းဖြစ် သည်။ https://www.facebook.com/photo/?fbid=208860941652237&set=a.142028785002120
၆။ ဗိုလ်လောင်း (၅၁) ဦးနှင့် အလုပ်သင် အရာရှိသင်တန်းသား (၁၀၅ )ဦးကို အရာရှိအဖြစ် TNLA ခန့်အပ်
January 2, 2023
တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ TNLA၏ တပ်မဟာ(၂)စစ်ဒေသ၊ လွတ်မြောက်နယ် မြေ တစ်နေရာတွင် ဗိုလ်သင် တန်းကျောင်း(ATA) နှင့် အလုပ်သင်အရာရှိ(TAOT) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ဇန်နဝါရီ (၂)ရက်နေ့၌ သတင်း ထုတ်ပြန်သည်။ သင်တန်းဆင်းပွဲသို့ PSLF/ TNLA ဒုဥက္ကဌ(၁) ဗိုလ်ချုပ်တားဂျုတ်ဇား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိူဝ်ပ္လါင် တို့တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ ကြောင်းသိရသည်။ သင်တန်းဆင်းပွဲတွင် ဗိုလ်လောင်း (၅၁)ဦး နှင့် အလုပ်သင်အရာရှိ သင်တန်းသား (၁၀၅)ဦးကို အရာရှိအဖြစ်ခန့်အပ်ခဲ့ပြီး အရာရှိဖြစ် တင်မြှောက်ထားသည့်ဗိုလ်နှင့် အရာရှိ များကို သက်ဆိုင်ရာ တပ်မဟာ၊ တပ်ရင်း၊ တပ်ခွဲအလိုက် ဦးဆောင်သည့် အခန်းကဏ္ဍတွင် တာ၀န်ခန့်အပ်ပေးသွားမည်ဖြစ် ကြောင်း PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။
သင်တန်းဆင်း အရာရှိများသည် ဦးဆောင်မှုအခန်း ကဏ္ဍတွင် ဦးဆောင်ကာ တအာင်းနိုင်ငံရေးနှင့် စစ်ရေးအခြေအနေ များကို ကျွမ်းကျင်စေရန် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် အရာရှိများ၏ လိုက်နာရမည့် ကျင့်၀တ် များ၊ ပေးအပ်သည့်တာ၀န်၀တ္တရားများ ကျေပွန်စွာထမ်းဆောင်ရန်ကိုလည်း တစ်နှစ်ကြာ သင်တန်းတွင် ထည့်သွင်းသင်ကြားခဲ့ သည်ဟု ဆိုသည်။ တစ်ဆက်တည်းတွင် ဗိုလ်သင်တန်း ကျောင်းသားများ၏ ကိုယ်ရည် ကိုယ်သွေး စွမ်းရည်၊ နိုင်ငံရေးဘာသာ ရပ်များ၊ စစ်ရေးများ ကျွမ်းကျင်စေရန် စာတွေ့၊လက်တွေ့ (၃)နှစ်တာ သင်ကြားခဲ့ကြောင်း သိရသည်။ https://www.faceboo k.com/ayeyarwaddytimes/photos/pcb.2377187885772532/2377187702439217/
၇။ ဘူးသီးတောင်တွင် ၁၈ နှစ်အရွယ် ဆယ်တန်းကျောင်းသားတစ်ဦး ဆင်းနင်းခံရ၍ သေဆုံး
January 2, 2023
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စံညင်းဝေကျေးရွာတွင် ၁၈ နှစ်အရွယ် မူဆလင်လူငယ် ၁ ဦးသည် ဆင်နင်းခံရ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု ဒေသခံများကပြောသည်။ သေဆုံးသွားသူမှာ ဘူးသီးတောင်မြို့နယ် ကွန်တိုင်ကျေးရွာ အုပ်စု ဝါချိလ္လာကျေးရွာမှ မာမတ်ဆူတင်၏သား ၁ဝ တန်းကျောင်းသား ဇာဟက်တူဆောင်း (၁၈)နှစ်ဖြစ်သည်။ သူသည် မူဆလင် အဖော်တစ်ဦးနှင့်အတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် ဘူးသီးတောင်မြို့နယ် စံညင်းဝေကျေးရွာအနီးရှိ ယောက်ဖဖြစ်သူ၏လယ်ကွင်း၌ စပါးပုံများအားစောင့်နေစဉ် ဆင်များ ရောက်ရှိလာပြီး နင်းသတ်ခဲ့ခြင်းဖြစ်သည်ဟု ဆွေမျိုးတော် စပ်သူတစ်ဦးက ပြောသည်။ “ဆင်တွေလာတော့ သူတို့က ကြောက်ပြီး ပြေးတာ။ တစ်ယောက်ကတော့ လွတ်သွားတယ်။ သေဆုံး သွားတဲ့သူမှာတော့ ဦးခေါင်းပြိုပြီး ဦးနှောက်တွေ တောင်ထွက်သွားတယ်။ ပြီးတော့ ဗိုက်ကိုလည်း အနင်းခံရလို့ ဆုံးသွားတာ”ဟု ပြောသည်။ သေဆုံးသွားသူ၏ ရုပ်အလောင်းကို ယမန်နေ့နေ့လယ်က သူ၏ဇာတိရွာ သုသာန်တွင် သင်္ဂြိုလ်ခဲ့သည်ဟု ရွာသားများ က ပြောသည်။ တောဆင်ရိုင်းများသည် တောတောင်များတွင် အစာရေစာရှားပါးလာနေသည့်အတွက် ယခုကဲ့သို့ စပါးပေါ်သည့် ရာသီများတွင် စပါးခင်းများသို့လာရောက်စားသောက်လေ့ရှိပြီး လူများကိုလည်း တိုက်ခိုက်လေ့ရှိတတ်ကြသည့် အတွက် အထူး သတိထားကြရန်လိုအပ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။ https://burmese.narinjara.com/…/63b23d90cc150 018e13ab753
၈။ ၂၀၂၃ ခုနှစ်ဟာ ချင်းပြည်ထောင်တည်ဆောက်ရေးအတွက် အဓိကကျမယ့်နှစ်ဟု CJDC ဥက္ကဌပြော
January 3, 2023
၂၀၂၃ ခုနှစ်ဟာ ချင်းတစ်မျိုးသားလုံးအတွက် အင်မတန်မှအရေးပါတဲ့ကာလဖြစ်ပြီး ပိုမိုအားကောင်းတဲ့ ချင်းပြည်ထောင် တည်ဆောက်ရေးအတွက် အဓိကကျမယ့်နှစ်ဖြစ်တယ်လို့ ချင်းကာကွယ်ရေးတပ်ပေါင်းစုကော်မတီ CJDC ဥက္ကဌက ပြောဆို လိုက်ပါတယ်။ CJDC ဥက္ကဌ ဆလိုင်းတလာဟဲ က ဇန်နဝါရီလ ၁ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ သူရဲ့နှစ်သစ်သဝဏ်လွှာမှာ ၂၀၂၃ ခုနှစ်ဟာ “ချင်းပြည်ထောင်တည်ဆောက်ရေး (Chin Nation- Building) နှစ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ချင်းအမျိုးသားတော်လှန်းကို ဆက်လက်တိုက်ပွဲဝင်သွားကြရမယ်လို့ဆိုပါတယ်။ အဲဒီလိုတိုက်ပွဲဝင် ကြတဲ့နေရာမှာ ပြည်သူတွေအနေနဲ့ မိမိတို့ဒေသနဲ့ မြို့နယ်အဆင့်များကို ကျော်လွန်ပြီး အမျိုးသားတစ်ရပ် အဆင့်အနေဖြင့် စုစည်းနိုင်ရေးကို အားထုတ်ကြိုးပမ်းကြဖို့ကိုလည်း CJDC ဥက္ကဌ က တိုက်တွန်းထားပါတယ်။
ယခုလိုအရေးကြီးတဲ့ကာလမှာ နေရာဒေသအသီးသီးမှာရှိနေကြတဲ့ ချင်းလူမှုအဖွဲ့အစည်းက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ဘာသာပေါင်းစုံက သာသနာပြုဂ္ဂိုလ်တွေ၊ ဘာသာရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ ယခုဆင်နွှဲနေတဲ့ အမျိုးသားတော်လှန် ရေး မှာ ချင်းပြည်သူတစ်ရပ်လုံး နိုးကြားမှုရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း ချင်းအမျိုးသားတော်လှန်ရေးမှာပါဝင်ကြတဲ့ တော်လှန်ရေးရဲဘော်များ အားလုံးနဲ့အတူ CJDC အဖွဲ့ဝင်အသီးသီးထံ ငွေကြေားအားဖြင့်ဖြစ်စေ၊ မိမိတို့တတ်စွမ်းနိုင်တဲ့ အခန်းကဏ္ဍအသီးသီး ကနေ ကူညီထောက်ပို့ခြင်းအားဖြင့်ဖြစ်စေ ကျရာတာဝန် ကို ကျေပြွန်စွာ ပါဝင်ထမ်းဆောင်ကြသူများအားလုံးအပေါ် ဦးညွတ်ဂါရဝပြုကြောင်း၊ နောင်အနာဂတ်မှာလည်း ဆထက်ထမ်းပိုး ဆက်လက်ပါဝင်ထမ်းဆောင်ကြဖို့ နှိုးဆော်ထား ပါတယ်။ Chinland Joint Defense Committee (CJDC) ဟာ ချင်းအမျိုးသား တပ်ဦး CNF အပါအဝင် နွေဦးတော်လှန် ရေးကနေ ပေါက်ပွားလာကြတဲ့ ချင်းပြည်နယ်က မြို့နယ်နဲ့ ဒေသအလိုက် ဖွဲ့စည်းထား သော ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၈ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုကြီးဖြစ်ပါတယ်။ https://www.facebook.com/Kh onumthungBu rmese/photos/a.1681578358776866/3332864733648212/
၉။ စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ခဲ့သူ ပြည်သူ ၇ ဦးအနက်တစ်ဦး သေဆုံး၊ ၆ ဦး ဆေးကုသခံယူနေရဆဲ
January 3, 2023
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာတွင် စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်မှု ကြောင့် ထိမှန်ခဲ့သည့် ပြည်သူ ၇ ဦးအနက်အနက် ၁ ဦး သေဆုံးသွားပြီး ကျန် ၆ ဦးမှာ ဒဏ်ရာများဖြင့်ဆေးကုသမှု ခံယူနေရဆဲဖြစ် ကြောင်း သိရသည်။ ဒီဇင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မဇွပ်ယန်ထောင်မှ ပစ်ခတ်လိုက် သည့် လက်နက်ကြီး နှစ်လုံး သည် ဆန်ခါကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၄ ဦး၊ ကလေးငယ် ၂ ဦးနှင့်အမျိုးသားတစ်ဦးတို့ထိမှန်ခဲ့ပြီး ယင်းအနက် အသက် ၅၂ နှစ်အရွယ် ဦးကွန်ရန်ဂျာနော် မှာသေဆုံးသွားကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။ ”ဆုံးသွားတာက တစ်ယောက်ပါပဲ ဦးကွန်ရန်ဂျာနော် ဟုတ်တယ်။ သူက ခေါင်းမှာ ထိတာ ဒဏ်ရာကပြင်းတော့ အဲ့နေ့ ညမှာပဲ ဆုံးသွားတယ် ကျန်တဲ့ သူတွေကတော့ ဆေးကုသမှုခံယူနေတုန်း လုံခြုံတဲ့ နေရာမှာ အရမ်းကြီးစိုးရိမ်ရမယ့်သူတော့ မရှိတော့ဘူး အဆင်ပြေအောင် တတ်နိုင်သလောက်ကုပေးနေပါတယ်”ဟု နာရေးကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိဆေးကုသမှု ခံယူနေဆဲ ၆ ဦးမှာ မလှဟန် အသက် ၂၈ နှစ်၊ မောင်မျိုးဂျတ်နော် အသက် ၁၃ နှစ်၊ မူကြိုဆရာမ ဒေါ်မဂျီခေါန် အသက် ၁၉ နှစ်၊ ဒေါ်ဘောက်ဂျာ အသက် ၄၀ နှစ်၊ မူကြိုဆရာမဒေါ်ဆိုင်းမိုင်နှင့် တူမဖြစ်သူ မထွယ်ဆန် အသက် ၅ နှစ်တို့ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၂ လုံးအနက် ပထမဆုံး ကျရောက်ပေါက်ကွဲ သည့်တစ်လုံးသည် လူနေအိမ်အနီး ကျရောက်ခဲ့ရာ အမျိုးသမီးတစ်ဦးထိမှန်ခဲ့ပြီး ဒုတိယ အကြိမ်ကျသည့်တစ်လုံးမှာ ဆန်ခါ ခရစ်ယာန်ဘုရားကျောင်းဝင်း၌ ပေါက်ကွဲသောကြောင့် ၆ ဦးအထိ ထိမှန်ခဲ့ကြောင်း သိရသည်။ https://burmese.kachinnews. com/2023/01/03/az1-101/
၁၀။ ကွတ်ခိုင် – တာမိုးညဲကြား ခရီးသည်ကား ဓားပြတိုက်ခံရ၊ အမျိုးသား ၂ ဦး သတ်ခံရ
