ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇
အာဏာသိမ်းစစ်ကောင်စီမှ အောက်တိုဘာလ ၂၈ ရက်နေ့က အတည်ပြု ပြဌာန်းလိုက်တဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကြောင့် ပရဟိတ အဖွဲ့တချို့မှာ ပြည်သူတွေကို လွတ်လပ်စွာ ကူညီ ပေးခွင့် မရတော့ကြောင်း သိရပါတယ်။
ထိုဥပဒေကို ပြဌာန်းပြီးနောက် ပရဟိတအဖွဲ့များထံ မှတ်ပုံတင်ရန် အသင်း အဖွဲ့များ၏ အချက် အလက် များ ပေးပို့ခိုင်းတဲ့ ထုတ်ပြန်စာများကို စစ်ကောင် စီ၏ လက်အောက်ခံ မြို့နယ် အထွေ ထွေအုပ်ချုပ် ရေးမှူး ဦးစီးဌာနမှ ပေးပို့ လာတယ်လို့ ပရဟိတ အသင်းတာဝန်ခံ တစ်ဦးထံမှ ပြောပါတယ်။
“ကျွန်တော်တို့ ဆီကိုတော့ အသင်းမှတ်ပုံတင်ဖို့ အချက်အလက်တွေ တောင်း လာတယ်။ မှတ်ပုံ မတင် ထားတဲ့ အသင်းတွေကို စစ်ဆေးလို့ တွေ့ရှိရင် ထောင် ဒဏ် ၃လနဲ့ ငွေဒဏ် ၁၀သိန်း ချမှတ် မယ်လို့ လည်း သိထားရပါတယ်။ ကျွန် တော်တို့ကို အရေးပေါ်လူနာကို ကယ်ဆယ်ရေး လုပ်ဖို့ အတွက်ပဲ ခွင့်ပေးထား ပြီး တစ်ခြားကိစ္စတွေမှာ ဝင်မပါဖို့ ကန့်သတ်ထားတယ်လို့လည်း သိထားရ ပါတယ်” လို့ ပရဟိတအဖွဲ့တာဝန်ရှိသူတစ်ဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
ပရဟိတအဖွဲ့အစည်းတစ်ခု အနေဖြင့် မိမိသက်ဆိုင်ရာမြို့အတွင်း၌သာ ကူညီ ပေးဖို့နဲ့ အခြားမြို့နယ် များကို ဖြတ်ကျော်ဖို့ လိုအပ်ပါက ထိုမြို့နယ်ရှိ ပရဟိတ အဖွဲ့ထံသို့ ဆက်သွယ်အကူညီတောင်းဖို့လည်း ကန့်သတ်မှုတွေ ရှိလာနိုင် တယ် လို့ သိရပါတယ်။
ပရဟိတအဖွဲ့တချို့မှာလည်း စစ်ကောင်စီရဲ့ ပြန်ဌာန်းလိုက်တဲ့ ဥပဒေကြောင့် လုပ်ရကိုင်ရခက်ခဲလာပြီး အဖွဲ့ဖျက်သိမ်းခဲ့ရခြင်းများလည်း ရှိပါတယ်။