သတင်း

နွေဦးတော်လှန်ရေးဟာ အာဏာရှင်စနစ် အဆုံးသတ်မယ့်ပွဲ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၁၅
နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် အဆုံးသတ်မယ့်ပွဲဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြော ကြား လိုက်ပါတယ်။
ဗိုလ်ချုပ်ကြီး ဂွမ်မော်က “အခုအခြေအနေက အာဏာရှင်စနစ် အဆုံးသတ် မယ့်ပွဲ၊ အဆုံးသတ်မယ့်အပိုင်းလို့ ကျနော်တို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ အရင်တုန်းက ကျနော်တို့က တစ်နိုင်ငံလုံးမှာ ဒီလို ခုခံတော် လှန်တဲ့ အနေအထား တွေမရှိခဲ့ဘူး။
ဒီတစ်ကြိမ်မှာကတော့ အကုန်လုံး ဘယ်နေရာမှာမှ မကျန်ဘဲနဲ့ တော်လှန်ရေး တွေ ခုခံစစ်တွေ ဖြစ်နေ တယ်ဆိုတာ ဒီအာဏာရှင်စနစ် အဆုံးသတ်မှတ်အချိန် အဆုံးသတ်မယ့်ပွဲလို့ ဒါ ကျနော်တို့ တိုတိုလေး ဒီလိုပဲ မှတ်ယူလို့ရပါတယ်”လို့ ဒီဇင်ဘာ (၁၅) ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ RFA ရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သုံးသပ် ပြောဆိုခဲ့တာပါ။
ဒါ့အပြင် နွေဦးတော်လှန်ရေး အောင်မြင်ဖို့ဟာ ဘက်ပေါင်းစုံ အင်အားဖြစ်တဲ့ စစ်လက်နက်အင်အား၊ လူအင်အား၊ ဘဏ္ဍရေးအင်အား အပါအဝင် အသိပညာ အင်အားပေါင်းစုံ ရှိဖို့ လိုအပ်သလို အဲဒီ အင်အားများကို ကြီးအောင်လုပ်ရမှာ ဖြစ်ပြီး စုစုစည်းစည်းဖြစ်အောင်လုပ်ရမှာဖြစ်တယ်လို့ မှတ်ချက်ပြု ပြောကြား ပါတယ်။
အလားတူ လေယာဉ်ပစ်ဒုံးကိုပဲ မျှော်နေတာမျိုး မဟုတ်ပဲ နည်းလမ်းပေါင်းစုံနဲ့ လည်း ကြိုးစားအားထုတ် ရမယ်လို့ ဆက်ပြောပါတယ်။
လေယာဉ်ပစ်လက်နက်များဟာလည်း လက်တွေ့ အမှန်တကယ် လိုအပ်ပါ တယ်။ ဒါပေမယ့် လေယာဉ်ပစ် ဒုံးတွေကိုပဲ မျှော်နေလို့ မရပါဘူး၊ တခြား နည်းလမ်းပေါင်းစုံ ကြိုးစား အားထုတ်ရမှာ ဖြစ်တယ်လို့ ပြောပါ တယ်။
နိုင်ငံတကာရောက်နေကြတဲ့ မြန်မာနိုင်ငံသားများအားလုံးလည်း ဝိုင်းဝန်း ကြိုးစားရမှာဖြစ်သလို၊ စစ်ကောင်စီ အင်အား ချိနဲ့အောင်လည်း ဝိုင်းဝန်း လုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အလားတူ တော်လှန်ရေးကာလမှာ တဘက်နဲ့ တဘက် တဦးနဲ့ တဦး အားပေး အားမြောက်တာမျိုးကို အဓိက လုပ်ဆောင်ရမှာ ဖြစ်သလို၊ ခွန်အားမဖြစ်စေ မယ့် အပုတ်ချတာမျိုးကို လျော့ချဖို့လည်း လိုတယ်လို့ မှတ်ချက်ပြု ပြေကြား ထားတာ တွေ့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာလည်း ရေရှည်ခံဖို့ မျှော်လင့်ချက် မရှိသလောက် ဖြစ်သွားပြီလို့ ဗိုလ်ချုပ်ကြီး ဂွမ်မော်က ဆက်လက်သုံးသပ်ပါတယ်။
“စစ်ကောင်စီတပ်ရဲ့ အင်အားနဲ့ စွမ်းရည်ကတော့ နှစ်ခုစလုံးချိနဲ့နေပြီလို့ ကျနော်တို့ ဒီလိုပဲမြင်တယ်။ နောက်ထပ်အင်အားတိုး လာစရာလည်း မရှိတော့ဘူး။ ရှိပြီးသားအင်အားတွေကလည်း ချိနဲ့နေပြီ။
စိတ်ဓာတ်ရေးရာအရရော လုပ်ဆောင်ချက်တွေရောအကုန်လုံးချိနဲ့နေပြီလို့ မြင်တယ်။ ရေရှည်ခံဖို့ ဆိုတာ သူတို့ သူတို့အတွက် မျှော်လင့်ချက် မရှိ သလောက်ဖြစ်သွားပါပြီ” လို့ သုံးသပ်ပြပါတယ်။
ဗိုလ်ချုပ်ကြီးဂွမ်မော်က နွေဦးတော်လှန်ရေးအတွက် ပေးဆပ်ခဲ့တဲ့သူတွေ အားလုံးကို လေးစား ဂုဏ်ပြုကြောင်းနဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေကြပြီဖြစ်လို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ အရှေ့ကို အတူတကွ အောင်မြင်အောင် ဆက်သွားဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

Related Articles

Back to top button