January 2, 2023
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ နှင့် တာမိုးညဲကြား ပြည်ထောင်စု ကားလမ်းမပေါ်တွင် ခရီးသည်တင်ကား တစ်စီး ဓားပြတိုက်ခံရပြီး အမျိုးသား ၂ ဦး ပစ်သတ်ခံရကြောင်းသိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက် နေ့လည်ပိုင်း ၂ နာရီခွဲ ဝန်း ကျင်က ကွတ်ခိုင်-တာမိုးညဲကြား မော်ဟန်ရွာအနီးတွင် ခရီးသည်တင်ကားတစ်စီး ဓားပြတိုက်ခံရပြီး ယာဉ်မောင်းသူ အမျိုးသား တစ်ဦးနှင့် ၎င်းသူငယ်ချင်း ၁ ဦးတို့ လက်ပြန်ကြိုးတုတ် ပစ်သတ်ခံရကြောင်း ကွတ်ခိုင်မြို့ အသက် ၃၀ ကျော် အမျိုးသား တစ်ဦး က ပြောသည်။ “သူတို့ ၂ ယောက်က ကွတ်ခိုင်မြို့ကနေ တာမိုးညဲကို ခရီးသည် တင်ဆောင်သွားတာ၊ ဓားပြအဖွဲ့က ကားကို ဓားပြ တိုက်သွားပြီး ယာဉ်မောင်းအမျိုးသား ၂ ဦးကို လက်ပြန်ကြိုးတုတ်ပြီး သတ်သွားတာဗျ။ ဒဏ်ရာကတော့ သေနတ်ပစ်သတ်ခံထား ရတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ လက်ပြန်ကြိုးတုတ် သေနတ်ပစ်သတ်ခံရသည့် အမျိုးသား၂ ဦးမှာ အသက် (၂၄) နှစ်ဝန်းကျင်ရှိ ယာဥ်မောင်း နှင့် အသက် ၁၉ နှစ်အရွယ်ရှိ ၎င်း၏ သူငယ်ချင်း ဖြစ်ကြပြီး ၎င်းအမျိုးသား ၂ ဦး က ကွတ်ခိုင်မြို့တွင်နေထိုင်သည့် သူများ ဖြစ်ကြောင်းသိရသည်။ “ အခု ကာလက နိုင်ငံရေး အခြေနေ မကောင်းတာနဲ့ ညဘက် ကားမောင်းရင် မသိတဲ့သူ၊ သူစိမ်းတွေကို ကားပေါ် ခေါ်မတင်ပါနဲ့ သတိထားပါ။ အခုက ပြောလို့မရဘူး၊ အခုသတ်ခံရတဲ့ အမျိုးသား ၂ ဦးဆိုလည်း ကွတ်ခိုင်မြို့ကနေ တာမိုးညဲကို လိုက်ပါစီးသွားတဲ့ ခရီးသည်က ဓားပြတိုက်သွားတယ်လို့ ကြားရတယ်“ လို့ ကွတ်ခိုင်မြို့ မှ ဒေသခံ အမျိုးသားက ဆိုသည်။ ကွတ်ခိုင်မြို့နယ်သည် တိုင်းရင်းသား လက်နက်ကိုင်များအပြင် စစ်ကောင်စီ နှင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားရာ နယ်မြေလည်း ဖြစ်သည်။ ကွတ်ခိုင်မြို့နယ်အတွင်းတွင် လောင်းကစား ဝိုင်းများ၊ မူးယစ်ဆေးများပေါ်တင် ဖွင့်လှစ်ရောင်းချသည့် နယ်မြေဖြစ်သည့်နေရာဖြစ်သည်။ https://www.facebook.com/s hannewsburmese/photos/a.341540565938393/5801435863282142/
၁၁။ မင်းတပ်မြို့နယ်မှာ ပြည်သူ (၃) ဦး စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ဟုဆို
January 3, 2023
ချင်းပြည်နယ်၊ မင်းတပ်မြို့အနောက်ဘက် (၅)မိုင်အကွာ တက္ကသိုလ်ကျောင်းဝန်းအနီးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီ တပ်သားတွေက ဒေသခံပြည်သူအမျိုးသား (၃) ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်းတွေကို မိသားစုဝင် တွေက တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့က မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့တွေ ကင်းလှည့်နေစဉ်မှာ အဲဒီပြည်သူ ၃ ဦးကို ဖမ်းဆီးပြီးနောက် သူတို့ထဲက နှစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြပြီး ကျန်တစ်ဦးကိုတော့ ခုထိမတွေ့ရသေးဘူးလို့ မင်းတပ်မြို့ခံတစ်ဦးက ပြောပါတယ်။ “သူတို့ မြို့အနီး အနားကင်းလှည့်ရင်းနဲ့တွေ့လို့ဖမ်းတာ။ ၉ မိုင်လောက်မှာဖမ်းပြီး ၄မိုင်လောက်မှာ အလောင်း ပြန်တွေ့တယ်။ တယောက်က တော့ အသေအချာမသိရသေးဘူး၊ နှစ်ယောက်ကျတော့ သေချာတယ်။ နှစ်ယောက်ရဲ့အလောင်း ကိုပြန်တွေ့တာ ဆွေမျိုးအသိုင်း အဝန်းက” စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီးသတ်ဖြတ်ခံရတဲ့ အဲဒီ ၃ ဦးဟာ လုံးခါး၊ ထန်းရိုးနဲ့ နန်းဂီးကျေးရွာက ပြည်သူတွေဖြစ် ကြတယ်လို့ သိရပါတယ်။
မင်းတပ်မြို့ပေါ်မှာ နယ်မြေခံတပ်ရင်း ၂၇၄ မှာ စစ်ကောင်စီက အင်အားဖြည့်တင်းထားပြီး နေ့တိုင်း လမ်းမပေါ် ကင်းလှည့်စစ်ဆေးမေးမြန်းတာမျိုး ရှိနေတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့် Telegram Channel တွေမှာတော့ မင်းတပ်မြို့နယ် ပန်းအော့ကျေးရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထိတွေ့ပစ်ခတ်မှုရှိပြီးတဲ့နောက် ကာကွယ်ရေးတပ်ဘက်က ကျဆုံးမှုရှိကြောင်းနဲ့ လက်လုပ်တူမီးသေနတ် သိမ်းဆည်းရမိတယ်လို့ ဝါဒဖြန့် စွပ်စွဲ ထားပါတယ်။ ယခုသတ်ဖြတ်ခံထားရတဲ့ မင်းတပ် ဒေသခံပြည်သူ ၃ ဦးနဲ့ပတ်သက်ပြီး CDF မင်းတပ်ဘက်က တစုံတရာထုတ်ပြန်ထား တာမျိုး မရှိသေးပါဘူး။ https:// www.facebook.com/KhonumthungBurmese/photos/a.1681578358776866/3332860883648597/
၁၂။ နိုင်ငံရေးကိစ္စကို လက်နက်ကိုင်နည်းလမ်းဖြင့်မဖြေရှင်းရန် တော်လှန်ရေးအင်အားစုများအား ပဒိုရွှေမောင်း မေတ္တာရပ်ခံ
January 3, 2023
နိုင်ငံရေးကိစ္စကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုကြရန် KNU -ကရင်အမျိုးသားအစည်း အရုံးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG တို့ကို လိပ်မူ၍ ယခင် KNU ဒူးပလာယာခရိုင် ဥက္ကဌ ဟောင်းဖြစ်သူ ပဒိုစောရွှေမောင်း က ဇန်နဝါရီလ ၂ ရက်နေ့ ရက်စွဲဖြင့် မေတ္တာရပ်ခံစာပေးပို့သည့် စာတစ်စောင် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့လာခဲ့သည်။ KNU နှင့် NUG ကိုသာ ခေါင်းစဉ်တပ် လိပ်မူထားသည့် အဆိုပါ မေတ္တာရပ်ခံ စာတွင် ၎င်းတို့အနေဖြင့် နိုင်ငံရေးကိစ္စကို လက်နက် ကိုင်နည်းလမ်းဖြင့် ထပ်မံဖြေရှင်းနေသည်ကို ဝမ်းနည်းစွာတွေ့မြင် ရကြောင်းနှင့် ထိုသို့ရှေ့ဆက်လုပ်ဆောင်ပါက အမိနိုင်ငံသည် စစ်တလင်းဖြစ်ပြီး ပြာပုံဘဝသို့ ဆိုက်ရောက်သွားမည် ဖြစ်ကြောင်း အချက် (၉)ချက်ပါ မေတ္တာရပ်ခံစာတွင် ပြောဆိုထားသည်။ ထိုမေတ္တာရပ်ခံစာနှင့်ပတ်သက်ပြီး ပဒိုစောရွှေမောင်း က “စစ်တပ်ဘက်ကိုလည်း ကျနော်သီးသန့် စာပို့ထားတာရှိတယ်။ သီးသန့်လည်း ပြောဆိုတာ မျိုးရှိတယ်။ ဒါတွေက မဟုတ်တော့ဘူးဆိုတာကိုလည်း သီးသန့်စာထုတ်ထားပြီးပြီ။ အဲ့တော့ NUG နဲ့ KNU ဘက်ကို လည်း သီးသန့်စာပို့ပေးတာ။ ကျနော် ၃ ဖွဲ့စလုံးကို ပို့ပေးတာပဲ။” ဟု ပြောသည်။ ၎င်းအပြင် နှစ်ဖက် မီးကုန်ယမ်းကုန် တိုက်ခိုက်ပြီး အနိုင်ယူခြင်းသည် လွယ်ကူသည့်ကိစ္စမဟုတ်ကြောင်း နှင့် ထိုသို့ မီးကုန်ယမ်းကုန်ကာလ မရောက်ခင် အထိ ပြည်သူ များအနေဖြင့် ဒုက္ခဆင်းရဲ ကြုံတွေ့နေရသည်ကို မမြင်တွေ့လိုတော့သောကြောင့် ယခုလို တောင်းဆို ရခြင်းဖြစ်ကြောင်းလည်း ပဒိုစောရွှေမောင်း က ဆက်ပြောသည်။ သို့သော် စစ်ကောင်စီဘက်သို့ မေတ္တာရပ်ခံစာ ပေးပို့ပြောဆိုမှုကို သီးခြားအတည်ပြုနိုင် ခြင်းမရှိသလို စစ်ကောင်စီဘက်မှလည်း ၎င်းမေတ္တာရပ်ခံချက်များနှင့် ပတ်သက်ပြီး တရားဝင် ထုတ်ဖော်ပြောဆိုခြင်း၊ ထုတ်ပြန် ခြင်းများ ပြုလုပ်ခြင်းမတွေ့ရပေ။
ထိုမေတ္တာရပ်ခံချက်အပေါ် အမည်မဖော်လိုသူ ကေအဲန်ယူခေါင်းဆောင်တစ်ဦးက “အခုကတော့ တစ်ဖက်သတ်ဖြစ်နေ တာပေါ့ဗျာ။ သို့ ဆိုတဲ့နေရာမှာ စစ်ကောင်စီကိုပါ ထည့်ထားရင် တစ်မျိုးဖြစ်မှာပေါ့။ အခုက KNU နဲ့ NUG ကိုပဲ သောင်းကျန်းသူ လိုဖြစ်နေတာ။ တကယ်တမ်းက ခေါင်ကမစရင် စစ်ကဖြစ်စရာ အကြောင်းမရှိဘူး။ စစ်ကောင်စီ ကိုယ်တိုင်က ငြိမ်းချမ်းလိုစိတ် ရှိရင် သူကိုယ်တိုင် သူ့တပ်ကိုရုပ်သိမ်းတာသော်လည်းကောင်း၊ ငြိမ်ငြိမ်နေတာသော် လည်းကောင်း ကောင်းတာပေါ့။ စစ်ကောင်စီ ကိုပါ ထည့်ရေးထားရင်တော့ ဘက်မျှတာပေါ့ဗျား။”ဟု ပြောသည်။ စစ်ကောင်စီနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် ပဒိုစောရွှေမောင်း အနေဖြင့် ယခင် ဒူးပလာယာခရိုင် ဥက္ကဋ္ဌရာထူး တာဝန်ယူနေစဉ်တွင်လည်း (NUG) အစိုးရက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် အရေးပေါ် ကြေငြာချက်နှင့်ပတ်သက်ပြီး ပြန်လည်ရုပ်သိမ်းပေးရန် မေတ္တာ ရပ်ခံစာ ပေးပို့ခဲ့သေးသည်။ အလားတူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလဆန်းပိုင်းတွင်လည်း ကေအဲန်ယူ ဥက္ကဋ္ဌ၏ အပစ်ရပ်လမ်းစဉ် အတိုင်း ဆက်သွားရန် သဘောထားပါရှိသည့် ထုတ်ပြန်ချက်အတိုင်း ပဒိုစောရွှေမောင်းအနေဖြင့် အချက် (၉)ချက်ပါ သဘော ထားတစ်ခု ထုတ်ပြန်ခဲ့ဖူးသလို ထိုနှစ် အောက်တိုဘာလ ၄ရက်နေ့တွင်လည်း NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အပေါ် သတိပေးသည့်သဘောထားပါသော အသိပေးစာ ပေးပို့ခဲ့ဖူးသည်။ https://kicnews.org/2023/01/%e1%80%94%e1 %80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%
၁၃။ “ကရင်နီအမျိုးသား သမိုင်း” စာအုပ်ကို ထုတ်ဝေပေးနိုင်ဖို့ ရန်ပုံငွေလိုအပ်နေ
January 2, 2023
