သတင်း

ဘန်ကောက်အခြေစိုက် မြန်မာသံရုံးရှေ့တွင် မြန်မာအလုပ်သမားများ ဆန္ဒပြတောင်းဆို

 
ဓါတ်ပုံ – CJ
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၁၉
 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ မြန်မာသံရုံးရှေ့၌ မြန်မာအလုပ်သမားများက ဒီကနေ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်နေ့ နေ့လည် ၁၁နာရီခန့်မှာ အလုပ်သမားအခွင့်အရေးကို ကာကွယ်ပေးရန်နဲ့ မြန်မာသံရုံးအနေနဲ့ မြန်မာပြည်သူလူထုဘက်က ရပ်တည်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
 
“ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာ ပြည်သူလူထုရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ တောင်းဆို ဆန္ဒပြဖြစ်တာပါ။ အလုပ်သမားတွေအနေနဲ့ တန်းတူအခွင့်ရေးရရှိရေး၊ အလုပ်သမားတွေ အပေါ် ဖိနှိပ်မှုရပ်တန့်ရေကးကို အဓိကထားတောင်းဆိုတာပါ။ ကျွန်မတို့ အလုပ်သမားတွေက ကျွန်တွေ မဟုတ်ဘူး။ ကျွန်မတို့ကို မတရားဖိနှိပ်တာ မခံနိုင်ဘူး” လို့ ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
 
ဆန္ဒပြသူဦးရေ ၅၀၀ ခန့် ရှိပြီး ဆန္ဒပြပွဲကို မည်သည့်အဖွဲ့အစည်းမှ ဦးဆောင် ဆန္ဒပြသည်ဟူ၍ ဖော်ပြ ထားခြင်း မရှိပင်မဲ့ နွေဦးတော်လှန်ရေးအတွက် ထောက်ပံ့လှူဒါန်းနေကြသော ထိုင်းနိုင်ငံရှိ မြန်မာ ပရဟိတ အဖွဲ့များစွာ ပါဝင်ခဲ့ကြောင်း သိရှိရပါတယ်။
 
ဆန္ဒပြပွဲကို မြန်မာသံရုံးက တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးသလို။ ထိုင်းအစိုးရကလည်း တစ်စုံ တစ်ရာ အရေးယူဆောင်ရွက်ခြင်းမျိုးလည်း မရှိသေးပါဘူး။
 
ထိုင်းနိုင်ငံ၌ ဆန္ဒပြပွဲများ ပြုလုပ်ရာတွင် ထိုင်းအစိုးရထံမှာ ခွင်ပြုချက်တောင်းခံရတာဖြစ်ပြီး ထိုင်းအစိုး ရ၏ သတ်မှတ်ပေးသော အချိန်တွင်သာ ပြုလုပ်ရပါတယ်။ ယနေ့ ဆန္ဒပြပွဲကိုလည်း နေ့လယ် ၁၁နာရီမှ ညနေ ၄နာရီအထိသာ ဆန္ဒပြခွင့်ပေးခဲ့ကြောင်းသိရှိရပါတယ်။

Related Articles

Back to top button