ကရင်နီ နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ခွန်းမားရ်ကိုဘန် ရေးသားတဲ့ “ကရင်နီအမျိုးသားသမိုင်း” စာအုပ်ကို ထုတ်ဝေ ဖြန့်ချိနိုင်ဖို့အတွက် ရန်ပုံငွေတွေလိုအပ်နေတယ်လို့ စာအုပ်ရေးသားသူ ခွန်းမာရ်ကိုဘန် ကပြောပါတယ်။ အဆိုပါ စာအုပ်ကို ကရင်နီပြည်က စစ်ရှောင်တွေနဲ့ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေကြတဲ့ တော်လှန်ရေးအဖွဲ့ အစည်းတွေကို အခမဲ့ပေး ဝေသွားမယ်လို့ ဆိုပါတယ်။ “ ဦးလေး ရေးသားပြီးပြီ၊ အကုန်လုံးခေါင်းဆောင်တွေနဲ့ ညှိ့နှိုင်းအကဲဖြတ်လို့ပြီးပြီ။ အခုက ပုံနှိပ်တိုက် ထဲမှာ အပ်ဖို့လည်း အဆင်သင့်ဖြစ်ပြီးပြီ အပ်လည်းအပ်ပြီးပြီ ရိုက်ပါ။ မြန်မြန်ရိုက်လို့ပြောတယ်။ ဦးလေးတို့က အခက်အခဲက ဘာတစ်ခုရှိလဲဆိုတော့ ငွေ။” လို့ ခွန်းမားရ်ကိုဘန် က ပြောပါ တယ်။ စာအုပ်ရေ တစ်သောင်းထုတ်ဝေဖို့ရှိပြီး အဲဒီထဲက စာအုပ် ပေါင်း သုံးထောင်ကို စစ်ဘေးရှောင်အတွက် ရည်ရွယ်ထားသလို၊ အုပ်ရေနှစ်ထောင်ကို ကရင်နီပြည်တွင်းမှာရှိနေတဲ့ လက်နက် ကိုင်အဖွဲ့တွေကို အခမဲ့ဖြန့်ဝေသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီလို အုပ်ရေတစ်သောင်းကို ထုတ်ဝေသွားနိုင်ဖို့ ထုတ်ဝေခ တစ်အုပ်ကို ထိုင်းဘတ်ငွေ ၃၀ (မြန်မာကျပ်ငွေ နှစ်ထောင်လေးရာကျော်) ရှိပြီး အုပ်ရေတစ်သောင်းအတွက် ဘတ်သုံးသိန်း( မြန်မာကျပ်ငွေ ၂၄၂ သိန်းဝန်းကျင် ) ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီစာအုပ်ကို ကရင်နီပြည်မှာနေထိုင်တဲ့ ကရင်နီအမျိုးသားတွေစိတ်ဓာတ်ရှင်သန်ဖို့အတွက် ရည်ရွယ်ထုတ်ဝေတာဖြစ် တယ်လို့ ခွန်းမားရ်ကိုဘန်က ဆိုပါတယ်။ “အဲဒါကြောင့် ကျနော်တို့က အမျိုးသားစိတ်ဓာတ်တွေ ရှင်သန်ဖို့အတွက် ကျနော်တို့ရဲ့ ကရင်နီအမျိုးသားတိုင်းပြည်ကို ထူထောင်နိုင်ဖို့အတွက် ညီညွှတ်သွားဖို့အတွက် အဓိက ရည်ရွယ်ပြီးတော့ မှ ကျနော်တို့ လူမျိုးညီ ညွှတ်ရမှာ တိုင်းပြည်ညီညွှတ်ရေးတည်ထောင်နိုင်တဲ့အထိ အဲဒါမျိုးကို ကျနော်တို့ ဦးတည်ချက်နဲ့ ပေါ့ဗျာ။ ဦးလေး ရည်ရွယ်ချက်နဲ့ အဲဒီလိုမျိုး ရေးသားပြုစုရခြင်းဖြစ်တယ်။”လို့ ခွန်းမားရ်ကိုဘန်က ပြောပါတယ်။ အဲဒီ ကရင်နီအမျိုးသားသမိုင်းစာအုပ်မှာ စာမျက် နှာ ၁၀၀ကျော်ပါဝင်ပါတယ်။ ကရင်နီအမျိုးသားဆင်းသက်လာပုံ သမိုင်း၊ လူမျိုးအုပ်စု၊ လူမျိုးအနွယ်ဝင် တော်စပ်ပုံ၊ ကမ္ဘာဦး ယုံကြည်ကိုးကွယ်မှု၊ တိုင်းပြည်တည်ထောင်လာပုံ၊ ရှေးကရင်နီ ပြည် စီးပွားရေးကဏ္ဍ၊ ကရင်နီပြည် (၄) ပိုင်း ပိုင်းခြား လိုက် ခြင်း၊ ပထမအကြိမ်ကရင်နီပြည် ပြန်လည်စုစည်းရန် ကြိုးပမ်းခြင်း၊ အမျိုးသားလက္ခာဏာ (၃) ရပ်၊ နိဂုံးစာ စတဲ့ ခေါင်းစဉ် ၉ ခုနဲ့ ကရင်နီ အမျိုးသားသမိုင်းစာအုပ်ကို စုဖွဲ့ရေးသားထားပါတယ်။ ခွန်းမားရ်ကိုဘန်ဟာ ယခင်ကလည်းကရင်နီနိုင်ငံရေးနဲ့ ပတ်သက်တဲ့ ၆ အုပ်ကို ရေးသား ထုတ်ဝေခဲ့ပြီး လက်ရှိမှာလည်း ထပ်မံထုတ်ဝေဖို့နဲ့ ရေးသားနေဆဲ စာအုပ်တွေရှိနေတယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/%e1%80%80%e1%80%9b%e1%80%84%e1%80%ba%e1%80%94%e1%80
၁၄။ ခေါင်းဆောင်မှု နှင့် အာဏာ မသဲကွဲမှုကြောင့် တော်လှန်ရေး ခရီးမအောင်မြင်ဟု RCSS ခေါင်းဆောင်ထည့်ပြော
January 2, 2023
ခေါင်းဆောင်မှု နှင့် အာဏာ မသဲကွဲမှုကြောင့် တော်လှန်ရေး ခရီးမအောင်မြင်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် ( RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုလိုက်သည်။ တော်လှန်ရေးခရီး နှစ်ပေါင်း (၆၄) နှစ်အထိ ကြန့်ကြာနေရခြင်း၏ အကြောင်းရင်းသည် ခေါင်းဆောင်မှု အကြောင်းကို မသိရှိကြသဖြင့် အတွင်းမီးကို မငြိမ်းနိုင်ပဲ အပြင်ရန်သူပါ ထပ်တိုးလာရခြင်း ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် နှစ်သစ် ဆုတောင်း စကားတွင် RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့သည်။ ထို့အပြင် ခေါင်းဆောင်မှု နှင့် အာဏာပါဝါကို နားလည်မှု လွဲမှားစွာ အသုံးပြုခြင်း ကြောင့် အဓိက ရန်သူကို မေ့လျော့နေပြီး အချင်းချင်း နားလည်မှု လွဲမှားနေကြခြင်းကြောင့် တော်လှန်ရေး ခရီးမအောင်မြင်ခြင်း ဖြစ်ကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ခေါင်းဆောင်က ဆက်ပြောသည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ်မှ စတင်ပြီး ရရှိလာသည့် အခွင့်အရေးကို အမိအရ ဖမ်းဆုတ်နိုင်ဖို့ လိုအပ်ကြောင်းလည်း ထည့် သွင်းပြောကြားခဲ့သည်။ ထို့သို့ မဟုတ်ပါက အမိမြေလည်း ပျောက်ကွယ်သွားနိုင်သလို သျှမ်းပြည်ဆိုတာလည်း နာမည်သာ ကျန်ရှိမည့်အကြောင်း၊ တတ်သိပေမယ့် ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အလုပ်ထက် အပြောကိုသာရှိရင်တော့ ရန်သူပိုတိုးလာစေပြီး ကျဆုံးစေမယ့် အကြောင်းလည်း ပြောကြားခဲ့သည်။ အဆိုပါ RCSS/SSA ၏ ပြောကြားချက်များကို Tai freedom Facebook Page မှ တင်ထားသော ဗိုလ်ချုပ်ကြီးယွက်စစ်မှ ပြည်သူလူထုအတွက် နှစ်သစ်ဆုတောင်းစကားမှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်သည်။ https://burmese.shannews.org/archives/32308
၁၅။ မဟာမုနိဘုရားတွင် ဖမ်းဆီးခဲ့သည့် ဒေသခံ ၃ ဦးထဲမှ ၂ ဦးကို စစ်ကောင်စီ ပြန်လွှတ်ပေး
January 2, 2023
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရား အနီးတွင် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့က ဖမ်းဆီးခဲ့သည့် ဒေသခံ ၃ ဦးထဲမှ ၂ ဦးကို မြန်မာစစ်တပ်က ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။ ဖမ်းဆီးခံခဲ့ရသူများမှာ သရက်တပင် ကျေးရွာမှ အသက် ၆၀ ကျော်အရွယ် ဦးမောင်စောသာနှင့်အခြား(အမည်မသိ) ၂ ဦးဖြစ်ပြီး ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁၀ ခန့် က အဆိုပါ အမည်မသိ ၂ ဉီးကို မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ကျောက်တော်မြို့နယ် ဇီးချောင်းဆည်အနီးတွင် လွှတ်ပေးလိုက် ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ သရက်တပင်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက “ သူတို့ နှစ်ယောက်ကို မနေ့က ၁၀ နာရီလောက်မှာ ဇီးချောင်းဆည်နားမှာ စစ်သားတွေက လွှတ်ပေးလာတယ် လို့သိရတယ်။ ဦးမောင်စောသာက မလွတ်သေးဘူး။ ကျောက်တော်ရဲစခန်းမှာပဲ ရှိသေးတယ် ” ဟု ၎င်းကဆို သည်။
ဉီးမောင်စောသာ ကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် သုံးလကျော်ကြာ ချုပ်နှောင်စစ်ဆေးခဲ့ကာ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး လက်ရှိတွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နှင့် တရားစွဲဆို ထားသည်။ ဦးမောင်စောသာ ၏ ဇနီးဖြစ်သူ ဒေါ်မအေးခင် က “သူတို့နှစ်ယောက်ကိုတော့ လွှတ်လိုက်ပြီလို့ ပြောသံကြားပါ တယ်။ ကျမအိမ်ရှင်တော့ အခုထိ မလွတ်လာသေးဘူး။ ကျောက်တော်ရဲစခန်းမှာ တရားရင်ဆိုင်နေရ ပြီးတော့ မနက်ဖြန် ရုံးချိန်းရှိ ပါတယ်။ သူက အသက်လည်းကြီးနေပြီဆိုတော့ ပြန်လွှတ်ပေးစေချင်ပါတယ် ” ဟု ဆိုသည်။ AA နှင့်ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသည့် အခြားသောရခိုင်ဒေသခံများကိုလည်း ပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေ ကြသည်။ https://www.facebook.com/dmgnewsagency/photos/a.4 66679383484478/2489716944514035/
၁၆။ ကရင်နီပြည်မှာ တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၄၀၀ ကျော်ဖြစ်ပွားခဲ့
January 3, 2023
ကရင်နီပြည်မှာ ၂၀၂၂ခုနှစ် တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၄၁၂ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့ အင်အားစု ( PKPF ) ရဲ့ ဇန်နဝါရီလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ် ကထက် ၄ ဆနီးပါး တိုက်ပွဲအရေအတွက်တွေ ပိုဖြစ်ပွားခဲ့ပေမယ့် ၂၀၂၁ခုနှစ်ကလောက် တိုက်ပွဲပြင်းထန်ဖြစ်ပွားခြင်း မရှိဘူးလို့ ကရင်နီပြည် အစိုးရ ကာကွယ်ရေး ဒု-ဝန်ကြီး ခူးဒယ်နီယာယ်က ပြောပါတယ်။ “ အစပိုင်း ၂၀၂၁ ထဲမှာ တော်တော်လေးကြီးကျယ်တယ်လို့ ပြောလို့ရပါတယ်။ ဒီ ၂၀၂၂ ထက်စာရင် ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲတွေက ပွဲကြီးတွေက ၂၀၂၁ထဲမှာ ပိုများတယ်။ ဒီ ၂၀၂၂ ထဲ မှာက တိုက်ပွဲပိုများတယ်။ သို့သော် မတူတော့ဘူး။ တိုက်ပွဲသေးတွေ ပြန်ဖြစ်သွားတယ်။ အဲဒီလိုမျိုးတော့ ဖြစ်တယ်ပေါ့နော။ ၂၀၂၁ မှာက ရွာတွေမီးရှို့ ရွာထဲမှာ လူထုတွေထွက်ပြေး စသည် ဖြင့်ပေါ့။ အဲဒါတွေက တိုက်ပွဲကြီးကြီးဖြစ်ပြီးမှ ၂၀၂၂ မှာက တိုက်ပွဲ တွေက ပိုများတယ်။ သို့သော် လူထုကို ထိခိုက် နစ်နာတဲ့ဟာ မီးလောင်တာဘာညာတွေတော့ နည်းနည်းလျော့လာတယ်။ ” လို့ ခူးဒယ်နီယာယ် ကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားမှု ပိုများလာတာနဲ့အတူ ကရင်နီဒေသခံတော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကောင်စီ ဘက်ကလည်း အကျအဆုံးများပြားနေခဲ့ပါတယ်။ ကရင်နီဒေသခံတော်လှန်ရေးတပ်ပေါင်းစုဘက်က ၂၀၂၁ခုနှစ်အတွင်းမှာ ၄၁ ဦးနဲ့ ၂၀၂၂ ခုနှစ်အတွင်း ၁၇၀ ဦးကျဆုံးခဲ့ရပါတယ်။ စစ်ကောင်စီဘက်က ၂၀၂၁ ခုနှစ်အတွင်းမှာ ၄၄၈ ဦးသေဆုံးပြီး ၂၀၂၂ ခုနှစ်မှာ ၁၂၄၄ ဦး သေဆုံးခဲ့တယ်လို့ PKPF ကောက်ယူထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
လက်ရှိ ကရင်နီမှာဆိုရင်လည်း စစ်ကောင်စီတပ်ကနေပြီး တပ်အပြောင်းအလဲ လုပ်ဆောင်တာတွေလည်း ရှိနေတယ် လို့ မြေပြင်အချက်အလက်အရသိရရှိရသလိုပွင့်လင်းရာသီမှာ တိုက်ပွဲတွေဆက်လက်ဖြစ်မယ့် အခြေအနေရှိတယ်လို့ ခူးဒယ်နီယာယ် က ဆိုပါတယ်။ ” တိုက်ပွဲကတော့ လောလောဆယ် လူတိုင်းကတော့ ပြင်ဆင်နေကြတယ်။ ဒီနှစ်သစ်ကူး မိန့်ခွန်းတွေမှာ ကြည့် လိုက်မယ်ဆိုလို့ရှိရင် ငါတို့အမြစ်ပြုတ်တိုက်မယ်လို့ ပြောတဲ့လူတွေက ပိုများပါတယ်။ အပစ်ခတ်ရပ်စဲရေး လုပ်မယ်ဆိုတဲ့ အဖွဲ့ အစည်းကတော့ မရှိသလောက် ပဲတွေ့နေရတယ်ဆိုတော့ စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲ စစ်ကတော့ ဖြစ်နေဦးမှာပဲ ဆိုတာ ဒီလိုပဲ မြင်ပါတယ်။” လို့ ခူးဒယ်နီယာယ် ကပြောပါတယ်။ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းတွေကို အသုံးပြုတိုက်ခိုက်တာရှိနေပြီး ၂၀၂၁ ခုနှစ်အတွင်းမှာ ၂ ကြိမ်နဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ၁၈၂ ကြိမ် လေကြောင်းအသုံးပြုတိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံနေအိမ်အဆောက်အုံးပျက်စီးမှုတွေလည်းရှိနေပြီး ၂၀၂၁ ခုနှစ်အတွင်းမှာဆိုရင် ၄၈၂ လုံး၊ ၂၀၂၂ ခုနှစ်အတွင်းမှာ ၈၂၈လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရိက္ခာပို့တဲ့ ယာဉ်တွေလည်း ပျက်စီးမှုရှိခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ၁၉ စီး၊ ၂၀၂၂ ခုနှစ်မှာ ၃၉ စီး ပျက်စီးခဲ့တယ်လို့ PKPF ကောက်ယူထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။ PKPF ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင်း မြေပြင်တွေမှာ ကိုယ်တိုင်ကွင်းဆင်းတာတွေရှိသလို တိုက်ပွဲတွေမှာ ကိုယ်တိုင် ပါဝင်သူတွေနဲ့ ချိတ်ဆက်ပြီး အချက်အလက်ကောက်ယူစုဆောင်းနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ https://l.facebook.com/l.php?u =https%3A%2F%2Fbit.ly%2F3QhabPC%3Ffbclid%3DIwAR3 MgfwIv2hnHYaPp9bAd
၁၇။ လွတ်လပ်ရေးအကြို လောက်ကိုင်မြို့တွင်း စစ်အင်အားပြ၊ ပြည်သူများ ထိတ်လန့်နေ
January 2, 2023
သျှမ်းပြည် လောက်ကိုင်ခရိုင် လောက်ကိုင်မြို့တွင်းတွင် လွတ်လပ်ရေးနေ့ အကြို အနေဖြင့် စစ်ကောင်စီမှ စစ်အင်အား လှည့်ပတ် ပြသမှုကြောင့် ပြည်သူများ ထိတ်လန့်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်မှ စတင်ကာ လောက်ကိုင်မြို့ အတွင်းတွင် လွတ်လပ်ရေးအတွက် အလံတိုင် စိုက်ထူခြင်းများ စတင်ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကာ စစ်သားအင်အားက မြို့တွင်း လှည့်ပတ်နေကြောင်းသိရသည်။ “အလံတိုင်တွေတော့ တမြို့လုံး နီးပါး အပြည့်ပေါ့၊ စိန်ရတုနှစ် မြောက်တဲ့ လွတ်လပ်ရေးနေ့အတွက် ဆိုလားပဲ၊ ပြီးတော့ နေရာတိုင်းမှာလည်း စစ်သား တွေ လုံခြုံရေးယူထားတယ်၊ စစ်သား တွေ အပြည့်ပါတဲ့ စစ်ကား ၁၀ စီး၊ စစ်သား ၁၅၀ လောက်လည်း မြို့ထဲကို နေ့တိုင်းပတ်နေတယ်” ဟု လောက်ကိုင်မြို့မှ အမည် မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
လောက်ကိုင်မြို့တွင်း စစ်အင်အား ပြသမှုများတွင် စစ်သားများ စစ်ကားများအပြင် သံချပ်ကာ ကားများလည်း လိုက်ပါ လှည့်ပတ်ကြောင်း ၊ စစ်အင်အား ပြသမှုများကြောင့် ပြည်သူများက စိတ်အနှောင့်အယှက်ဖြစ်ရသည့်အပြင် ကြောက်လန့်မှုလည်း ကြုံတွေ့နေရကြောင်း ၎င်းအမျိုးသားကပြောသည်။ “အရေးအကြောင်းရှိလို့ အပြင်ထွက်ရင် လည်း သူတို့စစ်ယာဉ်တန်းနဲ့တွေ့ရင် ထင်သလောက် သွားလို့ မရဘူး၊ နှေးတာပေါ့၊ ကျော်ပြီးလည်း မသွားရဲဘူးလေ၊ စစ်သားဆိုတာနဲ့လည်း ကြောက်နေရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ် က ပြောသည်။ လက်ရှိတွင် လောက်ကိုင်မြို့ အတွင်း၌ စစ်သားများ နေရာအနှံ့ လုံခြုံရေး ယူထားသည့်အပြင် မနက် ၁၀ နာရီ ဝန်းကျင်မှ မွန်းလွဲ ၁ နာရီကျော်အထိ စစ်အင်အား လှည့်ပတ်ပြသမှုများကြောင့် သွားလာရေးအတွက် ခက်ခဲနေ ကြောင်း သိရသည်။ လာမည့် ဇန်နဝါရီလ ၄ ရက်နေ့သည် ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးအခမ်းအနားနေ့ ဖြစ်သည်။ https://burmese.shannews.org/archives/32305
၁၈။ ကချင်နဲ့ ကရင်တပ်မဟာ(၅)မှာ စစ်ကောင်စီ ရွေးကောက်ပွဲကို လက်မခံကြောင်းပြော
January 3, 2023
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆို တဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ အခုလိုပြောဆိုခဲ့တာပါ။ “ပြည်သူတွေကိုသတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်က ရွေးကောက်ပွဲ ကို ကျင်းပ ဖို့ အတွက် လုပ်ပိုင်ခွင့် လုံးဝမရှိဘူး။ ရွေးကောက်ပွဲမှာ ပါဝင်မယ့် ပါတီတွေကလည်း စစ်တပ်နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ သူတွေ ပဲ ဖြစ်မယ်။ ဒီရွေးကောက်ပွဲမှာ ဘယ်သူကရန်၊ ဘယ်သူကကြားနေ၊ ဘယ်သူက အမှန်တရား ဘက်ရပ်တည်တဲ့ သူလဲဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်ရလိမ့်မယ်” စစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေကို အိမ်နီးချင်း နိုင်ငံတွေကနေ အကူအညီပေးဖို့ အရေးကြီးတဲ့ ကာလရောက် နေပြီလို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လ က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
KNU တပ်မဟာ (၅) ရဲ့ မနေ့က ထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ဘယ်သူ ကမှ ပူးပေါင်းပါဝင် မပတ်သက်ကြဖို့ ထည့်သွင်း ဖော်ပြထားပါတယ်။ KNU တပ်မဟာ (၅) နယ်မြေထဲက စစ်တပ်စခန်းတွေ ရုပ်သိမ်းဖို့နဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ ဇန်နဝါရီ ၁၀ ရက်နေ့ နောက်ဆုံးထား နုတ်ထွက်ကြဖို့ကိုလည်း ရေးသားထားပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မနေ့က နှစ်သစ်ကူးမိန့်ခွန်းမှာတော့ ၂၀၂၃ ခုနှစ်ဟာ သမိုင်း ကောင်းတစ်ခု ဖန်တီးနိုင်မယ့် နှစ်တစ်နှစ်ဖြစ်ပြီး တိုင်းရင်းသား တွေအနေနဲ့ အဲဒီအခွင့်အရေးကို အရယူကြဖို့ပြောဆိုခဲ့ပါ တယ်။ လုံခြုံရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားတွေကို တိုက်ခိုက်ချိန်မှအပ တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ၂၀၂၃ ခုနှစ် တစ်နှစ်ပတ်တာလုံး တိုးမြှင့်ရပ်စဲ လိုက်တယ်လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာ ချက်ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့အမှန်တကယ် အပစ်ရပ်ချင်တာကြောင့်မဟုတ်ဘဲ သူစီစဉ်တဲ့ ရွေးကောက်ပွဲဖြစ် မြောက်ဖို့အတွက် ခေတ္တငြိမ်ပေးတဲ့ သဘောပဲလို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်တစ်ဦးက ပြောပါတယ်။ “ဒါက ရှင်းရှင်း လေးပဲ၊ တိုင်းရင်သားတွေနဲ့ အပစ်ရပ်တယ်လို့ ဆိုတာက တိုင်းရင်းသား နယ်မြေတွေမှာ ရွေးကောက်ပွဲကို ခြေသံလုံလုံ နဲ့ ကျင်းပချင်လို့ပါ၊ ဒါကြောင့် တစ်ခုပေးပြီး တစ်ခုပြန်ယူတဲ့ သဘောပဲ၊ ရွေးကောက်ပွဲ ကျင်းပပြီးတာနဲ့ စစ်တပ်က ဗိုလ်နေမြဲ ကျား နေမြဲပြန်လုပ်မှာပဲ” ၂၀၁၈ ခုနှစ်ကနေ ဒီဇင်ဘာလကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စစ်ကောင်စီဘက်က အပစ် အခတ် ရပ်စဲရေး ထုတ်ပြန်ချက်ပေါင်း ၂၁ ကြိမ် ရှိခဲ့ပေမယ့် သူ့ထုတ်ပြန်ချက်တွေကို သူကိုယ်တိုင်ပြန်ချိုးဖောက်တာများတယ် လို့ သူကဆိုပါတယ်။ https://www.rfa.org/burmese/news/military-election-not-accepted-in-knu-area-01022023061
၁၉။ ကောက်လှိုင်းပုံထဲတွင် စစ်ကောင်စီထောင်ထားသည့်မိုင်းပေါက်ကွဲ၍ စပါးချွေနေသည့်ပြည်သူတစ်ဦး မိုင်းစထိမှန်
January 2, 2023
ကချင်ပြည်နယ် နမ့်စီးအောင်ဘက်မှဝင်လာသည့်အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက အင်းတော် တောင်ပိုင်းရှိ အလယ်ဆိပ်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ပိုင်း ကျေးရွာအတွင်းမှ ပြန်ထွက်စဥ် အလယ်ဆိပ်ဒေသခံတစ်ဦးရှိ လယ်ကွင်းအတွင်းက ကောက်လိုင်းပုံ တစ်ခုထဲ၌ မိုင်းတစ်လုံး ထောင်ထားခဲ့ရာ ပေါက်ကွဲမှုကြောင့် ပြည်သူတစ်ဦးမိုင်းစ ထိမှန်ခဲ့ကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ”သူတို့အလယ်ဆိပ်ရွာက ကောက်လိုင်းပုံတွေကိုမီးရှို့တုန်းက အကုန်လုံးကိုမီးရှို့ပြီး အဲ့တစ်ပုံထဲကိုပဲကျန်ထားတာ အဲ့ကျန်ခဲ့တဲ့ တစ်ပုံကို ရွာသားတွေမနေ့တုန်းက ဝင်ပြီးတော့စပါးချွေကြတာ အဲ့စပါးချွေနေတဲ့ချိန်ထပေါက်ကွဲတာ အဲ့မှာ လူတစ်ယောက်က တော့ လွင့်ထွက်သွားတာပေါ့ အသက်ကတော့ မစိုးရိမ်ရဘူး ဒဏ်ရာတော့ရထားတယ်”ဟုပြောသည်။
ပေါက်ကွဲမှုသည် မွန်းလွဲ ၁ နာရီတွင်ဖြစ်ပွားခဲ့ပြီး အလယ်ဆိပ်ကျေးရွာမှ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းစ ထိမှန်ပြီး စပါးချွေလှည့်စက်တစ်လုံး မီးလောင်ပျက်စီးသွားကြောင်းသိရသည်။ ယင်းစစ်ကြောင်းသည် လက်ရှိ သံဘိုကျေးရွာ အတွင်း ဝင်ရောက်တပ်စွဲနေပြီး ဒေသခံအများပိုင်း ထွက်ပြေး တိမ်းရှောင် နေရကြောင်း အင်းတော် PDF မှ သိရသည်။ ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်တွင် ဒီဇင်ဘာလအတွင်း စစ်ကောင်စီ မှ မီးရှို့ဖျက်ဆီးခဲ့ သည့် အိမ်ခြေ ၁၀၀ ကျော်အထိရှိလာ ပြီဟု ဒေသတွင်း သတင်းအရင်းမြစ် များထံမှ သိရသည်။ https://burmese .kachinnews.com/2023/01/02/az2-66/
၂၀။ မျက်မမြင်ဝေဒနာ ခံစားနေရတဲ့ တန့်ယန်းဒေသခံ ၅ ဦး ကုသဖို့ ငွေကြေးအကူအညီ လိုအပ်နေ
January 2, 2023
ရှမ်းမြောက် တန့်ယန်းမြို့နယ်ထဲက မျက်မမြင်ဝေဒနာ ခံစားနေရတဲ့ ၅ ဦးဟာ လာမယ့် ဇန်နဝါရီ ၄ ရက်မှာ သီပေါမြို့သို့ သွားရောက်ကုသမှာဖြစ်ပြီး လမ်းစရိတ်နဲ့ စားသောက်ဖို့ ငွေကြေးအခက်အခဲရှိတာကြောင့် အကူအညီလိုအပ်နေကြပါ တယ်။ မျက်စိ ကုသရမယ့်သူတစ်ဦးက “ကျနော့မျက်စိက မွေးရာပါတော့ မဟုတ်ဘူး။ ပြီးခဲ့တဲ့နှစ်တွေက မျင်စိထဲ အကောင် ဝင်တာ လားတော့ မသိဘူး။ မျက်ရည်တွေ နေ့တိုင်းအလိုလိုကျလာတယ်။ နောက်တော့ မျက်စိက မမြင်ရသလို ဖြစ်လာတယ်။ ဆေးကုဖို့ လည်း ပိုက်ဆံမရှိဘူး။ မိသားစု စားဖို့အတွက်တောင် အဆင်မပြေဘူး” လို့ ရွှေဖီမြေသို့ ပြောပါတယ်။ ကုသမယ့််သူထဲ အသက် ၄ နှစ်အရွယ် ကလေးငယ်လည်း ပါဝင်ပြီးတော့ မွေးရာပါ မဟုတ်ဘဲ မျက်စိကို တုတ်နဲ့ထိခိုက်မိပြီး တချို့က အကောင်ကိုက်ခံရတာ နဲ့ အာဟာရ ချို့တဲ့တာကြောင့် အခုလို မျက်မမြင်ဝေဒနာ ခံစားနေရတာပါ။ သီပေါသို့ သွားရောက် ကုသမယ့််သူတွေကတော့ ပန်ဟတ်ရွာမှ မိုင်းအိုက်ကမ်း (၅ နှစ်)၊ မိုင်းအိုက်လော့ (၄ နှစ်)၊ ကောင်းယွန်းရွာမှ လွေးအေးပန် (၁၇ နှစ်)၊ လွယ်ဆိုင်ရွာမှ ဦးဆွေအောင် (၆ဝ နှစ်)နဲ့ ပန်ဝရွာမှ မိုင်းအိုက်တာ (၃၉ နှစ်)တို့ပဲ ဖြစ်ပါတယ်။ ၎င်းတို့အတွက် ခရီးစရိတ်နဲ့ စားသောက်စရိတ် ပါဝင်ကူညီ လိုသူတွေအနေနဲ့ ဖုန်း 09-899 826 834 (K-Pay/Wave Pay)သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ https://www.fa cebook.com/photo/?fbid=484568203850449&set=pcb.484569943850275
၂၁။ အာဏာသိမ်းစစ်ကောင်စီ၏ ပျူစောထီးစခန်းကို လောင်းလုံ PDF စီးနင်း
January 2, 2023
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)စခန်းကို လောင်းလုံ PDF က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့သည်ဟု သိရသည်။ ထားဝယ်ခရိုင် အတွင်းရှိ မြို့နယ် ၄ ခုမှ ပြည်သူ့စစ်ဟုခေါ်သည့် ပျူစောထီးအဖွဲ့ဝင်စာရင်းများအပါအဝင် ထားဝယ်မျိုးချစ်တပ်မတော်၊ ၉၆၉ YMBA နှင့် မဘသအဖွဲ့ဝင်စာရင်းများ၊ စစ်ကောင်စီစစ်ကြောင်း စာရင်းများ၊ လက်နက်လွှဲပြောင်း စာရင်းများကို အဆိုပါစခန်းမှ သိမ်းဆည်း ရမိသည်ဟု လောင်းလုံ PDF က သတင်းထုတ်ပြန်သည်။
အဆိုပါစခန်းမှ တုတ်၊ ဓါး၊ တူမီးအပါအဝင် လက်နက်ပစ္စည်းများနှင့် စစ်ရေးအရ မဖေါ်ပြနိုင်သည့် စာရွက်စာတမ်းများ၊ ဓာတ်ပုံမှတ်တမ်းများကိုလည်းသိမ်းမိခဲ့ပြီး ခြေကုပ်စခန်းအား ဖျက်ဆီးခဲ့ကြောင်း သိရသည်။ လောင်းလုံ PDF သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်ကလည်း လောင်းလုံးမြို့နယ်အတွင်းမှ ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင် ၃ ယောက်နှင့် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးအဆင့်ရှိသူ ၁ ယောက်ကို ရှင်းလင်းခဲ့သည်ဟု သိရသည်။ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းတွင် ယခင်က ပြည်သူ့စစ်ဖွဲ့စည်းခြင်းမရှိခဲ့သည့်ဒေသများတွင်ပါ ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့များ ဖွဲ့စည်းလာခြင်းဖြစ်သည်။ https://www.f acebook.com/TachileikNewsAgency/photos/pcb.5973359289352528/5973354459353011/
၂၂။ ရခိုင်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြန်လည် တာဝန်ထမ်းဆောင်ရန် ULA တိုက်တွန်း
January 3, 2023
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက နုတ်ထွက်စာတင်ထားသည့် ကျေးရွာအုပ်ချုပ် ရေးမှူး များကို ပြန်လည်တာဝန်ထမ်းဆောင်ရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ခေါ်ယူပြီး တိုက်တွန်းခဲ့ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။ ယမန်နေ့က အဆိုပါ မြို့နယ်များအတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးများ ကို သက်ဆိုင်ရာ ULA နယ်မြေရုံးများသို့ ခေါ်ယူကာပြန်လည်တာဝန်ထမ်းဆောင်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း ယင်းမြို့နယ်အတွင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောသည်။ အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူး တဦးက “ ကျနော်တို့ကို အဓိက ပြော တာက ကိုယ့်ရခိုင်လူမျိုးတွေ ကျေးရွာအုပ်ချုပ်ရေးမှူး မရှိတော့ ထောက်ခံစာတို့၊ မှတ်ပုံတင်လုပ်တာတို့မှာ အခက်အခဲဖြစ် တယ်။ ခရီးသွားလာလို့ အဆင်မပြေ ဖြစ်နေတဲ့အတွက် ပြန်လည်တာဝန် ထမ်းဆောင်ကြဖို့ တိုက်တွန်းတယ်။ ကျနော်တို့က ဟို အဖွဲ့က ဖိအားပေး ၊ ဒီအဖွဲ့က ခြိမ်းခြောက်ဆိုတော့ ဆက်မလုပ် ချင်တော့ဘူး။ နောက်လူ အစားထိုးပါ ဆိုတော့ အရင်လူပဲပြန် လုပ်ပါဆိုပြီးတော့ ပြောတယ် ” ဟု ပြောသည်။
ထိုသို့ ULA / AA အဖွဲ့က တိုက်တွန်းသောကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး တချို့က ပြန်လည် တာဝန်ထမ်းဆောင် ရန် သဘောတူသော်လည်း တချို့မှာ စစ်ကောင်စီနှင့် AA တို့အကြား ကြားညှပ်သည့်အခြေအနေများကြောင့် ပြန်လည် လုပ်ဆောင် လိုသည့် ဆန္ဒမရှိတော့ကြောင်းသိရသည်။ စစ်ကောင်စီခန့် ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၀ ကျော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူး ၇၀ ကျော်တို့မှာ နယ်မြေ တည်ငြိမ်မှုမရှိဟုဆိုကာ ပြီးခဲ့သော နိုဝင်ဘာလ နှင့် ဒီဇင်ဘာလအတွင်း တာဝန်မှ နုတ်ထွက်စာတင်ခဲ့ခြင်း ဖြစ်သည်။ https://www.facebook.com/theirrawaddyburmese /photos/a.142225162488311/6358743470836418/
၂၃။ အင်းလေး ဒေသခံ လူငယ်များကို PDF စွပ်စွဲပြီး ပျူစောထီး နှင့် စစ်ကောင်စီတို့ လိုက်လံဖမ်းဆီးနေ
January 3, 2023
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း နေထိုင်သည့် လူငယ်များကို ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ (PDF) နှင့် ချိတ်ဆက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီ မှ နေ့စဥ်ဆက်တိုက် ဖမ်းဆီးပြီး စစ်ဆေးမေးမြန်း နေကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်မှစပြီး ယနေ့ထိ အင်းလေးဒေသခံအတွင်းရှိ ဒေသခံ ပြည်သူ များကို ပျူစောထီး နှင့် စစ်ကောင်စီတို့ ပူပေါင်းပြီး အသက် ၁၈ နှင့် ၃၅ နှစ်ကြား လူငယ်များကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး လိုက်လံဖမ်းဆီးနေကြောင်း အင်းလေးဒေသခံ အသက် ၂၀ နှစ်အရွယ်ရှိ လူငယ်တစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူမှာ အင်းလေးဒေသအတွင်းရှိ တောင်ပို့ကြီး၊ သပြေပင်ရွာ၊ အင်းတိန် နှင့် တုံးလည်ရွာမှ ဒေသခံများ ဖြစ်ကြောင်း သိရသည်။ “ပျူစောထီးက လမ်းပြပေးပြီး စစ်ကောင်စီက လိုက်ဖမ်းတာဗျ။ အင်းထဲက PDF ကို ဖော်ထုတ်ခိုင်းဖို့အတွက် ဖမ်းသွားတယ်။ ပြန် ပေးဆွဲတဲ့ ပုံစံမျိုးပေါ့ဗျာ။ အဲ့ထဲမှာ အမျိုးသမီး ၂ ယောက်ပါတယ်။ ကျန်တာတော့ လူငယ်၊ လူလတ်ပိုင်းတွေဗျာ။ အခုထိ အကုန် ပြန်မလွှတ်လာသေးဘူး“ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိမှာ တောင်ပို့ကြီး ရွာမှ (၃၂) ဦး၊ သပြေပင်ရွာ (၅) ဦး၊ တုံးလည်ရွာ (၂) ဦး နှင့် အင်းတိန်တွင် ဆရာတော်တစ်ပါး နှင့် ကျောင်းဝေယာဝိစ္စ လုပ်ပေးသူ (၂) ဦး ဖြစ်ကြောင်း ၎င်းတို့ကို ညောင်ရွှေ အချုပ်ခန်းတွင် ထားရှိကြောင်း သိရသည်။ အင်းထဲ တွင် ပျူစောထီး နှင့် စစ်ကောင်စီတပ်ဖွဲ့ ပူးပေါင်းပြီး လိုက်လံဖမ်းဆီးလာသည့် နောက်ပိုင်း တချို့လူငယ် သည် နေ့ဘက်တွင် အိမ်ပြင်မထွက်ရဲ၊ ညဘက်တွင်လည်း လမ်းဘေးမီး မဖွင့်ရဲကြောင်း အသက် ၂၅ နှစ် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ “ စစ်ကောင်စီက တစ်အိမ်တက် တစ်အိမ်ဆင်းပြီး လိုက်လံ စစ်ဆေးနေတယ်ဗျာ။ မှတ်ပုံတင်ကို စစ်ဆေးတာဗျာ။ ကျနော်ဆို အခုထိ အိမ်ပြင်မထွက်ရဲသေးဘူးဗျာ။ ညဘက်ဆိုရင်လည်း လမ်းဘေး မီးမဖွင့်ရဲဘူး။ ဘော်ဒါဆွဲခံရမှာ ကြောက်တယ် “ ဟု ၎င်း အမျိုးသားတစ်ဦး ကပြောသည်။ https://burmese.shannews.org/archives/32333
၂၄။ တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်ရပ်တာ တစ်နှစ်ထပ်တိုးကြောင်း စစ်ကောင်စီကြေညာ
January 3, 2023
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး တစ်နှစ်ထပ်တိုးတယ်လို့ စစ်ကောင်စီက ၂၀၂၂ နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှာ ကြေညာပါတယ်။ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားတွေကို နှောင့်ယှက်ထိပါးချိန်ကလွဲလို့ စစ်ရေး ဆိုင်ရာ လှုပ်ရှားမှုတွေကို ရပ်စဲပေးတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီကြေညာချက်ထဲမှာ အချက် ရှစ်ချက်ပါဝင်ပြီး တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိ ရေးအတွက် NCA ပါ သဘောတူညီချက်တွေကို အလေးထားလုပ်ဆောင်ဖို့၊ လက်တွေ့ကျ တဲ့ ငြိမ်းရေးဆွေးနွေးမှု တွေဆက်လုပ် ဖို့နဲ့ ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးအတွက်ပါ ဆက်လက်အကောင်အထည်ဖော်မယ်လို့ ပါရှိပါတယ်။ ဒီအတွက် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နေတဲ့ သက်ဆိုင်သူတွေအနေနဲ့လည်း လက်တွေ့ကျကျ အကောင်အထည်ဖော်ရာမှာ ဝိုင်းဝန်းကြိုး ပမ်းကြဖို့လည်း တိုက်တွန်းထား ပါတယ်။
စစ်တပ်ဟာ ၂၀၁၈ ခုနှစ်ကတည်းက ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲပေးခဲ့တာ အခုတစ်ကြိမ် နဲ့ဆို ငါးနှစ်ရှိပြီလို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။ အပစ်အခတ်ရပ်စဲနေတယ်လို့ ကြေညာပေမယ့်လည်း ၂၀၂၂ ခုနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့သလို လေကြောင်း တိုက်ခိုက်မှုတွေပါ ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး ( UN OCHA) ရဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ထုတ်ပြန် ချက်အရ စစ်တပ်က အာဏာသိမ်းထားတဲ့ နှစ်နှစ်နီးပါး ကာလအတွင်း ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်ဘေး ဒုက္ခသည် တစ်သန်းကျော်ရှိလာပြီ ဖြစ်ပါတယ်။ https://www.rfa.org/burmese/news/junta-ethnic-casefire-1year-01012023055340.html
၂၅။ ဖားကန့်တွင် လူမဲ့သပိတ်ပြုလုပ်မှုအပြီး စစ်ကောင်စီက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်
January 2 , 2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု Maden Yang ကျေးရွာဘက်တွင် လုံးခင်းသပိတ်ကော်မတီမှ ဦးဆောင်၍ လူမဲ့သပိတ်ပြုလုပ်ခဲ့ရာ သပိတ်အပြီး စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။ ယမန်နေ့ နံနက် ၁ နာရီအချိန်တွင် လုံးခင်းသပိတ်ကော်မတီ ဦးဆောင်၍ လုံးခင်း-ဖားကန့် ပြည်ထောင်လမ်းမ ကြီးပေါ်တွင် ပေ ၂၀ ကျော်ရှည်လျားသည့် ‘၂၀၂၃ အပြတ်ချေမှုန်း ဘုံရန်သူ အာဏာရှင် စနစ် မြေလှန်ပစ်ကြ ကျွန်လိုဘဝက လွတ်မြောက်ဖို့ နောက်ဆုံးအခွင့်အရေးမို့ ရုန်းကြစို့’ စာတမ်းကိုချိတ်ဆွဲခဲ့ရာ နောက် နာရီပိုင်းအကြာတွင်စစ်ကောင်စီက လက်နက်ကြီးများ ရမ်းပစ်ခတ်ခဲ့ကြောင်း လုံးခင်း သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ”ကျွန်တော်တို့က မနက်အစောကြီးသွားချိတ်လိုက်တာ သွားချိတ်ထားတဲ့ အဲ့ဗီနိုင်းစာသားကို စစ်သားတွေက ညပိုင်းမှာလာဖြုတ်သိမ်းသွားတာ ဖြုတ်သိမ်းသွားပြီနောက်မကြာဘူး ကျွန် တော်တို့ဘက်ကို လက်နက် ကြီး လေးလုံးပစ်တယ် ထိခိုက်တာတော့လူထိခိုက်တာတော့ မရှိဘူးဗျ”ဟု သပိတ်ကော်မတီမှ တာဝန်ရှိသူ အမျိုသားတစ်ဦးက ပြောသည်။
လက်နက်ကြီးမှာ ည ၇ နာရီခွဲအချိန်တွင် ပစ်ခတ်ခဲ့ပြီး လေးလုံးအနက် နှစ်လုံးမှာ မှော်ဘုံ ကျေးရွာအစွန်တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ကျန်နှစ်လုံးမှာ မှော်ဘုံကျေးရွာနဲ့ ဆန်ခါ ကျေးရွာကြားတွင် ကျရောက်ပေါက်ကွဲပြီး လူနဲ့အခြား ထိခိုက်မှုမရှိခဲ့ ကြောင်းသိရသည်။ အလားတူ ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း မဇွပ်ယန်ထောင်မှ ဆန်ခါကျေးရွာဘက် သို့လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ဆန်ခါ ဘုရားကျောင်းဝင်း အတွင်း ၂လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူခြောက်ဦး ထိခိုက်ခဲ့ရာ ယင်း ၆ ဦးအနက် ဖားကန့် ဆေးရုံတင်ထားသည့် ပြည်သူတစ်ဦး သွေးလွန်၍ ဒီဇင်ဘာလ ၃၀ ရက်နေ့ည တွင် သေဆုံးသွားကြောင်း သိရသည်။ ဖားကန့်မြို့နယ်ကို စစ်ကောင်စီက ၂၀၂၁ သြဂုတ်လကတည်းက ဖုန်း အင်တာနက်လိုင်းများ ဖြတ်တောက်ထားသော်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများမှာ ယနေ့ထိ ဆက်ရှိနေဆဲဖြစ်သည်။ https://burmese.kachinnews .com/2023/01/02/az1-100/
၂၆။ ပင်လုံမြို့ အိမ်၊ ခြံပေါင်ပြီး လောင်းကစားဆော့နေကြ
January 2, 2023
သျှမ်းပြည် လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် ပင်လုံမြို့အတွင်း အိမ်၊ ခြံပေါင်ပြီး လောင်းကစားသွားရောက် ကစားနေကြ ကြောင်း သိရှိရသည်။ ထိုသို့ အိမ်၊ ခြံ ပေါင်ပြီး လောင်းကစားများကို သွားရောက် ကစားသည့်သူများ များလာသည့် အတွက် ကြောင့် ယခင်ကထက် သူခိုးပေါများလာကြောင်း ပင်လုံမြို့ ဒေသခံ ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ “ ကျနော်ရဲ့ အသိထဲက ဦးလေးဆိုရင် ခြံတွေပေါင်ပြီးတော့ သွားဆော့တာ။ အခုတလော လောင်းကစား ဝိုင်းမှာ လူတွေအမျာကြီးပဲ။ သွား ဆော့တဲ့ သူတွေလည်းများတယ်။ လောင်းပြီး ရှုံးလာတဲ့သူတွေဆိုရင် ရပ်ကွက်ထဲက ပစ္စည်းတွေ လိုက်ခိုးပြီးတော့ ထပ်သွား လောင်းတာလည်းရှိတယ်”ဟု ၎င်းက ပြောသည်။ အဆိုပါ လောင်းကစားဝိုင်း ကြောင့် ပင်လုံမြို့တွင် သူခိုးပေါများလာပြီး ပြည်သူ များအတွက် လုံခြုံမှုမရှိတော့ကြောင်း၊ ထိုလောင်းကစားဝိုင်းသည် ဟိုခိုက်ကျေးရွာတွင် ယခုထိ ဖွင့်လှစ်ထားလျက်ရှိကြောင်း သိရသည်။
“ တလောတုန်းက ဘုရားကြီးရှေ့မှာ သွားဖွင့်မလို့ လုပ်သေးတယ်။ သူများမပေးဖွင့်လို့ အခုထိတော့ ဟိုခိုက်နားပဲ ဖွင့်ထားတာ။ ကျနော်တို့ ကျေးရွာဆိုရင် အမြဲတမ်း အိမ်မှာလူစောင့်ထားရတယ်။ ၁ နာရီလောက် လူမရှိတာနဲ့ အိမ်ဖောက်ခံရပြီ” ဟု ဝမ်အဲန်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိ လွိုင်လင်မြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူများထက် လောင်း ကစားဆော့သူများ ပိုကြောက်နေရကြောင်း သိရသည်။ အာဏာသိမ်း ၂ နှစ်နီးပါးတွင် သျှမ်းပြည်တစ်ဝှမ်း လောင်းကစားဝိုင်းများ ပိုများလာပြီး တရားဥပဒေ စိုးမိုးမှုမရှိတော့ပေ။ https://www.faceb ook.com/shannewsburmese/photos/a.34154056593 8393/5801496856609376/
*****
၂၇။ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံအနှံ့ နေအိမ်အလုံး လေးသောင်းကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့
January 2, 2023
အကြမ်းဖက်စစ်တပ်က ၂၀၂၂ ခုနှစ် တနှစ်တာအတွင်းမှာ အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း ၄၁၃၅၅ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန မီးသတ်ဦးစီး ဌာနကထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ တစ်နှစ်တာအတွင်းမှာ နိုင်ငံအနှံ့အမှုပေါင်း (၁၀၅၈)မှု ကိုကျူးလွန် ခဲ့ပြီး၊ အရပ်သားပြည်သူလူနေအိမ်ပေါင်း ၄၁၃၅၅ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းမှာ မီးရှို့ခံရအမှု ၆၉၀ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၃၁၄၀၀ ကျော်၊ မကွေးတိုင်းမှာ မီးရှို့ခံရအမှု ၂၁၀ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၈၅၀၀ ကျော် ၊ မန္တလေးတိုင်းမှာ မီးရှို့ခံရအမှု ၂၅ မှုနဲ့ မီးလောင် ပျက်စီးနေအိမ် ၄၈၀ ကျော်၊ ကချင်ပြည်နယ်မှာ မီးရှို့ခံရအမှု ၁၅ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၂၅၀ ကျော်၊ ချင်းပြည်နယ်မှာ မီးရှို့ခံရအမှု ၂၀ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၂၅၀ ကျော်၊ ကရင်ပြည်နယ်မှာ မီးရှို့ခံရအမှု ၂၅ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၁၂၀ ကျော်၊ ကယားပြည်နယ်မှာ မီးရှို့ခံရအမှု ၂၅ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၁၂၀ ကျော်၊ တနင်္သာရီတိုင်းမှာ မီးရှို့ခံရအမှု ၂၀ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၈၅ ကျော်၊ ပဲခူးတိုင်းမှာ မီးရှို့ခံရအမှု ၁၀ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၆၅ ကျော်၊ ရှမ်းပြည်နယ်မှာ မီးရှို့ခံရအမှု ၁၃ မှုနဲ့ မီးလော င်ပျက်စီးနေအိမ် ၆၀ ကျော်၊ မွန်ပြည်နယ်မှာ မီးရှို့ခံရအမှု ၅ မှုနဲ့ မီးလောင်ပျက်စီးနေအိမ် ၂၅ ကျော်တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ https://www.facebook.com/photo/?fbid=504564908443161&set=a.4445
၂၈။ မိုင်တဲတာဝါတိုင် မိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာကို လာရောက်တဲ့ စစ်ကောင်စီအဖွဲ့တွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုများခဲ့ တယ်လို့ ရေးဘီလူးထုတ်ပြန်
January 2, 2023
ရေးမြို့နယ် ကျုံလောင်းရွာဟောင်းရှိ မိုင်တဲတာဝါတိုင်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အဒီနေရာကို လာရောက်တဲ့ စစ်ကောင်စီအဖွဲ့တွေ တိုက်ခိုက်ခံရလို့သေဆုံးမှုတွေရှိခဲ့တယ် လို့ ရေးဘီလူးအဖွဲ့က ဇန်နဝါရီ ၂ ရက်န့မှာ ထုတ်ပြန်ပါ တယ်။ ဒီနေ့ မနက်ပိုင်းက ကျုံလောင်းရွာဟောင်းအနီးရှိ မိုင်တဲ တာဝါတိုင်ကို ရေးဘီလူးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်ကောင်စီအဖွဲ့တွေ လာမယ့်လမ်းကနေ ကြိုတင်စောင့်ဆိုင်းကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ “ကျုံလောင်းရွာ ဟောင်းမှာရှိတဲ့ မိုင်တဲတာဝါတိုင်ကို ဖြိုခွင်းဖျက်ဆီးတယ်။ ပြီးတော့ခွေးတွေ တက်လာ မယ့်နေရာကနေ ကင်းပုန်းယူပြီးစောင့် ပစ်တယ်။ ခွေးမြောက်များစွာကျတယ်´´လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ ဒါ့အပြင်သူက ဆက်လက်ပြီး“ ကျတော်တို့ပြောချင်တာကတော့ မွန်ပြည်နယ်မှာ ဒီထက်ကောင်းမွန်တဲ့ မစ်ရှင်တွေကို ဆက်ပြီးတော့ လုပ်ဆောင်သွားမယ်။ ပြည်သူလူထုအနေနဲ့ ဘာမှစိတ်ဓာတ်မကျဘဲ ကျတော်တို့တွေ အကောင်း ဆုံးမစ်ရှင်တွေလုပ်ဆောင်သွားမယ်လို့ ပြည်သူ့အပေါ် ကတိသစ္စာပြုပါတယ်ခင်ဗျာ´´လို့ ပြောဆိုထားပါ တယ်။ ရေးဘီလူးအဖွဲ့ဟာ စစ်ကောင်စီအဖွဲ့တွေကို ပြောက်ကျားစနစ်နဲ့ တိုက် နေတာဖြစ်ပြီး ရေးဘီလူးအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ထဲက စခန်းမှူးအဆင့်ရှိသူတွေ သေဆုံး ခဲ့ပါသေးတယ်။ https://www.facebook.com/photo/?fbid=538662624969098&set=a.477257417776286
၂၉။ သွင်းအားစုစရိတ် အဆမတန်မြင့်တက်လာ၍ ဆောင်းသီးနှံစိုက်ပျိုးမှု လျော့ကျ
January 2, 2023
ရခိုင်ပြည်မှ ဆောင်းသီးနှံစိုက်ပျိုးသူများမှာ ယခုနှစ်တွင် ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် သွင်းအားစုစရိတ်များ အဆ မတန်မြင့်တက်နေ၍ ပုံမှန်ထက်လျော့နည်းကာ စိုက်ပျိုးနေရကြောင်း တောင်သူများကပြောသည်။ ၂၀၂၁ ခုနှစ်ကတည်း က စကာ ဆောင်းသီးနှံစိုက်ပျိုးသူများမှာ သွင်းအားစုဖြစ်သည့် မြေဆီမြေဩဇာ ဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်းနှင့် ပိုးသတ်ဆေးများ ဈေးနှုန်းမှာ မြင့်တက်လာ၍ စိုက်ပျိုးမှုကို ပုံမှန်ထက်လျော့နည်း လုပ်ကိုင်လာကြခြင်းဖြစ်သည်။ စက်သုံးဆီဈေးနှုန်းများမှာ ပြီးခဲ့ သည့်နှစ်မှစကာ ပုံမှန် ဆီတစ်ပေပါ (၅၀ ဂါလံ)လျှင် ၁ သိန်းခွဲခန့်ရှိရာမှ ၃ သိန်းကျော် အထိဈေးမြင့်တက်ရာရာ ယခုစိုက်ပျိုး ရာ သီရာတွင် ၆ သိန်းကျော် အထိဈေးမြင့်တက်လာသလို မြေဩဇာဈေးနှုန်းမှာ လည်း ၁၃၀၀၀၀ ကျပ်အထိ ဈေးမြင့်နေ၍ သွင်းအား စု စရိတ်မှာ အလွန်မြင့်တက်နေသည်ဟု ဆောင်းသီးနှံ စိုက်ပျိုးသူ များက ပြောသည်။ ယင်းကဲ့သို့ သွင်းအားစုစရိတ်မြင့် တက် လာ၍ ဆောင်းသီးနှံစိုက်ပျိုးသူများမှာ ပုံမှန်လုပ်ကိုင်သည့် ဧက၏ တစ်ဝက်ခန့်ကိုသာ စိုက်ပျိုးနိုင်တော့သည်ဟု မင်းပြား မြို့နယ် ကုလားမတောင်ကျေးရွာမှ ဆောင်းသီးနှံ စိုက်ပျိုး သူ ဦးမောင်စံသာ က ပြောသည်။ “ပြီးခဲ့တဲ့နှစ်ကတည်းက သွင်းအားစု စရိတ် တွေ အရမ်းများလာတာ။ ဒီနှစ်ဆိုပိုဆိုး တာပေါ့ ၂ ဆလောက် တက်သွားတယ်။ ဒီလောက်သွင်းအားစု စရိတ်မြင့်နေတာ ဘယ်လိုလုပ် ဆောင်းသီးနှံအများ စိုက် ပျိုးနိုင်ကြမလဲ။ အရင်က ၂ ဧကလုပ်တဲ့သူတွေ အခုဆို ၁ ဧကပဲလုပ်ကြတယ်။ အရင် ၁ ဧက လုပ်သူ တွေ ခုဆို ဧက ဝက်လောက်ပဲလုပ်ကြတယ်။ အရင်းအနှီးက အရမ်းများတော့ သိပ်မရင်းရဲကြတာလည်းပါတာပေါ့” ဟုပြောသည်။
ဆောင်းသီးနှံစိုက်ပျိုးမှုကို မျိုးရိုးစဉ်ဆက်အလိုက် စိုက်ပျိုးလာသည်ကြောင့်သာ စိုက်ပျိုးနေရခြင်းဖြစ်ပြီး အမြတ် အစွန်း အလွန်းနည်းပါးသည့်အတွက် ယခုနှစ်ပြီးလျှင် လာမည့်နှစ်တွင် စိုက်ပျိုစရန်မသေချာတော့ကြောင်း မင်းပြားမြို့ သင်းခုံမော် ကျေးရွာမှ ဆောင်းသီးနှံစိုက်ပျိုးသူတစ်ဦးကပြောသည်။ “ဒီနှစ် အညာရေလျှံတာလည်းမရှိဘူး။ ရေလျှံမှ မြေဩဇာတွေပိုကောင်း ပြီး ပျိုးပင်တွေ ကြီးထွားမြန်တယ်အပင်လှတယ်ပေါ့။ ဒီနှစ်က မိုးလည်းနည်းတယ် ရေလည်း မလျှံတော့ ရေတင်ပြီးတော့ ရေပေး ဝေရပါတယ်။ စရိတ်တွေအရမ်းများတယ်။ မျိုးရိုးလိုက်လုပ်နေတဲ့ အလုပ်မို့သာ လုပ်နေတာ။ ဒီနှစ်ဆိုရင် နောင်နှစ်လုပ်ဖို့ မသေချာတော့ပါဘူး”ဟုပြောသည်။ အသီးပေါ်ချိန်တွင် ခရမ်းသီး တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ ငရုပ်သီးစိမ်း တစ်ပိဿာလျှင် ၄၀၀၀ ကျပ်၊ ရုံးပတီးသီး ၁ပိဿာလျှင် ၂၅၀၀ ကျပ်၊ ဂေါ်ဖီဖူး တစ်ပွင့် ၅၀၀ ကျပ်မှ ၇၀၀ ကျပ်ကြားရရှိသော်လည်း နောက်ပိုင်း တွင် ဈေး ၄ ပုံ ၃ ပုံခန့်မှာ လျော့ကျ သွားတတ်သည်ဟု ဆိုသည်။ ရခိုင်ပြည်နယ်တွင် ဆောင်းသီးနှံများကို မြောက်ဦး၊ မင်းပြား၊ ကျောက်တော် အဆိုပါ ၃ မြို့နယ်တွင် အများဆုံး စိုက်ပျိုးကြပြီး ကျန်မြို့နယ်များတွင် တစ်ပိုင်တစ်နိုင်စားသောက်ရန်အတွက် အနည်းငယ်သာ စိုက်ပျိုးမှုရှိသည်။ ကျောက်တော်မြို့နယ် ရှိကုလားတန်မြစ်ကမ်းတစ်လျှောက်ကျေးရွာများတွင် မြေပဲနှင့် ဖရဲသီး ကို အဓိကစိုက်ပျိုး ကြသလို မင်းပြားမြို့နယ်လေးမြို့နယ်ရှိ မြစ်ကမ်းတစ်လျှောက်ကျေးရွာများတွင် ခရမ်းသီး၊ ပဲသီး၊ ငရုပ်သီးတို့ ကို အဓိကစိုက်ပျိုးကြပြီး မြောက်ဦးမြို့နယ်ရှိ လေးမြို့မြစ်ကြောင်းတစ်လျှောက်တွင် ကော်ဖီ၊ ခရမ်းသီး၊ ပြောင်းဖူးများအပါ အဝင် တစ်ခြားသီးနှံများလည်းစိုက်ပျိုးကြသည်။ https://www.facebook.com/westernnews agency/photos/pcb.68525745661 4095/685257306614110/
၃၀။ စစ်ကောင်စီက ဗုံးသီးတပ် ဒရုန်းတွေနဲ့ တိုက်ခိုက်လာတဲ့ စစ်ရှောင်ပြည်သူတွေ စိုးရိမ်နေ
January 2, 2022
ကရင်နီပြည်မှာ စစ်ကောင်စီ ကနေပြီး ဗုံးသီးတပ်ဒရုန်းတွေ အသုံးပြုတိုက်ခိုက်လာနေတာတွေ တွေ့ရှိရပြီး စစ်ရှောင် တွေဆီဦးတည် တိုက်ခိုက်လာမှာကို စစ်ရှောင်ပြည်သူတွေက စိုးရိမ်နေကြပါတယ်။ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ စစ်ရှောင်နေ တဲ့ ဦးတူရယ်ကတော့ တကယ်လို့ ဒရုန်းတွေနဲ့ လက်နက်တွေ ပစ်ချခဲ့မယ်ဆိုရင် ကလေးတွေ သက်ကြီး ရွယ်အိုတွေ အတွက် စိုးရိမ်ရတဲ့အပြင် ဘာမှ ပြန်မလုပ်နိုင်တာကြောင့် ရှောင်ပုန်းနေဖို့ပဲ ရှိတယ်လို့ ပြောပါတယ်။ ” လက်နက်လည်း မရှိဘူး။ ပြန်တိုက် ခိုက်လို့လည်း မရဘူး။ ပြေးဖို့လွှားဖို့ပဲရှိတယ်။ ရှောင်နေလိုက်တယ်။ ပုန်းနေလိုက် တယ်။ အဲလိုလုပ်ရမယ်ထင်တယ်။ တကယ်လို့ ပစ်ချလာခဲ့ရင်တော့ ကျနော်တို့ ပြေးစရာနေရာမရှိတော့ ဘူး” လို့ စစ်ရှောင်အမျိုးသား တစ်ဦးဖြစ်တဲ့ ဦးတူရယ်ကပြောပါတယ်။ ပြည်သူလူထု အဆောက်အဦးရှိတဲ့နေရာတွေ စစ်ရှောင်တွေ ရှိတဲ့နေရာတွေကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ တိုက်ခိုက်တာတွေရှိပြီး ဒါဟာပြည်သူလူထုကို ပိုပြီးတော့ခြိမ်းခြောက်တာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။
” ဒရုန်းတွေကို အသုံးပြုပြီးတော့ ရွာတွေကို တိုက်ခိုက်တာတွေလည်း ရှိပါတယ်။ ဒါနောက်ဆုံးဖြစ်သွားတဲ့ ဒီလ (ဒီဇင်ဘာလ) ထဲမာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ကျနော်တို့ လွိုင်လင်လေးဘက်ခြမ်းမာဆိုရင် ကျနော်တို့ ဒီလိုမျိုးကိစ္စတွေ တွေ့ရတာရှိတယ်။ ကျနော်တို့ ဝမ်ငေါ့ ဘက်မာပေါ့နော်။ ကျနော်တို့ ကျောင်းတွေပေါ်မာ အဆောက်အဦးတွေအပေါ်မာ ဒရုန်း တွေ အသုံးပြုပြီးတော့ ပစ်ချတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ တချို့ကျနော်တို့မှာလည်းရှိတယ်။ အရင်တုန်းကတော့ စစ်ပိုင်းဆိုင်ရာအရမှာ တိုက်ခိုက်မှုသုံးတဲ့ ပုံစံကနေ အခုလူထုတွေအပေါ်ပေါ့နော်။ ပြည်သူလူထုတွေ IDPs တွေရှိတဲ့ အရပ်တွေ ကို စနစ်တကျ သွားပြီးတော့ဒရုန်းနဲ့ ပစ်ချခြင်းဟာ ကျနော်တို့ ရှုတ်ချရမယ့် ကိစ္စရပ် လုပ်ရပ်တစ်ခုပေါ့။ အရင်တုန်းကဆို လက်နက်ကြီးနဲ့ ပစ်တယ်။အခုဆို ပိုဆိုးပြီးတော့မှ ပိုပြီး တိကျမှန်ကန်တဲ့ ပိုပြီးတော့ နီးစပ်မှု အထိရောက်မှုအရှိဆုံး ဒရုန်းနဲ့ကြဲ တာက ပိုပြီးတော့မှ လူထုကိုခြိမ်းခြောက်ရာရောက်တယ် ” ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ ဒီးမော့ဆို အနောက်ဖက်ခြမ်း တစ်နေရာမှာ စစ်ကောင်စီက ဗုံးသီးတပ် ဒရုန်းနဲ့ လာရောက်ပစ်ခတ်တာရှိခဲ့ပါတယ်။ အလားတူ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၀ရက်နေ့က ဒီးမော့ဆို အနောက်ဖက်ခြမ်း ကျေးရွာတစ်ရွာ လူနေအိမ်တစ်လုံး ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။ လက်ရှိ စစ်ကောင်စီအသုံးပြု တိုက်ခိုက်နေတဲ့ ဗုံးသီးတပ်ဒရုန်းဟာ ၆၀ မမအရွယ် လက်နက် ၄ လုံး ကို သယ်နိုင်တဲ့ ဒရုန်းဖြစ်တယ်လို့ ပြောဆိုကြတာရှိပါတယ်။ https://l.facebook.com/l.php?u=https%3A%2F%2Fbit.ly%2F3 Iqo0ZQ%3Ffbclid%3DIwAR1RKE6dOduu3TUUe-
၃၁။ ဝင်းရေးတွင် တိုက်ပွဲပြင်းထန်နေပြီး နှစ်ရက်အတွင်းလေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်းရှိနေဟုဆို
January 2, 2023
ဝင်းရေးမြို့နယ်၊ တောင်စွန်းကျေးရွာတွင် ယနေ့ အချိန်ထိ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် တို့အကြားတိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်လျက်ရှိသည်။ ကေအဲန်ယူ-ဒူးပလာယာ ခရိုင် တပ်မဟာ(၆)နယ်မြေဖြစ်သည့် ဝင်းရေးမြို့နယ် တောင်စွန်းကျေးရွာတွင် ဇန်နဝါရီလ(၁)ရက်က စပြီး KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ လေယာဉ်များဖြင့် (၃)ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီလ(၁)ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် Lion Battalion Commando ဗျူဟာ စစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တစ်ဖွဲ့များမှ စုစုပေါင်း(၆)ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ သူများလည်း ရှိနေသည်ဟု Lion Battalion Commando ဗျူဟာစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ဇန်ဝါရီ ၁ ရက်နှင့် ယနေ့ ဇန်နဝါရီလ(၂)ရက်အချိန်ထိ လေယာဉ်ဖြင့် (၇)ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲသည် ပိုမိုပြင်းထန်လျက်ရှိကာ ထိခိုက်ကျဆုံးသတင်းများအား အတည်ပြုဆဲဖြစ်သည်ဟု ထုတ်ပြန် ချက်တွင်ဖော်ပြသည်။ ကေအဲန်ယူ-ဒူးပလာယာခရိုင်၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်သည် ယနေ့အချိန်ထိ လေကြောင်း တိုက်ခိုက်မှု၊ ထိုးစစ်ဆင်မှုများ ပြုလုပ်လျက်ရှိနေသည်ဟု ထုတ်ပြန်ထားသည်။ ယခုလို စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှု များကြောင့် တောင်စွန်းကျေးရွာအပါအဝင် အနီးအနားရှိ အခြားကျေးရွာများမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုသိရသည်။ စစ်ကောင်စီတပ်သည် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို (၁)နှစ်သက်တမ်း ထပ်မံ တိုးမြှင့်ပြီး ကြေညာထားသော်လည်း ကေအဲန်ယူနယ်မြေ အတွင်းကို ထိုးစစ်ဆင်မှုများ အဆက်မပြတ်ပြုလုပ်နေလျက်ရှိသည်။ https://www.facebook.com/LuduNwayOo/photos/pcb.549283460594444/549283383927785/
၃၂။ လောင်းလုံးမြို့နယ် ရဲစခန်းတွင်ရဲတပ် သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ရဲတစ်ဦးသေ
January 2, 2023
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရဲစခန်းတွင် ဇန်နဝါရီ ၁ ရက် နေ့ညပိုင်းကစစ်ကောင်စီလက်အောက် ခံရဲတပ်ဖွဲ့က ချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လောင်းလုံးမြို့နယ်မှ သိရသည်။ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ရဲစခန်းတွင် တာဝန်ကျရဲတပ်သား ၂ ဦး မှာ ဇန်နဝါရီလ ၁ ရက်၊ ည ၈ နာရီခန့်တွင် အချင်းအချင်း စကားနိုင်လု၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ” စကားများရန်ဖြစ်ပြီး သူတို့အချင်းချင်း ပစ် တာ ရဲတစ်ဦးသေတယ်။ နှစ်ဦးထက်မနည်းစိုးရိမ်ရတယ်” ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လောင်းလုံမြို့နယ်မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။
အဆိုပါ ပစ်ခတ်မှုတွင် သေဆုံးထိခိုက်ခဲ့သည့်ရဲတပ်သား၏ အချက်လက်များကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာတွင် အရေးပေါ်လူနာတင်ယာဉ်ဖြင့် ရဲတပ်သားတစ်ဦးကို လာ ရောက်ခေါ်ယူသွားကြောင်း ထားဝယ်တော်လှန်ရေးသတင်းများဖော်ပြနေသည့် Dawei Information Centre တွင် ဖော်ပြထား သည်။ “သေနတ်အသံတွေကြားတယ်။ အဲညက ထုံးစံအတိုင်းရဲစခန်းက ခြောက်ပစ်တယ်ထင်တာ။ ပြီးတော့မှ ရဲစခန်းထဲ အချင်း ချင်းပစ်တာလို့ သိရတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအစောပိုင်း ကလည်း လောင်းလုံး မြို့မ ရဲစခန်းမှ ရဲတပ်သား (၃)ဦးစိတ်ဓာတ်ကျဆင်း၍ လက်နက်များ ယူကာထွက်ပြေးမှု ဖြစ်ပွါးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ https://www.facebook.com/photo/?fbid=208862 01652051&set=a.142028785002120
၃၃။ နောင်မွန်မြို့နယ်၊ ခူထီရွာက သက်ကြီးရွယ်အိုများအတွက် အကူအညီလိုအပ်မှုများ ရှိနေ
January 3, 2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၊ ကဆန်ချောင်းဖျားအဆုံးက ခူထီရွာမှာနေထိုင်တဲ့ သက်ကြီးရွယ်အို တွေအတွက် အကူအညီ လိုအပ်မှုတွေရှိနေပါတယ်။ အရင်က အိမ်ခြေ (၅၀) လောက်နဲ့ လူစည်ကားခဲ့တဲ့ ခူထီရွာက ဒေသခံတွေ ဟာ အခုနောက်ပိုင်း တခြားနေရာတွေကို ပြောင်းရွှေ့သွားကြပြီး ပြောင်းရွှေ့ဖို့မတတ်နိုင်တဲ့ သက်ကြီး ရွယ်အို (၂၀) လောက် လက်ရှိ အဲဒီကျေးရွာမှာ နေထိုင်နေရတာ ဖြစ်ပါတယ်။အဲဒီသက်ကြီးရွယ်အိုတွေဟာ လယ်ယာ လုပ်ငန်းတွေ မလုပ်ကိုင်နိုင်ကြ တဲ့အပြင် ဝင်ငွေမရှိတဲ့အတွက် အစားအသောက်နဲ့ အဝတ်အထည်လိုအပ်မှုတွေ ရှိနေတယ်လို့ နောင်မွန်ဒေသခံ အမျိုးသားတစ်ဦး က ပြောပါတယ်။
“ သက်ကြီးရွယ်အိုနဲ့ နည်းနည်းမသန်စွမ်းတချို့ ဝင်ငွေမရှာနိုင်တဲ့သူတွေပဲ ကျန်ခဲ့တာပေါ့နော်။ အသက်ကြီးတဲ့သူ တွေပဲကျန်တော့ လယ်ယာတွေဘာတွေမလုပ်နိုင်ဘူး။သူများတွေက လာပြီးမှကူညီတဲ့ အကူအညီတွေနဲ့ပဲ နေရတယ် ပေါ့။”လို့ ပြောပါတယ်။ ဖျားနာမှုတွေ ရှိပြီဆိုရင်လည်း ဆေးရုံကိုလိုက်ပို့ပေးတဲ့သူ မရှိတဲ့အတွက် နီးစပ်ရာဆွေမျိုးတွေ ဆီက ဆေးဝါး မှာယူ ကုသကြနေရပြီး ဆေးဝါးလိုအပ်မှုတွေလည်း ရှိနေပါတယ်။ “ တမင်လိုက်ပို့ပေးတဲ့သူမရှိဘူ။း ဆေးရုံသွားဖို့ကလည်း အဆင် မပြေဘူး သူတို့က ဖျားနာတယ်ဆိုရင်ပဲ ဒီတိုင်းပဲ ဆေးဝါးတွေမှာပြီးမှ အဲလိုပဲကု ကြတယ်။” လို့ အခက်အခဲကို ရှင်းပြပါတယ်။ နောင်မွန်မြို့ကနေ အဲဒီ ခူထီကျေးရွာအထိ ဆိုင်ကယ်နဲ့ တစ်နာရီခွဲ လောက် သွားရပြီးတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ခေါင်လန်ဖူးဒေသဘက်မှာလည်း သက်ကြီးပိုင်းနဲ့ ကလေး တွေအတွက် ဆေးဝါးတွေ လိုအပ်နေပါတယ်။ https://www.fac ebook.com/myitkyinanewsjournal.mm/photos/a.182072622159000/1810781549288091/
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။